နေပြည်တော် ဖေဖော်ဝါရီ ၁၅
နိုင်ငံတော်နှင့် တပ်မတော်အတွက် အသက်ပေးလှူခဲ့ရသည့် အရာရှိ၊ စစ်သည်များ၏မိသားစုဝင်များ၊ စစ်မှု ထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစု ဝင်များ၊ ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များအတွက် ကိုဗစ် (၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက် နေသည့်ကာလအတွင်း သွားလာ မှုများ ကန့်သတ်ချက်များကြောင့် စားရေးအခက်အခဲမရှိစေရန်ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များ၊ စစ်မှုထမ်းဟောင်းရုံး၊ အိမ်ရာများ၊ တပ်နယ်ခန်းမများ၊ ရဲတပ်ဖွဲ့မှူးရုံးများနှင့် သက်ဆိုင်ရာ ရဲစခန်းများ၌ ပေးအပ်လျက်ရှိသည်။
ထိုသို့ ပေးအပ်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့နှင့် မိုင်းရှူးမြို့၊ ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဆတ်မြို့၊ မွန်ပြည်နယ် မော်လမြိုင်မြို့၊ တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်၊ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံ မြို့နယ်နှင့် ဒဂုံမြို့နယ်၊ ရခိုင်ပြည်နယ် စစ်တွေမြို့၊ အမ်းမြို့၊ တောင်ကုတ်မြို့၊ ကျောက်ဖြူမြို့ သံတွဲမြို့၊ ဂွမြို့၊ ကျောက်တော်မြို့၊ မြောက်ဦးမြို့၊ မင်းပြားမြို့နှင့် ဘူးသီးတောင်မြို့၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ ရွှေဘိုမြို့၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နှင့် ချင်းပြည်နယ်၊ ဟားခါးမြို့၊ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်နှင့် ချမ်းမြသာစည်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့၊ ကျောက်တံခါးမြို့၊ ပြည်မြို့နှင့် လက်ပံတန်းမြို့တို့ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ်များမှ တိုင်းမှူးများနှင့် တာဝန် ရှိသူများက သွားရောက်တွေ့ဆုံ၍ ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် စားသောက်ဖွယ်ရာများကို ပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်