Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အား Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေး

နေပြည်တော် ဖေဖော်ဝါရီ ၁၅ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့ မွန်းလွဲပိုင်းတွင် ကုလသမဂ္ဂ အထွေထွေအတွင်း ရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener အား Video Conferencing ဖြင့် တွေ့ဆုံ ဆွေးနွေးသည်။ ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ယခုလ ၅ ရက်နေ့ တွေ့ဆုံဆွေးနွေးပြီး နောက်ပိုင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဆောင်ရွက်နေမှု အခြေအနေများ၊ နိုင်ငံသူ နိုင်ငံသားများ လုံခြုံအေးချမ်းစွာ နေထိုင်နိုင်ရေးဆောင်ရွက် ပေးနေသည့် အခြေအနေများ၊ နိုင်ငံတွင်ဖြစ်ပေါ်နေသော ဖြစ်စဉ်မှန် အခြေအနေမှန်များကို နိုင်ငံတကာမှ သိရှိနိုင်ရေး ဆောင်ရွက်ထားသည့် အခြေအနေများ၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးမှု အခြေအနေများနှင့် နိုင်ငံစီးပွားရေးတည်ငြိမ်စွာ ပုံမှန် လည်ပတ်နိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။ သတင်းစဉ်