Skip to main content

ပြည်ထောင်စုဝန်ကြီးများ လုပ်ငန်းပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော်၊ ဖေဖော်ဝါရီ  ၁၁

ပြည်ထောင်စုဝန်ကြီးများ လုပ်ငန်းပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ နာရီတွင် နေပြည်တော်ရှိ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၌ ကျင်းပသည်။

အစည်းအဝေးသို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ စီးပွားရေး နှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ပွင့်ဆန်းနှင့် သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနနှင့် သယံဇာတ နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့မှ ဒုတိယ ဝန်ကြီးများ၊ အမြဲတမ်း အတွင်း ဝန် များနှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် အမှတ် () အကြီးစားစက်မှုလုပ်ငန်းအောက်ရှိ စက်ရုံများ အဆင်ပြေ ချောမွေ့စွာ လည်ပတ် နိုင်ရေးကိစ္စ၊ အထည် အလိပ်နှင့် အဝတ်အထည်ဆိုင်ရာ စမ်းသပ်ခြင်း၊ စစ်ဆေးခြင်းနှင့် အရည်အသွေး ထောက်ခံချက် ထုတ်ပေးခြင်း စသည့် လုပ်ငန်းများ အဆင်ပြေ ချောမွေ့ရေးကိစ္စ၊ အကောက်ခွန်ဦးစီးဌာနမှ စက်သုံး ဆီများတင်သွင်းမှု အဆင်ပြေချောမွေ့ရေး ကိစ္စ၊ ကိုဗစ်-၁၉ ကာလအတွင်း ပိတ်ထားရသောတိရစ္ဆာန်ဥယျာဉ်များ ပြန်လည်ဖွင့်လှစ်နိုင် ရေးကိစ္စ၊ ကုန်သွယ်မှု လွယ်ကူလျင်မြန် စေရေးနှင့် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများ ပိုမိုလျင်မြန် သွက်လက်စွာ ဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ ကိုဗစ်-၁၉ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရသည့် စီးပွားရေး လုပ်ငန်းများ အမြန်ဆုံးပြန်လည် နာလန်ထူလာစေရေးအတွက် ဆောင်ရွက်သွားမည့်ကိစ္စ ရပ်များနှင့် လုပ်ငန်း များဆောင်ရွက်ရာတွင် ကြုံတွေ့နေရသည့်အခက်အခဲများကို ဝန်ကြီးဌာန အချင်းချင်း ညှိနှိုင်းပေါင်းစပ်၍ ဖြေရှင်း ပေးရမည့် ကိစ္စရပ်များအား ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်