Skip to main content

မြန်မာနိုင်ငံတော်ဗဟိုဘဏ် လုပ်ငန်းဆိုင်ရာဆွေးနွေးပွဲကျင်းပ

 

နေပြည်တော်  ဖေဖော်ဝါရီ၁၁

မြန်မာနိုင်ငံတော်ဗဟိုဘဏ် လုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် Assembly Hall ကျင်းပသည်။

ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးသန်းညိန်း၊ ဒုတိယ ဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌက ဌာန၏ လုပ်ငန်းဆောင်ရွက်မှု နောက်ဆုံး အခြေအနေများကို သိရှိရန်နှင့် လုပ်ငန်းခွင်၌ ဖြစ်ပေါ်နေသောအခက်အခဲများကို ညှိနှိုင်း  ဖြေရှင်းရန် တွေ့ဆုံခြင်းဖြစ်ကြောင်း၊ ငွေကြေးမူဝါဒရေးရာဌာနအနေဖြင့် နိုင်ငံ၏ငွေကြေးမူဝါဒနှင့် ငွေရေး ကြေးရေးကဏ္ဍကို စည်းမျဉ်း ထိန်းကျောင်း ခြင်းများကို ဆောင်ရွက်လျက်ရှိသော ဌာနဖြစ်၍ အရေးကြီး ကြောင်း၊ ဝန်ထမ်းများအနေဖြင့် တက်ညီ လက်ညီ လုပ်ကိုင်ဆောင်ရွက်ကြရန်နှင့် အခက်အခဲရှိပါက ဝိုင်းဝန်းဖြေရှင်း ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ မိမိတို့၏ သမိုင်းပေး တာဝန်များကို ပခုံးပြောင်း၍ စည်းလုံးညီညွတ်ကျေပွန်စွာဖြင့် ထမ်းဆောင်ရန်ဖြစ် ကြောင်း ပြောကြားသည်။

ထို့နောက် ငွေကြေး မူဝါဒရေးရာနှင့် ဘဏ်လုပ်ငန်းဥပဒေစည်းမျဉ်းဌာန ညွှန်ကြားရေး           မှူးချုပ်က  ဌာန၏ လုပ်ငန်း ဆောင်ရွက် မှုများကို ခြုံငုံရှင်းလင်းတင်ပြပြီး  ဒုတိယညွှန်ကြားရေးမှူး ချုပ်များ က သက်ဆိုင်ရာ ဌာနတစ်ခုချင်းစီ၏ လုပ်ငန်း ဆောင်ရွက်မှုများနှင့်ပတ်သက်၍ အသေးစိတ် ဆွေးနွေးသည်။

ဆွေးနွေးပွဲ၌ ငွေကြေးမူဝါဒနှင့် အတိုးနှုန်းမူဝါဒများကို ချမှတ်အကောင်အထည်ဖော်ခြင်း၊ ဈေးနှုန်း တည်ငြိမ်မှု ရှိစေရန် ဆောင်ရွက်ခြင်း၊ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ချမှတ်ထား သော စီးပွားရေး ရည်မှန်း ချက်များကို အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန် လိုအပ်သည့် အချက် အလက်နှင့် ကိန်းဂဏန်းများ ရရှိရန် ဆောင်ရွက်ခြင်း၊ မြန်မာနိုင်ငံ တော်ဗဟိုဘဏ်၏ နှစ်ချုပ် အစီရင်ခံစာ၊ ငွေကြေးမူဝါဒအကောင်အထည် ဖော်ဆောင် ရွက်ချက်အစီရင်ခံစာနှင့် Quarterly Financial Statistics Bulletin များထုတ်ဝေခြင်း၊ ဘဏ်လုပ်ငန်းစည်းမျဉ်းဆိုင်ရာ ကြီးကြပ် ထိန်းကျောင်းမှုများနှင့် စည်းမျဉ်းများ ထုတ်ပြန်ခြင်း၊ နိုင်ငံခြား ဘဏ်များနှင့် နိုင်ငံခြားဘဏ် ကိုယ်စားလှယ်ရုံးခွဲများ ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ AML/CFT ဆိုင်ရာ ကိစ္စများ၊ နိုင်ငံတကာအဖွဲ့ အစည်းများဖြစ်သော IMF ကမ္ဘာ့ဘဏ်၊ SEACEN တို့နှင့် မူဝါဒရေးရာ၊ သင်တန်းနှင့်ချေးငွေဆိုင်ရာ များကို ဆက်သွယ်ဆောင်ရွက်ခြင်း လုပ်ငန်းကဏ္ဍများနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ လုပ်ငန်း ဆိုင်ရာ လိုအပ်ချက်များကို တင်ပြကြသည်။

ယင်းနောက် ဒုတိယဥက္ကဋ္ဌများက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ တော်ဗဟိုဘဏ်ဥက္ကဋ္ဌ က လုပ်ငန်း ထိရောက်မြန်ဆန်မှု ရှိစေရေး ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ရှင်းလင်းခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)