Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နေပြည်တော်ရှိ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညို

 

နေပြည်တော်၊ ဖေဖော်ဝါရီ-၁၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် နိုင်ငံတော် စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ နေပြည်တော် တိုင်းစစ် ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဇော်မျိုးတင် နှင့် တာဝန်ရှိသူများ လိုက်ပါပြီး ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိ စေတီတော် မြတ်ကြီးသို့ သွားရောက် ဖူးမြော်ကြည်ညိုသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် စေတီတော်ကြီး အတွင်းရှိ ဗုဒ္ဓရုပ် ပွားတော် မြတ်အား ပန်း၊ ရေချမ်းများ ကပ်လှူပူဇော်ပြီး ဖူးမြော်ကြည်ညိုသည်။ ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် စေတီတော် မြတ်ကြီးအား လှည့်လည် ဖူးမြော်ကြည်ညို၍ ဘုရားဖူးလာ ပြည်သူများ အား ရင်းရင်းနှီးနှီး မေးမြန်းနှုတ်ဆက်သည်။ ဗုဒ္ဓဘာသာဆိုင်ရာ စေတီ ပုထိုးများနှင့် အခြားဘာသာရေး ဆိုင်ရာ အဆောက်အဦ များအား ဖေဖော်ဝါရီလ ရက်နေ့မှစတင်၍ COVID-19 စည်းကမ်းချက်များနှင့်အညီ ပြန်လည် ဖွင့်လှစ်ခွင့်ပြု ထားပြီး အများပြည်သူများအနေဖြင့် မိမိတို့ဘာသာရေးဆိုင်ရာ ဝတ်ပြုခြင်းများ ကိုဆောင်ရွက်နိုင်ပြီဖြစ် ကြောင်း သတင်းရရှိသည်။

 Ref; https://dsinfo.org/node/279