Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် တတိယအကြိမ် သွေးချင်းတို့ရဲ့ပွဲတော်ဆီ “၂၀၂၁” ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

နေပြည်တော် ဖေဖော်ဝါရီ   ၉

တိုင်းရင်းသားရိုးရာယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရန်ရည်ရွယ်၍ တတိယ အကြိမ် သွေးချင်းတို့ရဲ့ ပွဲတော်ဆီ(၂၀၂၁) အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲတွင် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး၊ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ မှ တာဝန်ရှိသူများ တက်ရောက်သည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က ပထမအကြိမ် “သွေးချင်းတို့ရဲ့ပွဲတော်ဆီ”ကို ၂၀၁၉ ခုနှစ်တွင်လည်းကောင်း၊ ဒုတိယအကြိမ်ကို ၂၀၂၀ ပြည့်နှစ် တွင်လည်းကောင်း ကျင်းပဆောင်ရွက်နိုင်ခဲ့သည်ကို အားလုံးသိရှိခဲ့ပြီးဖြစ်ပါကြောင်း၊ တတိယ အကြိမ် သွေးချင်းတို့ရဲ့ပွဲတော်ဆီ (၂၀၂၁)ပွဲတော်ကို MRTV ၊ တိုင်းရင်းသား လူမျိုးများ ရုပ်သံလိုင်း (NRC) ၊ Web portal၊ Facebook platform တို့မှ Virtual Reality နည်းပညာဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ကျင်းပနိုင်ရန်လျာထားခဲ့သော် လည်း အခက်အခဲအနည်းငယ်ရှိပါသဖြင့် ရွှေ့ဆိုင်းကျင်းပနိုင်ရေးအတွက် ယခုကဲ့သို့ အစည်း အဝေးခေါ်ယူ ကျင်းပရခြင်းဖြစ်ပါကြောင်း၊ “သွေးချင်းတို့ရဲ့ ပွဲတော်ဆီ” ၂၀၂၁ ကို အများပြည်သူ များ စိတ်ဝင်တစား ကြည့်ရှုနိုင်ရန်အတွက် မည်သည့်အချိန်ကာလတွင် ပြောင်းလဲကျင်းပ နိုင်ရန် သင့်လျော်သည်ကိုလည်း အားလုံးဝိုင်းဝန်း ဆွေးနွေးပေးစေလိုပါ ကြောင်း၊ သွေးချင်းတို့ရဲ့ ပွဲတော် ဆီ ၂၀၂၁ ပွဲတော် အတွက် ပြပွဲများကို အဓိကအားဖြင့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ(၆)ခု စုစုပေါင်း(၁၄)ခုကို အခြေခံ၍ စီစဉ် ဆောင်ရွက်ထား ခြင်းဖြစ်ပါကြောင်း၊  မိမိတို့ တိုင်းရင်းသားများအလိုက် ထုတ်လွှင့်ပြသမည့် ပြပွဲများ၊ ဗီဒီယို Clip များ၊ ဒေသဆိုင်ရာ အကြောင်းအရာများ၊ ရပ်ရွာအခြေပြုခရီးသွား လုပ်ငန်း များ စသည်တို့ကိုလည်း ယခင်စီ စဉ်ထားသည့်အတိုင်း ဆောင်ရွက်လိုပါကြောင်း။

ဝန်ကြီးဌာနများအနေဖြင့် ယခင်ပြုလုပ်ခဲ့သော ဆွေးနွေးချက်များအရ ယခုအစည်းအဝေး တွင် အကြုံပြုဆွေး နွေးပေးစေလိုပါကြောင်း၊ ယခုအစည်း အဝေးဆုံးဖြတ်ချက်အပေါ်မူတည်ပြီး မြန်မာနိုင်ငံတိုင်း ရင်းသားလုပ်ငန်းရှင်များအသင်းနှင့် ညှိနှိုင်း၍ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသို့ လိုအပ်သလို တင်ပြဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ တိုင်းရင်းသားများ၏ အကျိုးစီးပွားနှင့် လူမှုဘဝဖွံဖြိုး တိုးတက်မှုကို အထောက် အကူပြုစေရန်၊ တိုင်းရင်းသားဒေသ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး၊ ဒေသထွက် ကုန်များ ပိုမိုမြှင့်တင်နိုင်ရေး စသည်တို့ကို အထောက်အကူ ဖြစ်စေရန်နှင့် ယခုဖြစ် ပေါ်နေသည့် ဖြစ်စဉ်များကို အမြန်ဆုံးကုစားနိုင်ရန်အတွက် စဉ်းစားချင့်ချိန်ပြီး အကောင်းဆုံးဖြစ် အောင် ဝိုင်းဝန်းကြိုးပမ်း အကြုံပြုဆွေးနွေး ပေးကြစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များနှင့် အစည်းအဝေးသို့ တက်ရောက်လာသူများက အထွေထွေဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားရာတွင် တတိယအကြိမ် သွေးချင်းတို့ရဲ့ ပွဲတော်ဆီ (၂၀၂၁)ကို မြေပြင်တွင် ကျင်းပခြင်း မပြုလုပ်တော့ဘဲ Virtual Reality နည်းပညာဖြင့် ကျင်းပမည်ဖြစ်သော်လည်း အစဉ်အလာမပျက် အားသွန်ခွန်စိုက် အကောင်းဆုံးဖြစ်အောင် ကြိုးစားဆောင်ရွက်ပေးကြစေလိုပါကြောင်း ပြောကြားသည်။

 (သတင်းစဉ်)