Skip to main content

ရွှေသွေးဂျာနယ်ထွက်ရှိ

နေပြည်တော်  ဇန်နဝါရီ ၂၈

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိ လျက်ရှိသည်။

ဇန်နဝါရီ ၃၀ ရက် (စနေနေ့) တွင် ထုတ်ဝေမည့် ရွှေသွေးဂျာနယ်တွင် မည်သည့်လုပ်ငန်းမဆို ရန်လို လားသည့်စိတ်ကို ပယ်ဖျက်၍ အကောင်း မြင်စိတ်နှင့် မေတ္တာ၊ စေတနာထားပြီး လုပ်ဆောင်မှသာ အောင်မြင် ကြီးပွားမည်ဖြစ်ကြောင်း သရုပ်ဖော် တင်ဆက်ထားသည့် “မေတ္တာဖျန်းမှ” မျက်နှာဖုံး ကာတွန်း၊ ပြာသိုလတွင် ကျင်းပသော မြင်းခင်းသဘင်ပွဲ အကြောင်းကို ကလေးတို့ ဗဟုသုတ တိုးပွားစေရန် တင်ဆက်ထားသည့် “ပြာသိုလနှင့် မြင်းခင်းသဘင်” သုတ ဆောင်းပါးကဏ္ဍ၊ ကလေးများကို ဉာဏ်ရည်ထက်မြက်စေနိုင်သည့် မိမိတို့ စိတ်ကြိုက်အရောင်များ ရွေးချယ်ပြီး ခြယ်သနိုင်ရန် ရုပ်ပုံနှင့်တကွ တင်ဆက်ထားသည့် “ဆေးရောင်လှလှ ခြယ်ကြမယ်” ဉာဏ်စမ်းကဏ္ဍ၊ ကမ္ဘာ့နိုင်ငံအချို့တွင် ကူးစက်မြန်ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်များ ဆက်လက် ပျံ့နှံ့လျက်ရှိနေသဖြင့် ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို မမေ့မလျော့လိုက်နာကြရန် လိုအပ်ကြောင်း တင်ဆက်ထားသည့် “ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်” သုတ ဆောင်းပါးကဏ္ဍ၊ ကိုယ်ချင်းစာတရား ထားရှိရန် လိုအပ်ကြောင်း ဟာသ ဖြစ်ဖွယ် ပညာပေးတင်ဆက်ထားသည့် “ဘေဘီဗွတ်ကလုံ” တစ်မျက်နှာ ကာတွန်း၊ ပျားရည် ဖြစ်ပေါ်လာပုံနှင့် အဆင့်ဆင့်ကို ပညာပေးတင်ဆက်ထားသည့် “ထူးဆန်းတဲ့ ပျားရည်” ပုံပြင်၊ ကလေးတို့ ပေးပို့သော ကာတွန်းလက်ရာများကို ဖော်ပြပေးထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍ၊ အင်္ဂလိပ် စာကဏ္ဍ၊ ကဗျာကဏ္ဍ စုံလင်စွာဖြင့် ဖတ်စရာ၊ မှတ်စရာများ ပါရှိကြောင်း သိရသည်။

သတင်းစဉ်