လွိုင်ကော် ဇန်နဝါရီ ၂၈
ကယားပြည်နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား ထောက်ပံ့ငွေများ လက်ရောက်ပေးအပ်နိုင်ရေးအတွက် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးများထံသို့ ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်က ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် ဦးဘောစ့်ကိုက ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများထံ တိကျ မှန်ကန်စွာ လက်ဝယ်အရောက်ပေးအပ်ကြရန်၊ မြို့နယ် အုပ်ချုပ်ရေးမှူးများ အနေဖြင့် စနစ်တကျစီမံဆောင်ရွက်သွားကြရန် အဖွင့် အမှာစကားတွင် ပြောကြားခဲ့ပြီး ပြည်နယ်ခေတ္တဝန်ကြီးချုပ်က လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ရှားတောမြို့နယ်၊ မယ်စဲ့ မြို့နယ် (၄) မြို့နယ်ရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား ထပ်တိုးအိမ်ထောင်စုဝင် မိသားစုများအတွက် ထောက်ပံ့ငွေများအား သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
လွိုင်ကော်မြို့နယ်တွင် ထပ်တိုးတင်ပြချက်စာရင်းများအရ အိမ်ထောင်စု (၂၀၀) စုဖြစ်ပြီး ယင်းအတွက် ထောက်ပံ့ငွေ (၄၀၀၀၀၀၀) ကျပ် အားလည်းကောင်း၊ ဒီးမော့ဆို မြို့နယ်အတွက် ထပ်တိုးအိမ်ထောင်စု (၁၇၈)စုအတွက် ထောက်ပံ့ငွေ (၃၅၆၀၀၀၀)ကျပ်အား လည်းကောင်း၊ ရှားတောမြို့နယ်တွင် ထပ်တိုး အိမ်ထောင်စု (၃၂)စုအတွက် ထောက်ပံ့ငွေကျပ် (၆၄၀၀၀၀) ကျပ်အားလည်းကောင်း၊ မယ်စဲ့ မြို့နယ်တွင် ထပ်တိုးအိမ်ထောင်စု (၃၀) စုအတွက် ထောက်ပံ့ ငွေကျပ် (၆၀၀၀၀၀) ကျပ်တို့အား အသီးသီး ထောက်ပံ့ ပေးအပ်သွားမည် ဖြစ်ပါကြောင်း သိရ သည်။
အဆိုပါ ထောက်ပံ့ပေးအပ်ခြင်းသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ်နှင့် အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပ ဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ခရိုင်အုပ်ချုပ် ရေးမှူးများနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိ သည်။
အောင်ထွန်းလေး (ပြန်/ဆက်)