နေပြည်တော် ဇန်နဝါရီ ၂၇
online e-campus စတင် မိတ်ဆက်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် ILO-ITC Myanmar က တာဝန်ယူ၍ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
မိတ်ဆက်ခြင်း အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်၊ ILO-ITC မှ ကျွမ်းကျင် ပညာရှင်များ၊ ဂျပန်နိုင်ငံ ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဝန်ထမ်း ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ILO (ရန်ကုန်)ရုံးမှ ILO ဆက်သွယ်ရေးအရာရှိ Mr. Donglin Li နှင့် Project Manager များ၊ ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ် များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလုပ်ရှင်ကိုယ်စားလှယ်များနှင့် အလုပ်သမားကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဉီးသိန်းဆွေက အလုပ်သမားရေးရာ ကိစ္စများသည် သုံးပွင့်ဆိုင် စီမံဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ အခုကဲ့သို့ ကပ်ရောဂါကာလအတွင်း၌ အင်္ဂလိပ်၊ မြန်မာ (၂) ဘာသာဖြင့် အလုပ်သမားရေးရာ ဗဟုသုတများနှင့် အလေ့အကျင့်ကောင်းများကို ပညာပေးရန်၊ မျှဝေပေးရန် ရည်ရွယ်ချက် တို့ဖြင့် သက်ဆိုင်သူအားလုံး ပါဝင်လေ့လာနိုင်သည့် Online Platform တစ်ခုစတင်နိုင်ခြင်းသည် အကျိုးရှိသည့် ဆောင်ရွက်နိုင်မှုဖြစ်ပါကြောင်း။
မိမိတို့အနေဖြင့် စီမံခန့်ခွဲမှုအပိုင်းများကို IT နည်းပညာဖြင့် ဆောင်ရွက်ရာတွင် အားနည်းချက်အချို့ ရှိခဲ့သော်လည်း ကိုဗစ်-၁၉ ဖြစ်ပွားချိန်တွင် အခြေအနေအရ လိုအပ်မှုကြောင့် Virtual ပုံစံဖြင့် မဖြစ်မနေ ဆောင်ရွက်ခဲ့ပါကြောင်း၊ အဆိုပါ အပြောင်းအလဲသည် နိုင်ငံတော်၏ e-government စနစ်သို့ အရှိန်အဟုန်ဖြင့် ကူးပြောင်းလာခြင်းလည်း ဖြစ်ပါကြောင်း၊ e-campus ကို စီစဉ်ဆောင်ရွက် ရာတွင် ILO အနေဖြင့် Stakeholder အများအပြားနှင့်အင်တာဗျူး ပြုလုပ်ခဲ့သည့်အတွက် အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရသုံးပွင့်ဆိုင်အဖွဲ့များ၏ လိုအပ်ချက်များ ကို သိရှိနိုင်မည်ဟု မျှော်လင့်ပါ ကြောင်း။
ယခု Online e-campus ကို လူမှုရေးဆွေးနွေးပွဲများ၊ အပြည်ပြည်ဆိုင်ရာစံနှုန်းများ၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကဏ္ဍများအတွက် အရင်းအမြစ် အကန့်အသတ်ဖြင့်သာ စတင် ဆောင်ရွက်ထားပြီး နောက်ထပ်သင်တန်းများနှင့် သတင်းအချက် အလက်များ ထပ်မံဖြည့်စွက်ဆောင်ရွက် ပေးမည်ဟု သိရှိရသည့်အတွက် အထူးဝမ်းမြောက်ပါ ကြောင်း၊ e-campus အတွက် material ရွေးချယ်ရာ၌ ILO ၏ ဦးစားပေးမှုများကို ထည့်သွင်း စဉ်းစားသကဲ့သို့ မိမိတို့နိုင်ငံ၏ ဦးစားပေးကဏ္ဍများနှင့် လိုအပ်ချက်များ ကိုလည်း ထည့်သွင်း စဉ်းစားပေးရန် အကြံပြုလိုပါကြောင်း၊ ကိုဗစ် -၁၉ ကပ်ရောဂါကာလအတွင်း၌ ရောဂါ ကာကွယ်ရေး၊ ကုသရေးတို့နှင့်အတူ အရေးပါသည့် လုပ်ငန်းတစ်ခုမှာ လူမှုကာကွယ်ပေးရေး ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့် အလုပ်သမားများအတွက် လူမှုကာကွယ်ပေးရေးကို အထူးအလေးထား ဆောင်ရွက်ပေး လျက်ရှိပါကြောင်း။
ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း လူချင်းတွေ့ဆုံ၍ သင်တန်းပေးရန် မလွယ်ကူသည့် အတွက် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားများကို နေရာတစ်ခုထဲတွင် online platform ဖြင့် သင်တန်းများပို့ချပေးနိုင်ခြင်းသည် အရေးပါသည် လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ ယင်း online platform ကို ကိုဗစ်-၁၉ ကပ်ရောဂါ ပြီးဆုံးပြီး နောက်တွင်လည်း တန်ဖိုးရှိသော resource တစ်ခုအဖြစ် ဆက်လက် အသုံးပြုသွားရမည်ဖြစ်ပါကြောင်း၊ အလုပ်သမားရေးရာနှင့် ဆက်နွယ်သော ဘာသာရပ်များအပေါ် အဆက်မပြတ်လေ့လာခြင်း၏ အရေးပါမှုကို အသိအမှတ်ပြုလျက် e-campus platform စတင်မှုအပေါ် ILO အား ချီးကျူးဂုဏ်ပြုပါကြောင်း၊ ယခု platform သည် အလုပ်သမား အရေးကိစ္စများအပေါ် အသိပညာနှင့် ကျွမ်းကျင်မှုများ ဆက်လက် တည်ဆောက်ရန်နှင့် ညှိနှိုင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေး ရေရှည်ဆောင်ရွက်နိုင်ရန်အတွက် အရေးပါသည့် အခွင့် အလမ်းတစ်ခု ဖြစ်စေပြီး ၂၀၁၄ ခုနှစ်မှ စတင်ခဲ့သည့် National Tripartite Dialogue Forum-NTDF ပြီးလျှင် ယခု online platform သည် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားများအတွက် ဗဟုသုတမျှဝေရာ ဗဟိုကျသော ဆုံမှတ်တစ်ခု ဖြစ်လာမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ILO Myanmar မှ Liaison Officer Mr. Donglin Li နှင့် ဂျပန်နိုင်ငံ၊ ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဝန်ထမ်းဝန်ကြီးဌာန Deputy Director ၊ Mr. Ken Fujii တို့က အမှာစကား ပြောကြားကြသည်။
ယင်းနောက် ILO-ITC မှ Director of Leaning ၊ Mr.Andreas Klemmer နှင့် ထိုင်းနိုင်ငံ မှ ကျွမ်းကျင်ပညာရှင် Mr. John Richotte တို့က e-campus platform နှင့်ပတ်သက်၍ ရှင်းလင်း တင်ပြကြရာ တက်ရောက် လာကြသည့် အလုပ်ရှင်ကိုယ်စားလှယ်နှင့် အလုပ်သမား ကိုယ်စားလှယ်တို့က e-campus platform နှင့် ပတ်သက်သည့် လေ့လာတွေ့ရှိချက်များအပေါ် ပြန်လည် ဆွေးနွေး ခဲ့ကြသည်။
(သတင်းစဉ်)