Skip to main content

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ

ဘားအံ   ဇန်နဝါရီ  ၂၇

ကရင်ပြည်နယ် ဘားအံမြို့ရှိ ရပ်ကွက်နှင့်ကျေးရွာများတွင် ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို ပေါင်းစပ်ဆောင်ရွက်ပေးနိုင်ရေးအတွက် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ယနေ့နံနက်ပိုင်းက ဘားအံမြို့ ဇွဲကပင်ခန်းမတွင် တွေ့ဆုံခဲ့ကြောင်းသိရသည်။

တွေ့ဆုံပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က  အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တက်ရောက်လာသော ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများထဲမှ မိမိတို့ရပ်ကွက် နှင့်ကျေးရွာများအတွက် လိုအပ်သော တံတားနှင့်လမ်းပန်းဆက်သွယ်ရေး လိုအပ်ချက်များ၊ လျှပ်စစ်မီး လိုအပ်ချက်နှင့် ပညာရေးအတွက် ကျောင်းဆောင်သစ်များ ဆောင်ရွက်ပေးနိုင်ရေးတို့ကို တင်ပြ တောင်းဆိုကြရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်က ဆောင်ရွက်ပေးသွားနိုင်ရေး သက်ဆိုင်ရာ  ပြည်နယ် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဘားအံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြကြောင်းသိရသည်။

 

 

                                                                                                မြို့နယ် (ပြန်/ဆက်)