မုဒုံ ဇန်နဝါရီ ၂၃
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မြို့မ(၄)ရပ်ကွက် ဂျုံးဂျုံးကျတောရကျောင်းလမ်းတွင် တည်ဆောက်မည့် ပညာရေးဝန်ကြီးဌာန နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန သက်မွေးပညာ သင်တန်းကျောင်း ပင်မစာသင်ဆောင်အဆောက်အဦသစ် ပန္နက်တော်တင် မင်္ဂလာအခမ်းအနား ကို ယနေ့နံနက် ၈ နာရီ အချိန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံ၊ လူမှုရေးဝန်ကြီးဒေါက်တာထိန်လင်း၊ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းကျော်လွင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးလှထွန်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး သက်မွေးပညာသင်တန်းကျောင်း ပင်မစာသင်ဆောင် ဆောက်လုပ်မည့် အဆောက်အဦ ပန္နက် တိုင်တော် ကို စိုက်ထူကြကာ ပန္နက်တိုင်တော်အား အမွှေးနံ့သာရည်များ ပက်ဖျန်းခဲ့သည်။
အဆိုပါပင်မစာသင်ဆောင် သံကူကွန်ကရစ် သုံးထပ်စာသင်ဆောင် (၁၇၀ ပေ × ၁၃၀ ပေ) အဆောက်အဦ သစ်ကို ပြည်ထောင်စုခွင့်ပြု ရန်ပုံငွေကျပ် သိန်းပေါင်း (၁၆၀၀၀)ခန့်ဖြင့် စုန်ရေ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီလီမီတက်မှ တာဝန်ယူ ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)