Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စု သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နေပြည်တော် ဇန်နဝါရီ ၁၉
 
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စု သံအမတ်ကြီး မစ္စတာ သောမတ်စ် လာ့ဇ်လို ဗိုင်ဒါ အား ယနေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
 
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး က သံအမတ်ကြီးအား ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အထူး အာဏာကုန် လွှဲအပ်ခြင်း ခံရသော မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးအပ်ခြင်းခံရသည့် အတွက် ဝမ်းမြောက်ကြောင်းနှင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့အခွင့်အရေးမြှင့်တင်ရေးတို့တွင် အမေရိကန် ပြည်ထောင်စု၏ ကူညီပံ့ပိုးမှုများ အတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံနှင့် အမေရိကန် ပြည်ထောင်စုအကြား နှစ်နိုင်ငံရှိရင်းစွဲ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွား ရေး၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များ တွင် အမေရိကန်ပြည်ထောင်စုမှ ဆက်လက် ထောက်ခံသွားရေး၊ အမေရိကန် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံ မှုလုပ်ငန်းများ မြန်မာနိုင်ငံတွင် တိုးချဲ့ သွားနိုင်ရေး၊ ရခိုင်ပြည်နယ်မှ နေရပ် စွန့်ခွာသူများအား ပြန်လည် လက်ခံ ရေးကိစ္စ အပါအဝင် အသွင်ကူးပြောင်း ရေးကာလ ရင်ဆိုင်နေရသည့် စိန်ခေါ်မှု များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်