Skip to main content

မဲခေါင်-လန်ချန်း ပူးပေါင်းညှိနှိုင်းရေးအဖွဲ့(မြန်မာ)နှင့် မန္တလေးတက္ကသိုလ်တို့အကြား မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နှီးနှောဖလှယ်ပွဲ ကျင်းပ

 
နေပြည်တော် ဇန်နဝါရီ ၁၉ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြီးမှူး၍ မဲခေါင်-လန်ချန်း ပူးပေါင်းညှိနှိုင်းရေး အဖွဲ့ (မြန်မာ) နှင့် မန္တလေး တက္ကသိုလ် တို့အကြား “မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ နှီးနှောဖလှယ် ပွဲ” ကို ယနေ့ နံနက်ပိုင်းက ဗီဒီယို ကွန်ဖရင့်ဖြင့် ကျင်းပသည်။
နှီးနှောဖလှယ်ပွဲတွင် အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟောက် ဒိုဆွမ်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့် ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းဝင်းက မိတ်ဆက် စကားပြောကြားသည်။
ထို့နောက် နိုင်ငံခြားရေးဝန်ကြီး ဌာန၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့ အစည်းများနှင့် စီးပွားရေးဦးစီးဌာန၊ ဒေသခွဲဆိုင်ရာပူးပေါင်း ဆောင်ရွက် မှုဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် မဲခေါင်-လန်ချန်း ပူးပေါင်းညှိနှိုင်းရေး အဖွဲ့ (မြန်မာ) ဒုတိယဥက္ကဋ္ဌ ဦးဝင်း ဇေယျာထွန်း က မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်နှင့် လက်ရှိ ဖြစ်ပေါ်တိုးတက်မှုများကို ရှင်းလင်းပြောကြားသည်။ ယင်း နောက် နှီးနှောဖ လှယ်ပွဲသို့ တက် ရောက်လာသူများက ပူးပေါင်းဆောင် ရွက်မှု လက်ရှိနှင့် အနာဂတ် လုပ်ငန်း စဉ်များအပေါ် အပြန်အလှန်ဆွေးနွေး ခဲ့ကြသည်။
နှီးနှောဖလှယ်ပွဲကို မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်အပေါ် ပိုမိုနားလည် သဘောပေါက်ပြီး ဖွံ့ဖြိုးတိုးတက်မှု အတွက် ထိရောက်စွာ အသုံးချနိုင်စေ ရန်နှင့် အနာဂတ်လုပ်ငန်းစဉ်များ အတွက် ကြိုတင်ပြင်ဆင်နိုင်ရန် ရည်ရွယ် ကျင်းပခဲ့ခြင်းဖြစ်သည်။ အဆိုပါနှီးနှောဖလှယ်ပွဲသို့ နိုင်ငံခြား ရေး ဝန်ကြီးဌာနနှင့် မန္တလေး တက္ကသိုလ်တို့မှ အရာရှိများ၊ ဆရာ ဆရာမများ ပါဝင်တက်ရောက်ခဲ့ကြ သည်။
မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှုကို ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများက ဒေသတွင်း ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေး တို့ကို ဖော်ဆောင်သွားရန်၊ ဖွံ့ဖြိုး တိုးတက်မှု ကွာဟချက်များကို လျှော့ချရန်နှင့် နိုင်ငံများ၏ အလုံးစုံ ပါဝင်သော စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှုရရှိစေရေး ကြိုးပမ်းမှုများ အား အထောက်အကူပြုရန် ရည်ရွယ် ၍ ၂၀၁၆ ခုနှစ်တွင် တရားဝင်ဖွဲ့စည်း ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာအား အထောက်အကူပြု နိုင်စေရန်အတွက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံ ငွေမှ စီမံကိန်း (၅၁) ခု အတွက် စုစု ပေါင်း ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၃ သန်းအား မြန်မာနိုင်ငံသို့ ထောက်ပံ့ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်