Skip to main content

ထန်းတပင်မြို့နယ်၌ မဲဘလံကျေးရွာအုပ်စုရှိ ကျေးရွာ(၄)အား လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲပြုလုပ်

ထန်းတပင် (ပဲခူး) ဇန်နဝါရီ ၁၇

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ မဲဖလံ၊ ယောက်သဝ၊ ညောင်ပင်သာနှင့် မိကျောင်းခေါင်း ကျေးရွာ()ရွာတွင် ယနေ့နံနက် (၁၀)နာရီအချိန်က လျှပ်စစ်မီးလင်းရေးဖွင့်ပွဲ ပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ ဖွင့်ပွဲ၌ မဲဖလံ၊ ယောက်သဝ၊ ညောင်ပင်သာနှင့် မိကျောင်းခေါင်း ကျေးရွာ()ရွာ မီးလင်းရေးအတွက် ဝန်ကြီးချုပ်ဦးဝင်းသိန်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဇော်ဝင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမင်းဦး၊ တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ဦးရဲဝဏ္ဏ၊ တောင်ငူခရိုင်အုပ်ချုပ်ရေးမှူးဦးမိုးထက်နှင့် ခရိုင်လျှပ်စစ်အင်ဂျင်နီယာဦးမျိုးအောင်စံတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကမ္ဗည်းမော်ကွန်း ကျောက်စာ အား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။

ဆက်လက်ပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းက အဖွင့်အမှာစကားပြောကြားပြီး အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမင်းဦးက ဆက်လက်အမှာစကားများ ပြောကြားသည်။

ယင်းနောက် တောင်ငူခရိုင်လျှပ်စစ်အင်ဂျင်နီယာ ဦးမျိုးအောင်စံက လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးအတွက် လိုက်နာရမည့်အချက်များအား ကျေးရွာသူ ကျေးရွာသားများ သိရှိရန်  အသိပညာပေးပြောကြားပြီး လျှပ်စစ်မီးလင်းရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးသူများနှင့် စေတနာရှင် အလှူရှင်များအား ​​ကျေးရွာ မီးလင်းရေးကော်မတီနှင့် လွှတ်တော်ကိုယ်စားလှယ်များက ဂုဏ်ပြုမှတ်တမ်းများပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ မဲဖလံ၊ ယောက်သဝ၊ ညောင်ပင်သာနှင့် မိကျောင်းခေါင်း ကျေးရွာများ၏ ဒေသခံများကိုယ်စား မိကျောင်းခေါင်း ကျေးရွာနေ ဦးဇော်လတ်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ ကျေးရွာနေပြည်သူများနှင့် ကျောင်းသား ကျောင်းသူများ အတွက် အားကစားပစ္စည်းများ၊  ဘင်ခရာနှင့် ဒိုးပတ်အဖွဲ့များအတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်းသိရှိရသည်။

တောင်ငူခရိုင် ထန်းတပင်မြို့နယ်အတွင်းရှိ မဲဖလံ၊ ယောက်သဝ၊ ညောင်ပင်သာနှင့် မိကျောင်းခေါင်း ကျေးရွာ()ရွာ လျှပ်စစ်မီးလင်းရေးအတွက် ကျေးရွာတစ်ရွာချင်းအလိုက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ၁၁ကေဗွီ ဓာတ်အားလိုင်း၊ (၁၁/. )ကေဗွီ (၂၀၀) ကေဗွီအေ ထရန်စဖော်မာ နှင့် ကျေးရွာနေပြည်သူများထည့်ဝင်ငွေတို့ စုပေါင်း၍ ၄၀၀ဗို့ဓာတ်အားလိုင်းအား ဆောင်ရွက်ပေးခြင်းဖြစ််ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)