Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ပညာရေးစီမံခန့်ခွဲမှု (Certificate in Educational Management (CEM)) (Batch 1) သင်တန်းတွင် သင်တန်းပို့ချ

နေပြည်တော် ဇန်နဝါရီ ၁၆

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်ပညာရေး တက္ကသိုလ်မှ အွန်လိုင်းစနစ်ဖြင့် ကျင်းပသည့်   ပညာရေး စီမံခန့်ခွဲမှု (Certificate in Educational Management (CEM)) (Batch 1) သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူများအား “Achievements and Challenges of the Ministry of Education” ခေါင်းစဉ်ဖြင့် သင်တန်းပို့ချသည်။

ပညာရေးစီမံခန့်ခွဲမှု သင်တန်း (CEM Batch 1)ကို ရန်ကုန် ပညာရေးတက္ကသိုလ်မှကြီးမှူး၍ ပညာရေးသဘောတရားနှင့် ပညာရေးစီမံခွဲမှုဌာနမှဉီးစီးစီမံဆောင်ရွက်ပြီး ၂၀၂၀ ပြည့်နှစ် စက်တင် ဘာ ၁ ရက်တွင် Zoom App အသုံးပြုကာ အွန်လိုင်း စနစ်ဖြင့် စတင်ဖွင့်လှစ်ပို့ ချခဲ့သည်။ ဤသင်တန်း ကို ညွန်ကြားရေးမှူးချုပ်(၃)ဦး၊ ပါမောက္ခချုပ်(၅)ဦး၊ ဒုတိယညွှန်ကြားရေး မှူးချုပ် (၈)ဦး၊ ဒုတိယ ပါမောက္ခချုပ်(၁၉)ဦး၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းအုပ်ကြီး(၂)ဦး၊ ညွှန်ကြားရေး မှူး(၁၀)ဦးနှင့် အခြေခံပညာအထက်တန်း ကျောင်းအုပ်ကြီး (၃)ဦး၊ စုစုပေါင်း(၅၀) တက်ရောက် သည်။

ယခု ဖွင့်လှစ်သည့် CEM သင်တန်း၌ ပညာရေးဆိုင်ရာ ဦးဆောင်စီမံ ဆောင်ရွက်ခြင်း၊ လူ့စွမ်းအား အရင်းအမြစ်များ ကို စီမံခန့်ခွဲခြင်း၊ သုတေသနနှင့် စီမံကိန်းရေးဆွဲခြင်း၊ ပြုပြင်ပြောင်း လဲမှုဆိုင်ရာ စီမံခန့်ခွဲမှုများနှင့် ဆက်သွယ်ပြောဆိုမှု စွမ်းရည်တို့ကို ပို့ချသည်။ အဆိုပါ သင်တန်းတွင် ရန်ကုန် ပညာရေးတက္ကသိုလ် ပညာရေးသဘောတရားနှင့် ပညာရေး စီမံခွဲမှုဌာနမှ ပညာရှင်များနှင့် ပြင်ပမှ ပညာရှင်များ ပူးပေါင်း၍ ပို့ချသည်။

သင်တန်းတွင် interactive discussionself- directed learning တို့ အသုံးပြု၍ ပို့ချခဲ့ပြီး သက်ဆိုင်ရာ modules အလိုက် assignments ပေး၍ စစ်ဆေးခဲ့သည်။ ပညာရေးစီမံခန့်ခွဲမှု သင်တန်း (CEM Batch 2)ကိုလည်း   ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၈ ရက်တွင် ဖွင့်လှစ်ရန် စီစဉ် ဆောင်ရွက်လျက်ရှိ သည်။ မြန်မာနိုင်ငံ ပညာရေး ပြုပြင်ပြောင်းလဲ မှုများကိုလက်တွေ့ အကျိုးရှိ ထိရောက်ပွင့်လင်းမြင် သာစွာ အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် ပညာရေးဆိုင်ရာ စိန်ခေါ်မှုများကို စဉ် ဆက်မပျက် ကျော်လွှားနိုင်စွမ်းရှိသည့် ဆရာ၊ဆရာမများ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူ များ၊ ပညာရေး နှင့်သက်ဆိုင်သည့်သူများဖြင့် အရည်အသွေးရှိသည့် ပညာရေးစနစ်ကို စုပေါင်းအားဖြင့် ပူးပေါင်းတာ ဝန်ယူ အကောင်အထည်ဖော်ဆောင်ရွက်ရန် ရည်ရွယ်ကြောင်း သိရသည်။

(သတင်းစဉ်)