မိုးညို ဇန်နဝါရီ ၁၀
ပဲခူးတိုင်းဒေသကြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီး ငွေလုံး ငွေရင်း ရန်ပုံငွေဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် သာယာ၀တီခရိုင်၊ မိုးညိုမြို့ နယ်အတွင်းရှိ ငါးကျီးကျေးရွာ ဆက်သွယ် သော ကွန်ကရစ်တံတား ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင်တံတားဖွင့်ပွဲနှင့်ပတ်သက်၍ ပဲခူးတိုင်း ဒေသကြီး အစိုးရ အဖွဲ့၀န်ကြီးချုပ် ဦး၀င်း သိန်းက အဖွင့်အမှာ စကားပြောကြားပြီး ပဲခူးတိုင်း ဒေသကြီး ကျေးလက် လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန၊ ညွှန် ကြားရေးမှူး (မြို့ပြ) ဦးအောင်ကျော်လူက တံတားနှင့် ပတ်သက်သည့် အချက်အလက်များအား ရှင်းလင်း တင်ပြကာ မိုးညိုမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် အမှတ်(၂)ဦး၀င်းကို မှကျေးဇူးတင် စကားပြောကြားခဲ့ သည်။
ထို့နောက်သာယာ၀တီခရိုင်၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြား ရေးမှူး (မြို့ပြ)မှ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၀န်ကြီးချုပ်နှင့် ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခငမောင်ရင်၊ မိုးညိုမြို့ နယ်မှ လွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာဌာနများအား အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ ကွန်ကရစ်တံတားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး အစိုးရ အဖွဲ့ ၀န်ကြီးချုပ် ဦး၀င်းသိန်း၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်၊ မိုးညိုမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စား လှယ် ဒေါက်တာ၀င်းမြင့်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် (၁) ဦးအေး၀င်းနှင့် ပဲခူးတိုင်းဒေသကြီး ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး (မြို့ပြ) ဦးအောင်ကျော်လူတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ သည်။
ငါးကျီးကျေးရွာဆက်သွယ်သော သံကူကွန် ကရစ်တံတား (နှစ်ဆက်လုပ်ငန်း) တည်ဆောက် ခြင်း လုပ်ငန်းအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးငွေလုံးငွေရင်း ရန်ပုံငွေ (၅၈၃•၀၀) ကျပ် သန်းဖြင့် တံတားလက်ရန်းတပ်ဆင်ခြင်းလုပ်ငန်းအထိလည်းကောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာ ရေးနှစ် အတွင်း ရန်ပုံငွေ(၃၁•၄၀) ကျပ်သန်းဖြင့် တံတားလက်ရန်းများ ဆေးသုတ်ခြင်းနှင့် ချဉ်းကပ်လမ်း တည်ဆောက်ခြင်း လုပ်ငန်းအထိ လည်းကောင်း၊ တံတား တစ်စင်းလုံးစုစုပေါင်းခွင့်ပြုရန်ပုံငွေ (၆၁၄•၄၀) ကျပ် သန်းဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။
ကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းအား ဟန်သီရိဆောက်လုပ်ရေးကုမ္ပဏီမှ၂၀-၁-၂၀၂၀ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ရာ ၁၆-၇-၂၀၂၀ရက်နေ့တွင် တည်ဆောက်ခြင်း လုပ်ငန်း အားလုံး ပြီးစီးခဲ့သည်၊ တံတား အမျိုးအစားမှာ အုတ်မြစ်အောက်ခြေနှင့် အပေါ်ထည်သံဘောင် သံကူကွန်ကရစ် တံတား ဖြစ်ပြီး တံတားအရှည်မှာ ၃၂၀ ပေ၊ တံတားအကျယ်မှာ ၂၀ ပေဖြစ်ကြောင်း သိရသည်။
ကိုမင်း(မိုးညို)