Skip to main content

COVID-19 ကပ်ရောဂါကာကွယ်ဆေးဝယ်ယူရန် တပ်မတော်က ပထမအကြိမ်အဖြစ် ငွေကျပ်သန်းတစ်ထောင် ထည့်ဝင်လှူဒါန်း

နေပြည်တော်၊ ဇန်နဝါရီ ၇

တပ်မတော်က COVID-19 ကာကွယ်ဆေး ဝယ်ယူရရှိရေးရန်ပုံငွေ (COVID-19 Vaccination Fund) သို့ ယနေ့တွင် COVID-19 ကပ်ရောဂါ ကာကွယ်ဆေးဝယ်ယူရန် အတွက် ငွေကျပ်သန်း တစ်ထောင်ကို ပထမအကြိမ်အဖြစ် ပါဝင်လှူဒါန်းခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင် ရာများတွင် လိုအပ်သည်များ အသုံးပြုနိုင်ရန် အတွက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တပ်မတော်အရာရှိကြီးများ၏တစ်လစာလစာငွေများ၊ တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်များနှင့် အရပ်သားအစား ခန့်ဝန်ထမ်းများ ၏ လစာငွေမှ တစ်ရက်လုပ်ခ လစာငွေများကို ၂၀၂၀ပြည့်နှစ်ဧပြီလတွင် ပထမအကြိမ် အဖြစ်လည်းကောင်း၊ တပ်မတော်အရာရှိကြီးများ၏ တစ်လစာ လစာငွေ၏ ၂၅ ရာခိုင် နှုန်းနှင့် တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်များနှင့် အရပ်သား အစားခန့် ဝန်ထမ်းများ၏ လစာငွေမှ တစ်ရက်လုပ်ခ လစာငွေများကို ၂၀၂၀ပြည့်နှစ်မေလတွင် ဒုတိယအကြိမ် အဖြစ်လည်းကောင်း စုစုပေါင်းငွေကျပ် ၄ ဒသမ ၄ ဘီလီယံကျော်အား စုပေါင်း ပါဝင် လှူဒါန်းခဲ့ကြပြီး စုပေါင်းလှူဒါန်းငွေများဖြင့် ဆေးဘက်ဆိုင်ရာ အထောက် အကူပစ္စည်းများကို ဝယ်ယူ၍ ဆေးရုံများ၊လူမှုအဖွဲ့အစည်းများ၊ တပ်မတော်က စီစဉ် ထားသော သီးခြားစောင့်ကြည့်သူများထားရှိရန်နေရာများနှင့် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြု လူနာများထားရှိရန် နေရာများသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း။

တပ်မတော်အနေဖြင့် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း များကို အင်တိုက်အားတိုက်ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ နိုင်ငံအတွက် လိုအပ် လျက်ရှိသော COVID-19 ကပ်ရောဂါကာကွယ်ဆေး ဝယ်ယူရန်အတွက် ငွေကျပ်သန်း တစ်ထောင် ကို ပထမအကြိမ်အဖြစ် COVID-19 ကာကွယ်ဆေး ဝယ်ယူရရှိရေး ရန်ပုံငွေသို့ ထည့်ဝင်လှူဒါန်းခဲ့ကြောင်းနှင့် လိုအပ်ချက်အရ ဆက်လက်ထည့်ဝင် လှူဒါန်းသွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

(သတင်းစဉ်)