ရန်ကုန် ဇန်နဝါရီ ၆
ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့၏ စီမံမှု၊ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု၊ အာဏာပိုင်အဖွဲ့(YRTA)၏ ကြီးကြပ်မှုဖြင့် စတုတ္ထအကြိမ်မြောက် ခရီးစဉ်အဖြစ် ကိုကိုးကျွန်းမြို့နယ်သို့ ပြေးဆွဲမည့် M.V CHARITES သင်္ဘော သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဆူးလေဆိပ်ကမ်းမှ ထွက်ခွာသွား ကြောင်း သိရသည်။
“ဒီခရီးစဉ်မှာ ကိုကိုးကျွန်းမြို့ မီးလင်းနေပြီဖြစ်တဲ့အတွက် အထောက် အကူပြုဖို့ ကျန်တဲ့လုပ်ငန်းရပ်တွေ ဆောင်ရွက်ဖို့ရယ်၊ ဒေသဖွံ့ဖြိုးရေး အတွက် ဆောင်ရွက်ပေးဖို့ရယ်၊ သွားရောက် တာဝန်ထမ်းဆောင်မယ့်ဝန်ထမ်းတွေကို စုစည်းပြီး ပို့ဆောင် ပေးတဲ့ အစီအစဉ်ဖြစ်ပါတယ်” ဟု YRTA တွဲဖက်အတွင်းရေးမှူး ဦးလှ အောင်က ပြောကြားသည်။
ယနေ့နံနက်ပိုင်းတွင် ကိုကိုး ကျွန်းမြို့နယ်သို့ ထွက်ခွာသွားသည့် M.V CHARITES သင်္ဘောပေါ်တွင် ဒေသခံများ၊ တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများ စသည့်ခရီးသည် ၆၁ ဦး နှင့် သင်္ဘောဝန်ထမ်း ၁၁ ဦး အပါအဝင် စုစုပေါင်း ၇၂ ဦး လိုက်ပါသွားကြောင်း သိရသည်။ ကိုကိုးကျွန်းမြို့နယ်သို့ သွားရောက်မည့် ခရီးသည်နှင့် သင်္ဘော ဝန်ထမ်းများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော သတ်မှတ်ချက်များအတိုင်း ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးခြင်း နှင့် စောင့်ကြပ်ကြည့်ရှုမှု ခံယူ ပြီးနောက် စည်းကမ်းချက်များနှင့် အညီ သွားလာခွင့် ပြုခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
ကုန်ပစ္စည်းများအနေဖြင့် ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပို ရေးရှင်း၏ လုပ်ငန်းသုံးပစ္စည်းများ၊ အစိုးရအဖွဲ့၏ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ၊ တပ်မတော်မှ ကုန်စည်များ၊ ဒေသအတွက် တစ်ပိုင် တစ်နိုင် စားသောက်ကုန်မှ အစပြု ၍ ဖွံ့ဖြိုးရေးလုပ်ငန်းသုံး ပစ္စည်း များ စုစုပေါင်း တန်ချိန် ၃၅၀ ခန့် သယ်ဆောင်သွားကြောင်း သိရ သည်။
ရန်ကုန် လျှပ်စစ်ဓာတ်အားပေး ရေးကော်ပိုရေးရှင်းမှ ဆိုလာစနစ်ဖြင့် ကိုကိုးကျွန်းမြို့နယ်အား ၂၄ နာရီ မီးလင်းရေးအတွက် ဆောင်ရွက်ပေးခဲ့ သည့်အပြင် လိုအပ်ချိန်တွင် အသုံးပြု နိုင်ရန် ဒီဇယ်အင်ဂျင် မီးစက်တစ်လုံး နှင့် စက်သုံးဆီကိုပါ ယခုခရီးစဉ် အတွင်း ပို့ဆောင်ပေးခဲ့ကြောင်း သိရ သည်။ ထို့ပြင် လျှပ်စစ်ဓာတ်အား ပမာဏ ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင် ရေးအတွက် သွားရောက်လေ့လာရန် ပညာရှင်များ လိုက်ပါသွားကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့၏ စီမံမှုဖြင့် စတင်ပြေးဆွဲ ခဲ့သော ကိုကိုးကျွန်းခရီးစဉ်ကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် စတင်ခဲ့ပြီး ဒုတိယမြောက်ခရီးစဉ်ကို မတ်လ တွင် လည်းကောင်း၊ တတိယမြောက် ခရီးစဉ်ကို ဩဂုတ်လတွင် လည်း ကောင်း ပြေးဆွဲပေးနိုင်ခဲ့သည်။ ယင်းနောက်ပိုင်းတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ ဆိပ်ကမ်းအာဏာပိုင်၏ အစီအစဉ် ဖြင့် သုံးကြိမ် ပြေးဆွဲပေးခဲ့ကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)
ဓာတ်ပုံ-လင်းညွန့်