Skip to main content

ကလိန်အောင်မြို့ အလယ်စခန်းကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၊ ကျောင်းဆောင်သစ်ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

ကလိန်အောင် ဇန်နဝါရီ ၆

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကလိန်အောင်မြို့ လော့သိုင်းကျေးရွာအုပ်စု၊ အလယ် စခန်းကျေးရွာအခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ရှိမြတောင်တန်းကျောင်းဆောင်သစ်ခန်းမ၌ယနေ့နံနက်(၉)နာရီ ခွဲအချိန်ကကျောင်းဆောင်အသစ်ဆောက်လုပ်ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကျင်းပ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ဇေယျကအဖွင့်အမှာစကားပြောကြားပြီးလူမှုရေးနှင့်စည်ပင်သာယာရေး ဝန်ကြီးဦးဟိုပင်၊ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစောလုကာတို့က အသီးသီး မုဒိတာစကားများပြောကြားကြသည်။

ဆက်လက်ပြီး မြတောင်တန်းကုမ္ပဏီမှ တာဝန်ခံ ဦးကျော်ဇေယျက ကျောင်းဆောင်အသစ်ဆောက်လုပ် လှူဒါန်းပေးရခြင်းနှင့် ပတ်သက်၍ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးမောင်ညို နှင့် ကျောင်းအကျိုးတော်ဆောင် ဦးငွေထွန်းတို့မှ ကျေးရွာသူ၊ ရွာသားများနှင့်ကျောင်းသားမိဘများကိုယ်စား ကျေးဇူးတင်စကားပြန်လည်ပြောကြား ကြသည်။

 ထို့နောက် မြတောင်တန်းကမ္ပဏီမှ တာဝန်ခံ ဦးကျော်ဇေယျမှ ကျောင်းဆောင်အသစ်လွှဲပြောင်းမှတ်တမ်း လွှာပေးအပ်ရာ မြို့နယ်ပညာရေးမှူး ဦးမောင်ညိုက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာများအား ပြန်လည်ပေးအပ်ခဲ့ရာ အမှတ်တရ မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။

အဆိုပါကျောင်းဆောင်သစ်မှာ အလျား (၆၀ )ပေ၊ အနံ (၃၀)ပေ တစ်ထပ်ကျောင်းဆောင်သစ်ဖြစ်ပြီး မြတောင်တန်းကုမ္ပဏီမှကျောင်းသား၊ကျောင်းသူများအဆင်ပြေစွာပညာသင်ကြားနိုင်ရန်အတွက် ဆောက်လုပ် လှူဒါန်း ပေးခြင်းဖြစ်ကြောင်း သိရသည်။

ဒေါ်မိုးမိုးခိုင်(ကလိန်အောင်၊ပြန်/ဆက်)