ထားဝယ် ဇန်နဝါရီ ၆
၂၀၂၁ ခုနှစ်၊ (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကျင်းပရေး ပထမအကြိမ်ညှိနှိုင်း အစည်း အဝေးကို ယနေ့နံနက် ၁၀ နာရီ က ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကျင်းပရေးကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်က (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို အမျိုးသားရေးဦးတည်ချက်(၅)ရပ်နှင့်အညီ နိုင်ငံရေးအနှစ်သာရရှိစွာဖြင့် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပရေးအတွက်ကော်မတီများ ဖွဲ့စည်းပြီးဖြစ်ကြောင်း၊ ပြည်ထောင်စုနေ့အား အထိမ်းအမှတ်အဖြစ် အမျိုးသားရေးဦးတည်ချက်များပါ မြေစိုက်ပိုစတာများကို လမ်းဆုံ များတွင်စိုက်ထူစေလိုကြောင်း၊ တက်ရောက်လာသူများမှလည်း (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား ကိုကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်များနှင့်အညီ အောင်မြင်စွာကျင်းပနိုင်ရေး ဝိုင်းဝန်း ဆွေးနွေး အကြံပြုပေးစေလိုကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ထိုနောက် တက်ရောက်လာသော ကော်မတီဝင်များက ဆောင်ရွက်ရမည့်လုပ်ငန်းအခြေအနေများအား ရှင်းလင်း တင်ပြရာ(၇၄)နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနားကျင်းပရေး ကော်မတီဥက္ကဋ္ဌ၊ တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင် က လိုအပ်သည်များလမ်းညွှန်မှာကြားသည်။
အစည်းအဝေးသို့ (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပရေးကော်မတီဥက္ကဋ္ဌ၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိသည်။
(ထားဝယ်ခရိုင်ပြန်/ဆက်)