နေပြည်တော်၊ ဇန်နဝါရီ ၅
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာလအတွင်း စီးပွားရေးလုပ်ငန်းများ ပြန်လည် လုပ်ကိုင်လည်ပတ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ပြည်သူကို အသိပညာမျှဝေပေးမည့် “ဒစ် ဂျစ်တယ် စီးပွားရေးအကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ် ” ကို နိုဝင်ဘာ ၂၅ရက်မှစ၍ အပတ်စဉ်ဗုဒ္ဓဟူးနှင့် ကြာသပတေးနေ့ များတွင် ညနေ ၆ နာရီခွဲမှ ည ၇ နာရီအထိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသလျှက်ရှိသည်။
ဇန်နဝါရီ ၆ ရက် (ဗုဒ္ဓဟူးနေ့) ညနေတွင် တစ်ကမ္ဘာလုံးတွင် ဖြစ်ပေါ်လျှက်ရှိသည့် Sharing Economy နှင့် အနာဂတ်တွင် အရေးပါမှုဆိုင်ရာ ဗဟုသုတမျှဝေပေးမည့် ဒစ်ဂျစ်တယ် စီးပွားရေးအကြောင်း သိကောင်းစရာ အစီအစဉ်ကို ဧရာဝတီဘဏ်- ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ အုပ်ချုပ်မှုဒါရိုက်တာ ဦးချစ်ထွန်းဖေနှင့် Oway Group ဥက္ကဌ ဦးနေအောင် တို့က ဆွေးနွေးကြမည်ဖြစ်ရာ ၎င်းဆွေးနွေးချက်များကို ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်သွားမည် ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)