Skip to main content

မော်လမြိုင်၌ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကျင်းပ

မော်လမြိုင်      ဇန်နဝါရီ          

(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနား၊ နိုင်ငံတော်အလံအလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ မောရဝတီ ပန်းခြံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့် အညီ ကျင်းပခဲ့သည်။

ရှေးဦးစွာ နံနက် နာရီ ၂၀ မိနစ်တွင် နိုင်ငံတော်အလံကို အလံတင်အဖွဲ့မှ တိုင်ထိပ်သို့လွှင့်တင် ပြီး နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများအား ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့်  ဌာနဆိုင်ရာ အကြီးအကဲများတို့က အလေးပြုကြသည်။

ထို့နောက် နံနက် နာရီတွင် နိုင်ငံတော်အလံအလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို အဆိုပါပန်းခြံ၌ ဆက်လက် ကျင်းပရာ အခမ်းအနားသို့ တက်ရောက်လာကြသော မွန်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ၊ တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများတို့က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလံကို အလေးပြုခြင်းနှင့် ကျဆုံးလေပြီးသော ခေါင်းဆောင် ကြီးများအား အလေးပြုခြင်းတို့ကိုဆောင်ရွက်ပြီး နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သည့် (၇၃)နှစ် မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ဖတ်ကြားခဲ့ကြောင်း သိရသည်။

ဝေလင်း(ပြန်/ဆက်)