Skip to main content

ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ်တွင် ငွေကျပ် ခြောက်ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်အဖက်တမင်း) များ ဖမ်းဆီးရမိ

နေပြည်တော် ဒီဇင်ဘာ ၃၁

ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ်တွင် ငွေကျပ် ခြောက်ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်အဖက် တမင်း) များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မူးယစ် ဆေးဝါး ပမာဏအများအပြား သယ်ဆောင်မည်ဖြစ်ကြောင်း သတင်းအရ ဒီဇင်ဘာ ၃၀ ရက် ည ၇ နာရီခွဲခန့်တွင် ဒိုက်ဦး မြို့ ဒိုက်ဦး - စစ်တောင်းသွားကားလမ်း၊ မိုင်တိုင်အမှတ် (၂၁/၃)အနီး ပူးပေါင်းစစ်ဆေးရေးစခန်းတွင် စောင့်ဆိုင်း နေစဉ် ဒိုက်ဦးမြို့ဘက်မှ စစ်တောင်းမြို့ဘက်သို့ ကိုကိုဦး မောင်းနှင်လာသည့် TOYOTA WISH အမျိုးအစား မော်တော် ယာဉ်ကို ရပ်တန့်ရှာဖွေရာ ယာဉ် နောက်ခန်းရှိ ဆာလာ အိတ်များအတွင်းမှ အိုက်စ် ၁၀၀ ကီလို ငွေကျပ် ခြောက်ဘီလီယံတန်ဖိုးကို သိမ်းဆည်းရမိခဲ့သဖြင့် ကိုကိုဦး (၄၆ နှစ်)အား ဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်တရားခံများ ဖော်ထုတ်ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

သတင်းစဉ်