Skip to main content

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်ဆောင်ရွက်နေသူများ၏ ၂၀၂၁ ခုနှစ် ငြိမ်းချမ်းရေးမျှော်လင့်ချက်နှင့် ငြိမ်းချမ်းရေးအတွက် နှစ်သစ်ဆုတောင်းစကား

မြန်မာနိုင်ငံ၏ ငြိမ်းချမ်ရေးဖြစ်စဉ်တွင် တစိုက်မတ်မတ် ပါဝင်ဆောင်ရွက်နေသူများ၊ ကိုယ်တိုင်ပါဝင်ဆောင်ရွက်နေကြသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအချို့မှ ခေါင်းဆောင်များ၏ ငြိမ်းချမ်းရေးအတွက် နှစ်သစ်ဆုတောင်းစကားနှင့် ၂၀၂၁ ခုနှစ်အတွက် ငြိမ်းချမ်းရေး မျှော်လင့်ချက်တို့နှင့်စပ်လျဉ်း၍ မေးမြန်းခဲ့သည်များကို ထုတ်နုတ်ဖော်ပြအပ်ပါသည်။

ဒေါက်တာလျန်မှုန်းဆာခေါင်း

(ဒုတိယဥက္ကဋ္ဌ)၊ ချင်းအမျိုးသားတပ်ဦး (CNF)

၂၀၂၁ ခုနှစ်သည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကနေပြီး ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်တဲ့ နှစ်ဖြစ်ပါစေလို့ ကျွန်တော် ဆုတောင်းမေတ္တာပို့သပါတယ်။ ၂၀၂၁ ခုနှစ်သည် ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုတစ်ရပ်လုံးက ကျွန်တော်တို့ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးကို အကောင် အထည်ဖော်နိုင်တဲ့ နှစ်ဖြစ်ပါစေ။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေး အတွက် လိုအပ်တဲ့အခြေခံမူ ညှိနှိုင်းတဲ့အဆင့်ကနေပြီး အကောင်အထည်ဖော်နိုင်တဲ့အဆင့်ကို တက်လှမ်းနိုင်ပါ စေလို့ နိုင်ငံသူ နိုင်ငံသားအားလုံး၊ ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုများအားလုံးကို နှုတ်ခွန်းဆက်သ လိုက်ပါတယ်။

 1121KMN4(2).jpg

ဦးလှမောင်ရွှေ

(အတွင်းရေးမှူး အဖွဲ့ဝင်)၊ ပြည်ထောင်စုငြိမ်းချမ်းရေး

ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC)

နှစ်သစ်မှာ မိဘပြည်သူတွေ ပျော်ရွှင်ကျန်းမာဖို့ ဆုမွန်ကောင်းတောင်းပါတယ်။ အခုစမယ့် ၂၀၂၁ ခုနှစ်မှာ ကျွန်တော်တို့အနေနဲ့ အဓိကလုပ်ငန်းစဉ် သုံးခုရှိပါမယ်။ တစ်ကတော့ ပြည်ထောင်စုသဘောတူစာချုပ် အစိတ် အပိုင်း ၃ အပါအဝင် အကောင်အထည်ဖော်ရမယ့် ကိစ္စရပ်တွေ ဖြစ်ပါတယ်။ ဒုတိယကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ကျန်တဲ့ဆောင်ရွက် ရမယ့်ကိစ္စရပ်တွေကို ဆက်လက်ဆောင်ရွက်ဖို့ဖြစ်ပြီး တတိယကတော့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ်(NCA) လက်မှတ်ရေးထိုးထားခြင်းမရှိသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေး ပြီးတော့ NCA လမ်းကြောင်းပေါ်မှာ ဆက်လက်ဆောင်ရွက် မယ့်လုပ်ငန်းဖြစ်ပါတယ်။ ဒီသုံးခုကို တာဝန်ရှိ ခေါင်းဆောင်တွေက ဦးဆောင်ပြီးတော့ တာဝန်ပေးခံရတဲ့သူများအနေနဲ့ အခုစမယ့် ၂၀၂၁ ခုနှစ် နှစ်ဆန်းကစပြီးတော့ အောင်မြင်စွာ အကောင် အထည်ဖော်နိုင်မယ်လို့ ကျွန်တော့်အနေနဲ့ မျှော်လင့်ယုံကြည်ပါတယ်။ ကျွန်တော်တို့ရဲ့ မိဘပြည်သူများကလည်း ဆက်လက် ဝိုင်းဝန်းကူညီအားပေးကြဖို့ ကျွန်တော့်အနေနဲ့ တင်ပြလိုပါတယ်။ ၂၀၂၁ ခုနှစ် နှစ်သစ်မှာ မိဘပြည်သူတွေ ငြိမ်းချမ်းပျော်ရွှင် ချမ်းမြေ့ကြပါစေ၊ ကပ်ရောဂါတွေကင်းဝေး ပြီးတော့၊ ကျွန်တော်တို့အားလုံး ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အတူတူလက်တွဲပြီးတော့၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို အခြေခံတဲ့ပြည်ထောင်စုကြီးကို ဆောင်ရွက်နိုင်ကြဖို့ ကျွန်တော့်အနေနဲ့ တိုက်တွန်းတင်ပြ လိုက်ပါတယ်။

 1121KMN4(3).jpg

ဦးမျိုးဝင်း

(ဒုတိယဥက္ကဋ္ဌ)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ

ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)

၂၀၂၀ ပြည့်နှစ်မှာတော့ ကျွန်တော်တို့အားလုံး စိန်ခေါ် မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်။ ငြိမ်းချမ်းရေးဆိုင်ရာ စိန်ခေါ်မှု ရှိသလို ကိုဗစ်-၁၉ ဆိုင်ရာ စိန်ခေါ်မှုလည်းရှိတယ်။ အခု တော့ တစ်စုံတစ်ရာကို ထိန်းသိမ်းနိုင်တဲ့ အခြေအနေမျိုးတော့ ရှိလာပြီပေါ့။ နှစ်သစ်မှာ ရောဂါကင်းဝေးပြီး ကာကွယ်ဆေးတွေ ရရှိပါစေ။ ပုံမှန်လူမှုဘဝမှာ ရှင်သန်ရပ်တည်နိုင်ဖို့ အတွက်ပဲ ကျွန်တော်တို့ အားလုံး ဆုတောင်းရမှာပေါ့။ ငြိမ်းချမ်း တည်ငြိမ်ပြီး ဖွံ့ဖြိုးတဲ့တိုင်းပြည်ဖြစ်ဖို့ အားလုံး ဝိုင်းဝန်း ကြိုးပမ်းရပါလိမ့်မယ်။ အနိုင်ရပါတီတစ်ခုတည်း၊ အစိုးရတစ်ခုတည်းက လုပ်လို့မရပါဘူး။ ကျွန်တော်တို့အားလုံး မျှော်မှန်းနေတဲ့ အမျိုးသား ညီညွတ်ရေးကို အသေအချာ တည်ဆောက်ဖို့လိုပါတယ်။ အဲဒီအခြေခံကောင်းကနေ ငြိမ်းချမ်းရေးကို ထာဝရ တည်ဆောက်ဖို့ လိုပါတယ်။ အခုရရှိထားတဲ့ အခြေခံကောင်းကို ဆုပ်ကိုင်ပြီး ပိုမိုတဲ့ငြိမ်းချမ်းရေး ရရှိဖို့အတွက် ကျွန်တော်တို့ ကြိုးပမ်းသွား မှာပါ။ အခုအစိုးရ လက်ထက်မှာရရှိထားတဲ့ အဆင့်လိုက်လုပ်ငန်းစဉ် ငြိမ်းချမ်းရေးအကောင်အထည်ဖော်မှု သဘောတူညီချက်ကို ဆက်လက်ကြိုးပမ်းသွားဖို့ ဆန္ဒရှိသလို ပြင်ဆင်ဆောင်ရွက်နေပါတယ်။

ဘာပဲပြောပြော အခုလိုမျိုး အခြေခံကောင်းတွေရှိ နေပါပြီ။ အနောက်ဘက် ရခိုင်မှာဖြစ်ပျက်နေတဲ့ စစ်ပွဲတွေ၊ မြောက်ပိုင်းမှာ ဖြစ်နေတဲ့ စစ်ပွဲတွေကို တစ်စုံတစ်ရာအထိ ထိန်းသိမ်းနိုင်တယ်။ ဒီအခြေခံကောင်းကို ထိန်းသိမ်းပြီး တော့မှ အားလုံးပါဝင်တဲ့ နိုင်ငံရေးအခြေခံကောင်း ဖြစ်အောင် ကျွန်တော်တို့အားလုံး ကြိုးပမ်းကြဖို့ လိုလိမ့်မယ်။ ပြည်သူလူထုအတွက် ငြိမ်းချမ်းရေး ဆောင်ရွက်မယ်ဆိုရင် အားလုံး ဝိုင်းဝန်းကြိုးပမ်းဖို့ လိုအပ်ပါတယ်။ နှစ်သစ်မှာ ပြည်သူများအားလုံး ငြိမ်းချမ်းပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်။

1121KMN4(4).jpg

ခွန်မြင့်ထွန်း

(ဒုတိယဥက္ကဋ္ဌ)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး

အဖွဲ့ချုပ် (PNLO)

ကျွန်တော်တို့အားလုံးကတော့ ယခုလာမယ့် ၂၀၂၁ ခုနှစ် မှာ ကြုံခဲ့ရတဲ့အတွေ့အကြုံတွေအရ အဆင့်အလိုက်၊ အဆင့်လိုက် အားလုံးမှာ ငြိမ်းချမ်းရေး၊ ညီညွတ်ရေးကို တည်ဆောက်နိုင်လိမ့်မယ်၊ ထူထောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ညီညွတ်ရေး နဲ့အတူ ကျွန်တော်တို့ လိုလားတဲ့ ကျွန်တော်တို့တိုင်းပြည်အတွက် အဓိကလိုအပ် တဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ အမျိုးသားညီညွတ်ရေးကို ဖော်ဆောင်နိုင်ပြီး ဖက်ဒရယ်ပြည်ထောင်စုကို အားလုံးအတူတကွ ဖော်ဆောင်နိုင်ပါစေလို့ ဆုတောင်းပါတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ ကြုံတွေ့နေရတဲ့ အထွေထွေအကျပ်အတည်းတွေ ကျွန်တော်တို့ အားလုံးရဲ့ စုပေါင်းအင်အား နဲ့ ကျော်ဖြတ်နိုင်ပါစေလို့ ကျွန်တော်ဆုတောင်းပါတယ်။

 1121KMN4(5).jpg

စောမြရာဇာလင်း

(ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ဒုတိယခေါင်းဆောင်)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)

မြန်မာနိုင်ငံသူ နိုင်ငံသားအပေါင်း နှစ်သစ်မှာ ကျန်းမာ ချမ်းသာကြပါစေလို့ ဆုတောင်းမေတ္တာပို့သပါတယ်။ ကျွန်မ၏ ဆုတောင်း မေတ္တာပို့သမှုသည် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)ရဲ့ ဆုတောင်းမေတ္တာ ပို့သမှုနဲ့ လည်း တစ်ထပ်တည်းဖြစ်ပါတယ်။ လာမယ့် ၂၀၂၁ ခုနှစ်မှာဆို ကျွန်မတို့ တိုင်းပြည် သာယာရေး၊ ငြိမ်းချမ်းရေးအတွက်ဆိုရင် ဖက်ဒရယ်ပြည်ထောင်စု မတည်ဆောက်ရင် မရတော့ဘူး ဆိုတာကို ကျွန်မတို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများသည် လည်းကောင်း၊ အစိုးရသည်လည်းကောင်း၊ မြန်မာနိုင်ငံသူနိုင်ငံသား အများစုသည် လည်းကောင်း လက်ခံထားကြတယ်လို့ ကျွန်မယုံ ကြည်ပါတယ်။ တိုင်းပြည်ရဲ့ အကျိုးကိုဆောင်ရွက်တဲ့အခါ ကိုယ်နိုင်တဲ့ ဘက်က စိတ်ရော ကိုယ်ပါနှစ်ပြီး ဆောင်ရွက်ဖို့ အရေးကြီးတယ် ဆိုတာ ထည့်သွင်းပြောကြားလိုပါတယ်။

ရဲခေါင်ညွန့်