Skip to main content

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်မှုများနှင့်စပ်လျဉ်း ၍ သုံးသပ်ချက်အစီရင်ခံစာ(မူကြမ်း)အပေါ် ကော်မတီဝင်များ၏ ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ဒီဇင်ဘာ  ၃၁

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်မှုများနှင့် စပ်လျဉ်း၍ သုံးသပ် ချက် အစီရင်ခံစာ(မူကြမ်း)အပေါ် ကော်မတီဝင်များ၏ညှိနှိုင်းအစည်းအဝေး ကို ယမန်နေ့ မွန်းလွဲ ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန စုပေါင်းအစည်း အဝေးခန်းမ၌ ကျင်းပသည်။

 အစည်းအဝေးသို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည် ဖော်ဆောင် ရွက်ရေးကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ဝန်ကြီးဌာန ပြန်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပူးတွဲဥက္ကဋ္ဌ ရခိုင်ပြည်နယ်ဝန်ကြီး ချုပ် ဦးညီပုနှင့် ကော်မတီဝင်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များ  အပေါ် အကောင် အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏ ()နှစ်တာကာလအတွင်း ရခိုင် ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မစ္စတာကိုဖီအာနန် ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏ အကြံပြုချက်(၈၈)ချက်မှ ကဏ္ဍ အလိုက်လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများ အပေါ်မူတည်၍ ပြန်လည်ဆန်းစစ်ပြီး သုံးသပ်ချက် အစီအရင် ခံစာတစ်စောင်ပြုစုရန် ဖြစ်ပါကြောင်း၊ အစည်းအဝေး တက်ရောက် လာကြသော ကော်မတီဝင်များ အနေဖြင့် အကြံပြုချက်ကော်မတီအတွင်းရေးမှူးရုံးက လေ့လာ ဆန်းစစ်ဖော်ထုတ်မှုရလဒ်များအရ သုံးသပ်ချက် အစီရင်ခံစာ(မူကြမ်း)ကို ပြုစုထားရှိ ပါသဖြင့် ထိုအစီရင်ခံစာ(မူကြမ်း)အပေါ် ဖြည့်စွက်အကြံပြုဆွေးနွေးပေးကြစေလိုကြောင်း။

ထိုကဲ့သို့ သုံးသပ်ချက်အစီရင်ခံစာပြုစုပေးခြင်းဖြင့် နောင်ဆက်လက်တာဝန်ယူမည့်သူ များက လိုအပ်သော စီမံမှုများကိုချမှတ်ပြီး ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးကို ရေတို/ ရေရှည် စီမံချက် များဖြင့် ထိရောက်လျင်မြန်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်ဖြစ်ပါ ကြောင်း၊ ဆန်းစစ်ချက်အစီရင်ခံစာ(မူကြမ်း)ကို ကော်မတီ၏()လတစ်ကြိမ်ပြုစုထားသော ပြည်သူသို့ အစီရင်ခံစာ များတွင် ဖော်ပြနိုင်ခဲ့သည့် အချက်အလက်များ၊ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့နှင့် သက်ဆိုင် ရာဝန်ကြီးဌာနအသီးအသီးက ပေးပို့လာသည့် လစဉ်အစီရင်ခံစာပါ အချက် အလက်များကိုစုစည်း၍ ကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုကို အဆင့်များ သတ်မှတ်ပြီး ပြန်လည် ဆန်းစစ် သုံးသပ် တင်ပြထားခြင်းဖြစ်ပါကြောင်း၊ အဆိုပါ သုံးသပ်ချက် များနှင့်စပ်လျဉ်း၍ မြေပြင် တွင် လက်ရှိအမှန်တကယ်ပြောင်းလဲမှုအခြေအနေ များနှင့်ထင် ဟပ်နိုင်ရန် ကော်မတီအတွင်း ရေးမှူး ဒုတိယဝန်ကြီး ဦးစိုးအောင် ဦးဆောင်ကာ ရခိုင်ပြည်နယ်အတွင်း လက်တွေ့ အကောင် အထည်ဖော်ဆောင်ရွက်နေသည့် သက်ဆိုင်ရာ ဝန်ကြီးဌာန အသီးသီး၏ ပြည်နယ် ဦးစီးမှူးများ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှတာဝန်ရှိသူများနှင့် ထပ်ဆင့်ညှိ နှိုင်းအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၂ ရက်တွင် Virtual စနစ်ဖြင့် ကျင်းပ ခဲ့ပါကြောင်း။

 ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြေရှင်း ဆောင်ရွက်ရမည့် အကြပ်အတည်း()ရပ်ဖြစ်သော ဖွံ့ဖြိုးမှုဆိုင်ရာအကြပ်အတည်း၊ လူ့အခွင့် အရေးဆိုင်ရာအကြပ် အတည်းနှင့် လုံခြုံရေးဆိုင်ရာ အကြပ်အတည်းများကို ဖြေရှင်းဆောင် ရွက်နိုင်ရေးအတွက် ဝိုင်းဝန်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် လက်နက်ကိုင်ပဋိပက္ခများ၊ ပြည်တွင်းပြည်ပနှင့်ပတ်သက်သော စိန်ခေါ်မှုများ အပြင် ကိုဗစ်-၁၉ ဖြစ်ပွားမှုများကြောင့် လုပ်ငန်းများ အကောင်အထည်ဖော်မှုအရှိန် လျော့ကျ သွားခဲ့ပါကြောင်း၊ ပြည်နယ်၏ စီပွားရေး၊ ပညာရေး၊ ကျန်းမာရေး စသောကဏ္ဍများကို ထိခိုက်စေပြီး ဒေသနေထိုင်သူများအနေဖြင့် အလုပ်အကိုင် ရှားပါးမှုနှင့် စားဝတ်နေရေးအခက်အခဲများကို ရင်ဆိုင် နေရသည့်အပြင် လုံခြုံရေး၊ တရား ဥပဒေ စိုးမိုးရေး စသောကဏ္ဍပေါင်းစုံဖွံ့ဖြိုးတိုးတက်မှု ကိုပါ ထိခိုက်စေခဲ့ပါကြောင်း၊ အကြံပြုချက် အများစုသည် ရေရှည် ဆောင်ရွက်ရမည်ဖြစ်ပြီး တိုးတက်မှု များကို အတိုင်းအတာတစ်ခု အထိ ရရှိခံစားကြရသော်လည်း ပမာဏအားဖြင့်ဖော်ပြရန် ခဲယဉ်း ပါကြောင်း၊ ကဏ္ဍအလိုက် ဆောင်ရွက်နိုင်မှုကိုတိုင်းတာရန် အညွှန်းကိန်းများ ဖော်ထုတ် သတ်မှတ် ရန် လိုအပ်ပါကြောင်း၊ သိသိသာသာတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သော ကဏ္ဍများတွင် အား ထည့်၍ စနစ်တကျ နှင့် စီမံချက်များရေးဆွဲအကောင်အထည်ဖော်ပါက လာမည့် အချိန် ကာလများ တွင် ပိုမိုတိုး တက်အောင်မြင်လာမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပူးတွဲဥက္ကဋ္ဌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ကော်မတီဝင်များအနေဖြင့် ရခိုင်ပြည်နယ် အတွင်းအကြံပြုချက်ပါ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ရခိုင်ပြည်နယ်အရေး သည် ပြည်ထောင်စုအရေးဖြစ်ပြီး ပြည်ထောင်စုအရေးတွင် ရခိုင်ပြည် နယ်အရေးကို ထည့်သွင်း စဉ်းစားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် ရခိုင်ပြည် နယ်အရေးကို တစ်ကမ္ဘာလုံးက စိတ်ဝင်တစား အာရုံစိုက်နေကြသည့်အတွက် ကော်မတီဝင် များအနေဖြင့်  ရခိုင်အရေးနှင့်ပတ် သက်၍ ပြောဆိုလုပ်ကိုင်ဆောင်ရွက်ကြရာတွင် အထူးအလေး ထားဂရုပြုဆောင်ရွက်ကြရန် အရေး ကြီးပါကြောင်း၊ ရခိုင်ပြည်နယ်တွင်ခံစားနေကြရသော အကြပ်အတည်းများကို ဖြေရှင်းဆောင်ရွက် ရာတွင် အကောင်အထည်ဖော် ဆောင်ရွက် ကြမည့်သူများအနေဖြင့် ရခိုင်ပြည်နယ်၏သမိုင်း ကြောင်း၊ ပြည်နယ်အတွင်းလုံခြုံရေးအခြေအနေ၊ နိုင်ငံရေးအခြေအနေ၊ မတူညီသည့်လူ့အဖွဲ့အစည်း များအကြား ဖြစ်တည်နေသည့် ပဋိပက္ခများ၊ စိန်ခေါ်မှုများကို ဦးစွာနားလည်ထားကြရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရခိုင် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ရေတို/ ရေရှည် စီမံကိန်းများ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ရခိုင်ပြည်နယ်အတွင်းရှိ လူ့အဖွဲ့အစည်းများ၏ စားဝတ်နေရေး၊ ဘဝရှင်သန်နေထိုင်ရေး၊ လူ့အခွင့်အရေးနှင့် လူမှုသဟဇာတ ဖြစ်မှုတို့ကို ဦးစားပေးစဉ်းစား အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိခြင်းဖြစ်ကြောင်း၊ IDP စခန်းများ စနစ်တကျ ပိတ်သိမ်းနိုင်ရေးအပါအဝင် အကြံပြုချက်ပါလုပ်ငန်းကဏ္ဍများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ရခိုင်ပြည် နယ် အတွင်းရှိ အရပ်က်လူ့အဖွဲ့အစည်းများ၊ ဒေသခံများနှင့် ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ ကော်မတီဝင်များအနေဖြင့် ထိုသို့လုပ်ကိုင်ဆောင်ရွက်ရာတွင် စဉ်းစား ချင့်ချိန်၍ ပြောဆိုလုပ်ကိုင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မိမိတို့၏ ပြုမူပြောဆိုလုပ်ကိုင်မှု များသည် နိုင်ငံတကာအမြင်အပေါ် သက်ရောက်မှု ကြီးမားပါကြောင်း၊ နိုင်ငံတကာဖိအားများ လျော့နည်းသွားရန် မိမိတို့အနေဖြင့် ရခိုင်ပြည်နယ် အရေးကိစ္စများကို အလေးထားဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဥက္ကဋ္ဌ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်က ကော်မတီ၏ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အ ထည်ဖော်ဆောင်နိုင်မှု အခြေအနေများနှင့်စပ်လျဉ်း၍ ပြန်လည်ဆန်းစစ်သုံးသပ်ပြီး အစီရင်ခံ စာပြုစုမှတ်တမ်းတင်ထား ခြင်းသည် မြန်မာနိုင်ငံ၏ နိုင်ငံတကာ ဖိအားများကိုတုံ့ပြန်ရာတွင် လိုအပ်သည့်အချက်အလက်များ အဖြစ် ပံ့ပိုးပေးနိုင်မည်ဖြစ်၍ ယခုကဲ့သို့သော အချိန်ကာလ တွင် အလွန်အရေးကြီးပါကြောင်း၊ အဆိုပါအချက်အလက်များကို အသုံးပြုဆောင်ရွက် ဖြေရှင်း ရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် တွဲက်အတွင်းရေးမှူး နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးက (၂၁)ကြိမ် မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဆွေးနွေးခဲ့သည့် အကြံပြုချက်ပါ သက်ဆိုင်ရာလုပ်ငန်း ကဏ္ဍများအလိုက် လုပ်ငန်းစီမံချက် များရေးဆွဲဆောင်ရွက်ထားရှိမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းပြော ကြားကာ နယ်စပ်ရေးရာဝန်ကြီးဌာနက ပါဝင်ဆောင်ရွက်ရသည့် အကြံပြုချက်များအား လုပ်ငန်း စီမံချက်များ ရေးဆွဲအကောင် အထည်ဖော်ဆောင်ရွက်နိုင်မှု အခြေအနေများကိုလည်းကောင်း၊ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးစိုးအောင်က ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှု တိုးတက်ရေး အကောင်အထည်ဖော်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် ရခိုင်ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများတွင် သက်ဆိုင်ရာဝန် ကြီးဌာနများအပြင် UEHRD ကော်မတီ၏ လုပ်ငန်းအဖွဲ့များ၊ ပြည်တွင်း/ပြည်ပအရပ်က်အဖွဲ့ အစည်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ မိတ်ဆွေနိုင်ငံများ၏ အကူအညီများဖြင့် ဆောင် ရွက်ခဲ့မှုများအပေါ် ဆန်းစစ်တွေ့ရှိချက်များ၊  ယခုသုံးသပ်ချက် အစီအရင်ခံစာပါ အချက် အလက်များကို မြေပြင်အခြေအနေနှင့် ထင်ဟပ်နိုင်ရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိ သူများ၊ ရခိုင်ပြည်နယ်အတွင်းရှိ ပြည်ထောင်စုဝန်ကြီးဌာန အသီးသီးမှ ပြည်နယ်ဦးစီးမှူးများ နှင့် အစည်းအဝေးတစ်ခုကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၂ ရက်တွင် Online ဖြင့် ကျင်းပခဲ့ပြီး တက်ရောက်ဆွေးနွေးသူများ၏ အကြံပြု ချက်များ၊ သုံးသပ်ချက် အစီရင်ခံစာပြုစုနိုင်ရေး အတွက် လိုအပ်သည့်အချက်အလက်များကို ပံ့ပိုးပေးနိုင်ခဲ့မှုများ၊ သုံးသပ် ချက် အစီရင်ခံစာ (မူကြမ်း)နှင့်စပ်လျဉ်း၍ ကော်မတီရုံးအဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီးမှ ပေးပို့လာသည့် အစီရင်ခံစာများ၊ အချက်အလက်များနှင့် ပြည်သူသို့ အစီရင်ခံစာ()ကြိမ်တွင် ဖော်ပြနိုင်ခဲ့သည့် ကိန်းဂဏန်းအချက်အလက်များအပေါ်တွင် မူ တည်၍ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အခြေအနေများကို ( ရာခိုင်နှုန်း မှ ၂၀ ရာခိုင် နှုန်း ၂၁ ရာခိုင်နှုန်း မှ ၄၀ ရာခိုင်နှုန်း ၄၁ ရာခိုင်နှုန်း မှ ၆၀ ရာခိုင်နှုန်း ၆၁ ရာခိုင်နှုန်း မှ ၈၀ ရာခိုင်နှုန်း) အထိ အဆင့် သတ်မှတ်ဆောင်ရွက်ထားခြင်းများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ အတွင်းရေးမှူးရုံး ရုံးအဖွဲ့မှူး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်လဲ့လဲ့အေးက ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏ ()နှစ်တာကာလအတွင်း အကြံပြုချက် (၈၈) ချက်၏ ကဏ္ဍအလိုက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အခြေအနေများအပေါ် ဆန်းစစ် သုံးသပ်ထားရှိမှုအခြေအနေကို Power Point ဖြင့်ရှင်းလင်း တင်ပြရာ တက်ရောက် လာကြသည့် ကော်မတီဝင်များက ဆန်းစစ်ချက်မူကြမ်းတွင် ပါဝင်သည့် မိမိတို့ဝန်ကြီးဌာန အလိုက် အကောင် အထည်ဖော်ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများ၊ သုံးသပ်ချက်အစီရင်ခံစာတွင် ထပ်မံဖြည့်စွက် ရန်လိုအပ်သည့် အချက်အလက် များကိုဆွေးနွေး ခဲ့ကြပြီး ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီးနှင့်ပူးတွဲဥက္ကဋ္ဌ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်တို့က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်စကားပြောကြားရာတွင် ကော်မတီဝင် များအနေဖြင့် ဆန်းစစ်ချက်မူကြမ်းအပေါ်မှာ ဖြည့်စွက်အကြံပြုပေးနိုင်ရန်နှင့် နောင်ဆက်လက် အကောင် အထည် ဖော်ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ ကဏ္ဍအလိုက် ဆက်လက်အကောင် အထည် ဖော်ရန် ကျန်ရှိသည့်လုပ်ငန်းများနှင့် ရေရှည်အကောင်အထည် ဖော်ရမည့်လုပ်ငန်းကို ရည်မှန်းချက်၊ အချိန်ကာလ သတ်မှတ်ချက်၊ ဘတ်ဂျက် လျာထားမှု၊ အညွှန်းကိန်းများ စသည်တို့ ပါဝင်သော လုပ်ငန်းစီမံချက်များ ရေးဆွဲတင်ပြပြီး ဘဏ္ဍာနှစ် အလိုက်  ဆက်လက်လျာထား အကောင်အထည် ဖော်ဆောင်ရွက်ပေးကြရန်ဖြစ်ကြောင်းနှင့် ရခိုင်ပြည်နယ်အတွင်းရင်ဆိုင် နေရသည့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဖြေရှင်းဆောင် ရွက်ရမည့် ဖွံ့ဖြိုးမှု၊ လူ့အခွင့်အရေးနှင့် လုံခြုံရေးဆိုင်ရာ အကြပ်အတည်းများ ကိုဖြေရှင်းဆောင်ရွက် နိုင်ရေးအတွက် ထိရောက်လျင်မြန်စွာ ဆက်လက် ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ခြင်းနှင့် ယှဉ်တွဲ ဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားပြီး သုံးသပ်ချက်အစီအရင်ခံစာ(မူကြမ်း)ကို အပြီးသတ် ရေးဆွဲ အတည်ပြုနိုင်ရေး အချိန်မီပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားသည်။

(သတင်းစဉ်)