Skip to main content

Jun 13, 2022

(၂၀၂၀) ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်များသို့ ဝင်ခွင့်ရရှိထားပြီး ကျောင်းလာရောက်အပ်နှံခြင်း မရှိသေးသူများ၊ ကျန်းမာရေးဝန်ကြီး ဌာနအောက်ရှိ တက္ကသိုလ်များအချင်းချင်း ပြောင်းရွှေ့လျှောက်ထားလိုသူများ၊ အခြားဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်များတွင် ဝင်ခွင့်ရရှိသူများသည် ဝင်ခွင့်အရည်အချင်း သတ်မှတ်ချက်များနှင့် ကိုက်ညီပါက ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်များသို့ ပြောင်းရွှေ့ လျှောက်ထားနိုင်ကြောင်းနှင့် လစ်လပ်နေရာပေါ် မူတည်ပြီး ဝင်ခွင့်အရည်အချင်း သတ်မှတ်ချက်များနှင့် ကိုက်ညီသူများအနက် အမှတ်အများဆုံး ရရှိသူများအား ရွေးချယ်၍ လစ်လပ်နေရာများတွင် အစားထိုး ပြောင်းရွှေ့တက်ရောက်ခွင့်ပြုရေး ရွေးချယ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 12, 2022

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက် ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

May 23, 2022

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက် ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 14, 2022

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနသည် ၂၀၂၂ ခုနှစ်၊ မေလ ၁၂ ရက်နေ့မှ ၁၃ ရက်နေ့အထိ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တွင် ကျင်းပခဲ့သည့် အာဆီယံအမေရိကန် အထူးထိပ်သီးအစည်းအဝေး ကျင်းပခဲ့သည့်ကိစ္စနှင့် ပူးတွဲထုတ်ပြန်ကြေညာချက်ကို မှတ်သားထားပါသည်။

ဆက်လက်ဖတ်ရှုရန်

May 12, 2022

၁။      နိုင်ငံတော်အတွင်းသို့ နိုင်ငံခြားသုံးငွေများ ဝင်ရောက်လာသည့် အဓိကလမ်းကြောင်းဖြစ်သော ပို့ကုန်တင်ပို့မှုမှ ရငွေများ အပြည့်အဝရရှိရန်မှာ အဓိကကျသည့် အချက်ဖြစ်သဖြင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၈-ခ နှင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုစည်းမျဉ်း အပိုဒ် ၃၅ တို့တွင် ပို့ကုန်တင်ပို့သူသည် ကုန်စည်များကို သင်္ဘောတင်သည့်နေ့မှ ခြောက်လအတွင်း (၁၀-၁၁-၂၀၂၁) ရက်နေ့မှစ၍ သုံးလအတွင်း) ယင်း၏ ဘဏ်စာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် ဝင်ရောက်ရန်ဖြစ်ကြောင်း ပြဋ္ဌာန်းသတ်မှတ် ထားပါသည်။

ဆက်လက်ဖတ်ရှုရန်