Skip to main content
Mar 26, 2020

ဆေးတက္ကသိုလ် တတိယနှစ်တွင် ကာကွယ်ရေးနှင့် လူမှုရေးဆေးပညာဘာသာရပ်(Pre-ventive and Social Medicine – PSM) သင်ရသည်။ ထိုသို့ သင်ကြားရာတွင် ကူးစက်ရောဂါတစ်ခု လူအများတွင် ရုတ်တရက်ဖြစ်ပွား လာပါက လုပ်ဆောင်ရန် (Control of infectious disease out break) ကို သင်ရသည်။

တိုင်ရန်လူထု၊ သိမှုအစီရင်ခံ၊ ခွဲထားရန်နှင့်၊ တားပြန်သွားလာ၊ သတ်ခါပိုးမွှား၊ ဆေးဝါးမကျန်၊ ထိုးနှံ ပါဆေး၊ တိုက်ခါကျွေး၍၊ ဖြန့်ပေးပညာ၊ ဤကိုးဖြာ မှတ်ပါ ကာကွယ်ရေး။

(၁) တိုင်ရန်လူထု(Notification)

Mar 26, 2020

ကမ္ဘာတစ်ဝန်း၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုသည် မြန်ဆန်လျက်ရှိသည့်အတွက် အစိုးရအဖွဲ့အစည်းများက လည်း ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

ယခုအချိန်တွင် တရုတ်နိုင်ငံအတွင်း ဗိုင်းရပ်စ်ကူး စက်မှု နှုန်း လျော့ကျသွားသော်လည်း ဥရောပနိုင်ငံများနှင့် အခြားနိုင်ငံများတွင် ဗိုင်းရပ်စ်ကူးစက်မှုနှုန်း တစ်နေ့ တခြား တိုးတက်မြင့်မားလျက်ရှိသည်ကို တွေ့ရသည်။

Mar 26, 2020

တတိယအကြိမ်လွှတ်တော်သက်တမ်းအတွက် အထွေ ထွေရွေးကောက်ပွဲကြီးကို ယခု ၂၀၂၀ ပြည့်နှစ်အတွင်း ကျင်းပသွားရန် ရှိပါသည်။ မြန်မာနိုင်ငံ၏ ခေတ်အဆက် ဆက် ရွေးကောက်ပွဲများတွင် အမျိုးသမီးများ ပါဝင် ယှဉ်ပြိုင်မှုအခန်းကဏ္ဍ မည်သို့ရှိသနည်း။ သမိုင်းကြောင်း ဖြစ်စဉ် အနှစ်ချုပ်မျှဝေပါရစေ။

အမျိုးသမီးများနှင့် ရွေးကောက်ပွဲ

Mar 24, 2020
COVID-19 ကူးစက်ခံရသူ လူငယ်တစ်ဦး၏ နေ့စဉ်မှတ်တမ်း
Mar 24, 2020

ယခုအချိန်အခါတွင် IT နည်းပညာ တိုးတက်လာသည်နှင့်အမျှ အဖွဲ့အစည်းအသီးသီးက အကျိုးအမြတ် များများ ရရှိရန်၊ လုံခြုံစိတ်ချမှုရှိစေရန်နှင့် IT ပိုင်းဆိုင်ရာအတွက် ကုန်ကျစရိတ်များ သက်သာလာစေရန် ခေတ်နှင့်အညီ Cloud နည်းပညာကို အားထားလာကြပါသည်။ Cloud Computing နည်းပညာများ စတင်ခေတ်စားလာသည်မှာ ၂၀ ရာစုနောက်ပိုင်းကာလများတွင်ဖြစ်ပြီး IBM၊ Amazon၊ Google၊ Microsoft အစရှိသည့် ကုမ္ပဏီများက စတင် လာခဲ့ကြောင်း သိရသည်။ Cloud Computing နည်းပညာ သည် အင်တာနက်အသုံးပြု၍ မိမိတို့၏ အချက်အလက် ဒေတာများ သိမ်းဆည်းထားပြီး လိုအပ်သည့်အချိန်တွင် အလွယ်တကူ ပြန်လည်ထုတ်ယူအသုံးပြုနိုင်ခြင်း၊ Application များ အသုံးပြုမည်ဆိုပါကလည်း Cloud-base

Mar 23, 2020

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုအပေါ် ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးနှင့် စပ်လျဉ်း၍ နိုင်ငံတကာစံနှုန်းများနှင့်အညီ ဆောင်ရွက်ရေးစကားဝိုင်းတွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ရဲမှူးချုပ်ကျော်ဝင်းသိန်း၊ ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်မေတိုးဝင်းတို့ ပါဝင်ဆွေးနွေးခဲ့ကြသည်များကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ရိုက်ကူးထုတ်လွှင့်ခဲ့သည်။

Mar 21, 2020

နိဒါန်း

“ဆရာ”

“ဗျာ”

“ဒီတစ်ပတ်ဆောင်းပါးခေါင်းစဉ်က ဘာလဲဆရာ”

“ရှေ့နေနှင့် သင်တန်း” ပါတဲ့။

“ဘာကိုဆိုလိုပါသလဲဆရာ”

“ဖတ်ကြည့်ကြစို့”

နိုင်ငံတော်သမ္မတဦးဝင်းမြင့်၏မိန့်ကြားချက်

Mar 21, 2020

 “ရေးတဲ့အကြောင်းအရာနဲ့ ရေးသူရဲ့ စိတ်အစဉ်ကိုလိုက်ပြီး ဝါကျအတိုအရှည် ပမာဏကွဲပြား တတ်ပုံကို ဘဘတို့ ပြောပြီးကြပြီ နော်။ ခုတစ်ခါ ရေးသူရဲ့ အလေးပေးလိုတဲ့ သဘောထားအရ ဝါကျတစ်ခုရဲ့ အစိတ်အပိုင်းတွေ အနေအထား ကွဲပြားတတ်ပုံကို ပြောရအုံးမယ်”

“ဟုတ်ကဲ့၊ ပြောပြပါ ဘဘ”

“လက်တွေ့သာဓက တစ်ခုပြောရအောင်။ သမီးသင်တန်းတစ်ခု တက်နေတာ မနေ့က ကောင်းကောင်း နေမကောင်းပေမဲ့ သင်တန်းမဖျက်ချင်လို့ သွားတက်လိုက်တယ်လို့ သမီးပြောတယ် မဟုတ်လား”

“ဟုတ်ပါတယ် ဘဘ”

“ဒီတော့ ဘဘက အဲဒီအကြောင်း ပြောမယ်ဆိုပါတော့။ ‘ခိုင်ခိုင်ဟာ နေမကောင်းပေမဲ့ သင်တန်း တက်တယ်’ လို့ ပြောမှာပေါ့။ ဟုတ်တယ် မဟုတ်လား”

“ဟုတ်ပါတယ် ဘဘ”