Skip to main content
Jan 28, 2020

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ရာသီဥတုနှင့် မြေမျက်နှာသွင်ပြင် ပထဝီအနေအထားများ ညီညွတ် ကောင်းမွန်သော နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ မြစ်ချောင်းအင်းအိုင်အသွယ်သွယ် တောင်စဉ်တောတန်း သဘာဝ သယံဇာတများလည်း ပေါကြွယ်ပေသည်။ တိုင်းရင်းသား လူမျိုးပေါင်းစုံ၊ ဘာသာစကားပေါင်းစုံ၊ ရိုးရရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းတို့ဖြင့် အရောင်အသွေးစုံလင်စွာ စုဖွဲ့ထားသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တော် ဖြစ်ပါသည်။ မတူကွဲပြားသည့်ဓလေ့ထုံးစံ၊ ဘာသာစကားများကို ကျော်လွှား ပေါင်းစည်းလျက် အတူတကွ သွေးသားရင်းချာပမာ ချစ်ခင်ရင်းနှီးစွာ နေထိုင်လာခဲ့ ကြသည်။ အေးအတူ ပူအမျှ ဘယ်သူခွဲခွဲ အမြဲစည်းလုံးမည် စိတ်ဓာတ်ဖြင့် နိုင်ငံ့အခက်အခဲမျ

Jan 27, 2020

ဇန်နဝါရီလ ၂၄ ရက်မှ ၃၀ ရက်နေ့အထိသည် တရုတ် နှစ်သစ်ကူး ကာလဖြစ်သည်။ ထိုကဲ့သို့ အများပြည်သူ နှစ်သစ်ကူးကာလရှည်ပိတ်ရက်တွင် တရုတ်နိုင်ငံ ဝူဟန် မြို့တွင် 2019 Novel Coronavirus (2019-nCoV) စတင် ဖြစ်ပွားခဲ့မှုကြောင့် နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲများ၊ နှစ်သစ် ကူးအပန်းဖြေခရီးသွားများဖြင့် မစည်ကားနိုင်တော့ပေ။ တရုတ်နိုင်ငံရှိ သက်ဆိုင်ရာအာဏာ ပိုင်များအနေဖြင့်ဘေးဒဏ်သင့်ဒေသများသို့ ဝင်ရောက်ခွင့်နှင့် ထွက်ခွာခွင့် များအတွက် ကန့်သတ် ချက်နှင့် စည်းကမ်းသတ်မှတ် ချက်များကို တိုးမြှင့်ထုတ်ပြန်ခြင်းအပါအဝင် Coronavirus ကူးစက် ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန်အတွက် ထိန်းချုပ်မှု အစီအမံများကို ဆောင်ရွက်လျက်ရှိသည်။

Jan 25, 2020

ကမ္ဘာပေါ်တွင်အသည်းရောင်အသားဝါရောဂါများကို ဖြစ်စေသော ဗိုင်းရပ်စ်ပိုး ငါးမျိုးမှာ အေ၊ ဘီ၊ စီ၊ ဒီ နှင့် အီးတို့ ဖြစ်ပါသည်။ အသည်းရောင်အသားဝါ ဘီပိုးနှင့် စီပိုးတို့သည် ကူးစက်ဖြစ်ပွားနှုန်းပြင်းထန်ပြီး တစ်ချိန် တွင် အသည်းရောင်ခြင်း၊ အသည်းပျက်စီးခြင်း၊ အသည်းခြောက်ခြင်း၊ အသည်းကင်ဆာဖြစ်ခြင်းနှင့် သေဆုံးခြင်းတို့ ဆက်လက်ဖြစ်ပွား နိုင်ပါသည်။ လက်ရှိအချိန်တွင် ကမ္ဘာပေါ်၌ ဘီပိုးနှင့်စီပိုး ကူးစက်ခံထားရသူပေါင်း ၃၂၅ သန်းခန့်ရှိပြီး တစ်နှစ်လျှင် ၁ ဒသမ ၄ သန်းခန့် သေဆုံး လျက်ရှိပါသည်။ ကူးစက်ခြင်း ခံရမှုနှုန်းသည် အိတ်ချ်အိုင်ဗွီ ပိုးထက် ကိုးဆခန့်ပိုများပြီး တီဘီရောဂါပြီးလျှင် သေဆုံးမှု နှုန်း ဒုတိယအများဆုံးဖြစ်

Jan 25, 2020

ရာသီဥတုသာယာလှသည့် ဖေဖော်ဝါရီလသည် မြန်မာနိုင်ငံအတွက်ထူးခြားသော မှတ်တိုင်များ ရှိသည်။ မြန်မာ့လွတ်လပ်ရေးအတွက် အသက်တမျှအရေးပါသော တိုင်းရင်းသား စည်းလုံး ညီညွတ်မှုကို ထင်ဟပ်စေသော ပင်လုံစာချုပ်ကြီးကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် လက်မှတ် ရေးထိုးခဲ့သည်။ အထူးသဖြင့် ထိုစာချုပ်ကြီးလက်မှတ်ရေးထိုးနိုင်ရေးနှင့် မြန်မာ့ လွတ်လပ်ရေး ကြီး ပြန်လည်ရရှိအောင် ဦးဆောင်ကြိုးပမ်းခဲ့သည့် လွတ်လပ်ရေးဗိသုကာ အမျိုးသား ခေါင်းဆောင်ကြီးနှင့် အာဇာနည်ပုဂ္ဂိုလ်ကြီးကိုလည်း ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင်မွေးဖွား ခဲ့သည်။ ထိုသို့ ပင်လုံစာချုပ်ကြီး လက်မှတ်ရေးထိုးခဲ့သည့် ပြည်ထောင်စုနေ့နှင့် လွတ်လပ်ရေး ဗိသုကာကြီး၏ မွေးနေ့ကိုမူ တချို့သော ပြည်

Jan 25, 2020

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၏ ဖိတ်ကြားချက်အရ တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး နှစ် (၇၀) ပြည့်မြောက်သည့် အခါသမယ၌ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖျင်သည် မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ဇန်နဝါရီလ ၁၇ ရက်နေ့နှင့် ၁၈ ရက်နေ့တို့တွင် ရောက်ရှိခဲ့ပါသည်။ ဤသည်မှာ နှစ်ပေါင်း ၂၀ နီးပါးအတွင်း တရုတ်သမ္မတတစ်ဦး မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ်ရောက်ရှိလာခြင်းပင် ဖြစ်ပါသည်။ ဤခရီးစဉ်သည် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ၂၀၂၀ ပြည့်နှစ်အတွက် ပထမဆုံး ပြည်ပခရီးစဉ်ဖြစ်ရာ တရုတ်အစိုးရ၏ မြန်မာနှင့် ဆက်ဆံရေးအပေါ် အလေးထားမှုရှိပုံကိုလည်း ဖော်ပြခြင်းဖြစ်ပါသည်။

Jan 24, 2020

(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အကြိုဂုဏ်ပြုဆောင်းပါး

မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်းစသည့် တိုင်းရင်းသားလူမျိုးများသည် ယခုမြန်မာ့မြေပေါ်တွင် လွန်ခဲ့သည့် နှစ်ပေါင်းထောင်ချီကာလအတွင်းကတည်းက တစ်မြေတည်းနေတစ်ရေတည်းသောက်ကာ တစ်မိသားစုတည်းမှဆင်းသက်ပေါက်ဖွားလာကြသူများ ဖြစ်သည်ဟု ဘိုးဘွားဘီဘင်တို့နှင့် သမိုင်းဆရာတို့၏ မှတ်တမ်းများအရဆိုကြသည်။

Jan 24, 2020

ကွမ်းယာစားသုံးမှုကို မြန်မာနိုင်ငံတွင် ယဉ်ကျေးမှုဓလေ့ ထုံးစံတစ်ရပ်အနေဖြင့် နှစ်ပေါင်းများစွာကပင် စားသုံးလာကြပါသည်။ ဆေးရွက်ကြီးတွင်ပါဝင်သော နီကိုတင်းသည် စားသုံးသူကို အလွန်စွဲလမ်းစေပါသည်။ နှလုံးသွေးကြောရောဂါဖြစ်ပွားမှုကို ပို၍ဆိုးရွားစေပါသည်။ ဆေးရွက်ကြီးတွင်ပါဝင်သော ကင်ဆာဖြစ်စေသော poduga: (Tobacco-specific Nitrosamines)သည် ပါးစပ်၊ ခံတွင်းကင်ဆာ၊ လည်ချောင်းကင်ဆာ၊ အစာပြွန်ကင်ဆာ၊ မုံချိုအိတ်ကင်ဆာ စသည်တို့ကို ဖြစ်စေပါသည်။ ကွမ်းယာမစားသူများနှင့် နှိုင်းယှဉ်လျှင် ခံတွင်းကင်ဆာဖြစ်နိုင်သော အခွင့်အလမ်းမှာ ဆေးရွက်ကြီးပါသော ကွမ်းယ

Jan 23, 2020

ရန်ကုန်တိုင်းဒေသကြီးအတွင်း စျေးတချို့ရှိ ကြက်သား များတွင် ဆဲလ်မိုနဲလားရောဂါပိုး တွေ့ရှိခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။ ထိုသို့သောသတင်းများ ကြောင့် ပြည်သူများအကြား ကြက်သားစားသုံးမှုနှင့် ပတ်သက်၍ စိုးရိမ်မှုများဖြစ်ပေါ် ခဲ့သည်။ သို့သော် ဆဲလ်မိုနဲလားပိုးတွေ့ရှိသည့် ကြက်သားကို စားသုံးမိတိုင်း အန္တရာယ်ဖြစ်နိုင်မည်ဟု တထစ်ချမဆိုနိုင်ပါ။ ဆဲလ်မိုနဲလားပိုး မျိုးကွဲတစ်ခုနှင့်တစ်ခု ကွဲပြားမှုရှိသော် လည်း ယေဘုယျအားဖြင့် ဆဲလ်မိုနဲလားပိုးတစ်သိန်းကနေ တစ်သန်းနှင့် အထက် ပါဝင်မှသာ လူကိုအန္တရာယ်ပေးနိုင် မည်။ ထို့ပြင် ယင်းအသားကိုအစိမ်းစားခြင်း၊ မကျက် တကျက်စားခြင်းများကြောင့်သာ လူကိုအန္တရာယ်ပြုနိုင် မည်ဖြစ်သည