Skip to main content

ပြည်ထောင်စုရာထူးဝန်အဖွဲ့ ကွပ်ကဲမှုအောက်ရှိ ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် အရာထမ်းငယ် အခြေခံ သင်တန်းကို Online Learning System ဖြင့် စမ်းသပ်ဖွင့်လှစ်ပို့ချမည်

ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအသီးသီးရှိ   ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်ဝင်ပေါက် လစ်လပ်ရာထူးနေရာများကို စနစ်တကျစိစစ်ရွေးချယ်ပေးခြင်း၊ ထိရောက်စွာ လေ့ကျင့်ပျိုးထောင်ပေးခြင်း၊  ဝန်ထမ်းများ လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်များ၊ စည်းမျဉ်း စည်းကမ်းများ၊  လုပ်ထုံးလုပ်နည်းများ၊  စံနှုန်းများ သတ်မှတ်ရေးနှင့် မူဝါဒလမ်းညွှန် ချက်များ ချမှတ် နိုင်ရေးတို့အတွက်    ၂၀၀၈    ခုနှစ်၊  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်   ဖွဲ့စည်းပုံအခြေခံ ဥပဒေ အရလည်းကောင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊  နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များအရလည်းကောင်း နိုင်ငံတော်အစိုးရအား အထောက်အကူပြုရန်အတွက် လုပ်ထုံးလုပ်နည်း၊ အမိန့် ညွှန်ကြားချက်များနှင့် အညီ ဆောင်ရွက်လျက် ရှိပါသည်။
စိတ်အားထက်သန်စွာ ဆောင်ရွက်နေပြီ
ထိုသို့ နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းစွမ်းတမံ အကောင် အထည်ဖော် ဆောင်ရွက် လျက်ရှိရာတွင် ၂၀၁၆ ခုနှစ်မှစတင်၍ ပညာရေးနှင့် ကျွမ်းကျင်မှု အခြေပြု လေ့ကျင့်သင်ကြားရေး (Education  and  Competency-based Approach)နှင့်     စီမံခန့်ခွဲမှုပညာ အခြေပြု လေ့ကျင့်သင်ကြားရေး    (Management Training Approach) သို့ ပြောင်းလဲသင်ကြား နိုင်ရေးဆောင်ရွက်ခဲ့ပြီး ၂၀၁၇ ခုနှစ် ဇန်နဝါ ရီလ ၂ ရက်နေ့တွင် ဗဟိုဝန်ထမ်းတက္ကသိုလ် နှစ်ခု၌ ပြည်သူ့ဝန်ထမ်းအကယ်ဒမီ (Civil Services Academy-CSAs)များ တည်ထောင် နိုင်ခဲ့ပါသည်။ ပြည်သူ့ဝန်ထမ်းအကယ်ဒမီ (Civil Services Academy- CSAs) ၌ အရာ ထမ်းလောင်း အခြေခံသင်တန်း၊     ပြည်သူ့ ဝန်ထမ်းစီမံခန့်ခွဲမှု         ဘွဲ့လွန်ဒီပလိုမာ သင်တန်းအမှတ်စဉ်(၁) [Basic Pre-service Course   for   Civil  Service  Officers, Postgraduate Diploma in Civil Service Management Course – PGDCSM Batch No. (1)] ကို သင်တန်းကာလ ရက်သတ္တ ၁၆ ပတ်ဖြင့် စတင်ဖွင့်လှစ်၍ ဘွဲ့လွန်ဒီပလိုမာ လက်မှတ်နှင့် သင်တန်းဆင်း  အောင်လက်မှတ် များ   ပေးအပ် ချီးမြှင့်ခဲ့သည်မှာ ယနေ့ဆိုလျှင် အရာထမ်းလောင်း အခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီ ပလိုမာ သင်တန်း အမှတ်စဉ်(၇)အထိ ဖွင့်လှစ်သင်ကြား ပေးနိုင်ခဲ့ပြီး နိုင်ငံ့ဝန်ထမ်း အရာထမ်းလောင်း  ၁၇၅၅  ဦးကို      ပြည်သူ့ဝန်ထမ်း စီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာများ  အပ်နှင်းပေးနိုင်ခဲ့ ပြီဖြစ်ပါသည်။

ယင်းသင်တန်းဆင်းပုဂ္ဂိုလ်များသည်  သက်ဆိုင်ရာဝန်ကြီးဌာနများတွင်   စိတ်အားထက်သန်တက်ကြွစွာဖြင့် နိုင်ငံ့တာဝန်များကို ထမ်းဆောင်နေကြပြီ  ဖြစ်ပါသည်။
ပြည်ထောင်စု   ရာထူးဝန်အဖွဲ့အနေဖြင့်   နှစ်စဉ်လေ့ကျင့်ရေးပြက္ခဒိန်နှစ်    တစ်နှစ်မတိုင်မီ ခြောက်လ အလိုခန့်တွင်  ဗဟိုဝန်ထမ်း တက္ကသိုလ်နှစ်ခု၌ ဖွင့်လှစ်ရန်  လျာထားသည့် သင်တန်းများအား နိုင်ငံတော် သမ္မတရုံးသို့ တင်ပြ အတည်ပြုချက် ရယူကာ ပြည်ထောင်စု အဆင့်ဝန်ကြီးဌာနနှင့်      အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး/       ပြည်နယ်အစိုးရအဖွဲ့များ အနေဖြင့်    ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ကြီးကြပ်ကွပ် ကဲမှုအောက်ရှိ      ဗဟိုဝန်ထမ်း တက္ကသိုလ်နှစ်ခုတွင်     ဖွင့်လှစ်မည့်သင်တန်း များကို ကြိုတင်သိရှိနိုင် ပြီး အဆိုပါသင်တန်းများသို့ စေလွှတ်မည့်    သင်တန်းသားများနှင့်စပ်လျဉ်း၍   လိုအပ်သည့်  ကြိုတင် စီမံ ပြင်ဆင်မှုများ ဆောင်ရွက်နိုင်စေရန်အတွက်  သင်တန်းလျာထားချက်များပြုစု၍ သင်တန်း များ မဖွင့်မီ သုံးလခန့်အလိုတွင် ဖြန့်ဝေပေးလျက် ရှိပါသည်။ အဆိုပါသင်တန်းများ လျာထားချက် စာအုပ်တွင် လေ့ကျင့်ရေးနှစ် တစ်နှစ်အတွင်း ဖွင့်လှစ်မည့်    သင်တန်းအမည်နှင့်    သင်တန်း အမှတ်စဉ်များ၊  သင်တန်းကာလများ၊ လက်ခံသင်ကြားနိုင်မည့်ဦးရေတို့ကို      တိတိကျကျ ရေးသားဖော်ပြထားပြီး    လျာထားချက်ပါ အတိုင်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။
ထိုသို့ဖွင့်လှစ်ခဲ့ရာ ၂၀၁၉-၂၀၂၀ လေ့ကျင့် ရေးနှစ်အတွင်း သင်တန်းများ    စဉ်ဆက်မပြတ် ဖွင့်လှစ် နေစဉ်ကာလတွင်   ၂၀၂၀  ပြည့်နှစ် မတ်လအတွင်း၌ နိုင်ငံအတွင်း Coronavirus ကူးစက်ရောဂါ   ဖြစ်ပွားလာသဖြင့်   ရောဂါ ထိန်းချုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင် ရန်အလို့ငှာ Coronavirus    Disease    2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီမှ ဗဟိုဝန်ထမ်း တက္ကသိုလ်များတွင်  လက်ရှိဖွင့်လှစ်လျက်ရှိ သည့် သင်တန်းများအား    ပိတ်သိမ်းသွားရန် လမ်းညွှန်မှုပြုခဲ့ပါသဖြင့် ၁၆-၃-၂၀၂၀ ရက်နေ့ မှစ၍ ဖွင့်လှစ်ဆဲသင်တန်းများကို ပိတ်သိမ်း ခဲ့ပြီး ကျန်သင်တန်းများ ဖွင့်လှစ်ခြင်းကိုလည်း ရပ်ဆိုင်းခဲ့ပါသည်။
စီမံချက်များ ရေးဆွဲခဲ့
ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေဖြင့် ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင်    ပုံမှန်သင်ကြားလျက်ရှိသော   In-house Training System ဖြင့် သင်ကြားပို့ချခြင်းအစား Online Learning System    ဖြင့်   ပြောင်းလဲဖွင့်လှစ်သင်ကြားပို့ချနိုင်ရေးအတွက် ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ၂၃-၃-၂၀၂၀ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော   စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၀)နှင့်    ၁၃-၅-၂၀၂၀ ရက်နေ့တွင်   ကျင်းပပြုလုပ်ခဲ့သော တက္ကသိုလ်ပညာရပ်အဖွဲ့  (Board of Studies) အစည်း အဝေးတို့မှလည်း In-house Training System ဖြင့် ပို့ချခြင်းအစား   Online Learning System ဖြင့် သင်ကြားနိုင်ရေး    သဘောတူခဲ့ ကြသည့်အတွက်    အသင့်အနေအထားသို့ ဖြစ်စေရန်      ကြိုတင်စီမံ ဆောင်ရွက်ခဲ့ခြင်း၊ Online Learning System ဖြင့်ပို့ချရာတွင်    ဗဟိုဝန်ထမ်း တက္ကသိုလ် များအတွက်  လိုအပ်မည့် ICT  နည်းပညာပိုင်းဆိုင်ရာ   လိုအပ်မှုများ ပြင်ဆင်ခြင်း၊    သင်တန်း ပို့ချမည့်   Online Platform များ  ရွေးချယ်ခြင်း၊ Academic ပိုင်း အနေဖြင့်    သင်ရိုးညွှန်း တမ်းများ     ပြန်လည် ပြင်ဆင်ခြင်း၊  Online Learning  System ဖြင့် သင်တန်းသား   သင်တန်း သူများအား    ပို့ချနိုင်ရေး အတွက် စမ်းသပ်ချိတ်ဆက် ဆောင်ရွက် ခြင်းများကို      ဗဟို ဝန်ထမ်း တက္ကသိုလ်များတွင် ဆောင်ရွက်ခြင်း၊   သင်ခန်းစာပို့ချရာတွင်  ICT   ဆိုင်ရာနည်းပညာကို   ကျွမ်းကျင်စွာ    အသုံးပြု နိုင်စေရေးအတွက် ပို့ချသူ ဆရာ  ဆရာမများ ကိုလည်း ICT ဆိုင်ရာ    မွမ်းမံ သင်တန်းများ ပို့ချပေးခြင်းတို့ကို  အစီအစဉ်တကျ ချိတ်ဆက် နိုင်စေရန် လုပ်ငန်းစီမံချက်များ ရေးဆွဲ ဆောင်ရွက်ခဲ့ပါသည်။
တက်ရောက်ရန် အဆင်ပြေ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၏ လမ်းညွှန်မှုနှင့်အညီ   အရာထမ်းငယ်အခြေခံ သင်တန်းကို Online Learning System ဖြင့် စမ်းသပ်ဖွင့်လှစ်      သင်ကြားနိုင်ရေးအတွက် တက္ကသိုလ် တာဝန်ခံ အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခ ချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ပြည်သူ့ ဝန်ထမ်း  အကယ်ဒမီကျောင်းအုပ်ကြီးများ၊ ဌာနကြီးမှူး (သင်ကြား/လေ့ကျင့်)များ တွေ့ဆုံ ညှိနှိုင်းကာ သင်တန်းဖွင့်ရက်အား ၅-၁၀-၂၀၂၀ ရက်နေ့မှ ၂၈-၁၀-၂၀၂၀ ရက်နေ့ထိ လျာထား လျက် ၂၀၂၀ ပြည့်နှစ် မေလ တတိယပတ်မှ စတင်၍ အပတ်စဉ် အင်္ဂါနေ့တိုင်းတွင် အချိန်  ၂ နာရီခန့်   Zoom  Cloud Meetings   ဖြင့် ၁၅  ကြိမ်        စမ်းသပ်ဆောင်ရွက်ခဲ့ခြင်းကြောင့် Internet Connection ကောင်းမွန်ခြင်း၊ ဗဟို ဝန်ထမ်းတက္ကသိုလ်နှစ်ခုမှ  သင်တန်းပို့ချမည့် ဆရာ ဆရာမများအနေဖြင့်လည်း  IT နည်းပညာကို     ကျွမ်းကျင်စွာ    အသုံးပြုနိုင်ခြင်း၊ သင်တန်းသားတစ်ဦးချင်းစီ၏    Internet အသုံးပြုခ   ကုန်ကျစရိတ်ကို   သက်ဆိုင်ရာ ဗဟိုဝန်ထမ်း တက္ကသိုလ် များ၏   ရန်ပုံ ငွေမှ ကျခံရန်  လုံလောက်မှုရှိခြင်း၊ သင်တန်းသား ၁၀၀ စီကို    ဗဟိုဝန်ထမ်း တက္ကသိုလ်နှစ်ခုမှ တစ်ပြိုင်နက်တည်း သင်ကြားပို့ချနိုင်ခြင်း၊ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း ၂၈ ဌာနမှ Online သင်တန်း တက်ရောက်ရန်အတွက် အဆင်ပြေကြောင်း    ပြန်ကြားချက်ရရှိခဲ့ခြင်း တို့ကို  ဆောင်ရွက်ခဲ့ပါသည်။
ထို့နောက် ကြိုတင်ပြင်ဆင်ဆောင်ရွက် ချက်များ၊ သဘောထားမှတ်ချက်ပြန်ကြားချက် များကို   စုစည်းဖော်ပြလျက်   ဗဟိုဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်)တွင် အရာ ထမ်းငယ် အခြေခံသင်တန်း အမှတ်စဉ်(၈၆)ကိုလည်းကောင်း၊  ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) တွင်   အရာထမ်းငယ် အခြေခံသင်တန်း     အမှတ်စဉ်(၁၁၆)ကို လည်းကောင်း၊ ၅-၁၀-၂၀၂၀ ရက်နေ့မှ ၂၈-၁၀-၂၀၂၀    ရက်နေ့အထိ   သင်တန်းကာလ ရက်သတ္တလေးပတ်ကို သင်တန်းသား ၁၀၀  စီ ဖြင့် တန်းခွဲတစ်ခုလျှင် ၅၀ ပါ တန်းခွဲနှစ်ခုစီ ခွဲကာ Online Learning System ကို အသုံး ပြု၍  စမ်းသပ်ဖွင့်လှစ်ခွင့်ရရှိရေးအတွက် လုပ်ငန်းစီမံချက်များ ပူးတွဲကာ နိုင်ငံတော် သမ္မတရုံးသို့ တင်ပြခဲ့ရာ  အရာရှိငယ်သင်တန်း ကို အစမ်းသဘောဖွင့်လှစ်ရန် ခွင့်ပြုခဲ့ပါသဖြင့် တက်ရောက်မည့် သင်တန်းသား အမည် စာရင်းများရရှိရေး သက်ဆိုင်ရာဝန်ကြီးဌာန နှင့် အဖွဲ့အစည်းများထံသို့ တောင်းခံခဲ့ပါ သည်။
ယခုဖွင့်လှစ်မည့် အရာထမ်းငယ်အခြေခံ သင်တန်းတွင် ဘာသာရပ် ခုနစ်ခု (စီမံခန့်ခွဲ မှုပညာဘာသာရပ်၊ စီးပွားရေးပညာဘာသာ ရပ်၊ ဥပဒေပညာဘာသာရပ်၊ လူမှုရေးသိပ္ပံ ဘာသာရပ်၊    နိုင်ငံရေး   သိပ္ပံ ဘာသာရပ်၊ အင်္ဂလိပ်စာဘာသာရပ်နှင့်  သတင်းအချက်အလက်နှင့်    ဆက်သွယ်ရေးနည်းပညာ ဘာသာရပ်)ကို   ပို့ချသွားမည်ဖြစ်ပါသည်။  ထိုသို့ပို့ချရာတွင် Online Platform များ အဖြစ် Zoom Cloud Meetings နှင့် Google Classroom တို့ကိုအသုံးပြုသင်ကြားသွားမည်ဖြစ်ပြီး  ဆရာ၊ ကျောင်းသား   အပြန်အလှန်   ဆွေးနွေးခြင်း  (Interactive Learning) ကို Zoom Cloud Meetings ဖြင့် လည်းကောင်း၊   သင်ခန်းစာ များ သင်ယူခြင်း၊   ဆွေးနွေးမေးမြန်းခြင်းနှင့် ကိုယ်တိုင်လေ့လာ ခြင်းတို့ကို     Google Classroom အား အသုံးပြု၍လည်းကောင်း လေ့လာသင်ယူကြရမည် ဖြစ်ပါ သည်။
သင်တန်းသားများအား  သင်တန်းတက် ရောက်ရာတွင်  ပြုလုပ်ရမည့်    လုပ်ငန်းစဉ် အဆင့်ဆင့်    (Trainers'   Manual  နှင့် Solution Manual) တို့ကို    ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏    Website (www.ucsb.gov.mm)တွင်   ကြိုတင် ကြေညာသွားမည် ဖြစ်ပြီး Study Materials များဖြစ်သည့် Video File, Power point File, PDF File  များအပါအဝင်    အခြားရည်ညွှန်းကိုးကား အသုံးပြုဖတ်ရှုရမည့်     (References and Resources)   များကို   ဗဟိုဝန်ထမ်း တက္ကသိုလ်နှစ်ခု၏ Google Classroom များ၌ လွှင့်တင်ထားရှိပေးမည်    ဖြစ်သည့်အပြင် အဆိုပါ Study Materials များ၏ Soft Copy (CD) ကို သင်တန်းဝင်ညွှန်ကြားလွှာနှင့်အတူ ပေးပို့သွားမည်ဖြစ်ပါသည်။ သင်တန်းသားများ အနေဖြင့် Computers ၊ Laptop နှင့် Mobile Phone  များ   လိုအပ်မည်ဖြစ်သည့်အပြင် Internet Connection ကောင်းမွန်သည့်နေရာမှ တက်ရောက်ရန် လိုအပ်မည်ဖြစ်ပြီး  e-mail account ရှိရန်လည်း လိုအပ်မည်ဖြစ်ပါသည်။ သင်တန်းကာလအတွင်း သင်တန်းသားများ အနေဖြင့် Mobile Data အသုံးပြုရန် တစ်ရက်လျှင်   ကျပ် ၂၀၀၀   စီကို    ပြည်ထောင်စု ရာထူးဝန်အဖွဲ့မှ      ထောက်ပံ့ပေးသွားမည် ဖြစ်ပါသည်။
ယခု အရာထမ်းငယ်အခြေခံသင်တန်းကို Online Learning System ဖြင့် ပြောင်းလဲပို့ချ နိုင်သည့်အတွက် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် လတ်တလောဖြစ်ပွားလျက်ရှိသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာကပ်ရောဂါ Coronavirus Disease 2019 (COVID-19) ကူးစက်ပျံ့နှံ့မှု ဖြစ်စဉ် ကို   ရှောင်ရှား၍သင်ယူနိုင်ခြင်း၊ သင်ယူမှုနှင့် ပညာရေးအခွင့်အလမ်း များပေးရန်အတွက် နည်းဗျူဟာ သစ်တစ်ရပ် အဖြစ် ဆောင်ရွက်နိုင်ခြင်း၊ အရာထမ်းငယ် တစ်ဦးအနေဖြင့် တတ်သိ နားလည်ရမည့် စီမံခန့်ခွဲမှုလုပ်ငန်းများကို နားလည်တတ်မြောက် ၍ နိုင်ငံတော်၏ အကျိုးစီးပွားကို ကာလဒေသ မရွေး ကျရာအခန်းကဏ္ဍမှ တာဝန်ထမ်းဆောင် နိုင်စေခြင်း၊  စွမ်းဆောင်ရည်   ပြည့်ဝစွာဖြင့်    ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ထိရောက် ထက်မြက်စွာ ဆောင်ရွက်နိုင်ခြင်း၊ လုပ်ငန်းခွင် တွင်  လိုအပ်မည့်  အသိပညာများသာမက ခေတ်မီ ICT နည်းပညာများကို   ပိုမိုအသုံးပြု နိုင်ခြင်း  စသည့် အကျိုးကျေးဇူးများ  ရရှိနိုင် မည်ဖြစ်ပါသည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့ အနေဖြင့် လည်း အဆိုပါသင်တန်း  ပြီးမြောက်သည့် အခါတွင် သင်တန်းကာလအတွင်း     ရင်ဆိုင် ကြုံတွေ့ရသည့် အခက်အခဲများကို ပြန်လည် ဆန်းစစ်ပြီး   ဖြေရှင်း နည်းများ   ရှာဖွေဖြည့်ဆည်းခြင်း၊  သင်တန်းမှရရှိသည့်  သင်ခန်းစာ များအား ပြန်လည် အသုံးပြု နိုင်ခြင်း ရှိ မရှိ တို့ကို    ပြန်လည်ဆန်းစစ်    သုံးသပ်ခြင်း၊ သင်တန်း၏ အားနည်းချက်များနှင့် အားသာ ချက်များကို ရှာဖွေဖော်ထုတ်၍ ပိုမိုထိရောက် သောနည်းလမ်းကောင်းများကို အသုံးပြုပြီး ကျန်ရှိသည့်   သင်တန်းများကိုလည်း စဉ်ဆက်မပြတ်   ဆက်လက်ဖွင့်လှစ်နိုင်ရေးနှင့် အရည် အချင်း နှင့် အရည်အသွေး ပြည့်ဝသည့်    နိုင်ငံ့ဝန်ထမ်းကောင်းများ မွေးထုတ်ပေးနိုင်ရေးတို့ အတွက်   အားသွန်ခွန်စိုက်   ကြိုးပမ်းဆောင်ရွက် သွားမည်  ဖြစ်ပါသည်၊၊
၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၅ ရက် နေ့မှစ၍ အောက်တိုဘာလ ၂၈ ရက်နေ့အထိ    အရာ ထမ်းငယ် အခြေခံသင်တန်းကို     ဗဟို ဝန်ထမ်းတက္ကသိုလ်နှစ်ခု၌     စတင်စမ်းသပ်  ဖွင့်လှစ်နိုင် တော့မည် ဖြစ်ပါသည်။   ယင်းသို့ ဖွင့်လှစ်နိုင်ခြင်းသည်       နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကကျသည့် အခန်းကဏ္ဍမှ   တာဝန်ယူဆောင်ရွက်နေရ သည့် နိုင်ငံ့ဝန်ထမ်းများ အတွက် ပြည်ထောင်စုရာထူးဝန်အဖွဲ့၏      နိုင်ငံတော်အတွက် တစ်ထောင့်တစ်နေရာမှ        အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် ဝန်ဆောင်မှုပေးနေခြင်း ဖြစ်ပါသည်။
ထို့အပြင် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီမှ ညွှန်ကြား ချက်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ညွှန်ကြားချက်များနှင့်အညီ Corona-  virus Disease 2019 (COVID-19) ကူးစက် ပြန့်ပွားမှုရောဂါ   ထိန်းချုပ်နေစဉ်ကာလ အတွင်း Face to Face ဆောင်ရွက်နိုင်ခြင်းမရှိ သည့် အခြေအနေတွင်  Online Learning System ကို စတင်အကောင်အထည်ဖော် နိုင်ခြင်းသည်  ပြည်ထောင်စုရာထူးဝန်အဖွဲ့ ၏   အောင်မြင်မှုမှတ်တိုင်တစ်ခု စိုက်ထူနိုင် ခဲ့ခြင်းဖြစ်ပါကြောင်း   ရေးသားဖော်ပြအပ်ပါသည်။    ။