ဦးမော့လာပြီလား ကမ္ဘာ့စီးပွား
စီးပွားရေးရှုထောင့်ကပြောရရင် ကိုဗစ်နဲ့ပတ်သက်လို့ အဆိုးဆုံးနေ့ကတော့ ဧပြီလ ၁၀ ရက်နေ့ပါ။ နိုင်ငံ အတော်များများမှာ လော့ခ်ဒေါင်းချတာ အပြင်းထန်ဆုံးဖြစ်ပြီး လူတွေအိမ်ထဲမှာပဲ နေကြရ၊ ဘာမှ လုပ်မရ။ အဲဒီနေ့မှာ ခါတိုင်းထက် ကမ္ဘာ့ဂျီဒီပီ ၂၀ ရာခိုင်နှုန်းကျဆင်းတယ်။ အဲဒီနောက်ပိုင်းမှာ အစိုးရတွေက လော့ခ်ဒေါင်းတွေ ပြန်ဖွင့်ပေးလာကြတယ်။ စီးပွားရေးပြန်ပြီး ဦးမော့စ ပြုလာကြတယ်။ ဒုတိယ သုံးလ ပတ်နဲ့စာရင် ဒီနှစ် တတိယပတ်မှာ ကမ္ဘာ့ဂျီဒီပီခုနစ်ရာခိုင်နှုန်း တက်မယ်လို့ သုတေသီတွေက မှန်းဆကြ တယ်။
ဆိုလိုတာက V ပုံသဏ္ဌာန်လို ဖြည်းဖြည်းချင်းကျပြီး ဖြည်းဖြည်းချင်း ပြန်တက်မယ့်ပုံပေါက်ကာ ကမ္ဘာကြီး အနေနဲ့ ပုံမှန်အခြေအနေကို ပြန်ရောက်ဖို့ အဝေးကြီး လိုသေးတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ ဗိုင်းရပ်စ်ဆက်ပြီး မပြန့်ပွားရအောင် အစိုးရတွေက လူတွေကိုဆက်ပြီး ခပ်ခွာခွာနေခိုင်းနေပါသေးတယ်။ ဒါဆိုရင် ထုတ်လုပ်မှု လျော့ကျမယ်၊ စားသောက်ဆိုင်တွေမှာ လူနည်းနည်းပဲ စားလို့ရမယ်၊ အားကစားပွဲတွေမှာ ပရိသတ် အားပေး လို့မရ။ လူတွေက ပိုးကူးမှာ ကြောက်နေကြတုန်းပဲ။ စားသုံးသူတွေရော၊ စီးပွားရေးလုပ်ငန်းတွေရော စီးပွား ရေး မရေရာ မသေချာတာက စံချိန်အမြင့်ဆုံးနီးပါး။ ။
ကုမ္ပဏီတွေက ရင်းနှီးမြှုပ်နှံဖို့ လက်တွန့်နေကြတာ ကို ကြည့်လေ။
ဘဏ်ကြီးတစ်ခုကတော့ လူတွေ ဆက်ပြီးခပ်ခွာခွာနေကြရရင် ကမ္ဘာ့ဂျီဒီပီ ခုနှစ်ရာခိုင်နှုန်း - ရှစ်ရာခိုင်နှုန်း လောက် ဆက်လျော့မယ်လို့ မှန်းဆထားပါတယ်။ ဧပြီလ တုန်းကတော့ အီကောနောမစ် စာစောင်က လော့ခ်ဒေါင်းတွေ စဖြုတ်ရင် ပြားကိုးဆယ် စီးပွားရေးဖြစ်မယ်လို့ ပြောတာနဲ့ အတူတူပဲ။ ကမ္ဘာ့စီးပွားရေးဟာ ခါတိုင်းလို ရာနှုန်းပြည့်မလည်ပတ် ကိုးဆယ်ရာခိုင်နှုန်းလောက်ပဲ လည်ပတ်နေမှာ ဖြစ်ပေမယ့် စီးပွားရေးနယ်ပယ် တစ်ခုနဲ့တစ်ခု၊ နိုင်ငံတစ်ခုနဲ့တစ်ခု မတူကြပြန်ဘူး။
တချို့က နည်းနည်းလေး ပိုကောင်းပေမယ့် တချို့က အတော်လေး အခြေအနေဆိုးတယ်။
ကုန်စည်နဲ့ ဝန်ဆောင်မှု ကဏ္ဍအသီးသီးရဲ့ အခြေအနေကို ကြည့်ရအောင်။ ကုန်စည်ကဏ္ဍက ဦးမော့တာ မြန်တယ်။ ကမ္ဘာ့လက်လီအရောင်းပမာဏဟာ ဇူလိုင်လမှာ ကပ်ရောဂါမဖြစ်မီက အခြေအနေကို ပြန်ရောက်လာတယ်။ ကပ်ရောဂါဖြစ်တော့ အစိုးရတွေ ထုတ်ပေးတဲ့ ဒေါ်လာနှစ်ထရီလီယံနဲ့ စားသုံးသူတွေဟာ အိမ်မှာကြာရှည်ခံတဲ့ကွန်ပျူတာ လက်တော့ပ်တွေကအစ အလေးမပစ္စည်းတွေအဆုံး ပစ္စည်းတွေကို ပိုဝယ် လာကြတယ်။ ဒါကြောင့် ကမ္ဘာ့စီးပွားရေးဟာ ဘောဂဗေဒပညာရှင်တွေ မျှော်မှန်း ထားတာထက် ပိုကောင်း နေတယ်။ ကမ္ဘာ့စက်ရုံတွေရဲ့ထုတ်လုပ်မှုကလည်း လော့ခ်ဒေါင်းလုပ်လိုက်လို့ ကျဆင်း သွားခဲ့တာကို ကာမိလု နီးနီး ဖြစ်လာခဲ့တယ်။
ဝန်ဆောင်မှုကဏ္ဍကတော့ ကပ်ရောဂါမဖြစ်မီက အဆင့်ကိုမီဖို့ အများကြီးလိုသေးတယ်။ ဝန်ဆောင်မှု ကကျတော့ လူအုပ်စုကို ရှောင်လုပ်နေရလို့ ကပ်မဖြစ်မီက အခြေအနေကိုရောက်ဖို့ အဝေးကြီးလိုသေးတယ်။ ကမ္ဘာတစ်ဝန်းမှာ စားသောက်ဆိုင် ထိုင်စားတဲ့သူ အရင်ပုံမှန် အခြေအနေထက် ၃၀ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်းလောက် နိမ့်နေသေးတယ်။ ပုံမှန်သွားတဲ့ လေယာဉ်ခရီးစဉ် တွေကလည်း ကပ်ရောဂါမဖြစ်မီကရဲ့ တစ်ဝက်လောက်ပဲ ရှိသေးတယ်။
နိုင်ငံတွေရဲ့ စီးပွားရေးကွာဟတာက ပိုဆိုးတယ်။ စီးပွားရေးကျချိန်မှာ တိုးတက်မှုနှုန်းတွေ ခြားနားတတ်တာ ထုံးစံပါ။ ဒါပေမဲ့ ဒီနှစ်မှာ ထုတ်လုပ်မှုကျဆင်းတဲ့ ပမာဏကြီးမားလွန်းလို့ နိုင်ငံတစ်ခုစီကြား ကွာဟမှုကလည်း ကြီးမားတယ်။ ချမ်းသာတဲ့နိုင်ငံတွေရော၊ အမေရိကန်ရော သိပ်အလားအလာ မကောင်းဘူးလို့ တွက်ချက် ကြတယ်။ ချမ်းသာတဲ့ခုနစ်နိုင်ငံ အုပ်စုထဲမှာတောင်မှ အကောင်းဆုံးနိုင်ငံနဲ့ အဆိုးဆုံးနိုင်ငံကြား ကွာဟချက်က ၂၀၂၀ ပြည့်နှစ်မှာ ၆ ဒသမ ၇ ရာခိုင်နှုန်းရှိပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်က ကြုံတွေ့ခဲ့တဲ့ ကမ္ဘာ့စီးပွားရေး ကျဆင်းမှုထက် ကွာဟမှု ပိုပြီးကြီးမားပါတယ်။
နိုင်ငံကြီးတွေထဲမှာ တရုတ်ပဲ တိုးတက်မှုရှိမယ့် အလားအလာကို တွေ့ရပါတယ်။ အမေရိကန်တို့၊ ကိုရီးယား တို့လိုနိုင်ငံတွေက ဆိုးဆိုးရွားရွား မဟုတ်ရင်တောင်မှ စီးပွားရေး ဆက်ကျနေဦးမှာပါ။ ဗြိတိန်ကတော့ အဆိုးဆုံးကြုံခဲ့ရတဲ့ ၁၇၀၉ ခုနှစ်က အခြေအနေမျိုးနဲ့ အတူတူပဲ ဖြစ်နေပြီ။
တချို့ ဘောဂဗေဒပညာရှင်တွေကတော့ အခုလို နှိုင်းယှဉ်ကြလို့ သိပ်အဆင်မပြေလှဘူး၊ တွက်နည်းတွေက တူကြတာ မဟုတ်ဘူးလို့ ဆိုကြပါတယ်။ ဗြိတိန်မှာ ကျောင်းပိတ်တာ၊ ဆေးရုံလာတက်မယ့်လူနာ လျော့သွားတာတွေကို သက်ရောက်မှု ကြီးမားတယ်ဆိုပြီး အစိုးရရဲ့ အသုံးစရိတ်ထဲ ထည့်တွက်ပေမယ့် တကယ်တမ်း အကျိုး သက်ရောက်မှုက နည်းပါတယ်။
ထုတ်လုပ်မှုကျဆင်းတာ အများစုက ပုဂ္ဂလိကကဏ္ဍ မှာ တွေ့ရပါတယ်။
နိုင်ငံတွေရဲ့ စီးပွားရေးတွေ ကွာခြားကြတာက အကြောင်းတရား သုံးခုကြောင့် ဖြစ်ပါတယ်။
ပထမတစ်ခုက စီးပွားရေး လုပ်ငန်းစုတွေရဲ့ ဖွဲ့စည်းပုံနဲ့ ပတ်သက်ပါတယ်။ ဂရိတို့၊ အီတလီတို့က လက်လီ လုပ်ငန်း၊ ဟိုတယ်နဲ့ ခရီးသွားလာရေးလုပ်ငန်းတွေကို အားကိုးနေရတော့ ဂျာမနီထက်ပိုပြီး ထိခိုက်လွယ် တယ်လို့ ထင်ရပါတယ်။ စက်မှုလက်မှုကဏ္ဍက ကြီးနေတော့ ကမ္ဘာ့ကုန်စည်ဈေးကွက် ဦးမော့လာတာကနေ အကျိုး ရှိနေတာပါ။
ဒုတိယ အကြောင်းတရားကတော့ ယုံကြည်စိတ်ချမှုပါ။ ဒါကိုတော့ လော့ခ်ဒေါင်းလုပ်ထားတဲ့အချိန် တိုင်းပြည် ရဲ့အတွေ့အကြုံက ဆုံးဖြတ်ပါတယ်။ ဗြိတိန်မှာ ကပ်ရောဂါကို အစိုးရရဲ့ ကိုင်တွယ်ပုံ အားနည်းတာနဲ့ စီးပွားရေး မကောင်းတာ ဆက်စပ်နေပုံရပါတယ်။ ဗြိတိသျှတွေက တခြားဥရောပတိုက်သားတွေထက် အပြင်ထွက်ရမှာ ကြောက်ကြတယ်။ တတိယ အကြောင်းတရားကတော့ စီးပွားရေးလှုံ့ဆော်မှုပါ။ အမေရိကန်အမတ်တွေက အများဆုံး ဘယ်လောက်သုံးမယ်ဆိုတာ သဘောတူညီမှုမရကြဘူး။ ဒါပေမဲ့ သူ့ရဲ့ စီးပွားရေးနဲ့ နှိုင်းယှဉ် မယ်ဆိုရင် ကမ္ဘာ ပေါ်မှာ အကြီးဆုံး အကူအညီပေး အစီအစဉ်ကို အတည်ပြုပေးခဲ့ကြတယ်။ ဒါကြောင့် အိုအီးစီဒီက အမေရိကန်ဟာ ဒီနှစ်မှာ စီးပွားရေးပိုကောင်းတဲ့၊ ချမ်းသာတဲ့နိုင်ငံ တစ်နိုင်ငံလို့ မြင်ပါတယ်။
ကိုးဆယ့်ငါးရာခိုင်နှုန်း စီးပွားရေး
နောက်ထပ်ဘာတွေဆက်ဖြစ်မလဲ။ တချို့ အစိုးရတွေကတော့ မလွှဲသာမရှောင်သာ လော့ခ်ဒေါင်းထပ်လုပ်ရမယ်။ တချို့နိုင်ငံတွေက ထုတ်လုပ်မှုကို မထိခိုက်စေဘဲ လူတွေကို ခပ်ခွာခွာ နေခိုင်းနိုင် ပါတယ်။ ဒါဆိုရင် ကိုးဆယ့်ငါးကျပ်သား၊ ကိုးဆယ့်ငါးရာခိုင်နှုန်း စီးပွားရေး ဖြစ်သွားနိုင်ပါတယ်။ အိုအီးစီဒီကလည်း ကမ္ဘာ့စီးပွားရေး ဒီနှစ်မှာထပ်ပြီး ဦးမော့နိုင်တယ်လို့ တွက်ဆထားပါတယ်။ ကာကွယ်ဆေး မြန်မြန်ဖြန့်နိုင်ရင်တော့ မြန်မြန်ပုံမှန် ပြန်ဖြစ်နိုင်တယ်လို့ စဉ်းစားချင်စရာ ကောင်းပါတယ်။ ' ဒါတောင်မှ ဒဏ်ရာဒဏ်ချက်တွေ၊ အမာရွတ်တွေက ကျန်နေဦးမယ်။
စီးပွားရေးလုပ်ငန်းတွေက အခုရင်းနှီးမြှုပ်နှံချင်စိတ် လျော့နည်းနေတာဟာ အနာဂတ်မှာ အရင်းအနှီး တွေက ထုတ်လုပ်မှု စွမ်းအားနည်းသွားမယ့်သဘောပါ။ အမေရိကန်အလုပ်သမား အတော်များများကတော့ သူတို့အလုပ်ဟောင်းတွေ ပြန်ရမှာ မဟုတ်ကြတော့ဘူးလို့ တွက်ဆထားကြပါတယ် ။ ပိုလျှံနေတဲ့ စွမ်းအားစုတွေကို ပိုပြီး အကျိုးရှိရှိ သုံးနိုင်မယ့်နေရာ ပြန်လည်ခွဲဝေပေးဖို့ ဆိုတာ က အချိန်ပေးရပါဦးမယ်။ ဗဟိုဘဏ်ကတော့ ကပ်ရောဂါ မဖြစ်ခင်ကရှိနေတဲ့ အလုပ်လက်မဲ့နှုန်း လေး ရာခိုင်နှုန်းကို ၂၀၂၃ ခုနှစ်မတိုင်မီ ပြန်ရောက်မယ်လို့ မထင်ပါဘူး။ တခြားအဖွဲ့အစည်းတစ်ခုကလည်း ၂၀၂၅ ခုနှစ်လောက်ရောက်မှ ဖြစ်မယ်လို့ ထင်ပါတယ်။ သူတို့က မကြာမီ ထိုးဆေးထွက်မယ်လို့ အကောင်းမြင်နေကြပါတယ်။
ရောဂါက ရေရှည်ဒဏ်ရာဒဏ်ချက်တွေကို ဖြစ်စေ နိုင်သလို ကိုဗစ်ကြောင့်ဖြစ်ရတဲ့ စီးပွားရေး ကျဆင်းမှုတွေ ကလည်း ကမ္ဘာ့စီးပွားရေးကို အချိန်အတိုင်းအတာ တစ်ခုအထိ ပုံမှန်အခြေအနေ အောက်မှာပဲ ဆက်ထား နေဦးမှာပါ။ ။
ခင်မောင်ညို (ဘောဂဗေဒ)
ရည်ညွှန်း - အီကောနောမစ်