ရုပ်ရှင်ဇာတ်လမ်းများကပေးတဲ့ ဘဝသင်ခန်းစာများ
သင်တို့၏ ပုံပြောနိုင်သည့်စွမ်းရည် တိုးတက်ဖြစ်ပေါ် လာစေရန် လေ့ကျင့်ပါ
ကျွန်ုပ်တို့ဟာ ဟောလိဝုဒ်လို့ ပြောဆိုကြတဲ့အခါ ရုပ်ရှင်ဇာတ်ကားတွေက တင်ဆက်တဲ့ စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့၊ ပြဇာတ်ဆန်တဲ့၊ ရယ်မောဖွယ်ရာကောင်းတဲ့ ဇာတ်လမ်းတွေကို ဦးစွာ အမှတ်ရလေ့ရှိကြပါတယ်။
ဇာတ်ညွှန်းရေးဆရာတစ်ဦးဖြစ်သူ ရောဘတ်မက်ကီးက “ရုပ်ရှင်ဇာတ်လမ်းတွေဟာ အမှန် တကယ်တော့ ဘဝကိုတီထွင်ဆန်းသစ်တဲ့အနေအထားနဲ့ ပိုမိုအားကောင်းတဲ့၊ ပိုမိုရှင်းလင်း ပြတ်သားတဲ့၊ အဓိပ္ပာယ် ပိုမိုပြည့်ဝတဲ့ အတွေ့အကြုံမျိုးအဖြစ် အသွင်ပြောင်းလဲထားခြင်း ဖြစ်တယ်” လို့ ပြောကြားဖူးပါတယ်။ ရုပ်ရှင်ဇာတ်လမ်းတွေဟာ လူတို့ရဲ့ထိတွေ့ဆက်ဆံမှုလို့လည်း ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားကြပါတယ်။
ရုပ်ရှင်သရုပ်ဆောင်တွေဟာ ကြီးကျယ်ကောင်းမွန်တဲ့ ဇာတ်လမ်းတွဲတွေရဲ့ တန်ဖိုးကိုကောင်း မွန်စွာ နားလည်ကြသလို အဲဒီဇာတ်လမ်းတွေကို သက်ဝင်လှုပ်ရှားလာအောင် ပြုလုပ်ဖို့ အရေး ကြီးတဲ့အချက်ကို ကောင်းစွာသဘောပေါက်ကြပါတယ်။
မူလဆောင်းပါးရှင်ဟာ စီးပွားရေးခေါင်းဆောင်တွေ၊ အရောင်းကိုယ်စားလှယ်တွေကို သင် ကြားရတဲ့အခါမှာ ၎င်းတို့အနေနဲ့ဇာတ်လမ်းတွေကိုအသုံးပြုပြီး လေ့ကျင့်ဖို့၊ ဦးဆောင်ဖို့၊ ပြန် လည်အသုံးချဖို့ မှာကြားလေ့ရှိပါတယ်။ အချို့သောပုဂ္ဂိုလ်တွေအတွက် ဇာတ်လမ်းပုံပြင်ပြောကြားခြင်းဟာ မွေးရာပါအတတ်ပညာတစ်ရပ်လို တတ်ကျွမ်းနေတတ်ပြီး ဇာတ်လမ်းပုံပြင် ပြောကြားတာကို ထမင်းစား၊ ရေသောက်သလိုမျိုး လုပ်ဆောင်နိုင်ကြပါတယ်။ နံနက်ခင်း လက်ဖက်ရည်ဝိုင်းမှာ ဆုံကြတဲ့အခါမှာ အများက ယင်းကဲ့သို့ပုဂ္ဂိုလ်မျိုးတွေရဲ့ နောက်ဆုံးပေါ် ပုံပြင်ဇာတ်လမ်းဆန်ဆန်အတွေ့အကြုံတွေကို ကြားသိလိုကြပါတယ်။
ဇာတ်လမ်းပုံပြင်ကို ကောင်းစွာပြောကြားပါ၊ တစ်ဦးတည်းသော ပရိသတ်ဖြစ်စေ၊ ထောင်နဲ့ချီတဲ့ ပရိသတ်ဖြစ်စေ၊ ကောင်းမွန်တဲ့ ဇာတ်လမ်းတစ်ပုဒ်ကို အဆင်မပြေစွာ နားထောင်ရခြင်း ထက် သာမန်ရိုးစင်းတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကို ပြောင်မြောက်စွာ ကြားနာရတာကို ပိုမိုနှစ် သက်တတ်ကြပါတယ်။
လုပ်ငန်းကုမ္ပဏီ အမှုဆောင်တွေ ပြောကြားမယ့်မိန့်ခွန်းတွေအတွက် လမ်းညွှန်မှုပေးရခြင်းဟာ မူလဆောင်းပါးရှင်ရဲ့လုပ်ငန်းပိုင်းမှာ စိတ်လှုပ်ရှားဖွယ်အစိတ်အပိုင်းတစ်ရပ် ဖြစ်ခဲ့ပါတယ်။ တစ်ချိန်မှာ ကုမ္ပဏီလုပ်ငန်းပိုင်းနဲ့ပတ်သက်ပြီး ရှင်းလင်းတင်ဆက်ရမယ့် ပုဂ္ဂိုလ်တစ်ဦးက စာရင်းအင်းအချက်အလက် စာရွက်စာတမ်းတွေကို မူလဆောင်းပါးရှင်ထံ ယူလာပြီး အဆိုပါ ကိန်းဂဏန်းတွေဟာ ၎င်းတင်ဆက်လိုတဲ့ အကြောင်းအရာပင်ဖြစ်ကြောင်း ပြောကြားပါတယ်။
မူလဆောင်းပါးရှင်က ဘယ်အတွက်ကြောင့် ၎င်းရဲ့ပရိသတ်အနေနဲ့ အဆိုပါ ကိန်းဂဏန်းတွေကို မိန့်ခွန်းအဖြစ်ကြားသိသင့်တယ်၊ မိန့်ခွန်းရဲ့ မည်သည့်အစိတ်အပိုင်းဟာ ပရိသတ်အတွက် စိတ်ဝင်စားဖွယ်ရာ ဖြစ်လိမ့်မယ်၊ မိန့်ခွန်းရဲ့အဓိကအင်္ဂါရပ်ဖြစ်တဲ့ဇာတ်လမ်း၊ တစ်နည်းအား ဖြင့် မိန့်ခွန်းပြောကြားသူနဲ့ နားထောင်သူပရိသတ်တွေအကြား လူသားဆန်ဆန် ဆက်သွယ်မှုအပိုင်းကို ဘယ်ပုံဘယ်နည်းရှာဖွေ ဖော်ထုတ်သွားမယ်ဆိုတဲ့အချက်တွေနဲ့ ပတ်သက်ပြီး ပြန်လည်မေးခွန်းထုတ်ခဲ့ပါတယ်။
ယင်းနောက်မှာတော့ အဆိုပါပုဂ္ဂိုလ်နဲ့ မူလဆောင်းပါးရှင်တို့ဟာစိတ်လှုပ်ရှားဖွယ်ရာ တစ်ချက်မှမရှိတဲ့ စာရင်းအင်း၊ ကိန်းဂဏန်းတွေဟာ ဘယ်အကြောင်းအရာတွေကို ကိုယ်စားပြုကြောင်း စိတ်ဝင်စားဖွယ် တင်ဆက်နိုင်ရေးအတွက် ပြင်ဆင်ခဲ့ကြရပါတယ်။
များသောအားဖြင့် လူတို့ဟာ ကျွန်ုပ်တို့ပြောကြားလိုက်တဲ့စကားလုံးတွေထက် ၎င်းတို့ နား ထောင်နေတဲ့အချိန်မှာ စိတ်ထဲမှာ ပေါ်လွင်ထင်ဟပ်လာတာတွေကိုသာ ပိုမိုအမှတ်ရလေ့ ရှိကြပါတယ်။
အထောက်အကူပြုဇယားအချပ်များအပေါ် လုံးလုံးလျားလျား အားကိုးသင့်-
မသင့်စာဖတ်သူတို့အနေနဲ့ ဇာတ်လမ်းတစ်ပုဒ်ကို တင်ဆက်ရာမှာ အထောက်အကူပြု ဇယား အချပ်များအပေါ် လုံးလုံးလျားလျား မှီခိုအားထားခြင်း မပြုသင့်ပေ။
မကြာသေးမီက မိန့်ခွန်းပြောကြားမှုအတွက် လေ့ကျင့်ပေးတဲ့သင်ခန်းစာတစ်ရပ်မှာ မူလ ဆောင်းပါးရှင်က သင်တန်းသားတစ်ဦးအား ၎င်းတင်ဆက်ခဲ့တဲ့အကြောင်းအရာကို သားနား လှတဲ့ လေးရောင်ခြယ်ဂရပ်တွေရဲ့အထောက်အကူမပါဘဲ တစ်ကြိမ်ပြန်လည်တင်ဆက်ဖို့ အကြံပြုခဲ့ပါတယ်။ အဲဒီသင်တန်းသားကလည်း မြင်ကွင်းအထောက်အကူပြုဂရပ်တွေကို အသုံးမပြုဘဲ ၎င်းပြောကြားလိုတဲ့ အကြောင်းအရာကို ပြန်လည်တင်ဆက်ခဲ့ရာမှာ ပရိသတ် အားလုံးက ဒုတိယအကြိမ် ပြန်လည်တင်ဆက်မှုဟာ ပထမအကြိမ်ထက် ပိုမိုထိရောက်ပြီး ပိုမိုစိတ်ဝင်စားဖွယ်ကောင်းကြောင်း တညီတညွတ်တည်း မှတ်ချက်ပြုခဲ့ကြပါတယ်။
သို့ဖြစ်၍ တင်ဆက်မှုပြုလုပ်တဲ့အခါမှာ အထောက်အကူပြုပစ္စည်းကိရိယာတွေကို အသုံးမပြုဖို့ တိုက်တွန်းခြင်းလားဟု မေးခွန်းထုတ်နိုင်ပါတယ်။
ယင်းကဲ့သို့ ဆိုလိုခြင်းလည်း မဟုတ်ပါ။ သို့ရာတွင် စာဖတ်သူတို့အနေဖြင့် မိမိတို့ပြောကြားလိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီး ဘယ်လိုအချက်တွေက အဓိကကျပြီး ယင်းအချက်တွေကို ဘယ်လိုအကောင်းဆုံး တင်ဆက်မယ်ဆိုတာကို ရှေးဦးစွာ ဆုံးဖြတ်ဖို့လိုပါတယ်။ မိမိတို့ တင်ဆက်လိုတဲ့ အကြောင်းအရာအပေါ်မူတည်ပြီး လိုအပ်လာတဲ့အခါ အထောက်အကူပြု ပစ္စည်းတွေကို အသုံးပြုနိုင်ပါတယ်။
ကုမ္ပဏီလုပ်ငန်းအုပ်စုတစ်စုက ၎င်းတို့အနေနဲ့ ပါဝါပွိုင့်တင်ဆက်မှုအကွက် (Power Point slide) (၄၀)လောက်အသုံးပြုပြီး တစ်ကွက်နဲ့တစ်ကွက်အကြား ဘယ်လိုအကြောင်းအရာကို ထည့်သွင်းပြောကြားဖို့ စဉ်းစားရခြင်းထက် မိမိတို့တင်ဆက်လိုတဲ့ အကြောင်းအရာအလိုက် အထောက်အကူပြုစေမယ့်ပစ္စည်းတွေကို အသုံးပြုခြင်းက ပိုမိုကျိုးကြောင်း ဆီလျော်ကြောင်း မှတ်ချက်ပြုခဲ့ဖူးပါတယ်။
ပရိသတ်နဲ့ ဆက်သွယ်ခြင်း
စာဖတ်သူတို့အနေနဲ့ ပရိသတ်နဲ့ အတတ်ပညာပိုင်းအရသာမက ခံစားမှုပိုင်းအရပါ ဆက်သွယ်ခြင်းပြုသင့်ပါတယ်။ သို့ဖြစ်၍ အကြောင်းအရာတစ်ခုကို တင်ဆက်တဲ့အခါ မိမိတို့ရဲ့ မှတ်စုမှတ်တမ်းတွေကိုသာ တစ်ချိန်လုံးလိုလို ကြည့်မနေသင့်ဘဲ နားထောင်နေသူတွေနဲ့လည်း ထိတွေ့နေမှု ပြုသင့်ပါတယ်။
ပါဝါပွိုင့်တင်ဆက်မှုကို အသုံးပြုတော့မယ်ဆိုရင်လည်း တင်ဆက်မှုအကွက်တွေမှာ ဖော်ပြလိုတဲ့ အကြောင်းအရာတွေကို တတ်နိုင်သမျှ အနည်းဆုံးသာ ဖော်ပြသင့်ပါတယ်။ ပရိသတ်ဟာ သင်တို့တင်ဆက်မယ့် ဇာတ်လမ်းအကြောင်းအရာကို နားထောင်လိုခြင်းသာဖြစ်ပြီး ပါဝါပွိုင့်တင်ဆက်မှုအကွက်များကို ဖတ်ရှုဖို့ လာရောက်နားထောင်နေတာ မဟုတ်ကြောင်း အမှတ်ရနေသင့်ပါတယ်။
သင်တို့ရဲ့ ဇာတ်လမ်းအကြောင်းအရာတွေကို ပရိသတ်ရဲ့ စိတ်ဝင်စားမှု၊ ၎င်းတို့ရဲ့ လိုလားချက်၊ လိုအပ်ချက်တွေနဲ့ ဆက်စပ်ထားသင့်ပါတယ်။ ဥပမာအားဖြင့် သင့်အနေနဲ့ အရောင်းအဝယ် ဝန်ထမ်းတွေနဲ့ ထိတွေ့ပြောကြားနေခြင်းဖြစ်ပါက သင်ရဲ့ကုန်ပစ္စည်း ဒါမှမဟုတ် ဝန်ဆောင်မှုတွေဟာ သုံးစွဲသူတွေကို ဘယ်လိုစိတ်ကျေနပ်မှုပေးနိုင်ကြောင်း စတဲ့ဇာတ်လမ်းတွေကို ရွေး ချယ်အသုံးပြုသင့်ပါတယ်။
၎င်းတို့ရဲ့ မှတ်ချက်တွေ၊ အကြံပြုချက်တွေကို သင်တို့ရဲ့ဇာတ်လမ်းတွေမှာ ကျေနပ်ဖွယ်၊ စိတ်လှုပ်ရှားဖွယ် ဆွေးနွေးပြောကြားမှုအနေမျိုး အသုံးပြုသင့်ပါတယ်။
ဟောလိဝုဒ်ရဲ့ စံနှုန်းနဲ့အညီ အောက်ပါပုံသေနည်းကို အသုံးပြုနိုင်ဖို့ ဖော်ပြလိုက်ပါတယ်-
စိတ်ဝင်စားဖွယ်ကောင်းတဲ့ ဇာတ်ကောင်တွေနဲ့ ဇာတ်လမ်းကို စတင်ပါ။
စိတ်လှုပ်ရှားဖွယ် အပြန်အလှန် ပြောကြားချက်ကို ထည့်သွင်းပါ။
ဇာတ်လမ်းမှ အတုယူသင့်တဲ့ သင်ခန်းစာတစ်ခုနဲ့ အဆုံးသတ်ပါ။
လူတို့ဟာ အရောင်းအဝယ်နဲ့ပတ်သက်တဲ့ တင်ဆက်မှုတွေကို ကြံ့ကြံ့ခံ ငြင်းဆိုကောင်း ငြင်းဆိုနိုင်ပါလိမ့်မယ်။ သို့ရာတွင် ကောင်းကောင်းမွန်မွန် တင်ဆက်ပြောကြားလာတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ငြင်းဆိုဖို့ ခဲယဉ်းမယ်ဆိုတာကို အမှတ်ရနေသင့်ပါတယ်။
ကောင်းမွန်