Skip to main content

နိုင်ငံတော်အစိုးရ တာဝန်ယူမှု ခုနှစ်လမြောက်၏ မှတ်တိုင်များ

 

 

ယမန်နေ့မှအဆက်

 

ပြည်ထောင်စုဝန်ကြီးဦးဝဏ္ဏမောင်လွင် ဦးဆောင်တဲ့အဖွဲ့ဝင်တွေက ဩဂုတ်လ ၄ရက်က အာဆီယံနဲ့ ဆွေးနွေးဖက်နိုင်ငံ တွေအကြား သီးခြားကျင်းပတဲ့ နိုင်ငံ ခြားရေးဝန်ကြီးများရဲ့ အစည်းအဝေးများ၊ အရှေ့အာရှထိပ်သီးအစည်းအဝေးများကို တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပြီး အာဆီယံအပေါ်ထားရှိတဲ့ မြန်မာနိုင်ငံရဲ့ သဘောထားလေးနက်မှုကို ထင်ရှားစွာ ပြသနိုင်ခဲ့ပါတယ်။ ထို့အတူ ပြည်ထောင်စု ဝန်ကြီးက အာဆီယံကနေဒါ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ပူးတွဲသဘာပတိ အဖြစ်တာဝန် ယူခဲ့ပြီး အာဆီယံ - နယူး ဇီလန် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ အာဆီယံ-အီးယူ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး တွေကိုလည်း သြဂုတ်လပထမပတ် အတွင်း တက်ရောက်ခဲ့ပါတယ်။

 

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလှိုင်က ဩဂုတ်လ ၆ ရက်က ကျင်းပတဲ့ (၁၄) ကြိမ်မြောက် မဲခေါင်-ဂျပန် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးကို တက်ရောက်ဆွေးနွေးခဲ့ပြီး အစည်း အဝေးအတွင်း ကိုဗစ်-၁၉ တတိယလှိုင်း အတွက် လိုအပ်တဲ့ အကူအညီများ ပေးအပ်ခြင်းအတွက် ဂျပန်နိုင်ငံအပေါ် အထူးကျေးဇူး တင်ကြောင်း ပြောကြား ကာ ထပ်မံကူညီပံ့ပိုးပေးနိုင်ရန်အတွက် တိုက်တွန်းခဲ့ပါတယ်။

 

ဩဂုတ်လ ၇ ရက်က ကျင်းပခဲ့တဲ့ (၂၈)ကြိမ်မြောက် အာဆီယံဒေသ ဆိုင်ရာဖိုရမ်ကို နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး တက်ရောက်ခဲ့ပါ တယ်။ ဖိုရမ်အတွင်း ပြည်ထောင်စုဝန်ကြီး က အာဆီယံနှင့် လက်တွဲဆောင်ရွက် လျက်ရှိတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါ တယ်။ ဒါ့အပြင် အဓိပ္ပာယ်ပြည့်ဝတဲ့ နိုင်ငံရေးဆွေးနွေးမှု ဆောင်ရွက်နိုင်ရေး မှာ အကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့ အစည်းတွေနဲ့ တရားမဝင် အသင်းအဖွဲ့တွေ မပါဝင်သင့် ကြောင်း ထောက်ပြခဲ့သလို ယင်းကို လည်း အေအာရ်အက်ဖ် အဖွဲ့ဝင်နိုင်ငံ များက ရှုတ်ချသင့်ကြောင်း ပြောကြား ခဲ့ပါတယ်။ ရခိုင်ပြည်နယ်အရေး အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်သွား မှာဖြစ်သလို နေရပ်စွန့်ခွာသူတွေ ပြန်လည်လက်ခံနိုင်ဖို့အတွက် ပူးပေါင်း ဆောင်ရွက်ပေးနိုင်ဖို့ တိုက်တွန်းချက် တွေလည်း ပြောကြား ခဲ့တာ မြင်တွေ့ရ ပါတယ်။

 

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင် ရွက်မှုအစီအစဉ်မှာပါဝင်တဲ့ မြန်မာနိုင်ငံ ရဲ့ စီမံကိန်း၂၁ ခုအတွက် တရုတ်နိုင်ငံက ရန်ပုံငွေအဖြစ် အမေရိကန်ဒေါ်လာ ၆ ဒသမ ၁ သန်း ကျော်ကို သြဂုတ်လ ၁၀ ရက်က လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ ဝန်ကြီးဌာန ၁၁ ခုကနေ အကောင် အထည်ဖော်ဆောင်ရွက်သွားမယ့် စီမံ ကိန်းတွေဖြစ်ပြီး သမားရိုးကျမဟုတ်တဲ့ လုံခြုံရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေး၊ တိရစ္ဆာန် ရောဂါကာကွယ် ဆေး ထုတ်လုပ်နိုင်ရေး၊ ယဉ်ကျေးမှု၊ စိုက်ပျိုးရေး၊ သိပ္ပံနဲ့နည်းပညာအစရှိတဲ့ နယ်ပယ်အသီးသီးမှာ စီမံကိန်းတွေ အကောင်အထည်ဖော် ဆောင်ရွက်နိုင် တော့မှာ ဖြစ်ပါတယ်။

 

အာရှပစိဖိတ်ဒေသနိုင်ငံများ၊ အရှေ့ အလယ်ပိုင်းနဲ့ အာဖရိကဇုန်၊ အမေရိက ဇုန် နိုင်ငံများက မြန်မာသံရုံး၊ အဖွဲ့ရုံးနဲ့ ကောင်စစ်ဝန်ချုပ်ရုံးတွေက သံရုံးအကြီး အကဲတွေကို လက်ရှိဖြစ်ပေါ်တိုးတက် နေတဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ ဆောင်ရွက်ချက်တွေကို အသိပေး ဆွေးနွေးတဲ့အစီအစဉ်ကိုလည်း သြဂုတ် လ ၁၁ ရက်နဲ့ ၁၃ ရက်က နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာန တို့မှ ပြည်ထောင်စုဝန်ကြီးတွေကိုယ်တိုင် ဗီဒီယိုကွန်ဖရင့်နဲ့ ဦးဆောင်ဆွေးနွေးခဲ့ ပါတယ်။ တတိယအကြိမ် ရုရှား-မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်ရေးနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မရှင်အစည်းအဝေးနဲ့ စီးပွားရေး လုပ်ငန်းရှင်များ အချင်းချင်း တွေ့ဆုံ ဆွေးနွေးမှု အစီအစဉ်များ ကျင်းပနိုင်ဖို့ အကြိုညှိနှိုင်းမှုတွေကို သြဂုတ်လ ဒုတိယအပတ်အတွင်း ဆောင်ရွက်နိုင်ခဲ့ ပါတယ်။

 

ဩဂုတ်လ ၁၁ ရက်ကကျင်းပခဲ့တဲ့ (၁၅)ကြိမ်မြောက် အာဆီယံရေတပ်ဦးစီး ချုပ်များ အစည်းအဝေးနဲ့ ဩဂုတ် ၂၃ ရက်က ကျင်းပခဲ့တဲ့ (၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ရေကြောင်းလုံခြုံ ရေးနှီးနှောဖလှယ်ပွဲတို့ကို ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ က ဗီဒီယိုကွန်ဖရင့်ဖြင့် ပါဝင်ဆွေးနွေး ခဲ့ပါတယ်။ ထို့အတူ (၄၂) ကြိမ်မြောက် အာဆီယံပါလီမန်များ အထွေထွေ ညီလာခံသို့လည်း ပြည်ထောင်စုရှေ့နေ ချုပ် ဒေါက်တာသီတာဦးနှင့် မြန်မာ ကိုယ်စားလှယ်အဖွဲ့ဝင်များက ဗီဒီယို ကွန်ဖရင့်စနစ်နဲ့ တက်ရောက်ခဲ့ကြပါတယ်။

 

ဩဂုတ်လ ၂၄ ရက်က CLMVT Plus Forum 2021 ကျင်းပခဲ့ရာ ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်၊ ဆက်စပ် အသင်း အဖွဲ့များမှ တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်စနစ်နဲ့ တက်ရောက်ဆွေး နွေးခဲ့တာကိုလည်း မြင်တွေ့ ရပါတယ်။ ထို့အတူ အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေးအဖွဲ့အစည်းများ ဖိုရမ်ရဲ့ ဒုတိယ အကြိမ်မြောက် လုပ်ငန်းအဖွဲ့ အစည်းအဝေးနဲ့ Side Event သို့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ ပါဝင် တက်ရောက်ခဲ့ပြီး ကော်မရှင်ရဲ့ ဆောင် ရွက်ချက်၊ ရင်ဆိုင် ကြုံတွေ့ရတဲ့ စိန်ခေါ် မှု စတာတွေကို ပါဝင်ဆွေးနွေးခဲ့ပါ တယ်။

 

အာဆီယံနိုင်ငံနဲ့ မိတ်ဖက်နိုင်ငံများရဲ့ ချစ်ခင်ရင်းနှီးမှုကို မြင်တွေ့ရ

 

အာဆီယံမှ မြန်မာနိုင်ငံကို ပေးအပ်ဖို့ရှိတဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီများနဲ့ ပတ်သက်ပြီး ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဩစတြေးလျ၊ ဥရောပသမဂ္ဂနဲ့ နယူးဇီလန်နိုင်ငံများက ငွေကြေး အမေရိကန်ဒေါ်လာ ခုနစ်သိန်းနဲ့ ဩစတြေးလျဒေါ်လာ ၅ သန်း၊ ယူရို ၃၇၀၀၀၀ လှူဒါန်းကြဖို့ ကတိပြုထားပြီး ကျန်နိုင်ငံများကလည်း ပစ္စည်းအားဖြင့် အကူအညီတွေ ပေးအပ်သွားဖို့ ကတိ ကဝတ် ရရှိခဲ့ပါတယ်။

 

ကမ္ဘောဒီးယားနိုင်ငံအစိုးရက မြန်မာ နိုင်ငံရဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်။ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အထောက်အကူပြု ပစ္စည်း တွေကို သြဂုတ်လ ၁၉ ရက်က အထူး လေယာဉ်သုံးစင်းနဲ့ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပို့ဆောင် လှူဒါန်းပေး ခဲ့ပါတယ်။ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများက အာဆီယံ လူသားချင်းစာနာ ထောက် ထားမှု အကူအညီပေးအပ်ရေး ညှိနှိုင်းမှု ဗဟိုကော်မတီကတစ်ဆင့် လှူဒါန်းတဲ့ အမေရိကန်ဒေါ်လာ တစ်သိန်း၊ ကမ္ဘော ဒီးယားအစိုးရက မြန်မာအစိုးရကို လှူဒါန်းတဲ့ အမေရိကန်ဒေါ်လာ နှစ်သိန်း တို့အား ထပ်မံပံ့ပိုးလှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။ ထို့အတူ ဩဂုတ်လ ၂၀ ရက်က အိန္ဒိယအစိုးရက ဒုတိယအကြိမ် မြောက် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းများအတွက် လိုအပ်တဲ့ ဆေးနဲ့ဆက်စပ်ပစ္စည်း ကုန်ချိန်တန် ၄၀ ခန့်ကို ပေးပို့လှူဒါန်းခဲ့ပါတယ်။

 

မဟုတ်မမှန်စွပ်စွဲပြောဆိုမှုများအားချေပရှင်းလင်း

 

နိုင်ငံခြားရေးဝန်ကြီးဌာနက ကုလ သမဂ္ဂဆိုင်ရာ အမေရိကန်အမြဲတမ်း ကိုယ်စားလှယ်ရဲ့ ဩဂုတ်လ ၈ ရက် သတင်းထုတ်ပြန်ချက်အပေါ် မြန်မာ နိုင်ငံဘက်မှ သဘောထားကို သြဂုတ်လ ၉ ရက် ရက်စွဲနဲ့ ပြတ်ပြတ်သားသား ပြန်လည် သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီသတင်းထုတ်ပြန်ချက်အတွင်း အမေရိ ကန် အမြဲတမ်းကိုယ်စားလှယ်ရဲ့ ပြောဆို ချက်များက စွပ်စွဲပြစ်တင်တဲ့သဘော ထားဖြစ်ပြီး ဗီယင်နာကွန်ဗင်းရှင်းပါ သံတမန်တို့လိုက်နာရမယ့်အချက်တွေကို ချိုးဖောက်တဲ့အတွက် မြန်မာနိုင်ငံ အနေ နဲ့ ကန့်ကွက်ကြောင်း ဖော်ပြထားပါ တယ်။ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းတွေနဲ့အညီ ဝန်ထမ်းအဖြစ် ကနေ ထုတ်ပယ်ခဲ့ပြီး လက်ရှိမှာ နိုင်ငံတော်သစ္စာဖောက်မှုနဲ့ တရားစွဲဆို ထားတဲ့ ဦးကျော်မိုးထွန်းအပေါ် ရပ်တည် ထောက်ခံအားပေးနေခြင်းက ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေအကြား စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေကို လိုက်နာရန် သွေဖည်ခြင်းဖြစ်ကြောင်းနဲ့ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းမှာ ပါဝင် ပြဋ္ဌာန်းထားတဲ့ နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို အခြားတစ်နိုင်ငံမှ ဝင်ရောက်စွက်ဖက်မှုမရှိဘဲ အပြန်အလှန် လေးစားမှုရှိရန်ဆိုတဲ့ အခြေခံမူတွေကို လိုက်နာဖို့အတွက် မြန်မာနိုင်ငံဘက်က တောင်းဆိုလိုက်တဲ့ ကြေညာချက် တစ်ရပ်လည်း ဖြစ်ပါတယ်။

 

ထို့အတူ ကုလသမဂ္ဂအတွင်းရေးမှူး ချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ်က မြန်မာနိုင်ငံအခြေ အနေနဲ့စပ်လျဉ်းပြီး သတင်းစာရှင်းလင်း ပွဲတစ်ရပ်ကို သြဂုတ်လ ၈ ရက်က ကျင်းပခဲ့တဲ့အပေါ်မှာလည်း မြန်မာနိုင်ငံ အနေနဲ့ ပြင်းထန်စွာ ကန့်ကွက်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ သြဂုတ်လ ၁၂ ရက်ထုတ် သတင်းထုတ်ပြန်ချက်မှာ မြင်တွေ့ ရပါတယ်။ အတည်ပြု နိုင်ခြင်း မရှိတဲ့ မှားယွင်းတဲ့ သတင်းအချက် အလက်တွေကို အခြေခံပြီး တစ်ဖက် သတ် စွပ်စွဲပြောကြားထားသလို နိုင်ငံ တော်အစိုးရရဲ့ ဒီမိုကရေစီကူးပြောင်းရေး ဆောင်ရွက်ချက်တွေ၊ အသိပေးနေတဲ့ သတင်းအချက်အလက် အမှန်တွေကို လျစ်လျူရှုခဲ့ပြီး ဖိအားပေးရာရောက်တဲ့ အဆိုပြုမှုတွေ ပြုလုပ်ခဲ့ကြောင်းကို သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါ တယ်။

 

ထုတ်ပြန်ချက်အတွင်း တရားမဝင် အဖွဲ့ အစည်းများနဲ့ အကြမ်းဖက် အဖွဲ့ အစည်းများဖြစ်တဲ့ CRPH, NUG စတဲ့ အဖွဲ့အစည်းများနဲ့ ထောက်ခံသူတွေက ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးတဲ့ နေရာတွေအထိ တိုက်ခိုက်မှုတွေရှိခဲ့ တာကို အထူးကိုယ်စားလှယ်အနေနဲ့ မဖော်ပြထားတာကိုလည်း သိရှိခဲ့ရပါ တယ်။ နိုင်ငံရဲ့ အခြေအနေကို ပြင်ပက နေ ဝင်ရောက်စွက်ဖက်လိုသူတွေဘက်က ချဲ့ကားပြောဆိုခဲ့တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး အထူး ကိုယ်စားလှယ်ဆိုသူအား တာဝန်နှင့် လုပ်ပိုင်ခွင့်များကို အပြုသဘော၊ ဘက်လိုက်မှုမရှိ ဆောင်ရွက်ရန် တိုက်တွန်းခဲ့တဲ့အပြင် ကုလသမဂ္ဂရဲ့ ပြဋ္ဌာန်းထားတဲ့ ကျင့်ဝတ်စည်းကမ်း တွေနဲ့ ပဋိညာဉ်စာတမ်းပါ အခြေခံ မူတွေကို ချိုးဖောက်ရာ ရောက်တဲ့အတွက် ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။

 

ပြည်သူ့အတွက် ဆောင်ရွက်ချက်

 

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွား မှုကို ထိထိရောက်ရောက် ကာကွယ်။ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် အများ ပြည်သူအလုပ်ပိတ်ရက်နဲ့ အခြေခံပညာ ကျောင်းများယာယီပိတ်ထားခြင်းတွေကို တိုးမြှင့်သတ်မှတ်ခြင်းများကို သြဂုတ်လ ၃၁ ရက်အထိ တိုးမြှင့်ခဲ့ပါတယ်။ အဲဒီရက် တွေမှာ ဗဟိုဘဏ်အပါအဝင် အစိုးရ ဘဏ်၊ ပုဂ္ဂလိကဘဏ်တွေကို ဖွင့်လှစ် ပေးခဲ့ပါတယ်။ အများပြည်သူ အလုပ် ပိတ်ရက်ကာလ လိုက်နာရမယ့် စည်းကမ်းတွေကိုလည်း ထုတ်ပြန် အသိပေးခဲ့ပါတယ်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေနဲ့ သြဂုတ်လ ၁ ရက် ရက်စွဲနဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်တဲ့ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းခဲ့ ပါတယ်။ ထို့အတူ ဩဂုတ်လ၂၄ ရက်က ရာဇသတ်ကြီးဥပဒေကို ပြင်ဆင်သည့် ဥပဒေနှင့် ရာဇဝတ်ကျင့်ထုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေများကိုလည်း ပြဋ္ဌာန်းခဲ့ပါတယ်။

 

မိုးတွင်းကာလ ဖြစ်တာနဲ့အညီ ရေကြီးရေလျှံမှု၊ လေပြင်းတိုက်ခတ်မှု၊ မြေပြိုမှုစတဲ့ သဘာဝဘေး အန္တရာယ်ကြုံ တွေ့နေရတဲ့ ကရင်ပြည်နယ်နဲ့ မွန်ပြည် နယ်တို့မှာ ကူညီကယ်ဆယ်ရေးလုပ်ငန်း တွေကို နယ်မြေခံစစ်ဌာနချုပ်များက တပ်မတော်သားများနဲ့ ပြည်သူများက ပူးပေါင်းပြီး လက်တွဲညီညီ ဆောင်ရွက် လျက်ရှိပါတယ်။ သဘာဝဘေးအန္တရာယ် ကြုံဆုံလာပါကလည်း ထောက်ပံ့ပေးအပ် နိုင်ဖို့ ကယ်ဆယ်ရေးပစ္စည်းတွေကို ကြိုတင် ပြင်ဆင်ထားလျက်ရှိတာကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီး ဌာနမှ ဩဂုတ်လ ၈ ရက်က သိရှိရပါ တယ်။

 

ကိုဗစ်-၁၉ တတိယလှိုင်းကာလ အတွင်း ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနဲ့ ဘာသာပေါင်းစုံ တို့၏ ဘာသာရေးကျောင်းများ၊ အသင်း တော်များ စတာတွေအပြင် ကျန်းမာရေး ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့ များ ထံကို ဆန်၊ ဆီ၊ ဆား၊ ပဲ စတဲ့ အမယ် လေးမျိုးအပါအဝင် ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ၊ ဆေးဝါး များနဲ့ အလှူငွေများကို အနယ်နယ် အရပ်ရပ်တို့မှာ မြို့နယ်၊ ခရိုင်၊ တိုင်း ဒေသကြီး ပြည်နယ်အဆင့်ဆင့်ရှိ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီဝင်များက လှူဒါန်း ပေးလျက်ရှိတာကိုလည်း ယခုလအတွင်း မြင်တွေ့ရပါတယ်။

 

ပြည်ပနိုင်ငံတွေက ပြန်လည်ရောက် ရှိလာတဲ့ မိမိတို့နိုင်ငံသားတွေကို စနစ်တကျ လက်ခံပေးနိုင်ဖို့နဲ့ ဘေးကင်း လုံခြုံစွာနဲ့ နေရပ်ကိုပြန်နိုင်ဖို့ နိုင်ငံတော် အကြီးအကဲရဲ့ လမ်းညွှန်ချက်နဲ့အညီ ဆောင်ရွက်ပေးလျက် ရှိတာကိုလည်း မြင်တွေ့ရပါတယ်။ နေရပ်ပြန်တွေကို ကိုဗစ်-၁၉ စည်းကမ်းချက်များနဲ့အညီ ကြိုဆိုလက်ခံပြီး စနစ်တကျစောင့်ကြည့် စစ်ဆေးတာ၊ ကွာရန်တင်း ထားရှိတာနဲ့ ကျန်းမာရေးကောင်းမွန်သူတွေကို နေရပ် ပြန်နိုင်ဖို့အတွက် စီစဉ်ပေးတာတွေကို လည်း မြင်တွေ့ရပါတယ်။ သာဓကအနေ နဲ့ သြဂုတ်လ ၁၉ ရက်က လာအိုနိုင်ငံ ကနေ ပြန်လည်လွှဲပြောင်းလာခဲ့တဲ့ မြန်မာနိုင်ငံသား ၃၄၈ဦးကို တာချီလိတ် မြို့နယ် မိုင်းဖုန်း (က) ကျေးရွာအုပ်စု ဝမ်ပုံဆိပ်ကမ်းမှာ တာဝန်ရှိသူတွေက နွေးထွေးစွာ ကြိုဆိုပေးခဲ့ကြပါတယ်။ အဲဒီနောက် ကိုဗစ်ရောဂါပိုး ရှိ/ မရှိ စစ်ဆေးပေးခဲ့ပြီး လိုအပ်တဲ့စောင့်ကြည့် ကုသမှု၊ ကန့်သတ်ထားရှိမှုတွေနဲ့ နေရပ် ကို ပြန်နိုင်စေဖို့ ကူညီမှုတွေ လုပ်ဆောင် ပေးခဲ့ပါတယ်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေနဲ့ သြဂုတ်လ ၁၁ ရက်က အမိန့် တစ်ရပ်ကို ထုတ်ပြန်ခဲ့ပါတယ်။ ကြားနာ စစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုများ ပိတ်သိမ်းခြင်းဖြစ်ပြီး ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှုကာကွယ်ဟန့်တားဖို့နဲ့ ချုပ် ရက်ရှည်နေတဲ့ တရားခံတွေကို သတ်မှတ်ချက်နဲ့အညီ သက်ညှာစွာနဲ့ အမှုပိတ်သိမ်းနိုင်ဖို့ ဥပဒေနဲ့အညီ ဆောင် ရွက်ခဲ့တာပဲဖြစ်ပါတယ်။ ကန့်သတ်ထား တဲ့ အမှုများမှအပ ၂၀၂၁ ခုနှစ်၊ ဖေဖော် ဝါရီလ ၁ ရက်နေ့နဲ့ မတိုင်မီကာလမှာ ပြစ်မှုတစ်ခုခုနဲ့ တရားစွဲဆိုခံရတဲ့ ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာ အမှု တွေကို ပိတ်သိမ်းပေးမယ်လို့ သိရပါ တယ်။ သို့သော် ထိခိုက်နစ်နာစေတဲ့ ပြစ်မှုတွေနဲ့ စပ်လျဉ်းပြီး နစ်နာသူများက အမှုပိတ်သိမ်းခြင်း မပြုလိုလျှင်လည်း အမှုကို ဆက်လက်စစ်ဆေးပေးမှာဖြစ် တယ်လို့ ထုတ်ပြန်ထားပါတယ်။

 

အမျိုးသမီးများအပေါ် အကြမ်းဖက် မှု ကာကွယ်တားဆီးရေးဥပဒေ(မူကြမ်း) ကို အမြန်ဆုံးအတည်ပြု ပြဋ္ဌာန်း နိုင်ဖို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန က ဦးဆောင်ပြီး သြဂုတ်လ ၄ ရက်က ဆွေးနွေးညှိနှိုင်းလျက်ရှိပါတယ်။ ကိုဗစ်၁၉တတိယလှိုင်းအတွင်း မသန်စွမ်းသူတို့ ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင် စေဖို့ ညှိနှိုင်းဆွေးနွေးမှုတွေကိုလည်း မြင်တွေ့ရပါတယ်။ လက်ရှိမှာ မသန်စွမ်း သူတွေကို ကနဦးထောက်ပံ့ငွေကျပ် ၃၀၀၀၀ ပေးအပ်လျက်ရှိပြီး ဆက်လက်၍ လည်း ကာကွယ်ဆေးထိုးနှံနိုင်စေဖို့၊ ရန်ပုံငွေထူထောင်ပေးနိုင်ဖို့နဲ့ မသန်စွမ်း သူတွေရဲ့ လိုအပ်ချက်အခက် အခဲတွေကို ဆွေးနွေးအဖြေရှာခဲ့တာကိုလည်း မြင် တွေ့ရပါတယ်။ ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းဒဏ်ခံ အဆောက်အအုံ ၅၇ လုံး အပြင် ပြည်သူများအတွက် အရေးပေါ် ကယ်ဆယ်မှုတွေ အမြန်ဆုံးပြုလုပ်နိုင်ဖို့ သိုလှောင်ရုံများကို ကြိုတင်ပြင်ဆင် ထား သည်ကိုလည်း ဩဂုတ်လ၉ရက်သတင်း များအရ သိရှိရပါတယ်။ ။

 

ကမ္ဘာ့ကပ်ရောဂါကြောင့် ပြည်သူ များရဲ့ ညှိုးနွမ်းနေတဲ့ စိတ်နှလုံးကို နိုင်ငံ ရေး အရောင်မဆိုးတဲ့ အနုပညာသက် သက်နဲ့ဖန်တီးပြီး အပန်းပြေစေဖို့၊ အသိ အမြင်မှန်များရရှိစေဖို့ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဂီတအဖွဲ့အစည်းမှ အနုပညာရှင်များနဲ့ ဩဂုတ်လ၁၃ရက်က တွေ့ဆုံခဲ့စဉ်ပြော ကြားခဲ့ပါတယ်။ ထို့အတူ ပြည်ထောင်စု ဝန်ကြီးက ရုပ်ရှင်အနုပညာရှင်များနှင့် လည်း ဩဂုတ်လ ဒုတိယအပတ်အတွင်း တွေ့ဆုံခဲ့ပါတယ်။ ဒီလိုတွေ့ဆုံမှုတွေ ကနေ တိုင်းပြည်နဲ့လူမျိုး အကျိုးဆောင် ပေးမယ့် အနုပညာရှင်တွေအတွက် အားသစ်တစ်ရပ်ဖြစ်စေခဲ့ပါတယ်။

 

နိုင်ငံသားတွေရဲ့ လူမှုဘဝပြည့်စုံ ရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ မှတ်ပုံ တင်ရရှိရေးကို ဆောင်ရွက်ပေးလျက်ရှိတဲ့ ပန်းခင်းစီမံချက်ကို တစ်နိုင်ငံလုံးအတိုင်း အတာနဲ့ အရှိန်အဟုန်မြှင့်ဆောင်ရွက်နေ တာကိုလည်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရှိရပါ တယ်။ ပြည်သူတွေ သိရှိနားလည်ပြီး ပူးပေါင်းပါဝင်ကြဖို့ မီဒီယာတွေကနေ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြပညာပေး ဖို့အတွက် ဖော်ဆောင်လျက်ရှိပြီး နယ်စပ် ဒေသများပါမကျန် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်နိုင်ဖို့ ကြိုးပမ်း နေတာကိုလည်း မြင်တွေ့ရပါတယ်။

 

အောင်ဘာလေသိန်းထီ ချစ်သူများ အတွက် ဆုမဲအရေအတွက် ပိုမိုခွဲဝေပေး ဖို့နဲ့ ထီဆုငွေတွေကို အဆင်ပြေစွာ ထုတ်ယူနိုင်ဖို့ ထီလက်မှတ်ရောင်းရငွေ များရဲ့ ၇၀ ရာခိုင်နှုန်းကို ထီဆုပမာဏ အဖြစ် တိုးမြှင့်ခွဲဝေပေးသွားမှာဖြစ် ကယ်လို့ ပြည်တွင်းအခွန်များ ဦးစီးဌာန က ဩဂုတ်လ ၁၈ ရက်က ကြေညာခဲ့ပါတယ်။

 

ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်းတွေ ပိုမိုတိုးချဲ့နိုင်စေရေးအတွက် တရုတ် နိုင်ငံက မှာယူခဲ့တဲ့ တွန်းဆွဲရေယာဉ် အသစ်နှစ်စင်း ဩဂုတ် ၁၈ ရက်က ရန်ကုန်မြို့သို့ ဆိုက်ကပ်ရောက်ရှိခဲ့ပါ တယ်။ ဆင်မင်း ၁၊ ဆင်မင်း ၂ အဆိုပါ ရေယာဉ်တွေကို အသုံးပြုပြီး အပြည် ပြည်ဆိုင်ရာ ကုန်သွယ်သ င်္ဘောကြီးတွေ ကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ကနေ ဘေးကင်းလုံခြုံစွာ ဝန်ဆောင်မှုပေးနိုင် တော့မှာဖြစ်ပါတယ်။ ။

 

ဆက်လက်ဖော်ပြပါမည်