Skip to main content

ပြည်ထောင်စုဂုဏ်ဆောင် နိုင်ငံတော်၏ရတနာ သားကောင်းသမီးမွန်များ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ကို ဖြည့်ဆည်းမှုဖြင့် ဝန်ထမ်းဘဝလမ်း အဆင့်ဆင့်တက်လှမ်းခဲ့သူ သရေစည်သူဦးဘခင်

စစ်မီးလျှံကြားမှ မြန်မာဝန်ထမ်းတစ်ဦး

အချိန်ကာလမှာ ၉၄၂ ခုနှစ်။ ဒုတိယကန္တာ စစ်ကာလ။

မြန်မာနိုင်ငံအတွင်းသို့ ချီတက်ဝင်ရောက် လာပြီဖြစ်သော ဂျပန်တပ်များသည် အဆင့်ဆင့် ဆုတ်ခွာလျက်ရှိသည့် ဗြိတိသျှတပ်များနောက်သို့ မြေပြင်တွင် လိုက်လံတိုက်ခိုက်လျက်ရှိသကဲ့သို့ ကောင်းကင်ယံမှလည်း ဗုံးကြဲတိုက်ခိုက်နေချိန် ဖြစ်သည်။

ဗြိတိသျှစစ်ပြေးအစိုးရသည် ရန်ကုန်မြို့မှ အထက်မြန်မာနိုင်ငံအစိုးရရုံးစိုက်ရာ မေမြို့ (ယခု ပြင်ဦးလွင်မြို့)သို့ ရွှေ့ပြောင်းလာခဲ့ပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်းရှိ ရုံးဌာနဆိုင်ရာအသီးသီးသို့အထက် ကွပ်ကဲမှုအဆင့်ဆင့်မှာလည်းတစ်စတစ်စအားနည်း ပြတ်တောက်လျက်ရှိသည်။ ဂျပန်တပ်မတော်နှင့် ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) တို့က အောက်မြန်မာနိုင်ငံရှိ မြို့ကြီးများအား တစ်မြို့ပြီး တစ်မြို့ တိုက်ခိုက်သိမ်းပိုက်လျက်ရှိသည့် အခြေ အနေတွင် ဌာနအလိုက် ရုံးဝန်ထမ်းအများစုသည် မိမိတို့မိသားစုများ စစ်ဘေးအန္တရာယ်ကင်းလွတ် ရေးအတွက်သာ ထွက်ပြေးတိမ်းရှောင်နေကြသည့် အခြေအနေသို့ ရောက်ရှိလာခဲ့သည်။

ရန်ကုန်မြို့ရှိ ငွေစာရင်းမင်းကြီးရုံးမှ မြန်မာ လူမျိုးဝန်ထမ်း ဦးဘခင်သည် စစ်အတွင်း ၁၉၄၂ ခုနှစ် ဖေဖော်ဝါရီလ ရက်နေ့၌ မြစ်ငယ်တွင် အသစ်ဖွင့်လှစ်သည့် Traffic Account Branch ဌာနတွင် ငွေစာရင်းရှိတာဝန်အပြင် မန္တလေးမြို့ရှိ မီးရထားဌာန ငွေစာရင်းအရာရှိအဖြစ် ပူးတွဲ ခန့်အပ်ခြင်းခံရသည့်အတွက် မန္တလေးမြို့သို့ မိသားစုနှင့်အတူပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့ သည်။ စစ်အတွင်းကာလဖြစ်သဖြင့် မိသားစုနေထိုင်ရေးအတွက် မန္တလေးမြို့ တောင်ပြင် ထီးလင်းတိုက်တွင် မကွေးကျောင်းဆရာတော် ဦးသန၏ စောင့်ရှောက်မှုဖြင့် ခိုလှုံနေထိုင်ခဲ့ရ သည်။ စစ်အတွင်း အစစရာရာအခက်အခဲများ ကြုံတွေ့နေချိန်တွင် နာမကျန်းဖြစ်လျက်ရှိသော သမီးငယ်တစ်ဦးအပါဆင်သားငယ်သမီးငယ်များနှင့် မိသားစုကိုစောင့်ရှောက်နေရသော ဦးဘခင် သည် တစ်ဖက်တွင်လည်း မိမိ၏ဌာနဆိုင်ရာ တာဝန်ကို မလစ်ဟင်းစေဘဲ ရုံးတက်မပျက်  တာဝန်ထမ်းဆောင်နေခဲ့သည်။

၁၈-၂-၁၉၄၂ (မန္တလေးမြို့)

ဤကဲ့သို့ တာဝန်ထမ်းဆောင်နေစဉ် ၁၉၄၂ ခုနှစ် ဖေဖော်ဝါရီလ ရက်နေ့တွင် ဂျပန် စစ်လေယာဉ်များက အထက်မြန်မာနိုင်ငံမြို့တော် မန္တလေးမြို့စား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် ခဲ့ရာ ဦးဘခင် တာဝန်ထမ်းဆောင်လျက်ရှိသည့် မန္တလေးဘူတာကြီးပါဝင် မန္တလေးမြို့ရှိ အထင် ကရအဆောက်အအုံများစွာ ပျက်စီးဆုံးရှုံးသွားခဲ့ သည်။ မန္တလေးမြို့၏ ပျက်စီးဆုံးရှုံးမှုများနှင့်ဆော့ ကိုလိုနီခေတ်အုပ်ချုပ်ရေးတာဝန်ခံ ဗြိတိသျှအရာရှိ ကြီးများအပါအဝင်ဝန်ထမ်းများ၊ မြို့နယ်လူထုများ သည် တိမ်းရှောင်သွားကြပြီဖြစ်ရာ မန္တလေးမြို့၏ နယ်ဘက်မုပ်ချုပ်ရေးမှာလည်း ပျက်ယွင်းသွားခဲ့ပြီ ဖြစ်သည်။

ထိုနေ့မွန်းလွဲပိုင်း လေကြောင်းရန်များ ကင်းရှင်းသွားချိန်၌ မန္တလေးမြို့၏ အပျက်အစီး များအကြားမှ မည်သည့်အရာကိုမျှ ဂရုမစိုက်ဘဲ မိမိတာဝန်ကျရာ ဘူတာရုံသို့ သော့နှင်၍ သွားနေ သူမှာ မီးရထားဌာန၏ ငွေကိုင် သော့ကိုင်ဖြစ်သူ ငွေစာရင်းအရာရှိ ဦးဘခင်ဖြစ်သည်။ ဗုံးဒဏ်ကြောင့် ရစရာမရှိအောင် ပျက်စီးနေသည့် မန္တလေးဘူတာ၏ အပြိုပျက်များကြားမှ သူ၏ရုံးခန်းနေရာသို့ ရောက်ရှိလာခဲ့သော ဦးဘခင်သည် ဌာနပိုင်ငွေများ သိမ်းဆည်းထားသည့် မီးခံသေတ္တာကြီးကို မပျက် မစီးဘဲပကတိအခြေအနေတိုင်းတွေ့လိုက်သည်။ ပတ်ဝန်းကျင်အခြေအနေကို လေ့လာလိုက်ပြီး လူသူ ကင်းဝေး တိတ်ဆိတ်နေသဖြင့် သင့်ပါလာသောသာဖြင့် မီးခံသေတ္တာကို ဖွင့်လိုက်ရာ သူ့တစ်ဘဝ တစ်သက်တာတွင် ပိုင်ဆိုင်ရန် အိပ်မက်ပင် မမက်ဖူး ခဲ့သည့်ငွေပုံကြီးက ဖွေးဖွေးလှုပ်နေသည်။ သူဘာ လုပ်ရမည်နည်း။

ကျင့်ဝတ်ဆိုင်ရာ အကျပ်အတည်း

(Ethical Dilemma)

ဗြိတိသျှအာဏာပိုင်များအနေဖြင့် ဂျပန်တို့ စစ်ဦးကာလကတည်းက တိမ်းရှောင်သွားကြပြီ ဖြစ်သလို စစ်အစိုးရသို့ ဆက်သွယ်ရန် ဖုန်း ကြေးနန်း အဆက်အသွယ်များလည်း ဖြတ်တောက် လျက်ရှိလေပြီ။ လူသူမရှိ မြို့ပျက်ကြီးဖြစ်နေသော မန္တလေးမြို့တွင် အင်္ဂလိပ်တပ်များလည်း မရှိတော့ သလိုဂျပန်တပ်များလည်း ရောက်ရှိမလာသည့် အခြေအနေတွင် ဆုငွေများသည် အစိုးရဟု ဆိုနိုင် ပါမည်လား။ ဆိုနိုင်ပါစေဦး။ တိမ်းရှောင်ထွက်ပြေး သွားသောစစ်အစိုးရသည် တစ်ဖက်ရန်သူ တိုက်ခိုက်မှုကြောင့် စွန့်လွှတ်ခဲ့ရသော မြို့အတွင်း ကျန်ရှိခဲ့သည့်ငွေများကို ပိုင်ဆိုင်ခွင့် ရှိပါဦးမည် လ။ ဂျပန်တပ်များ၏ တိုက်ခိုက်မှုကြောင့် ဆုတ်ခွာ နေရသော ဗြိတိသျှတပ်မတော်၏ မြန်မာပြည် တပ်ပေါင်းစုမှူးအဖြစ် တာဝန်ယူခဲ့သည့် ဆာဝီလျှံစလင်း Field Marshal Slim ရေးသားခဲ့သော Defeat Into Victory စာအုပ်တွင် ထိုစဉ်က မြန်မာနိုင်ငံ၏ အခြေအနေကိုသိမြင်နိုင်သည့်မြင်ကွင်းတစ်ရပ်အဖြစ် စစ်ပြေးမြန်အရာရှိကြီးများက စစ်ကိုင်းမြို့၌ သူ့လာရောက်တွေ့ဆုံ၍ စာလွှာတစ်ရပ်အပ်ပုံ ကိုအောက်ပါအတိုင်းသားမှတ်တမ်းတင်ခဲ့ပါသည်-

ကိုယ်စားလှယ်အဖွဲ့သည် မီးခိုးရောင်တိုပီ ဦးထုပ်ဆောင်းကာ အခမ်းအနားသွား ဥရောပ၀တ်စုံ ကိုဝတ်ဆင်ထားကြသည်။ စာလွှာကို လက်နှိက်နှင့် သပ်ရပ်စွာ ရိုက်နှိထားသည်။ စည်းဝေးပွဲတွင် ထုံးစတားနှင့်အညီ အဆိုပြုသူကပြု၊ ထောက်ခံသူက ထောက်ခံ၊ မတည်ပြုပြီးသော တောင်းဆိုချက်များ ဖြစ်ကြသည်ဟု ဆိုကြ၏။ စစ်ကိုင်းတောင်ရိုး ဘုရားကျောင်းကန်များကို ထိန်းသိမ်းစောင့်ရှောက်သည့်သဘောဖြင့် တောင်ရိုးပေါ်တွင် တိုက်ခိုက်ခြင်း မပြုရန် တောင်းဆိုကြခြင်းဖြစ်လေသည်။

သူတို့အတွက် ကျွန်ုပ်ဝဇ်းနည်းမိပါသည်။ သူတို့သည် အစိုးရအရာရှိကြီး တရားသူကြီးအတွင်း ဝန်စသည်တို့ဖြစ်ကြသည်။ သူတို့ပတ်ဝန်းကျင်မှာ ကမ္ဘာပျက်နေပါပြီ။ သို့ရာတွင် သူတို့သည် ကျွန်ုပ် တို့က သူတို့ကို သင်ကြားပြသပေးခဲ့သော စည်း၊ မဆိုပြု၊ ထောက်ခံ၊ ဧတည်ပြုခြင်းများ ပါဝင်သော ဒီဗိုကရေစီထုံစာများကိုသာ စွဲစွဲမှတ်မှတ်သုံးစွဲနေ ကြသေးသည်။ သူတို့၏သနားစရာစာလွှာကို တချို့ တသေ တယုတယ ယူလာကြကာ ကျွန်ုပ်ထံ တင်ပြကြလေသည်။ဇဒ်ကိုင်းတောင်ရိုးတွင် စစ်ပြုရန် ကျွန်ုပ်တွင် ဆန္ဒမရှိသို့ရာတွင် တစ်ဖက်ကဂျပန် ဗိုလ်ချုပ်က သဘောတူမည်လားဟုမေးလိုက် သည်။

မြန်မာကိုယ်စားလှယ်အဖွဲ့က ဇဝေဇဝါ ဖြစ်သွားသော်လည်း ယဉ်ကျေးသိမ်မွေ့စွာ နှုတ်ဆက်ပြီး ပြန်သွားကြပါသည်။ ဤသို့တွေ့ဆုံရ ခြင်၏လေးနက်မှုကို ပေါ့ပျက်သွားစေသောမချက် လေးတစ်ချက်ကား ရှိခဲ့သည်။ ကိုယ်စားလှယ် များ ထွက်ခွာသွားပြီးမှတစ်ဦးကပြန်လှည့်လာကာ သူ့မား လစာငွေ ခြောက်လအတွက် ကြိုတင် ထုတ်ဖေးခဲ့ပါဟု တောင်းဆိုခြင်းဖြစ်၏။” (စာ၁၈၇။ မြန်မာ့နိုင်ငံရေးခရီးနှင့် ဗိုလ်ချုပ်ကြီးနေဝင်းဒေါက်တာမောင်မောင်။ ပထမအကြိမ် ၁၉၆၉ ခုနှစ်)

ဤကဲ့သို့ အုပ်ချုပ်မှုပျက်ယွင်းနေသော အခြေ အနေတွင် ထိုငွေများကို ဦးဘခင်ယူလိုက်မည်ဆို ပါက မည်သူမှ မသိရှိနိုင်သလို မည်သူ့ကိုမှလည်း ဝေစုခွဲပေးရန်မလိုအပ်ပေ။ ရန်ကုန်မြို့မှ မန္တလေး မြို့သို့ မိသားစုပြောင်းရွှေ့ ခဲ့သည်မှာ ရက်သတ္တ တစ်ပတ်ကျော်ပင်ရှိသေးပြီး ထိုချိန်၌ ဦးဘခင်မှာ အကြီးအကျယ် ငွေကြေးခက်ခဲလျက်ရှိသည်။ အသည်းအသန် နာမကျန်းဖြစ်နေသော သမီးငယ် အတွက် ဆေးဖိုးဆတ်စသားစုစရိတ်၊ ရှေ့နေဂတ်တွင်လည်းဖြစ်လာမည်ကို မည်သူမျှမမျှော် မှန်းနိုင်သော စစ်ဆေးကာလကြီးတွင် သာမန်အချိန်ထက်ပင်ပို၍ သူ့အတွက်ငွေကြေးကျပ်တည်း နေချိန်ဖြစ်သည်။

မရေရာသော ခေတ်ကာလအချိန်အခါတွင် သားသမီးလေးဖခင် အိမ်ထောင်ဦးစီးဖြစ်ပြီး ဝန်ထမ်းလစာမှ အခြားဝင်ငွေလည်း မရှိသည့် အသက် ၄၃ နှစ်အရွယ်ရှိ ဝန်ထမ်းအရာရှိတစ်ဦး အတွက် ချက်ချင်းဆုံးဖြတ်ဖြေရှင်းရမည့် ကျင့်ဝတ် ဆိုင်ရာအကျပ်အတည်း (Ethical Dilemma) အခြေအနေတစ်ရပ်ကိုဦးဘခင်ရင်ဆိုင်ခဲ့ခြင်းပင် ဖြစ်သည်။ ဦးဘခင်သည် ချက်ချင်းပင်မီးခံသေတ္တာ အတွင်းမှ ငွေများကို အိတ်တစ်အိတ်အတွင်းသို့ ကောက်ထည့်လျက်ဆုံးဖြတ်ချက်တစ်ခုကို ပိုင်ပိုင် နိုင်နိုင်ချလိုက်သည်။

ခိုင်မာသောဆုံးဖြတ်ချက်

စစ်ပြေးဗြိတိသျှအစိုးရသည် အထက်မြန်မာပြည်မှ ဆုတ်ခွာစဉ် ရပ်မျက်နှာအသီးသီးသို့ ဖြန့်ခွဲဆုတ်ခွာခဲ့ကြသည်။ မီးရထားဌာန ဗြိတိသျှ အရာရှိများသည် မေမြို့ (ပြင်ဦးလွင်)မှတစ်ဆင့်  ဆုတ်ခွာပြီး ထိုမှ တရုတ်အမျိုးသားတပ်မတော်နှင့် ဆက်သွယ်၍ ယာဉ်ဖြင့် အိန္ဒိယသို့ပြန်ရန် စီစဉ်ထားသည်။ ဦးဘခင်သည် ထိုအဖွဲ့နှင့် အချိန်မီ ဆက်သွယ်ရန် သေချာသော်လည်း တာဝန်ရှိ သည့်အတိုင်း လိုက်လံ၍ ငွေနှံရန်အတွက် ဂျစ်ကားတစ်စီးငှားပြီး သုံးနာရီခရီးဖြစ်သော ပြင်ဦး လွင်သို့ ငွေထုပ်နှင့်အတူ အလျင်အမြန်ထွက်ခွာ လာခဲ့သည်။

ပြင်ဦးလွင်သို့ ရောက်ရှိသည့်အခါ ထွက်ခွာဆဲဆဲ ဗြိတိသျှအရာရှိများအနက် သက်ဆိုင်ရာ မီးရထားဌာနတာဝန်ခံ မထက်အရာရှိကိုရှာဖွေခဲ့ ရာ ဆိုက်ဆိုက်မြိုက်မြိုက်တွေ့ရှိသဖြင့် ငွေလုံးကို စာရင်းဇယားနှင့်တကွ အတိကျလွှဲပြောင်း  အပ်နှံလိုက်သည်။

ဤကဲ့သို့ ဝန်ထမ်းတစ်ဦးအနေဖြင့် တာဝန်ကို ကျေပွန်စွာဆောင်ရွက်ခဲ့မှုအတွက် ဦးဘခင်သည် ထိုလအတွက် သူရရှိမည့်လစာနှင့် ပြင်ဦးလွင်သို့ -လာရောက်ခဲ့သည့် ဂျစ်ကားခ ခရီးစရိတ်ကိုသာ တောင်းဆိုခဲ့သည်။ ဦးဘခင်၏လုပ်ဆောင်မှုသည် မြန်မာလူမျိုးတို့ကို အထင်သေးခဲ့သည့် ဗြိတိသျှ အရာရှိများအတွက် အံ့အားသင့်စရာနှင့် အထင်ကြီး လေးစားမှုကို ရရှိစေခဲ့ပါသည်။

ဤသည်မှာ လွတ်လပ်ရေးရပြီးနောက် မြန်မာ နိုင်ငံ၏ ပထမဆုံးငွေစာရင်းမင်းကြီး (နိုင်ငံတော် စာရင်းစစ်ချုပ်) အဖြစ်လည်းကောင်း၊ အစိုးရအဆက်ဆက် ဌာနဆိုင်ရာ အဆင့်မြင့်ရာထူးကြီးများကို လည်းကောင်း ထမ်းဆောင်ခဲ့ရုံသာမက ရန်ကုန်မြို့ အင်းယားမြိုင်လမ်းရှိ အပြည်ပြည်ဆိုင်ရာ ပဋိပတ္တိ လုပ်ငန်းဌာန (International Meditation Center) ကိုတည်ထောင်၍ ကမ္ဘာ့သာသနာပြုလုပ်ငန်းများကို ဆောင်ရွက်ခဲ့ခြင်းဖြင့် မြန်မာနိုင်ငံကို ဓမ္မတရားဖြင့် ကမ္ဘာကသိစေခဲ့သည့် ဆရာကြီး သရေစည်သူ ဦးဘခင်ပင်ဖြစ်ပါသည်။

ငယ်စဉ်ကပင် ထူးချွန်သူ မောင်ဘခင်

ဆရာကြီးဦးဘခင်ကို ၁၂၆၀ပြည့်နှစ် တပေါင်း လပြည့်ကျော် ၁၁ ရက် (၆-၃-၁၈၉၉) နေ့တွင် ရန်ကုန်မြို့ အထက်ပုဇွန်တောင် ပြုံးချိုရပ်ကွက်တွင် ဖခင် ပွဲစားကြီးဦးပေါနှင့်မိခင်ဒေါ်စောမေတို့က ဖွားမြင်ခဲ့သည်။ မွေးချင်းမောင်နှမနှစ်ဦးရှိသည့်အနက် ဆရာကြီးသည် သားဦးဖြစ်သည်။ မိဘဆွေမျိုးများသည် ပဲခူး၊ သနပ်ပင်တွင် လယ်ယာလုပ်ငန်း လုပ်ကိုင်ရာမှ မိဘများသည် ရန်ကုန်မြို့၌ စပါးပွဲစားနှင့် အရောင်းအဝယ်လုပ်ငန်း လာရောက်လုပ်ကိုင်ကြသူများဖြစ်ပြီး အစိုးရအမှုထမ်းမျိုးရိုးမှ ဆင်းသက်လာခြင်း မဟုတ်ပေ။

ငယ်စဉ်ဘဝတွင်မောင်ဘခင်သည် ရပ်ကွက် ဘုန်းတော်ကြီးကျောင်းတွင် သဒ္ဒါသဂြိုဟ်ဆိုင်ရာ ဗုဒ္ဓဘာသာအခြေခံစာပေများသင်ကြားခဲ့ပြီးနောက် ၁၉၀၆ ခုနှစ်တွင် ရပ်ကွက်အိမ်နီးချင်း မိတ်ဆွေ ဖြစ်သူ အေဘီစီကုမ္ပဏီမှ ငွေကိုင်စာရေးကြီး ဦးဘာဘီ၏ လိုက်လံကျောင်းအပ်ပေးမှုအရ ရေကျော်မက်သဒစ်ကျောင်းတွင်စတင်တက်ရောက်ခဲ့သည်။ ရေကျော်မက်သဒစ်ကျောင်း၌ တက်ရောက်စဉ် အတန်းတိုင်းတွင် ပထမရရှိခဲ့ပြီး ထိုခေတ်ကာလ ခုနစ်တန်းစာမေးပွဲကို ပညာသင်ဆု (စကောလား ရှစ်) ရရှိလျက် ထူးချွန်စွာအောင်မြင်ခဲ့သည်။

၁၉၁၄ ခုနှစ်တွင် မြန်မာကျောင်းဆရာကြီး ဦးလုံးတင်၏ လိုက်လံကူညီဆောင်ရွက်ပေးမှုဖြင့် စိန်ပေါလ်အထက်တန်းကျောင်းတွင် အထက်တန်း ပညာဆက်လက်ဆည်းပူးခွင့်ရရှိခဲ့သည်။ စိန်ပေါလ် အထက်တန်းကျောင်းတွင်လည်း ယခင်ကတည်းက တက်ရောက်လာခဲ့သည့် ကျောင်းသားဟောင်းများကို ကျော်ဖြတ်လျက် စာမေးပွဲတိုင်း ပထမရရှိခဲ့ပြီး ၁၉၁၇ ခုနှစ်တွင် ထိုစဉ်က ပညာရေးဌာန (Education Department Burma) က ကျင်းပပြုလုပ်သည့် တန်းမြင့်ကျောင်းထွက် (High School Final Examination) စာမေးပွဲကို ပညာသင်ဆု (စကောလားရှစ်) နှင့် ရွှေတံဆိပ်ရရှိလျက် ထိပ်တန်းမှ အောင်မြင်ခဲ့သည်။

ဆက်လက်၍ ယင်းနှစ် ဇူလိုင်လတွင် ကာလ ကတ္တားတက္ကသိုလ် (University of Calcutta) က ကျင်းပပြုလုပ်သည့် တက္ကသိုလ်ဝင် စာမေးပွဲ (Matriculation Examination) ကို ပထမအဆင့်  (First Division) ဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည်။ ထိုသို့အောင်မြင်ခဲ့သော်လည်း ဆရာကြီးသည် မိခင် ဖြစ်သူ ကွယ်လွန်ပြီးဖြစ်ခြင်း၊ အသက်အရွယ် ကြီးရင့်လာသည့် ဖခင်ဖြစ်သူ၏ ကျန်းမာရေးသည် လည်း ယိုယွင်းလာခြင်း စသည့်မိသားစု စီးပွားရေး ကျပ်တည်းလာမှုအခြေအနေများကြောင့် ပညာ ဆက်လက်ဆည်းပူးရန် တက္ကသိုလ်ပညာသင်ဆု အခွင့်အရေးကို စွန့်လွှတ်ပြီး ကိုယ့်အားကိုယ်ကိုး အလုပ်လုပ်ကိုင်ရန် ဦးတည်ကြိုးပမ်းခဲ့သည်။

ဝန်ထမ်းငယ်ဘဝ ကြိုးပမ်းမှုများ

ထိုခေတ်ကာလစိန်ပေါလ်ကျောင်းအုပ်ချုပ်ရေး အဖွဲ့က ကျောင်းသားမောင်ဘခင်သည် ပညာသင်ဆု  ရရှိအောင်မြင်ရန်ကြိုးစားခဲ့သည့် ထူးချွန်ကျောင်းသားဖြစ်ခြင်း၊ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ခြင်း၊ ဆရာ ဆရာမများ၏ ကျေနပ်မှုကို ရရှိစေသည့် စိတ်ချယုံကြည်ရသော လူငယ်တစ်ဦးဖြစ်ခြင်း စသည့်အချက်များဖြင့် အလေးအနက်ထောက်ခံ ထားသည့်ထောက်ခံစာကို ထုတ်ပေးခဲ့ပါသည်။ ၁၉၁၇ ခုနှစ်တွင် အသက် ၁၈ နှစ်အရွယ် မောင်ဘခင် သည် သူရိယသတင်းစာတိုက်တွင် ခေတ္တဝင်ရောက် လုပ်ကိုင်ခဲ့ပြီးနောက် ၁၉၁၇ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့၌ ထိုစဉ်က ငွေစာရင်းမင်းကြီးရုံးတွင် လစာ နှုန်း ရူပီး ၄၀ ဖြင့် ယာယီစာရေးဝန်ထမ်းအဖြစ် နိုင်ငံ့ဝန်ထမ်းဘဝကို စတင်ခဲ့သည်။

ကိုလိုနီခေတ်ဖြစ်သော ထိုစဉ်ကာလက ငွေစာရင်းမင်းကြီးရုံးတွင် အောက်ခြေရုံးစာရေးမှ အထက်ရာထူးကြီးများအထိ အရာထမ်း၊ အမှုထမ်း နေရာများတွင် အိန္ဒိယလူမျိုးများကသာ ကြီးစိုးနေချိန် ဖြစ်သည့်အလျောက် ဝန်ထမ်းဆိုင်ရာ ရာထူး ခန့်အပ်ခြင်း၊ တိုးမြှင့်ခြင်းများတွင် လူနည်းစု မြန်မာလူမျိုးဝန်ထမ်းတစ်ဦးအနေဖြင့် တိုးတက်ရန်အခွင့်အလမ်း အလွန်နည်းပါးလှသည်။ ထူးချွန်ကျောင်းသား  တစ်ဦးဖြစ်ခဲ့ရုံသာမက မြန်မာလူမျိုးတို့၏ ဂုဏ်သိက္ခာကို မြှင့်တင်လိုသည့် စိတ်ဓာတ်အခြေခံရှိသော ဦးဘခင်သည် လုပ်ငန်းတာဝန်များကို ကြိုးပမ်းထမ်းဆောင်မှု၊ ဌဌာနတွင်း လူမျိုးခြားဝန်ထမ်းတို့၏ အဆင့်ခွဲခြား နှိမ့်ချဆက်ဆံမှုများကို စိတ်ရှည်သည်းခံမှု၊ ဌာနဆိုင်ရာပညာရပ်စာမေးပွဲများ၊သင်တန်းများကို  အဆင့်ဆင့်ဖြေဆိုအောင်မြင်ခဲ့မှုတို့ကြောင့် အထက် အကြီးအကဲများ၏နှစ်သက်ထောက်ခံမှုကိုရရှိခဲ့သည်။

ဆရာကြီးသည် ၁၉၁၈ ခုနှစ် ဇူလိုင်လအတွင်း ဌာနဆိုင်ရာငွေစာရင်းလုပ်ငန်းစာမေးပွဲကို အောင်မြင် ခဲ့ပြီးနောက် အစမ်းခန့်စာရေးအဖြစ်လည်းကောင်း၊  ၁၉၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် အမြဲတမ်းစာရေး ရာထူးသို့လည်းကောင်း အဆင့်ဆင့်ရရှိခဲ့သည်။ ၁၉၂၀ ပြည့်နှစ်တွင် ထိုစဉ်က ပညာရေးဌာန (Education Department Burma) ကကျင်းပပြုလုပ်သည့် Book-keeping and Commercial Correspondence သင်တန်းကိုလည်းကောင်း၊ ၁၉၂၆ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပပြုလုပ်သည့် All India Subordinate Accounts စာမေးပွဲကိုလည်းကောင်း၊ ၁၉၂၇ ခုနှစ်တွင် Public Work Training သင်တန်း ကိုလည်းကောင်း တက်ရောက်အောင်မြင်ခဲ့ပြီး ၁၉၂၈ ခုနှစ် မတ်လ ၁၆ ရက်နေ့တွင် ငွေစာရင်း ဝန်ထောက် (အစမ်းခန့်) အဖြစ် ခန့်ထားခံရသည်။ ထို့နောက် ၁၉၃၁ ခုနှစ် ဖေဖော်ဝါရီလ ၁၆ရက်နေ့တွင် ငွေစာရင်းဝန်ထောက်အဖြစ် အတည်ပြုခန့်ထားခြင်း ခံရပါသည်။

မြန်မာလူမျိုး ရုံးဝန်ထောက် ငွေစာရင်းအရာရှိ

ငွေစာရင်းဆိုင်ရာနည်းဥပဒေများကို အလွတ် နီးပါးရအောင် ကျက်မှတ်လေ့လာခဲ့မှု၊ ရုံးလုပ်ငန်း စာမေးပွဲအဆင့်ဆင့်တွင် ထူးချွန်စွာအောင်မြင်ရန် မနေမနားကြိုးစားအားထုတ်မှုတို့ကြောင့် ဦးဘခင် သည်လုပ်ငန်းခွင်သို့ဝင်ရောက်ပြီး ၁၀ နှစ်အကြာတွင် အိန္ဒိယနိုင်ငံသားဝန်ထမ်းများအကြား ထိုစဉ်က မြန်မာလူမျိုးဝန်ထမ်းတစ်ဦးအတွက် ရှားပါးသည့် ရာထူးဖြစ်သော ရုံးဝန်ထောက်အဆင့်သို့ ရရှိခဲ့ခြင်း ဖြစ်ကြောင်း သူ၏အတ္ထုပ္ပတ္တိစာအုပ်များတွင် ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

၁၉၃၇ ခုနှစ် ဧပြီလ၁ရက်နေ့တွင် မြန်မာနိုင်ငံ ကို အိန္ဒိယနိုင်ငံမှ သီးခြားခွဲထုတ်ခဲ့ပြီးနောက် ငွေစာရင်းမင်းကြီးရုံးကိုလည်း မြန်မာနိုင်ငံတော် စာရင်းစစ်ချုပ်ရုံးအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ရာ ဦးဘခင် သည် အထူးရုံးဝန်ထောက်အဖြစ် ရွေးချယ်ခန့်ထား ခံရပြီးနောက် ၁၉၄၁ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ တွင် မီးရထားဌာန ငွေစာရင်းအရာရှိအဖြစ် ခန့်အပ် ခြင်းခံခဲ့ရပါသည်။ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ရက် နေ့တွင် ဒုတိယကမ္ဘာစစ်စတင်ဖြစ်ပွားခဲ့ပြီးနောက် ဒီဇင်ဘာလ ၂၃ ရက်နေ့၌ ရန်ကုန်မြို့ပေါ်သို့ ဂျပန် တပ်များက ဗုံးကြဲတိုက်ခိုက်ချိန်တွင် ဦးဘခင်သည် မီးရထားဌာန ဘူတာရုံများတွင် ငွေစာရင်းများ စစ်ဆေးလျက် ရှိနေခဲ့သည်။ ဦးဘခင်နေအိမ်ရှိရာ ဗိုလ်တထောင် ဒုတိယသော်မဆင်လမ်း (ယခု ဗိုလ်တထောင်လမ်းသွယ် )   ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် သင်္ဃန်းကျွန်းရှိ ကျိုက္ကဆံဘုရားဝင်းတွင် မိသားစုပြောင်းရွှေ့ခိုလှုံခဲ့ရသည်။

ထိုကဲ့သို့ စစ်ဘေးအန္တရာယ်ကြုံတွေ့နေရချိန်၌ပင် ဦးဘခင်သည်သင်္ဃန်းကျွန်းမှ နေ့စဉ်ကြုံရာကား များဖြင့်ရုံးတက်ရာရံဖန်ရံခါ ကုန်တင်ကားကြီးများဖြင့် လိုက်ပါလျက် မပျက်မကွက် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၄၂ ခုနှစ် ဖေဖော်ဝါရီလ၌ မြစ်ငယ်တွင် အသစ်ဖွင့်လှစ်သည့် Trafic Account Branch ဌာနတွင် ငွေစာရင်းအရာရှိတာဝန်အပြင် မန္တလေးမြို့ရှိ မီးရထားဌာနငွေစာရင်း အရာရှိအဖြစ် ပူးတွဲခန့်အပ်ခြင်းခံရသည့်အတွက် မန္တလေးမြို့သို့မိသားစု နှင့်အတူ ပြောင်းရွှေ့တာဝန်ထမ်းဆောင်နေစဉ် မန္တလေးမြို့တွင်လည်း ဂျပန်တပ်များ၏ ဗုံးကြဲ တိုက်ခိုက်မှုကို ထပ်မံကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။

ဂျပန်ခေတ် ငွေစာရင်းနှင့် စာရင်းစစ်ညွှန်ကြားရေးဝန်

မိမိထိန်းသိမ်းရသည့် အစိုးရငွေများကို ဆုတ်ခွာနေသည့် စစ်ပြေးဗြိတိသျှအစိုးရရှိရာ ပြင်ဦးလွင်မြို့သို့ လိုက်လံအပ်နှံခဲ့ပြီးနောက် ဦးဘခင်သည် ကျောက်ဆည်မြို့နယ်ရှိ ဟန်မြင့်မိုရ်ကျေးရွာအနီး ရွာမုန်းကြီးကျေးရွာတွင် မိသားစုနှင့် အတူ စစ်ပြေးခိုလှုံခဲ့ရသည်။ ဂျပန်ခေတ်အုပ်ချုပ် ရေးစတင်ပြီးနောက် ၁၉၄၂ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိပြီး  အသစ်ဖွဲ့စည်းသည့် ငွေစာရင်းနှင့် စာရင်းစစ်ဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၄၂ ခုနှစ်  စက်တင်ဘာလ ရက်နေ့မှစ၍ ငွေစာရင်းနှင့် စာရင်းစစ်ဌာန၏ ဒုတိယညွှန်ကြားရေးဝန်အဖြစ် လည်းကောင်း၊ ထို့နောက် ၁၉၄၅ ခုနှစ်အထိ ညွှန်ကြားရေးဝန်အဖြစ်လည်းကောင်း တာဝန် ထမ်းဆောင်ခဲ့သည်။

ထိုသို့တာဝန်ထမ်းဆောင်ခဲ့ရာ၌ ဗြိတိသျှတို့ မြန်မာနိုင်ငံမှ ဆုတ်ခွာသွားချိန်တွင် စာရင်းပညာရှင် များအပါအဝင် အိန္ဒိယလူမျိုးပညာတတ်အများ အပြားမှာ အိန္ဒိယသို့ ပြန်လည်ထွက်ခွာသွားခဲ့သဖြင့် ဦးဘခင်သည် မြန်မာလူငယ်များ၊ မျိုးဆက်သစ် ဝန်ထမ်းများကို ရသမျှစုစည်း၍ အခက်အခဲများစွာကြားမှ ငွေစာရင်းနှင့် စာရင်းစစ်ဌာနကြီးကို  အောင်မြင်စွာ ထူထောင် ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်သည်။

လွတ်လပ်ရေးအကြိုခေတ်နှင့် လွတ်လပ်ရေး ရပြီးခေတ် နိုင်ငံ့တာဝန်ထမ်းဆောင်ခဲ့မှုများ

ဒုတိယကမ္ဘာစစ်အပြီး ဗြိတိသျှတို့ ပြန်လည် ဝင်ရောက်လာချိန် ၁၉၄၅ ခုနှစ် မေလ ၁၆ ရက်နေ့တွင် စာရင်းနှင့် စာရင်းဝန်ထမ်း (ပထမတန်း) ရာထူးသို့တိုးမြှင့်ခြင်းခံရပြီးငွေစာရင်းမင်းကြီးရုံး၏ လက်ထောက်ငွေစာရင်းမင်းကြီးအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဩဂုတ် လ ၇ ရက်နေ့တွင် ဒုတိယငွေစာရင်းမင်းကြီးအဖြစ်  ခန့်အပ်ခြင်းခံရပြီး ယင်းနှစ် စက်တင်ဘာလ ရက်နေ့တွင် ပြည်သူ့ထောက်ပံ့ရေးအဖွဲ့ စာရင်းကိုင်ချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။

၁၉၄၈ ခုနှစ် ဇန်နဝါရီလ ရက်နေ့တွင် နိုင်ငံလွတ်လပ်ရေးရရှိခဲ့ပြီးနောက် လွတ်လပ်ပြီး မြန်မာနိုင်ငံ၏ ပထမဆုံးနိုင်ငံတော်စာရင်းစစ်ချုပ် (ငွေစာရင်း  မင်းကြီး) အဖြစ်  စတင်တာဝန်ထမ်းဆောင်ခဲ့သည်။  ၁၉၅၃ ခုနှစ် မတ်လ ၂၆ ရက်နေ့တွင် ငွေစာရင်း မင်းကြီးတာဝန်မှ အငြိမ်းစားယူခဲ့သော်လည်း နိုင်ငံတော် စာရင်းစစ်ချုပ်ရုံးတွင် ၁၉၅၆ ခုနှစ် ဖေဖော်ဝါရီလ၂၈ရက်နေ့အထိ အထူးအရာရှိအဖြစ် လည်းကောင်း၊ ၁၉၅၆ ခုနှစ် မတ်လ ရက်နေ့မှ ၁၉၅၉ ခုနှစ် ဩဂုတ်လ ၃၁ရက်နေ့အထိကုန်သွယ်မှု တိုးတက်ရေးဝန်ကြီးဌာနတွင် အထူးအရာရှိအဖြစ် လည်းကောင်း ဆောင်ရွက်ပေးခဲ့သည်။

ထိုတာဝန်များ ထမ်းဆောင်နေစဉ် ၁၉၅၆  ခုနှစ် ဇွန်လ ၈ရက်နေ့တွင် ဌာနသစ်အဖြစ် ဖွင့်လှစ်သော ကူးသန်းရောင်းဝယ်ရေးညွှန်ကြားရေးဝန်ရုံး တွင် ညွှန်ကြားရေးဝန်အဖြစ်လည်းကောင်း၊ ၁၉၅၆ ခုနှစ် ဇွန်လ၂၁ရက်နေ့မှ၁၉၅၉ ခုနှစ် မတ်လအထိ နိုင်ငံတော်ကောက်ပဲသီးနှံရောင်းဝယ်ရေးအဖွဲ့ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ သင်တန်းကျောင်းသစ်အဖြစ် စတင်ဖွင့်လှစ်သည့် အစိုးရစာရင်းကိုင်နှင့် စာရင်း စစ်သင်တန်းကျောင်း၌ ၁၉၅၈ ခုနှစ် ဧပြီလ ရက်နေ့မှ ၁၉၆၄ ခုနှစ်အထိကျောင်းအုပ်ကြီးအဖြစ်  လည်းကောင်း ပူးတွဲတာဝန်များ ထမ်းဆောင်ခဲ့သည်။

(ဆက်လက်ဖော်ပြပါမည်)

လင်းအောင်