ပြုပြင်ပြောင်းလဲလိုသောစိတ် သို့မဟုတ် ဖွင့်ထားသောစိတ်
အလုပ်လုပ်သောစိတ်
လူတို့၏ စိတ်သဘောထားသည် တစ်ယောက်နှင့် တစ်ယောက် ကွဲပြားကြခြင်းကြောင့် လူတစ်ဦးနှင့် တစ်ဦးအကြား မတူညီသော ခံယူချက်၊ အယူအဆ၊ အမြင်၊ တွေးခေါ်မှုနှင့် လိုလားချက်တို့သည်လည်း ကွဲပြားတတ်ကြသည်။
မြန်မာစကားတွင် လူတစ်ကိုယ် စိတ်တစ်မျိုး သို့မဟုတ် လူအမျိုးမျိုး စိတ်အထွေထွေဟု ဆိုကြ သည်။ ထိုသို့ မတူညီသော စိတ်အခြေအနေတို့တွင် လူတစ်ဦး၏ ပြုပြင်ပြောင်းလဲလိုသော စိတ်သဘော ထားနှင့် ပိတ်လှောင်နေသော စိတ်သဘောထား တို့သည်လည်း လူတစ်ဦး၏ သဘောထား၊ အယူ အဆနှင့် အမြင်တို့ကိုသာမက အပြုအမူများကိုပါပြောင်းလဲစေနိုင်သည်။ ယင်းသည် လူတစ်ယောက် ၏ စိတ်အလုပ်လုပ်ပုံနှင့် ဆက်စပ်နေမှုပင်ဖြစ်၏။
လူတစ်ဦး၏စိတ် အလုပ်လုပ်ပုံနှင့်ပတ်သက်၍ အမေရိကန် ဂီတပညာရှင်၊ တေးရေးဆရာ၊ ထုတ် လုပ်သူတစ်ဦးဖြစ်သူ ဖရန့်ဇက်ပါက "A mind is like a parachute. It doesn't work if it is not open. စိတ်ဟာ လေထီးလိုပဲ၊ မပွင့်ရင် အလုပ် မလုပ်ပါဘူး"ဟု ဆိုသည်။ သို့ဆိုလျှင် မိမိတို့၏ စိတ်များကို အလုပ်လုပ်ရန် ဖွင့်ထားသည်လား သို့မဟုတ် ပိတ်လှောင်ထားသည်လား ဆင်ခြင် စရာပင် ဖြစ်သည်။
ပြုပြင်ပြောင်းလိုသော စိတ်သဘောထား
ပြုပြင်ပြောင်းလဲလိုသော စိတ်သဘောထား သို့မဟုတ် ဖွင့်ထားသောစိတ်သည် အတွေးအခေါ် အသစ်များကို နားထောင်ရန်နှင့် ဆင်ခြင်စဉ်းစားရန် သို့မဟုတ် အခြားသော အသစ်ဖန်တီးမှုများကို ရှာဖွေရန် စိတ်ဆန္ဒရှိမှု ဖြစ်သည်။ ပြုပြင်ပြောင်းလဲ လိုသော စိတ်သဘောထားရှိသူတစ်ဦးသည် အခြား သူများနှင့် ပြောဆိုဆွေးနွေးမှုများတွင် မိမိ၏စိတ် သဘောထားကို ပြောင်းလဲနိုင်ခြင်းရှိ/မရှိ သို့မဟုတ် သတင်းအချက်များသည် အဓိပ္ပာယ်ရှိ/မရှိ သိရှိရန် တစ်ဖက်သား၏ သဘောထားကို နားထောင်လေ့ ရှိကြသည်။ အကြံဉာဏ်အသစ်များနှင့် မတူညီသောအကြံဉာဏ်များ သို့မဟုတ် သဘောထား များကို လက်ခံစဉ်းစားလိုသော စိတ်သဘောထား ပင်ဖြစ်သည်။ တစ်နည်းအားဖြင့် အတွေးအမြင် အသစ်များကို လက်ခံစဉ်းစားနိုင်စွမ်းလည်း ဖြစ် သည်။
စိတ်ပညာရှင် Jason Baehrကပြုပြင်ပြောင်းလဲ လိုသော စိတ်သဘောထားရှိသူသည် အခြားသူ များနှင့် ချင့်ချိန်စဉ်းစားကြရာတွင် မျှတ၍ ဘက် မလိုက်သော နားထောင်မှုဖြစ်စေရန် မိမိကိုယ်တိုင် ၏ သဘောထားမှတ်ချက်များကို ယာယီအားဖြင့် ဆိုင်းငံ့ခြင်း သို့မဟုတ် သဘောထား ပြောင်းလဲခြင်း ကဲ့သို့သော ထူးခြားသည့် ပင်ကိုလက္ခဏာရှိသူဟု ဖွင့်ဆိုသည်။ Jack Kwong ကမူ ဆန်းသစ်သော အမြင်ရှုထောင့်ကို ပြင်းပြစွာလိုလားခြင်းသည် ဖွင့် ထားသောစိတ် သို့မဟုတ် ပြုပြင်ပြောင်းလဲလိုသော စိတ်ဟု ဆိုပါသည်။
ပြုပြင်ပြောင်းလဲလိုစိတ်ရှိသူများ၏ စရိုက်လက္ခဏာများ
ပြုပြင်ပြောင်းလဲလိုသောစိတ် ရှိသူများသည် မိမိကိုယ်ကိုယ်မိမိ ဆင်ခြင်ခြင်းဖြင့် ရရှိလာသော အသိဖြင့် အခြားသူများ၏ အမြင်သဘောထားနှင့် ရှုထောင့်များကို စိတ်အားထက်သန်စွာ နားထောင် လိုသူများဖြစ်သည်။ ထိုသူများ၏ စရိုက်လက္ခဏာ များကို အောက်ပါအတိုင်း တွေ့ရတတ်သည်-
(၁) အခြားသူများ၏ အမြင်နှင့် သဘောထားကို စိတ်အားထက်သန်စွာ နားထောင်တတ်ခြင်း၊
(၂) မိမိကိုယ်တိုင် စိန်ခေါ်မှုရှိသော အတွေးအမြင် များကို လက်ခံနိုင်စွမ်းရှိခြင်း၊
(၃) မိမိကိုယ်တိုင် မှားယွင်းသည့်အချိန်တွင်ပင် ဒေါသနှင့် မတုံ့ပြန်ခြင်း၊
(၄) အခြားသူများအပေါ် ကိုယ်ချင်းစာနာစိတ်ရှိခြင်း၊
(၅) အခြားသူများ၏ရှုထောင့်မှ ဝင်ရောက်စဉ်းစား ပေးနိုင်ခြင်း၊
(၆) မိမိတို့၏ပညာဗဟုသုတ၊ ကျွမ်းကျင်မှုတို့နှင့်ပတ်သက်၍ နှိမ့်ချတတ်ခြင်း၊
(၇) အကြောင်းအရာအသစ်နှင့် အယူအဆသစ်များအပေါ် သိလိုစိတ်ရှိခြင်း၊
(၈) အခြားသူများအနေဖြင့် သူတို့၏ယုံကြည်ချက် နှင့် အတွေးအမြင်များကို မျှဝေခွင့်ရှိသည်ဟု ယုံကြည်ခြင်း။
အကျိုးကျေးဇူး
ပြုပြင်ပြောင်းလဲလိုသော စိတ်သဘောသည် များစွာအသုံးဝင်၍ ကြီးမားသော အကျိုးကျေးဇူး များကိုလည်း ရရှိစေနိုင်ပါသည်။ မိမိကိုယ်တိုင် လက်ခံထားဆဲ ယုံကြည်မှုများကို ပြန်လည်ဆန်းစစ် ခြင်းနှင့် အတွေးအမြင်သစ်များကို လက်ခံစဉ်းစား ခြင်းသည် ပတ်ဝန်းကျင်မှ သစ်လွင်သော အတွေး အမြင်များကို ရရှိစေနိုင်ပြီး မိမိကိုယ်တိုင်လည်း အကြောင်းအရာသစ်များကို လေ့လာသင်ယူနိုင် ပေသည်။ ထို့အပြင် အခြားသော အမြင်အယူအဆ များကို ဖွင့်ပေးခြင်းအားဖြင့် မိမိအတွက် အတွေ့ အကြုံသစ်များကို ရရှိစေနိုင်မည်ဖြစ်သည်။ ပြုပြင် ပြောင်းလဲလိုသော စိတ်သဘောထားသည် အတွေး အမြင်သစ်များနှင့် အတွေ့အကြုံသစ်များ ရရှိစေနိုင် သဖြင့် မိမိ၏ စဉ်းစားတွေးခေါ်မှု ပိုမို အားကောင်း စေရန် အထောက်အကူ ရရှိစေနိုင်ပါသည်။
အလားတူပင် မိမိ၏ အတွေ့အကြုံများနှင့် ဗဟုသုတများကို အခြားသူများသို့ ဆက်လက် ဖြန့်ဝေပေးခြင်းဖြင့် မိမိလုပ်ကိုင်ကျင်လည်ရာ ပတ် ဝန်းကျင်အပေါ် အကျိုးရရှိစေနိုင်ပါသည်။ ပြုပြင် ပြောင်းလဲလိုသောစိတ်သဘောထားပြုစုပျိုးထောင် ခြင်းဖြင့် မတူညီသောအမြင်များအကြား ပိုမိုနီးကပ် သော အမှန်တရားကို ရှာဖွေနိုင်သဖြင့် မိမိဘဝ အတွက်ဖြစ်စေ၊ ပတ်ဝန်းကျင်အတွက်ဖြစ်စေ အပြု သဘောတိုးတက်မှု ရရှိစေနိုင်ပါသည်။
မိမိဝန်းကျင်တွင် ဖန်တရာတေနေသည့် အတွေး အခေါ်ဟောင်းများ ရှိနေခြင်းသည် မိမိ၏ လေ့လာ သင်ယူလိုမှု သို့မဟုတ် ပြုပြင်ပြောင်းလဲလိုသည့် စိတ်ကို အဟန့်အတားဖြစ်စေနိုင်သည်ဖြစ်ရာ ထို အတွေးအခေါ်နယ် နိမိတ်ဟောင်းမှ ထိုးဖောက်၍ အခြား မတူညီသော အတွေးအမြင်များရှိသူများနှင့် အသိပညာဖလှယ်ခြင်း၊ ဆွေးနွေးခြင်းဖြင့် မိမိ၏ အမြင်များကို ပိုမိုသစ်လွင်စေနိုင်ပါသည်။ ပိုင်းခြားဝေဖန် စဉ်းစားမှုအတွက်
ပိုင်းခြားဝေဖန်စဉ်းစားမှုအတွက် အရေးအကြီး ဆုံး အစိတ်အပိုင်းတစ်ရပ်မှာ အခြားသူများထံမှ ရရှိသော မတူကွဲပြားသည့် အတွေးအမြင်များ၊ ဆွေး နွေးချက်များ၊ အချက်အလက်များ၊ သတင်းများနှင့် ပတ်သက်၍ လက်ခံစဉ်းစားပေးလိုစိတ် ထားရှိရန် လိုအပ်ခြင်းဖြစ်သည်။ ပြုပြင်ပြောင်းလဲလိုသော စိတ်သဘောထားသည် ထက်မြက်သည့် ပိုင်းခြား ဝေဖန်စဉ်းစားသူတစ်ယောက်ဖြစ်ရန်အတွက် မရှိ မဖြစ် လိုအပ်ပေသည်။ သို့မှသာ မတူညီသော အမြင် များ၊ အယူအဆများ၊ အချက်အလက်များ၊ သတင်း သည် အတွေးအခေါ်ဟောင်းများ ယူလိုမှု သို့မဟုတ် ပြုပြင်ပြောင်းလဲ စနိုင်သည်ဖြစ်ရာ ထိုအတွေးအခေါ် ခြားမတူညီသော အတွေးအမြင်များ ဆွေးနွေးခြင်းဖြင့် မိမိ၏ အမြင်များများ ရရှိနိုင်ပြီး ဆင်ခြင်စဉ်းစားမှုအပေါ် အထောက် အကူဖြစ်စေမည်ဖြစ်သည်။
ထိုသို့မဟုတ်ဘဲအခြားသူများ၏အမြင်သဘော ထားများနှင့် အယူအဆများအပေါ် ဖွင့်ထားသည့် စိတ်သဘောထား မရှိပါက သို့မဟုတ် ပိတ်လှောင် ထားသောစိတ် ထားရှိပါက ဆုံးဖြတ်ချက် ချမှတ်ရာ တွင်ဖြစ်စေ၊ စီမံကိန်းများ ရေးဆွဲရာတွင်ဖြစ်စေ၊ ပြဿနာဖြေရှင်းရာတွင်ဖြစ်စေ သို့မဟုတ် လက် တွေ့ကျသော အဖြေရှာရာတွင်ဖြစ်စေ လိုအပ်သော အချက်အလက်များနှင့် အမြင်သဘောထားများကို ရှုထောင့်ပေါင်းစုံမှရရှိရန်ခက်ခဲမည်ဖြစ်သည်။ ထို အခက်အခဲများကို ရှောင်လွှဲနိုင်ရန် မိမိကိုယ်မိမိ ကျေနပ်နေသောအခြေအနေ(comfort zone) မှ ရုန်းထွက်၍ အခြားသူများထံမှ လိုအပ်သော အယူ အဆများနှင့် အကြံဉာဏ်သစ်များကိုလက်ခံစဉ်းစား ဆင်ခြင်ရန်နှင့် ရှာဖွေရန် လိုအပ်ပါသည်။ သို့မှသာ ပိုင်းခြားဝေဖန်စဉ်းစား မှုအတွက် မတူညီသော အမြင် သဘောထားများကို ရရှိစေနိုင်မည်ဖြစ်သည်။
ဘက်လိုက်မှု
သို့သော်လည်း လူအများစုသည် သတင်းဘက် လိုက်မှု(Information bias)ဟုခေါ်သော မိမိယူဆ ချက်များနှင့် လိုလားချက်များကို အထောက်အကူ ဖြစ်စေသည့် အချက်အလက်နှင့် သတင်းများကိုသာ ရှာဖွေတတ်၊ ရွေးချယ်တတ်ကြသည့်အပြင် ဘက် လိုက်အတည်ပြုမှု(confirmation bias)ဟု ခေါ် သည့် မိမိ၏ ယူဆချက်နှင့် ယုံကြည်ချက်အပေါ် မူတည်၍ ဘက်လိုက်အတည်ပြုတတ်ကြသည်။
ဆိုလိုသည်မှာ မိမိ ယုံကြည်ချက်များ၊ အတွေ့ အကြုံများနှင့် ဆန့်ကျင်နေသည့် သတင်းအချက် အလက်များ၊ အယူအဆများကို ရှောင်ရှားကြခြင်း နှင့် မိမိ၏ အယူအဆ သဘောအတိုင်း အတည်ပြု ဆုံးဖြတ်ကြခြင်း ဖြစ်သည်။ သတင်းဘက်လိုက်မှု နှင့် ဘက်လိုက်အတည်ပြု ဆုံးဖြတ်မှု၏ အရင်းခံ အကြောင်းတရားတစ်ရပ်မှာ မိမိတို့၏အတ္တများမှ ပေါက်ပွားလာခြင်းဖြစ်သည်။ ထို့အပြင် မိမိကိုယ်မိမိ အထင်ကြီးလွန်းခြင်း၊ ယုံကြည်မှုလွန် ကဲခြင်းနှင့် မိမိကိုယ်တိုင်၌ ပိတ်လှောင်နေသော စိတ်သဘော ထားရှိသည်ကို မသိရှိခြင်းသည်လည်း ဘက်လိုက် အတည်ပြုမှုကို ဖြစ်စေနိုင်သည်။ လူ့သဘာဝတစ်ခု မှာ မိမိကိုယ်တိုင်၏ ယုံကြည်ချက်များနှင့် သဘော ထားများ မှားနေကြောင်း စဉ်းစားသုံးသပ်ရန် မည် သူမျှ မလိုလားတတ်ချေ။ ယင်းအတ္တအား ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရဲရန် လိုအပ်ပေသည်။
သတင်းဘက်လိုက်မှုနှင့် ဘက်လိုက်အတည်ပြု ဆုံးဖြတ်မှု၏အခြားသော အရင်းခံအကြောင်းတရား များလည်း ရှိနေပါသည်။
လေ့ကျင့်ပြုစုပျိုးထောင်
လူတစ်ဦးတွင်ရှိတတ်သည့် ပြုပြင်ပြောင်းလဲ လိုသော စိတ်သဘောထားနှင့် ပိတ်လှောင်ထား
သော စိတ်သဘောထားတို့အပေါ် လွှမ်းမိုးနေသည့် အကြောင်းတရားများစွာ ရှိနေနိုင်သည်။ မွေးရာပါ အမူအကျင့်၊ ပတ်ဝန်းကျင်၏ဂယက်၊ ပညာရေးနှင့် မိမိကိုယ်မိမိပြုစုပျိုးထောင်မှုတို့သည် ထိုစိတ်သဘော ထားအပေါ် လွှမ်းမိုးနေတတ်သည်။ သို့သော် ပြုပြင် ပြောင်းလဲလိုသော စိတ်သဘောထားသည် ပြုစုပျိုး ထောင်နိုင်သည့် ကျွမ်းကျင်မှုတစ်ရပ်ဖြစ်သည်။
ပြုပြင်ပြောင်းလဲလိုသောစိတ်သဘောထားအား ပြုစုပျိုးထောင်ရာတွင် စာအုပ်စာပေ ဖတ်ရှုလေ့လာ ခြင်းနှင့် အကြောင်းအရာအသစ်များကို လေ့လာ ခြင်း၊ မိမိနှင့် စိတ်တူသူများကိုသာမက အခြား အမြင် အယူအဆ မတူသူများနှင့်လည်း ထိတွေ့ဆက်ဆံ ခြင်း၊ မိမိအပေါ် တုံ့ပြန်မှုကို မည်သို့လက်ခံသည်ကို အလေးထား ဆန်းစစ်ခြင်း၊ သတင်းဘက်လိုက်မှု၊ ဘက်လိုက်အတည်ပြုမှုနှင့်ပတ်သက်၍ မိမိကိုယ်မိမိ ဆန်းစစ်ခြင်းတို့ လုပ်ဆောင်ခြင်းအားဖြင့် ပြုပြင် ပြောင်းလဲလိုသော စိတ်သဘောထားကို ပြုစုပျိုး ထောင်နိုင်ပါသည်။
ထိုသို့ လေ့ကျင့်ပြုစု ပျိုးထောင်ခြင်းဖြင့် မိမိ လက်ခံထားသော ယုံကြည်ချက်များအပြင် အကြံ ဉာဏ်သစ်များကို လက်ခံ စဉ်းစားနိုင်မည်ဖြစ်ရာ အတွေးအမြင်သစ်များ၊ အတွေ့အကြုံသစ်များကို ရရှိစေနိုင်ပါသည်။ ထိုမှတစ်ဆင့် မိမိ၏ စဉ်းစားတွေး ခေါ်မှု ပိုမိုခိုင်မာ အားကောင်းလာစေရန် အထောက် အကူ ဖြစ်စေနိုင်ပြီး အတွေးအမြင်သစ်များကို ရရှိ စေနိုင်ပါသည်။ ဆန့်ကျင်ဘက်အားဖြင့် ပိတ်လှောင် ထားသော စိတ်သဘောထားကြောင့် တရားသေ ဆုပ်ကိုင်ထားသော အမြင်၊ အယူအဆ၊ သဘောထားနှင့် ဆုံးဖြတ်ချက်တို့သည် လွတ်လပ်သော စိတ်သဘောထား အတွက် ကြီးမားသော အဟန့်အတား အဖြစ် တွေ့မြင်ရသည်။
မိမိစိတ်အား ပြောင်းလဲခြင်းဖြင့်
မိမိ၏စိတ်များကို မပြောင်းလဲနိုင်သူ သည် မည်သည့်အရာကိုမျှ ပြောင်းလဲ နိုင်မည်မဟုတ်ချေ။ "Those who cannot change their minds cannot change anything." ဟုဂျော့ဗားနတ်ရှော က ဆိုပါသည်။ အထူးသဖြင့် လူမှုအသိုက် အဝန်းအတွင်း အပြန်အလှန် နားလည် ခြင်း၊ ယုံကြည်မှု တည်ဆောက်ခြင်း၊ မတူကွဲပြားမှုများနှင့် ပေါင်းစည်းခြင်း၊ ပြဿနာဖြေရှင်းခြင်း၊ ဘုံအမှန်တရား ရှာဖွေခြင်းကဲ့သို့သော နူးညံ့သိမ်မွေ့လှ သည့် လူမှုဆက်ဆံရေးနယ်ပယ်တွင် ပြုပြင်ပြောင်းလဲလိုသော စိတ်သဘော ထားသည် လွန်စွာ အရေးပါလှပေသည်။
ပြုပြင်ပြောင်းလဲလိုသောစိတ်သဘော ထားသည် ဒင်္ဂါးပြား၏ အခြားတစ်ဖက် ကိုလည်း ကြည့်လိုသည့်ဆန္ဒရှိပြီး မိမိနှင့် အခြားသူများ၏ လိုလားချက်များနှင့် မျက်စိမှိတ် တရားသေဆုပ်ကိုင်ထားမှု များကို ပြန်လည်ဆန်းစစ်နိုင်စွမ်းလည်း ဖြစ်သည်။
ထိုသို့ ပြန်လည်ဆန်းစစ်ရန်မှာ ပြုပြင်ပြောင်းလဲလိုသည့် စိတ်သဘော ထားနှင့် ဆန္ဒရှိရန် လိုအပ်ပါသည်။ သို့မှသာ လူမှုအသိုက်အဝန်းအတွင်း တရားမျှတမှု၊ အမှန်တရားနှင့် တည်ငြိမ် အေးချမ်းမှုကို ရှာဖွေနိုင်မည် ဖြစ်ပေသည်။