Skip to main content

နိုင်ငံရေးခေါင်းဆောင်နှင့် နိုင်ငံရေးစနစ်

နိုင်ငံတည်ဆောက်ရေးကိုအကောင်အထည်ဖော်ဆဲ ကာလဖြစ်သည်နှင့်အညီ စိန်ခေါ်မှုများသည် ကြောက်ခမန်းလိလိ များပြားလှပေ၏။ ပြဿနာ များသည် တစ်ခုရှင်းနိုင်လျှင် နှစ်ခုပေါ် လာသကဲ့သို့ တစ်ခုမရှင်းနိုင်ပါက သုံးခုဖြစ်သွားတတ်သော သဘောရှိရာ နိုင်ငံတည်ဆောက် ရေးကို ဦးဆောင် ဦးရွက်ပြုကြရသော ခေါင်းဆောင်များ၏တာဝန် သည် လွယ်ကူလှသည် မဟုတ်ပါ။ ထိုနည်းတူ စိန်ခေါ်မှုများ များပြားလွန်းလှ သော နိုင်ငံတည်ဆောက်ရေးလုပ်ငန်းစဉ်ကြီး အောင်မြင်စေရေး ရည်မှန်းသည့်ပန်းတိုင်ဆီသို့ ချောမောစွာ ရောက်ရှိနိုင်ရေးဟူသောကိစ္စသည် ကား နိုင်ငံရေးစနစ်တစ်ခုကောင်းရုံဖြင့် ဖြစ်နိုင် သည့်ကိစ္စရပ်မဟုတ်ပေ။ နိုင်ငံတစ်ခု၏ ဘက်စုံ တိုးတက်ကောင်းမွန်ရေးကို တည်ဆောက် အကောင်အထည်ဖော်နိုင်မှသာ နိုင်ငံတည်ဆောက် ရေးလုပ်ငန်း အောင်မြင်ပြီးနောက်တွင်လည်း စိတ်ချ လက်ချအခြေအနေတွင် ရှိနိုင်မည်ဖြစ်လေ၏။ များစွာပိုမိုခက်ခဲနက်နဲ သို့ပေသောကြောင့်နိုင်ငံကိုဦးဆောင်ကြသော နိုင်ငံ့ခေါင်းဆောင် များသည် တိုးတက် ဖွံ့ဖြိုးပြီး သားနိုင်ငံများတွင် ဦးဆောင်ဦးရွက်ပြုကြရသည် ထက် တည်ဆောက်ဆဲနိုင်ငံတစ်ခုကို ဦးဆောင် ဦးရွက်ပြုကြရခြင်းက များစွာပိုမိုခက်ခဲနက်နဲသည့် သဘာဝရှိသည့်အလျောက် ခေါင်းဆောင်တို့၏ ကိုယ်ရည်ကိုယ်သွေး၊ စိတ်ဓာတ်၊ ဉာဏ်ပညာ အမြော်အမြင်နှင့် ရဲစွမ်းသတ္တိအစရှိသော အရည် အသွေးများသည် တော်ရုံတန်ရုံဖြင့် မည်သို့မျှ မဖြစ် နိုင်။ အရည်အသွေးနိမ့်ကျနေပါက သို့မဟုတ် အရည်အသွေးကင်းမဲ့နေပါက ထိုနိုင်ငံနှင့် ထိုနိုင်ငံ သားတို့၏ကံကြမ္မာ၊ အန၁ဂတ်နှင့်ငြိမ်းချမ်းသာယာ ရေး အစရှိသည့်ကိစ္စများအတွက် သေချာပေါက် ရင်လေးစရာဖြစ်မည် ဖြစ်တော့၏။ နိုင်ငံရေးစနစ်သည် ပါတီစုံဒီမိုကရေစီစနစ် ဖြစ်သည်နှင့်အားလျော်စွာ ရွေးကောက်ပွဲများကို ပုံမှန်ကျင်းပကြရလေ၏။ နိုင်ငံကို ဦးဆောင်မည့်ခေါင်းဆောင်များသည် တစ်ဗိုလ်ကျ တစ်ဗိုလ် တက် စနစ်ဖြင့် ပုံမှန်ပြောင်းလဲ တာဝန်ထမ်းဆောင်ကြ ရလေ၏။ ပါတီစုံနိုင်ငံရေးစနစ်၏ အားသာချက်မှာ တစ်ဦးတစ်ယောက်သောပုဂ္ဂိုလ်က အာဏာကို ရေရှည်ဆုပ်ကိုင်ထားပြီး အာဏာရှင်စနစ် တဖြည်းဖြည်းအမြစ်တွယ်လာမည့် အရေးကို ရှောင်ရှားနိုင်ခြင်းဖြစ်လေ၏။ အားနည်းချက်ကား ခေါင်းဆောင်နေရာကို ရယူမည့်ပုဂ္ဂိုလ်များသည် အယူဝါဒအစုံစုံ၊ ရပ်တည်ချက်၊ ခံယူချက်၊ ယုံကြည် ချက်အစုံစုံမှ ပေါ်ပေါက်လာသည်ဖြစ်သောကြောင့် နိုင်ငံတည်ဆောက်ရေးလုပ်ငန်းသည် နိုင်ငံရေးစနစ် က တောင့်တင်းခိုင်မာမှု မရှိသေးပါက အောင်မြင် ရန် ခက်ခဲတတ်ခြင်းဖြစ်လေ၏။ အကြောင်းကား ပါတီများကွဲပြားသည့်အလျောက် ယုံကြည်ချက် များ၊ ရပ်တည်ချက်များသာ ကွဲပြားရုံမက မူဝါဒ လမ်းစဉ်များလည်း ကွဲပြား ခြားနား ကြသည်ဖြစ်ရာ တစ်ဦးတက်လာလျှင်၊ တစ်ပါတီအာဏာရလာလျှင် မူဝါဒတစ်မျိုး ပြောင်းသွားနိုင်သလို နိုင်ငံ တည်ဆောက်ရေး လမ်းကြောင်းသည်လည်း တစ်မျိုးတစ်ဖုံ လိုက်ပါပြောင်းလဲနိုင်သည်ဖြစ်ရာ လိုရာပန်းတိုင်ကို ရောက်ရှိနိုင်ရေး အလှမ်းဝေးနိုင် သည့်သဘောရှိခြင်းကြောင့် ဖြစ်လေ၏။ ပါတီများအနေဖြင့် မိမိတို့ပါတီမူဝါဒများကို ရေးဆွဲချမှတ်ရာတွင်လည်းကောင်း၊ အကောင် အထည်ဖော်ရာတွင်လည်းကောင်း နိုင်ငံတည်ဆောက်ရေး လမ်းကြောင်းတည်တည် ငြိမ်ငြိမ်ရှိရေး၊ ပုံမှန်တိုးတက် မှုများရရှိအောင် ထိန်းသိမ်းဆောင်ရွက်နိုင်ရေး စသည့်နိုင်ငံနှင့် လူထုအကျိုးစီးပွားကို အထူးအလေး ထား ထည့်သွင်းစဉ်းစားနိုင်ကြရန်ဖြစ်ပါသည်။ နိုင်ငံတည်ဆောက်ရေးလုပ်ငန်းအတွက်ပါအကျိုးရှိနိုင်မည် တစ်ဖန် ပါတီ၏မူဝါဒများသည် အခြေခံဥပဒေ ကဲ့သို့သော အရေးကြီးသည့်ဥပဒေများနှင့် ဖီလာ ဆန့်ကျင်ဖြစ်နေသည့် အခြေအနေမျိုးရှိလျှင်လည်း အထူးသတိဝီရိယထား ပြင်ဆင်နိုင်ကြမှသာ သက်ဆိုင်ရာပါတီများရော နိုင်ငံတည်ဆောက်ရေး လုပ်ငန်းအတွက်ပါ အကျိုးရှိနိုင်မည်ဖြစ်လေ၏။ ဥပဒေများနှင့် လိုက်လျောညီထွေမရှိသော မူဝါဒမျိုး ရေးဆွဲချမှတ်ထားသည့်ပါတီက အာဏာရရှိသည့် အခါမျိုးတွင် ဥပဒေများသည် ပါတီမူဝါဒများနှင့် ဆန့်ကျင်ဖီလာဖြစ်နေခြင်းကို အကြောင်းပြုလျက် မလိုလားအပ်သော ပြဿနာများ၊ အခက်အခဲများ မုချပေါ်ပေါက်နိုင်သည်ဖြစ်ရာ သက်ဆိုင်ရာပါတီသည် နိုင်ငံကို စီမံခွင့်ရလျက်ကောင်းစွာမစီမံနိုင်ခြင်းဖြင့် နာမည်ပျက်နိုင်သလို တစ်ဖက်တွင်လည်း နိုင်ငံတော် အကျိုးစီးပွား၊ နိုင်ငံသားတို့အကျိုးစီးပွားကို ထိခိုက် နိုင်ကြောင်း အထူးသတိပြုနိုင်ကြရန် ဖြစ်သည်။ တစ်ဖန်ပါတီများအနေဖြင့် မူဝါဒများရေးဆွဲ ပြဋ္ဌာန်းသတ်မှတ်ထားသော်လည်း လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်ကြရာတွင် ရေးဆွဲ ထားသောမူဝါဒများအတိုင်း မဆောင်ရွက် နိုင်ဘဲ (မဆောင်ရွက်ဘဲ) ဆန့်ကျင်ဘက်နည်းလမ်းများဖြင့် အကောင်အထည်ဖော် လုပ်ကိုင် ဆောင်ရွက်ရန် ကြိုးပမ်းအားထုတ်နေပြန်လျှင်လည်း ကြီးမားသော ပြဿနာများ ထပ်ဆင့်ပေါ်ပေါက်မည် မုချဖြစ်ခြင်းကြောင့် အကျိုးစီးပွားအားလုံး ထိခိုက်ပျက်စီးခြင်းသို့ ဆိုက်ရောက်နိုင်ကြောင်း သတိပြုကြရန်လည်း မဖြစ် မနေ အရေးကြီးလှပေ၏။ တစ်ဖန် ပါတီစုံစနစ်ဖြစ်ခြင်းကြောင့် ယုံကြည်ချက်များ မတူကွဲပြားကြပြီး ရပ်တည်ချက်များလည်း မတူကွဲပြားကြသည်ဖြစ်ခြင်းကြောင့် ပါတီများအဖြစ် ကွဲပြားစွာရပ်တည်နေကြသော် လည်းနိုင်ငံရေးပါတီများ နိုင်ငံရေးခေါင်းဆောင်များ၏ ဘုံအကျိုးစီးပွားသည် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကို ဖော်ဆောင်နိုင်ရေးသာဖြစ်ခြင်း ကြောင့် ရွေးကောက်ပွဲများတွင် သူနိုင်ကိုယ်နိုင် ထိပ်တိုက်ရင်ဆိုင် အပြိုင်ကြဲသည့်ကိစ္စမှလွဲလျှင် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားအတွက် အခြေခံအားဖြင့် စည်းလုံးညီညွတ်နေကြရန် လိုအပ် ပေသည်။ ပါတီခေါင်းဆောင်များ၏ နိုင်ငံရေးအရည် အသွေး၊ နိုင်ငံရေးစိတ်ဓာတ်၊ နိုင်ငံရေးအသိအမြင် နိမ့်ကျနေပါက ပါတီများအကြား ငြိုးသူရန်ဘက်မပါ အပြုတ်တိုက်ရေး၊ အမြစ်ပြတ်ချေမှုန်းနိုင်ရေး အားထုတ်နေကြမည်ဆိုလျှင် အလုံးစုံပျက်သုဉ်းရေး သို့သာတစ်နေ့ ဆိုက်ရောက်မည်ဖြစ်သည်။ အနာဂတ် ကင်းမဲ့လိမ့်မည်ဖြစ်သည်။ နှလုံးသွင်းထားရမည့် တာဝန်များ ထို့ပြင် အရေးအကြီးဆုံးအချက်မှာ ရွေးကောက် ပွဲများဖြင့် တစ်လှည့်စီ နိုင်ငံကို ခေါင်းဆောင်ရသော ခေါင်းဆောင်များတွင် မိမိတို့ပါတီမှ မည်သည့်မူဝါဒ ကိုပင် ကိုင်စွဲထားသည်ဖြစ်စေ မဖြစ်မနေအာဏာရ လာသည့်အခါတွင်လည်းကောင်း၊ အတိုက်အခံဘဝ တွင် ရပ်တည်ရသည့် အခါတွင်လည်းကောင်း မြဲမြံစွာ မဖြစ်မနေ နှလုံးသွင်းထား ရမည့်တာဝန်များရှိလေ၏။ ထိုတာဝန်မှာ - ၁။ ရေရှည်တွင် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ဘက်စုံထောင့်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ပြုနိုင်မည့် အင်စတီကျူးရှင်းများ ပေါ်ပေါက်လာရေး၊ ခိုင်မာစွာတည်ရှိနိုင်ရေးအတွက် ဦးတည်ကြိုးပမ်းကြရပါလိမ့်မည်။ ထိုတာဝန်ကို Task of state building ဟုဆိုသော် ရကောင်း၏။ ၂။ အဆိုပါ အင်စတီကျူးရှင်းများ၏တောင့်တင်း ခိုင်မာခြင်းအင်အားကိုအားပြုလျက် တစ်နည်းအား ဖြင့် နိုင်ငံတော်၏အင်အားကို အားကိုးလျက် နိုင်ငံတော်၏ မူလစရိုက်လက္ခဏာများကို ခိုင်မာအောင် တည်ဆောက်နိုင်ရေးတာဝန်ကိုလည်း ကျေပွန်ကြရန်ဖြစ်၏။ နိုင်ငံတော်တွင်း မှီတင်း နေထိုင်ကြသော နိုင်ငံသားတို့၏ စည်းလုံးညီညွတ်မှုကိုတည်ဆောက်နိုင်ရေး၊ ကိုယ်ကျင့်တန်ဖိုးများကို တည်ဆောက်နိုင်ရေး မြှင့်တင်နိုင်ရေး စသည့် ရေရှည်တွင် နိုင်ငံရေးတည်ငြိမ်မှုကို အခိုင်အမာ အာမခံနိုင်မည့် အခြေခံအကြောင်းတရားများကို တည်ဆောက်နိုင်ရေးကိစ္စ အစရှိသည်တို့ အကျိုး ဝင်လေ၏။ ထိုတာဝန်ကို task of national building ဟုဆိုသော် ရကောင်း၏။ အဆိုပါတာဝန်ကြီးနှစ်ရပ်ကို အစိုးရတစ်ဖွဲ့ တက်လာပြီး ထိုအစိုးရတစ်ဖွဲ့ကထမ်းဆောင်ရုံဖြင့် မပြီးပါ။ တက်လာသော အစိုးရအဖွဲ့ခေါင်းဆောင် များ၊ ထိုအစိုးရအဖွဲ့၏ သက်ဆိုင်ရာမိခင်ပါတီမှ ခေါင်းဆောင်များကဆောင်ရွက်ရုံဖြင့် မပြီးမြောက် နိုင်ပါ။ ရွေးကောက်ပွဲများ ကျင်းပပြီးတိုင်း၊ အစိုးရ အဖွဲ့များ တက်လာတိုင်း တက်လာသည့်အစိုးရ အဆက်ဆက်၊ ခေါင်းဆောင်အဆက်ဆက်က သမိုင်းပေးတာဝန်အဖြစ် သစ္စာရှိရှိတာဝန်သိသိ လက်ဆင့်ကမ်း တာဝန်ယူတာဝန်ခံ ထမ်းဆောင် နိုင်ကြမှသာ ပြီးမြောက်အောင်မြင်နိုင်မည် ဖြစ်လေ ၏။ အတိုက်အခံအဖြစ်ရပ်တည်ကြရသော နိုင်ငံရေး ပါတီများမှ ခေါင်းဆောင်များတွင်လည်း အတိုက် အခံဘဝမှာပင် ထိုတာဝန်၏တစ်စိတ်တစ်ပိုင်း ရှိနေ လေ၏။ အစိုးရတစ်ဖွဲ့ တက်လာ၊ တက်လာသည့် အစိုးရက ရှေ့အစိုးရ ရှေ့အာဏာရပါတီကို ငြီးသူ ရန်ဘက်ပမာ သဘောထားလျက် ရှေ့ကလက်နှင့် ရေးသွားသမျှ နောက်က ခြေနှင့်ဖျက်လိုက်မည် ဟူသော သဘောထားမျိုးဖြင့် လုပ်မိကိုင်မိပါက အဆိုပါကြီးလေးသောတာဝန်ကြီးများကို လစ်ဟင်း | ပျက်ကွက်မည်ဖြစ်လျက် နိုင်ငံတော် နိုင်ငံသား များပါ အကျိုးစီးပွားများ ဆုံးရှုံးပျက်စီးကြမည် ဖြစ်၏။ | ခံစားစံစားနိုင်ကြမည်ဖြစ် နိုင်ငံရေးစနစ်တစ်ရပ်သည် မည်မျှပင် ကောင်းမွန်ပြည့်စုံနေသည်ဖြစ်စေ နိုင်ငံရေး ခေါင်းဆောင်တို့၏အရည်အသွေးများပြည့်မီမှသာ ထိုနိုင်ငံရေးစနစ်ဖြင့် နိုင်ငံကို ကောင်းစွာ တည်ဆောက်နိုင်မည် ဖြစ်သည်။ နိုင်ငံရေးစနစ် ကောင်းကို တည်ဆောက်ရန်အရေးကြီးသလို နိုင်ငံရေးခေါင်းဆောင်များ (အားလုံး) ၏ အရည် အချင်းကိုလည်း ပြည့်မီအောင် ဖြည့်တင်းနိုင်မှသာ တိုးတက်ဖွံ့ဖြိုးနိုင်မည် ဖြစ်သည်။ နိုင်ငံတော်နှင့် နိုင်ငံသားတို့သည် နိုင်ငံရေးစနစ်ကောင်း၏ အသီးအပွင့်ကို ခံစားစံစားနိုင်ကြမည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတည်ဆောက်ရေးတာဝန် များသည် ခေါင်းဆောင်ဖြစ်ရရုံ၊ အာဏာရရုံ သဘောထား၍မရဘဲ လက်ဆင့်ကမ်း ထမ်းဆောင် ကြရမည့် လက်ရှိခေါင်းဆောင်များသာမက | နောင်လာလတ္တံ့သော ခေါင်းဆောင်များ အပါအဝင် နိုင်ငံကို ဦးဆောင်ကြမည့်ခေါင်းဆောင်များ ( အားလုံး၏ သမိုင်းပေးတာဝန်ကြီးဖြစ်လျက် ပေါ့ပေါ့ဆဆ သဘောမထားကြဘဲ အစဉ်အဆက် တာဝန်ကျေပွန်ကြသော ခေါင်းဆောင်များဖြစ်ရန်၊ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ ရေတိုရေရှည် အကျိုးစီးပွားများကို မည်သည့်ခေါင်းဆောင်မဆို စွဲစွဲမြဲမြဲနှလုံးသွင်းလျက် ခေါင်းဆောင်တို့အကြား အယူအဆရေးရာ ရပ်တည်ချက်များ မည်သို့ပင် | ကွဲပြားနေပါစေ စည်းလုံးညီညွတ်သည့် သဘော ထားရှိကြရန် မဖြစ်မနေလိုအပ်ပါကြောင်း သတိ ပေး တင်ပြလိုရင်းဖြစ်ပေ၏။ ။ ပိုက်တင်