Skip to main content

မျိုးစေ့မှန်၍ ပင်သန်ကြစေချင်

တစ်နေ့က ရုံးပိတ်ရက်တွင် အိမ်အတွက် ဗာဘီရ ပစ္စည်းများ လိုအပ်နေ၍ သူငယ်ချင်းနှင့်အတူ ဈေးသွားဖြစ်ခဲ့သည်။ အိမ်ရှင်မတစ်ယောက် စေ◌ျးသွားခြင်းသည် အဆန်းမဟုတ်ပါ။ သို့သော် စေ◌ျး၌မြင်တွေ့ကြားသိခဲ့ရသည့် အကြောင်းခြင်းရာ တချို့ကြောင့် စိတ်ထဲတွင် အတော်မကောင်းဖြစ်ခဲ့ ရခြင်းကသာ အဆန်းဖြစ်သည်။

ကုန်စိမ်းရောင်းသူတစ်ဦးရှေ့ အရောက်တွင် လိုအပ်သည့် ဟင်းသီးဟင်းရွက်များကို ရွေးချယ် ဝယ်ယူပြီးနောက် ပိုက်ဆံရှင်းစဉ် ကုန်စိမ်းရောင်သူ အမျိုးသမီးက ဟင်းရွက်များကို ဖက်ဖြင့်ထုပ်ပြီး ကျွန်မကို လှမ်းပေးကာ “ဟေ့ အရင်တုန်းက ကွန်ပျူတာကိုင်တဲ့လက် အခုတော့ လျှော်နဲ့ဖက်ကို ကိုင်နေရတယ်။ ဘဝကလည်းနော် ဆိုးပါ"ဟု အနီးရှိ သူ့အပေါင်းအသင်းတစ်ဦးကို လှမ်း​ပြောလိုက်သည့် အသံကြောင့်ဖြစ်သည်။ ကျွန်မလည်း သူ့မျက်နှာကို နားမလည်စွာ တစ်ချက်ပြန်ကြည့်မိတော့ အနားက ကျွန်မသူငယ်ချင်းက အသောလက်တို့ကာ “CDM လုပ်ထားတာတဲ့လေဟု တိုးတိုးကပ်ပြောမှ နားလည်သွားသည်။ သူ့အပေါင်းအသင်းကလည်း “ ဒါဘဝမဟုတ်ပါဘူးအေ ဆိုသည့် အားပေးစကားလိုလို၊ အားတင်းစကားလိုလို မသေချာမရေရာသည့် စကားသံသဲ့သဲ့ကိုသာ ပြောနိုင်သည်။

လမ်းမှားလိုက်မိသူတို့၏ ဘဝ

အိမ်ပြန်လမ်းတစ်လျှောက်၌ ကျွန်မစိတ်ထဲ တွင်ကျွန်မတို့က CD လုပ်ထားသည့်ဝန်ထမ်း အချို့နှင့် ယခုကဲ့သို့ စေ◌ျးရောင်းနေရသည့် တခြားဝန်ထမ်းတို့၏ ဘဝအချို့အတွက် အတွေးမျှင်တို့က တိုးလိုးတွဲလောင်း ပါလာခဲ့သည်။ သွေးထိုးလှုံ့ဆော်သူတချို့၏ ယုံတမ်းကစားမှုများကြောင့် အစွဲတစ်ခုအတွက် ယုံစားကာ လမ်းမှားလိုက်မိသူတို့၏ ဘဝရပ်တည်ရေးအာမခံချက်က လုပ်လီလုပ်လဲ့ နိုင်လှသည်ကိုတွေးကာ ရင်မောမိသည်။

အဏာသီဆန်ရေးဟုဆိုကာ CDM လုပ်သူက လုပ်၊ အုပ်ချုပ်ရေးယန္တရားပျက်အောင် ဆူပူအကြမ်းဖက်လုပ်ရပ်များ လုပ်သူကလုပ်၊ ကိုယ်ထင်ထား သလိုဖြစ်မလာတော့ မည်မည်းမြင်ရာ လျှောက်ရမ်းပြီး အဖျက်လုပ်ရပ်များ လုပ်သူကလုပ်ဖြင့် ငါ့လှေငါထိုး ပဲခူးရောက်ရောက်၊ ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက် အကြမ်းဖက်အဖျက်လုပ်ရပ်များကို စဉ်းစားဉာဏ်မဲ့ မဆင်မခြင်လုပ်လာကြသည်။ သူတို့တောင်းဆိုသည်ကတော့ ဒီမိုကရေစီ ပြည်သူ့အစိုးရ၊ ကြွေးကြော်သံများကတော့ တိုင်းပြည် ကောင်းစားဖို့၊ သားစဉ်မြေးဆက်ပညာရေးစနစ် ကောင်းဖို့၊ လုပ်ရပ်များကတော့ ရုံးမတက်ရေး၊ ကျောင်းမတက်ရေး၊ ကျောင်းမဖွင့်ရေး ကျောင်းမထားရေး၊ ပြည်သူအချင်းချင်း ဒုက္ခရောက်ရေး၊ လူမှုရေးအရ တိုက်ခိုက်ရေး၊ ဘဏ်တွေမဖွင့်ရေး၊ လမ်းတွေဖျက်ဆီးရေး၊ စက်ရုံ၊ အလုပ်ရုံတွေ ဖျက်ဆီးရေး၊ စက်ရုံ၊ အလုပ်ရုံတွေ ဖျက်ဆီးရေး၊ မီတာခမဆောင်ရေး၊  ဘာရေးညာရေးဖြင့် အလုံးစုံပျက်သုဉ်းရေး။ တိုင်းပြည်ကိုချစ်လျှင် ဟိုလိုလုပ်ပါ။ ဒီလိုလုပ်ပါဟု အသံကောင်းဟစ်နေသော်လည်း သူတို့၏အစွန်းရောက်လုပ်ရပ်များကြောင့်  အပြစ်မဲ့ပြည်သူများတွင်သာ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး အဘက်ဘက်က ဆုံးရှုံးမှုများဖြစ်ပြီး နောက်ဆက်တွဲဆိုးကျိုးများကို ခါးစည်း ခံစားကြရသည်။

နောက်ဆုံးဇာတ်သိမ်းခန်းရောက်တော့ မိသားစု စားဝတ်နေရေးအတွက် ကိုယ်သင်ထား၊ တတ်ထား၊ ကျွမ်းကျင်လိမ္မာစွာ လုပ်ကိုင်ဆောင်ရွက်တတ်သည့် အသက်မွေးမှုပညာရပ်များကိုစွန့်ပြီး ကုန်စိမ်းရောင်း သည့်အမျိုးသမီးကဲ့သို့ ဘဝရပ်တည်ရေးအတွက် ရရာနည်းလမ်းဖြင့် ဖြေရှင်းသူကဖြေရှင်း၊ မိဘအိမ်ပြန်ပြီး မိရိုးဖလာအလုပ်ကို ပြန်လုပ်ရသူကလုပ်၊ တရားဥပဒေအရ အရေးယူခံရသူကခံရ၊ အပြစ်ကင်း သည့်လူငယ်လူရွယ်လေးများ ကြွေလွင့်တော့ “လေးစားပါတယ်၊ ဂုဏ်ယူပါတယ်၊ သူရဲကောင်းပါ ဆိုသည့် ဆေးအတုစကားလုံးလေးဖြင့် မိသားစုဝင်များကို နှစ်သိမ့်လိုနှစ်သိမ့်ဖြင့် အခြေအနေ အမျိုးမျိုးကို ကြုံသလိုဖြေရှင်းလျက် အမှောင်လမ်းတွင် စမ်းတဝါးဝါး လျှောက်ကောင်းဆဲပင်။

ကိုယ့်ထီးကိုယ့်နန်းဖြင့် စိုးစံခဲ့

ကျွန်မတို့နိုင်ငံ၊ ကျွန်မတို့လူမျိုး၊ ကျွန်မတို့သမိုင်း ကိုကြည့်လျှင် အေဒီ ၁ ရာစုမှစ၍ ဗိဿနိုး၊ ဟန်လင်း၊ တကောင်း၊ သရေခေတ္တရာဒေသများတွင် ပဒေသရာဇ် နိုင်ငံငယ်များကို ထူထောင်ကာ ကိုယ့်ထီးကိုယ့်နန်း ဖြင့် စိုးစံခဲ့ကြသည်။

ထို့နောက် ပထမမြန်မာနိုင်ငံတော်ကြီးဖြစ်သည့် ပုဂံခေတ် (၁၀၄၄-၁၂၉၇ ခုနှစ်) ကို အနော်ရထာမင်း (၁၀၄၄-၁၀၇၇)က တည်ထောင်ခဲ့သည်။ ပထမဆုံး ဗုဒ္ဓဘာသာကိုးကွယ်ယုံကြည်မှုအနေဖြင့် သထုံမှ ရှင်အရဟံကိုပင့်၍ ဗုဒ္ဓသာသနာ စည်ပင်ပြန့်ပွား ထွန်းကားစေရန် ဆောင်ကြဉ်းနိုင်ခဲ့သည်။ ကျန်စစ်သား၊ ငထွေရူး၊ ငလုံးလက်ဖယ်၊ ညောင်ဦးဖီးဆိုသည့် သူရဲကောင်းများနှင့်အတူ တိုင်းပြည်၏အမျိုး၊ ဘာသာ၊ သာသနာအတွက် လက်ရုံးရည်၊ နှလုံးရည် ပြည့်ဝသည့် သူရဲကောင်းများစွာပေါ်ထွန်းခဲ့သလို တိုင်းပြည်၏ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုဓလေ့ထုံးစံတို့ ဖွံ့ဖြိုးတိုးတက်သာယာ ဝပြောစေရန် အားထုတ်ကြိုးပမ်းနိုင်ခဲ့သည်။ အမျိုး၊ ဘာသာ၊ သာသနာနှင့် နိုင်ငံကို အသက်နှင့်ထပ်တူ ချစ်မြတ်နိုး၍ ကာကွယ်စောင့်ရှောက်ခဲ့သောကြောင့်လည်း လက်ရုံးရည်၊ နှလုံးရည်နှင့် ပြည့်ဝသည့် သူရဲကောင်းများအဖြစ် သမိုင်းတွင်ခဲ့ခြင်းဖြစ်သည်။

ဒုတိယမြန်မာနိုင်ငံတော်

ထို့အပြင် ဒုတိယမြန်မာနိုင်ငံတော်ကြီးဖြစ်သည့် တောင်ငူခေတ် (၁၅၅၂-၁၅၉၅ခုနှစ်)ကို ဘုရင့်နောင် မင်းတရားကြီး(၁၅၅၁-၁၅၈၁)က လက်ရုံးရည်၊ နှလုံးရည်တို့နှင့် ပြည့်စုံသည့်သူရဲကောင်းများ စွာနှင့်အတူ သမိုင်းတင် ထူထောင်နိုင်ခဲ့သလို တတိယမြန်မာနိုင်ငံတော်ကြီးဖြစ်သည့် ကုန်းဘောင်ခေတ် (၁၇၅၂| ၁၈၈၅ခုနှစ်) ကို အလောင်းမင်းတရားကြီး (၁၇၅၂၁၇၆၀)ကလည်း သူရဲကောင်းမြောက်မြားစွာနှင့်အတူ ရဟန်းပညာရှိ လူပညာရှိများစွာတို့ဖြင့် ထူထောင် နိုင်ခဲ့သည်။ ဘာသာ၊ သာသနာ၊ စာပေယဉ်ကျေးမှု အမွေအနှစ်မြောက်မြားစွာတို့ ထွန်းပခဲ့သည့် သမိုင်း ကောင်းအမွေအနှစ်ကိုလည်း ပိုင်ဆိုင်နိုင်ခဲ့သည်။

ယင်းနောက်နယ်ချဲ့ ဗြိတိသျှတို့က ၁၈၂၄-၁၈၂၆ ခုနှစ်တွင် တစ်ကြိမ်၊ ၁၈၅၂ ခုနှစ်တွင် တစ်ကြိမ်၊ ၁၈၈၅ ခုနှစ်တွင် တစ်ကြိမ် ကျူးကျော်စစ် သုံးကြိမ် ဆင်နွှဲ၍ မြန်မာနိုင်ငံကို ကျွန်ပြုသိမ်းပိုက်ခဲ့ရာ သူ့ကျွန်ဘဝသို့ ကျရောက်ရသည်။ သို့သော် သူ့ကျွန်မခံလိုသည့် ကျွန်မတို့မြန်မာသည် နယ်ချဲ့တို့ကို နည်းမျိုးစုံဖြင့် တွန်းလှန်တိုက်ထုတ်ခဲ့ကြရာ နိုင်ငံနှင့်လူမျိုးကိုချစ်သည့် မျိုးချစ်သူရကောင်းစွာ ထွန်းခဲ့ပြန်ပါသည်။ ထို့နောက် ကျွန်မတို့နိုင်ငံ၏ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်းဦးဆောင်သည့် ရဲဘော်သုံးကျိပ်တို့သည် ဆင်းရဲဒုက္ခမျိုးစုံ ကျော်ဖြတ်၍ မြန်မာနိုင်ငံ လွတ်လပ်ရေးရရန် ကြိုးစားအားထုတ်သည်။ ကိုယ့်နိုင်ငံ ကိုယ်ထီးကိုယ်နန်း ကိုယ့်ကြငှန်းဖြင့် ပြန်လည်နေနိုင်ရေးအတွက် စစ်မှန်သည့် မျိုးချစ်စိတ်ဓာတ်အရင်းခံဖြင့် ကြိုးစားခဲ့၍သာ ကျွန်မတို့ ယနေ့အချိန်တွင် လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင် အေးအေးချမ်းချမ်း ရှင်သန်နေထိုင်ရပ်သည် နိုင်ခြင်းဖြစ်သည်။

စိုးစဉ်းမျှမပါခဲ့၊ မရှိခဲ့

ယနေ့ကြုံတွေ့နေရသကဲ့သို့ မိမိကိုယ်ကျိုး၊ မိခိအတ္ထ၊ တစ်စုံတစ်ဦးအတွက်ဆိုသည့် အစွန်း ရောက်အတွေးအခေါ်အပအဆလုပ်ခေတ်က် မတွေ့ရ။ ကိုယ့်နိုင်ငံ ပျက်အောင်၊ အကျိုး ယုတ်ထင်၊ နလန်မထူအောင်၊ ခေတ်နောက်ကျအောင်၊ ဆုံးရှုံးအောင်၊ ထိခိုက်အောင်၊ ပြိုကွဲအောင်၊ နစ်နာအောင်ဆိုသည့် ရည်ရွယ်ချက်၊ ခံစားချက်၊ အတွေးအကြံ၊ လုပ်ဆောင်ချက်များ စိုးစဉ်းမျှမပါခဲ့၊ မရှိခဲ့ပေ။

ယခုတော့ ကျောင်းများပျက်စီးအောင်၊ နိုင်ငံပိုင်အဆောက်အအုံများ ပျက်စီးအောင်၊ အမျိုးဘာသာ သာသနာကို ယုတ်လျော့အောင်၊ ပညာမတတ်အောင်၊ ပညာတတ်များ မရှိအောင်၊ ဆုံးရှုံးအောင် အဘက်ဘက်က တွေးတောကြံစည် လုပ်ဆောင်နေသူများ၊ လုပ်ဆောင်ရန် တိုက်တွန်းသူများ ထောက်ပံ့သူများကို ခေါင်းဆောင်တင်ကာ ကိုယ်ပိုင်စဉ်းစားဉာဏ်မရှိ ကြိုးဆွဲရာက၍ မင်းသားမှန်းမသိ၊ ဘီလူးမန်မသိသူများကို သူရဲကောင်းဘွဲ့ပေးနေသည်မှာ ကြာရနားဝ မချမ်း သာသလို မြင်ရသည်မှာလည်း ရင်နာလှပါသည်။

ထို့ကြောင့် ခေတ်အဆက်ဆက် သမိုင်းတွင် ထွန်းပြောင်ခဲ့သည့် စစ်မှန်သည့်မျိုးချစ်စိတ်ဓာတ်များ၊ သူရဲကောင်းများ၊ သမိုင်းဖြစ်စဉ်များဖြင့် စည်ပင်သာယာခဲ့သည့် ရေခံမြေခံကောင်းများ ရှိခဲ့သည့် ကျွန်မတို့မြေတွင် ယနေ့ခေတ်အခေါ် ဂျန်-ဇီတို့ ခေတ်ရောက်ခါမှ တလွဲဆံပင်ကောင်း၊ မရောင်ရာဆီလူးလုပ်ကြမည်ဆိုလျှင် မျိုးစေ့မမှန် ပင်သန်လိမ့်မည်မဟုတ်ပေ။ ကိုယ့်နိုင်ငံကို တကယ်ချစ်၍ အမှန်တကယ်ဖွံ့ဖြိုးတိုးတက်စေချင်သည့် စိတ်ရင်းသာမှန်ခဲ့ပါလျှင် စစ်မှန်ကောင်းမွန်သည့်၊ အပြုသဘောဆောင်သည့် အကြံအတွေး လုပ်ရပ်များဖြင့် မျိုးချစ်စိတ်ဓာတ်မျိုးစေ့မှန်ကို စိုက်၍ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီ သစ်ပင်ကြီး သန်မာဖွံ့ထွားရှင်သန်အောင် ဖော်ဆောင်ကြပါရန် တိုက်တွန်းရေးသားလိုက်ရပါသည်။ ။

မေချိုးဖြူ