Skip to main content

ဘယ်သူဖျက်ဖျက် တို့မပျက် ပြုံးပန်းဝေစည် ကျောင်းတက်ကြပြီ

မောင်နိုင်

မြန်မာနိုင်ငံရဲ့ အခြေခံပညာကျောင်းများ စတင် ဖွင့်လှစ်တဲ့ ဇွန်လ ၁ရက်နေ့မှာ အေးချမ်းပျော်ရွှင်စွာ ကျောင်းတက်ကြတဲ့ သတင်းတွေကို အွန်လိုင်း စာမျက်နှာတိုင်းလိုလိုမှာ မြင်တွေ့ ဖတ်ရှုရတာ လွန်စွာ မင်္ဂလာရှိလှပါဘိ။

ဖတ်ရှုမိတာတွေအထဲက ကောက်နုတ်ဖော်ပြရရင် တိုက်ကြီးမြို့မှ မူလတန်းပြဆရာတစ်ဦးက “ခုအချိန်မှာ ကိုယ့်ကိုယ်ကိုယ် ရှေ့တန်းရောက်နေ တဲ့ စစ်သည်တော်လို ခံစားရတယ်။ အဖွင့်ဂိုးကို တော့ လှလှပပသွင်းခဲ့ပါပြီ။ ရှေ့လျှောက် တာဝန် ကျေပွန်တဲ့၊ ဆရာ ပီသတဲ့၊ ကလေးတွေအတွက် စိတ်ဓာတ်စံပြဖြစ်စေမယ့် ဆရာတစ်ယောက် ဖြစ်အောင်ကြိုးစားမယ်လို့ နှလုံးသွင်းရင်းကျောင်း ဖွင့်ရက်အစကို ဂုဏ်ပြုလိုက်ပါရစေခင်ဗျာ” ဟု ရေးသားထားမှုကို ဖတ်ရှုလိုက်ရတဲ့ မိဘတိုင်း အတွက် ယုံကြည်အားကိုးမှုကို ဖြစ်စေတဲ့အပြင် ဆရာတစ်ဦးရဲ့ တက်ကြွတဲ့ စိတ်နေစိတ်ထားက လေးစားဂုဏ်ယူစရာပင် ဖြစ်ပါတယ်။ “ဇွန်လ ၁ ရက်နေ့ ကြောက်ကြောက်နဲ့ပဲ ကျောင်းသွားပို့ခဲ့တယ်။ ကိုယ့်လိုပဲ သားသမီး ပညာရေးအတွက် အရဲစွန့်ပြီး ကျောင်းလာပို့တဲ့ မိဘတွေကို တွေ့ရတော့လည်း အားရှိခဲ့ရပြန်တယ်။ အခြေအနေကြည့်ပြီး ကျောင်းအပ်ကြမယ်ဆိုတဲ့ မိဘတွေရှိတာ သိခဲ့ရပြန်တော့လည်း ဝမ်းသာမိရပြန်တယ်။ ကလေးတွေကို စိတ်ချလက်ချထားခဲ့ပါ။ ကျွန်မတို့ တာဝန်ယူပါတယ်ဆိုတဲ့ ဆရာမတွေနဲ့ တွေ့ခဲ့ရပြန်တော့လည်း စိတ်အေးရပြန်တယ်"ဟု ရေးသားထားသည့် အင်းစိန်မြို့နယ်မှ မိခင်တစ်ဦးရဲ့ သားသမီးကို ကျောင်းပို့ခဲ့ရသည့် စိတ်ခံစားချက်က လည်း ကျောင်းပို့ဖို့ မဝံ့မရဲဖြစ်နေတဲ့ အခြားမိဘ တွေအတွက် အားဖြစ်စေမှာ အမှန်ပါပဲ။

ရဲဝံ့စွာလိပ်ပြာလုံစွာ ကျောင်းတက်ပါမည် ။ “လုပ်သက် ၁၃ နှစ် ရှိခဲ့ပြီ။ ညကတည်းက အိပ်တစ်ဝက် နိုးတစ်ဝက်နဲ့ သတင်းတွေဖတ်ပြီး ရင်တထိတ်ထိတ်နဲ့ ကြောက်နေခဲ့မိတာ။ ကျောင်း ရောက်တော့ ကျောင်းလာတဲ့ ကလေးလေးတွေနဲ့ အတူ ကိုယ်ပါ စိတ်ပေါ့ပါးအေးချမ်းသွားတယ်။ မြန်မာ တစ်နိုင်ငံလုံးမှာ ရှိတဲ့ ဆရာ ဆရာမများ၊ ဖြူစင်တဲ့ကလေးများနဲ့တကွ ကျရာတာဝန်ထမ်းဆောင်နေ ကြသူများအားလုံး ဘေးအန္တရာယ် ကင်းရှင်းပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြ ပါစေ” ဟု ဆရာမလေးရဲ့ ရေးသားထားမှုက စိုးရွံ့စိတ်တွေကို တပည့်ကျောင်းသားတွေနဲ့ အတူ ဖျောက်ဖျက်နိုင်ခဲ့တာကို ပေါ်လွင်စေပါတယ်။

“အပြုံးမပျက်ကျောင်းတက်ခဲ့ပြီနော်။ နောက် နေ့တွေလည်း Uniformနဲ့ပဲ အိမ်ကနေ သွားမယ်။ ကျောင်းမတက်ရလို့ငိုနေတဲ့ကလေးတွေရဲ့ မျက်နှာ၊ ကျောင်းတက်ရလို့ ပျော်ရွှင်နေတဲ့ ကလေးတွေရဲ့ မျက်နှာ ဒါတွေကိုမြင်နေရလို့ ဒီဆရာမ ဘာကိုမှ မကြောက်၊ ရဲဝံ့စွာ လိပ်ပြာလုံစွာ ကျောင်းတက်ပါ မည်”ဟု မကွေးမှ ဆရာမလေးကလည်း ကလေးတွေကို စာသင်ကြားဖို့ မိမိကိုယ်ကိုယ်အားပေး ရေးသားထားမှုကလည်း ချီးကျူးစရာပါပဲ။

“မနက် ၇ နာရီအရောက် ကျောင်းသွားဖို့ ပြင်ဆင်ရင်း လမ်းမှာများ ဘာဖြစ်မလဲ။ ကျောင်းမှာများ ဘာဖြစ်မလဲ။ ဘယ်လိုသတင်းတွေများ ကြားရဦးမလဲ။ အပေါင်းများစွာနဲ့ ဒီနေ့လိုခံစားချက် မျိုးတစ်ခါမှ မကြုံဖူးဘူး။ ကျောင်းရောက်တော့ အဖြူအစိမ်းဝတ်ထားတဲ့ ကလေးတွေ၊ သားသမီးကို စာတတ်စေချင်လို့ ကိုယ်တိုင်ကျောင်းပို့တဲ့ မိဘတွေမြင်ရတော့ ဘာပဲပြောပြော အားတက်သွားပါ တယ်”လို့ ဧရာဝတီတိုင်းဒေသကြီးမှ ဆရာမတစ်ဦး ရဲ့ ရေးသားထားမှုဟာ မိဘ၊ ဆရာ၊ ကျောင်းသား သုံးဦးသုံးဖလှယ် ပူးပေါင်းဆောင်ရွက်မှ အောင်မြင် နိုင်တဲ့ ပညာရေးစနစ်ကို ထင်ဟပ်စေပါတယ်။

“ကိုယ်တွေကျောင်းကတော့ လခွဲကျောင်းမလို့ မနှစ်ကတော့ လူသုံးရာကျင်ပေမယ့် ဒီနှစ်တစ်ရာကျပ် တော့ရှိလေရဲ့။ ဆရာမဦးရေ မလောက်တာလေးက လွဲရင် ကျန်တာအားလုံး အဆင်ပြေတယ် ပြောရ မယ်။ ဒီဒေသမှာရှိတဲ့ ကိုးကန့်နဲ့ ရှမ်းအများစုက နိုင်ငံရေးထက် စီးပွားရေးကို ပိုစိတ်ဝင်စားတာကိုပဲ ကျေးဇူးတင်ရမယ်။ ဘယ်လိုပြောပြော နည်းနည်းတော့ စိတ်ချမ်းသာမိပါရဲ့” ဟု ကွမ်းလုံမြို့က ဆရာမ လေးရဲ့ ရေးသားထားမှုဟာ အားလုံးတော့ အဆင်ပြေ ပေမယ့် ဆရာအင်အားလိုအပ်မှုကို နှိုင်းဆသိရှိနိုင် ပါတယ်။

တစ်ပြိုင်နက် နိုင်ငံတော်သီချင်း သီဆို ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်မှာ နေထိုင်တဲ့ ဒေသခံတစ်ဦးကတော့ “အထကခွဲ၊ တောင်ခင်ကျေးရွာမှာ ယနေ့ ကျောင်းစဖွင့်ပါပြီ။ ကျောင်းအုပ် ဆရာကြီးရယ်၊ ဆရာ ဆရာမတွေရယ်၊ ကျောင်းသား ကျောင်းသူတွေအားလုံး မနက် ၉ နာရီမှာ ကျောင်းတက်ခေါင်းလောင်းထိုးတာနဲ့ တစ်ပြိုင်နက် နိုင်ငံတော်သီချင်း သီဆိုနေတဲ့ မြင်ကွင်းဟာ မြင်တွေ့ကြားသိရသူအားလုံးကို ဝမ်းသာပီတိ ဖြစ်စေတာ အမှန်ပါပဲ။ ကျွန်တော့်မှာ သားသမီးမရှိ ပေမယ့် ဒီနေ့ အဆင်ပြေပြေ ကျောင်းစတင်တက်ကြ တဲ့အတွက်ကြောင့် ကလေးတွေရဲ့ မိဘတွေနဲ့ထပ်တူ ပျော်ရွှင်ရပါတယ်” ဟု ကျောင်းစဖွင့်တဲ့ရက် အတွက် ခံစားချက်ကို ကြည်နူးစွာရေးသားထားပါတယ်။ “ဒီနေ့ ကျောင်းစတက်ပါပြီ။ သူငယ်ချင်းတွေနဲ့ တွေ့ရလို့ သားသား ပျော်နေပါတယ်။ ကျောင်းမှာ လုံခြုံရေးအပြည့်ရှိလို့ အေးအေးဆေးဆေးပါပဲ။ နောက်ရက်တွေလည်း အပြုံးမပျက် ကျောင်းဆက် တက်ပါမယ်” ဟု Grade (6) ကျောင်းသားလေးက သူ့မိခင်ဖြစ်သူရဲ့ အွန်လိုင်းစာမျက်နှာမှတစ်ဆင့် ရေးသားထားမှုကို ဖတ်ရှုလိုက်ရတာကလည်း ချစ်စဖွယ်ပါပဲ။

သဘာဝအားဖြင့် လူသားတွေဟာ အမှား လုပ်တတ်ကြသူတွေချည်းပါပဲ။ လူသားတွေ အမှား ပြုလုပ်ခြင်းကနေ ရှောင်ကြဉ်နိုင်ဖို့နဲ့ အမှားပြုလုပ် ခြင်းမှကင်းဝေးစေဖို့အတွက် ထိန်းကျောင်းသွန်သင် ရာနေရာကတော့ စာသင်ကျောင်းပဲ ဖြစ်ပါတယ်။

ကျောင်းဆိုတဲ့နေရာဟာလူ့တန်ဖိုးတွေပေါ်ထွက်လာအောင် လေ့ကျင့်ပေးသည်သာမကဘဲ “လူပီသဖို့' ပညာ ရှာမှီးရာနေရာလည်း ဖြစ်ပါတယ်။ လူငယ် လူရွယ်တွေကို လိမ္မာယဉ်ကျေးအောင်၊ စာရိတ္တ ကောင်းမွန်အောင်၊ နိုင်ငံသားကောင်းစိတ်ဓာတ် ကြွယ်ဝအောင် လေ့ကျင့်သင်ကြားပေးတဲ့နေရာဟာ လည်း ကျောင်းပါပဲ။ “ပညာရွှေအိုး လူမခိုး' ဆိုတဲ့ အတိုင်း စာသင်ကျောင်းတွေဆိုတာက လူငယ်တွေ အတွက် ဖွံ့ဖြိုးတိုးတက်ဖို့ အကောင်းဆုံးနေရာပဲ ဖြစ်ပါတယ်။ ။ အတန်းအသီးသီးအတွက် အခမဲ့ပညာရေးစနစ် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းကို အရောက်ပို့ဆောင်ပေးရမယ့် တာဝန်ဟာ မိဘဖြစ်လာ သူတိုင်းမှာ ရှိပါတယ်။ နိုင်ငံတော်ကလည်း ကျောင်း အပ်နှံရာမှာ အတန်းအသီးသီးအတွက် အခမဲ့ပညာ ရေးစနစ်သတ်မှတ်ပေးထားပြီး သူငယ်တန်း (KG) အတွက် ကျောင်းဝတ်စုံတစ်စုံ (အခမဲ့)၊ မူလတန်း အဆင့်အတွက် ကျောင်းဝတ်စုံတစ်စုံ၊ ဗလာစာအုပ် ခြောက်အုပ်နဲ့ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်တစ်စုံ (အခမဲ့)၊ အလယ်တန်းအဆင့်အတွက် ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်တစ်စုံ (အခမဲ့) (ကျောင်းလခ၊ မိဘ ဆရာအသင်းကြေး၊ အားကစားကြေး၊ စာရေး ကိရိယာနဲ့ စာကြည့်တိုက်ကြေးကင်းလွတ်ခွင့်)၊ အထက်တန်းအဆင့်အတွက် ကျောင်းသုံးပြဋ္ဌာန်း စာအုပ်တစ်စုံ(အခမဲ့) (ကျောင်းလခ၊ မိဘဆရာ အသင်း ကြေး၊ အားကစားကြေး၊ စာရေးကိရိယာနဲ့ စာကြည့်တိုက်ကြေး ကင်းလွတ်ခွင့်) တွေကို ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါတယ်။

ဒီလိုတန်ဖိုးရှိ၊ အားထားရတဲ့ကျောင်းတွေဖြစ်ဖို့ တစ်တပ်တစ်အား မြူမှုန်တစ်စက်မျှ ပါဝင်ကူညီ ခြင်းမရှိခဲ့ဖူးတဲ့ အကြမ်းဖက်သမား လူရမ်းကား တွေဟာ လက်ရှိကာလမှာ ကျောင်းတွေကို မီးရှို့၊ ဖျက်ဆီး၊ ဗုံးခွဲ စတဲ့မိုက်မဲတဲ့လုပ်ရပ်မျိုးစုံကို ဆင်ခြင်တုံတရားမဲ့စွာ ပြုလုပ်နေကြတာကို တည်ငြိမ်အေးချမ်းမှုကို လိုလားတဲ့အများပြည်သူ က ရှုတ်ချလျက်ရှိနေပါတယ်။

ဒါ့အပြင် အကြမ်းဖက်သမား လူရမ်းကားတွေဟာ ကျောင်းရှေ့မှာ ဆဲရေးတိုင်းထွာတဲ့ စာရေးသားခြင်း၊ အမှိုက်တွေ၊ အတားအဆီးတွေချထားခြင်း၊ လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် စော်ကား ပြောဆိုအရှက်ခွဲခြိမ်းခြောက်ခြင်း စသည့်နည်းလမ်း မျိုးစုံကို ပြုလုပ်နေတဲ့အပြင် ကျောင်းပြန်တက်မယ့် ကျောင်းသားတွေကိုလည်း “ကျောင်းမတက်နဲ့ ကျောင်းထွက်” လို့ လှုံ့ဆော်မှုတွေက ပြည်သူ အများစုမကြားချင်၊ မမြင်ချင်တဲ့ အမင်္ဂလာသတင်းတွေပဲ ဖြစ်ပါတယ်။

နိုင်ငံအား ဖျက်ဆီးနေကြသူများ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ်တွေ မွေးထုတ်ပေးနေတဲ့ ကျောင်းတွေ မဖွင့် နိုင်ရေး၊ ကျောင်းမတက်နိုင်ရေး စတဲ့အဖျက် လုပ်ရပ်တွေကို လုပ်ဆောင်နေကြသူတွေဟာ နိုင်ငံကို ဖျက်ဆီးနေကြသူတွေပဲ ဖြစ်ပါတယ်။ အဖျက်သမားတွေ၊ အကြမ်းဖက်သမားတွေအနေနဲ့ နိုင်ငံမှာ ပညာတတ်ပေါများလာမှာကို မလိုလားဘဲ ပြည်သူလူထုအများဒုက္ခရောက်အောင် လုပ်ဆောင်နေခြင်းသာ ဖြစ်ပါတယ်။ ကိုယ်တိုင်က ဉာဏ်မဲ့တဲ့ လုပ်ရပ်တွေကိုလုပ်နေတဲ့အပြင် တိုင်းပြည်နဲ့လူမျိုး တိုးတက်မှုမရှိဖို့၊ လူငယ်တွေ ပညာမတတ်ဖို့၊ လူဖျင်းလူညံ့တွေ ပေါများစေဖို့ အဖျက်သမား၊ လူရမ်းကားတွေက ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်းသာ ဖြစ်ပါတယ်။

လွန်စွာမှ စက်ဆုပ်ရွံရှာဖွယ်ရှိတဲ့ စိတ်ဓာတ် များနဲ့ မကျေနပ်ချက်တွေကိုရှေ့တန်းတင်ပြီး ကလေး လူငယ်ကျောင်းသားတွေ ပညာသင်ကြားဖို့အရေး နည်းမျိုးစုံနဲ့ နှောင့်ယှက်မှုမှန်သမျှကို မိဘ၊ ဆရာ၊ ရပ်ရွာလူထုနဲ့ သက်ဆိုင်ရာအုပ်ချုပ်ရေးတာဝန် ရှိသူအသီးသီးက ဝိုင်းဝန်းကာကွယ်စောင့်ရှောက် ပေးကြရမှာ ဖြစ်ပါတယ်။ မိဘတိုင်းကလည်း ကျောင်းနေအရွယ် သားငယ် သမီးငယ်တွေကို ဘယ်သူဖျက်ဖျက် မပျက်ဘဲ ကျောင်းသို့ပို့ပေးကြ ဖို့လိုပြီး ကျောင်းသား ကျောင်းသူ လူငယ်တွေက လည်း ဘယ်သူဖျက်ဖျက်မပျက်ဘဲ အပြုံးပန်းတွေ နဲ့ ကျောင်းတက်ကာ ပညာသင်ကြားကြရမှာ ဖြစ် ပါတယ်။ ဒါမှသာ စဉ်းစားတွေးခေါ်နိုင်စွမ်းရှိတဲ့ ပညာတတ်လူတော်လူကောင်းများနိုင်ငံမှာ ပြည့်ဝ လာမှာ ဖြစ်ပါတယ်။

လူတော်လူကောင်းများနဲ့ နိုင်ငံရဲ့ အနာဂတ်ကို အကောင်းဆုံးခြယ်မှုန်းနိုင်ဖို့ ကျောင်းမှန်မှန်တက် ခြင်းဖြင့် စာမခက်အောင်ကြိုးစားကြပါစေကြောင်း နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းသား ကျောင်းသူများအားလုံး ကျန်းမာရွှင်လန်းပြီး ဘေးဘယာဝေးကွာကာ ပညာတတ်ကြီးများ ဖြစ်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း ရေးသားလိုက်ရပါတယ်။