Skip to main content

ဝန်ထမ်းက ဝန်ထမ်းပါပဲ။ နိုင်ငံရေးသမားဖြစ်ချင်လို့မရပါဘူး။ ဝန်ထမ်းနဲ့ နိုင်ငံရေး ရောထွေးနေလို့မရပါဘူး။

တရားရေးဝန်ထမ်းတစ်ဦး ယခုအခါ CDM လုပ်သောဝန်ထမ်းများအား သက်ဆိုင်ရာဌာနများက အပြစ်ပေးအရေးယူမှုများ စတင်ပြုလုပ်နေပြီဖြစ်သကဲ့သို့ နောက်ထပ်လည်း ဝန်ထမ်းများ လမ်းမှားမရောက်ရလေအောင် အသိပေးကြေညာချက် များ ထုတ်ပြန်လျက်ရှိပါသည်။ ဝန်ထမ်းများ မိမိတို့လုပ်ငန်းခွင်တွင် စိတ်အေးချမ်းသာစွာ အလုပ်လုပ်ကိုင်ကြရန်အထူးအရေးကြီးပါသည်။ ဝန်ထမ်းများ အလုပ်မဆင်းကြခြင်းဖြင့် အုပ်ချုပ်မှုယန္တရားပျက်ပြားသွားနိုင်သည်ဆိုသော ယူဆချက်မှာ လုံးဝမှားယွင်းသောယူဆချက်ပင်ဖြစ်သည်။ နိုင်ငံရေးအကြောင်းပြချက်ဖြင့် ဝန်ထမ်းများနှင့်မိသားစုဘဝများအားချနင်းနေခြင်းသည် လူသားဆန်သောလုပ်ရပ်မဟုတ်ပေ။ သို့အတွက် ဝန်ထမ်းများအနေဖြင့် မိမိတို့ဘဝ နစ်နာဆုံးရှုံးမှုများ မဖြစ်စေရန် အထူးသတိပြုဆင်ခြင်အပ်ပေသည်။ ထို့ကြောင့် CDM တွင် ပါဝင်ဆောင်ရွက်ခြင်းမရှိသော ဝန်ထမ်းအချို့၏ သဘောတရားအယူအဆများကို ဤသို့ကြားသိရ၏။ အလယ်တန်းပြဆရာမတစ်ဦး ကျွန်မက ဒေါပုံမြို့နယ်မှာတာဝန်ထမ်းဆောင် နေတဲ့ဆရာမတစ်ဦးပါ။ နာမည်က ဒေါ်စမ်းစမ်းဝင်း (အမည်လွှဲ)ဖြစ်ပါတယ်။ ကျောင်းတွေပိတ်ထားပေမယ့် ကျောင်းရဲ့ လုံခြုံရေးတာဝန်နဲ့ အခြားတာဝန် တွေရှိတော့ ပုံမှန်ကျောင်းသွားရတာတော့ ရှိတာပေါ့။ ကျောင်းမှာ CDM လုပ်တဲ့သူတွေလည်း ရှိပါတယ်။ ကိုယ်တွေကတော့ အစကတည်းကလည်း မပါဘူး။ ခုလည်းမပါ။ နောင်လည်းမပါပါဘူး။ ကိုယ့်တာဝန် ကျေအောင်တော့ ကျောင်းရဲ့ တာဝန်တွေကိုလုပ်ကိုင် ပေးနေပါတယ်။ ပြီးတော့ ကျွန်မက ဒေါပုံကဆရာမဆိုပေမယ့် နေတာက သာကေတထဲမှာပါ။ ကျွန်မတို့လမ်းထဲမှာ ဆိုလည်း ဝန်ထမ်းကသိပ်ရှိတာမဟုတ်ဘူး။ ကျွန်မ အပါအဝင် နှစ်ယောက်ပဲရှိတာ။ ဒါကိုပဲ လမ်းထဲကလူတွေက CDM မလုပ်ရကောင်းလားဆိုပြီး ကွက်ကြည့်၊ ကွက်ကြည့်လုပ်နေတာကတစ်မျိုး၊ အနားနားရောက် မှ ရုံးမတက်နဲ့ ရုန်းထွက်လို့အော်တာက တစ်မျိုး တော်တော်စိတ်ပျက်စရာကောင်းပါတယ်။ ကိုယ်တွေ ကလည်း ပင်စင်နီးပြီလေ။ CDM လုပ်လို့ ပင်စင်လေးတောင်မရဘူးဆိုရင် ဘယ့်နှယ်လုပ်မလဲ။ ကိုယ်တွေက တစ်သက်လုံး လုပ်လာခဲ့တာ။ ခုတောင် CDM လုပ်လို့ အလုပ်ကယာယီရပ်နားခံရတဲ့သူနဲ့ အပြီး အလုပ်ဖြုတ်ခံရတဲ့သူတွေကို ကြားနေရတာ။ ဒီလိုဖြစ်နေမှန်းသိလျက်နဲ့ စည်းရုံးတဲ့သူတွေက တော့ရှိသေးတာပဲ။ရုံးတက်သေးလား၊ မသွားနဲ့တော့၊ လခရအောင်လုပ်ပေးမယ်။ နေစရာမရှိရင်နေစရာရှာ ပေးမယ်စတဲ့စည်းရုံးပြောဆိုသံတွေကိုလည်း ကြားနေ ရတာပဲ။ သူတို့ပြောတိုင်း၊ စည်းရုံးတိုင်းသာ နားယောင် မိလို့ကတော့ ဒုက္ခလှလှတွေ့ပြီ။ ခုတောင်ကြား နေရတာ၊ CDM လုပ်တဲ့သူတွေ ဝန်ထမ်းအိမ်ရာတွေ ကဖယ်ခိုင်းနေပြီတဲ့။ နေစရာကမရှိ၊ လခကနတ္ထိ ဆိုရင် ဒုက္ခရောက်ဖို့ပဲရှိတော့တယ်။ ခုလိုလေး CDM မလုပ်ဘဲ ပိုနေမြဲ ကျားနေမြဲအတိုင်းလေးနေတာကမှ အချိန်တန်ရင် ကိုယ့်လခလေး ကိုယ့်ဘာသာထုတ်ဆို တော့၊ ဘယ်သူ့မျက်နှာမှကြည့်နေစရာမလိုဘူးလေ။ တော်ကြာ CDM သွားလုပ်မိမှဖြင့် ဟိုလူက လခပေး နိုးနိုး၊ ဒီလူဆီက ရလိမ့်နိုးနိုးဆိုရင်တော့ ဒုက္ခမှ ဒုက္ခအကြီးကြီးနော်။ ဒါကြောင့်မို့ပြောနေတာပါ။ CDM မလုပ်ကြပါနဲ့၊ နားမယောင်ကြပါနဲ့လို့ပြောနေတာပါ။ ဖြစ်တော့ ကိုယ်ပဲခံရမှာမဟုတ်ဘူးလား။ မသိလို့ လုပ်မိတဲ့သူ တွေကိုလည်း အပြစ်ဆိုနေတာ မဟုတ်ပါဘူး။ ဘယ်သူမှ အမှားနဲ့မကင်းနိုင်ပါဘူး။ မှားတတ်တာပဲ။ အဓိက က ကိုယ်မှားပြီးသွားရင် အမှန်ပြင်ဖို့ပဲလေ။ တက္ကသိုလ်ဆရာမတစ်ဦး ကျွန်မက နည်းပညာတက္ကသိုလ်ကဆရာမ တစ်ဦးဖြစ်ပါတယ်။ နာမည်က ဒေါ်သိဂီကျော်ဝင်း | (အမည်လွှဲ)ဖြစ်ပါတယ်။ ကျွန်မတို့ကျောင်းမှာ CDM | လုပ်တဲ့သူတွေရှိပါတယ်။ ကျောင်းကိုတောင် CDM ကျောင်းလို့လုပ်ထားပါတယ်။ အမှန်မှာတော့ ဆရာ ဆရာမတိုင်းက CDM လုပ်ကြတာမဟုတ်ပါဘူး။ ကျွန်မဆိုရင် အစကတည်းက CDM ထဲမှာ မပါဝင်တာ အခုထိလည်းပဲ CDM လုပ်ဖို့ဆွဲဆောင်နေတာတွေ ကရှိနေတုန်းဖြစ်ပါတယ်။ CDM မလုပ်ဖြစ်အောင် တော့အထူးသတိထားနေကြရပါတယ်။ ။ ခုလည်း CDM မလုပ်တဲ့အကြောင်း ကျောင်းရုံးက ဝန်ခံချက်တောင်းတာတွေ၊ လက်မှတ်ထိုးရတာတွေ ရှိတယ်လို့ကြားတာပဲ။ ကျွန်မကတော့ အစကတည်းက ဘာမှာလုပ်မထားတော့ ကိုယ့်လိပ်ပြာကိုယ်သန့် တယ်။ ဝန်ခံကတိတောင်းရင်လည်း ပေးဖို့အဆင်သင့် ပဲ။ CDM က ခုလည်းလုပ်မှာမဟုတ်သလို နောင်လည်း လုပ်မှာမဟုတ်ဘူး။ ကိုယ့်စိတ်ကိုယ်နိုင်တယ်။ ဒါကြောင့်မို့ ကိုယ့်ကိုယ်ကိုယ်တာဝန်ယူရဲတယ်။ တာဝန်ခံရဲတယ်။ တကယ်တော့ CDM ဆိုတာက ဝန်ထမ်းနဲ့မသက် ဆိုင်ပါဘူး။ ဒီအလုပ်က နိုင်ငံရေးအလုပ်ပဲလေ။ ကျွန်မတို့က နိုင်ငံရေးလုပ်နေတာမှမဟုတ်တာ။ နိုင်ငံရေးလုပ်ချင်ရင်အစကတည်းက ဆရာမလုပ်မှာ မဟုတ်ဘူး။ နိုင်ငံရေးစိတ်ဝင်စားမယ်၊ နိုင်ငံရေး လုပ်မယ်ဆိုရင် အစကတည်းကပါတီထောင်မယ်။ ပါတီဝင်မယ်။ ပါတီအလုပ်တွေလုပ်မယ်ပေါ့။ အခုဟာ က ကျွန်မတို့က ဆရာမပဲလေ။ ဆရာမဆိုတာ လူငယ် လူရွယ်လေးတွေ ပညာတတ်ဖို့၊ ပညာသင်ကြားပေးဖို့ အလုပ်ပဲမဟုတ်လား။ ဒါကြောင့်မို့ CDM ကို မိမိ ကိုယ်တိုင်က မလုပ်သလို အခြားသူတွေကိုလည်း မတိုက်တွန်းပါဘူး။ တရားရေးဝန်ထမ်းတစ်ဦး ကျွန်မက တရားရေးဝန်ထမ်းတစ်ဦးပါ။ ဧရာဝတီ တိုင်းဒေသကြီးက မြို့နယ်တစ်ခုမှာရှိတဲ့ တရားရုံးမှာ ရုံးအုပ်တာဝန်ထမ်းဆောင်နေပါတယ်။ နာမည် ကတော့ ဒေါ်တင်မမအောင်(အမည်လွှဲ) ဖြစ်ပါတယ်။ ဝန်ထမ်းလုပ်သက် ၁၈ နှစ်ရှိပြီဖြစ်ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေကြောင့် ရုံးတက်ရတာကတော့ အခက်အခဲတွေတော့ရှိပါတယ်။ အထူး သဖြင့် လမ်းတွေပိတ်ထားတယ်။ အတားအဆီးတွေ ရှိတယ်။ ခါတိုင်းလို ရုံးဝတ် ရုံးစားနဲ့ရုံးတက်လို့မရ ဘူးစတဲ့အခက်အခဲတွေပါ။ ဒီကြားထဲ ကိုယ်နဲ့မျက်နှာ သိတွေနဲ့တိုးရင် ရုံးသွားနေတုန်းပဲလား၊ CDM မလုပ်သေးဘူးလား စတဲ့မေးခွန်းတွေမေးတဲ့သူတွေ လည်းရှိတာပေါ့။ အဲဒီလိုဆိုတော့လည်းကိုယ်က ပြေရာပြေကြောင်းပြောရတာပေါ့။ မဟုတ်ပါဘူး ဒီနားလေးသွားစရာရှိလို့ဆိုပြီး ပြောရတာပေါ့။ အဓိက ကတော့ ဘယ်သူနဲ့မှ ပြဿနာမတက်ချင်လို့ပါ။ ကျွန်မနဲ့အတူ လုပ်ဖော်ကိုင်ဖက် လေးယောက် က CDM လုပ်သွားကြတယ်။ ကျွန်မကိုလည်း CDM | လုပ်ဖို့ မကြာမကြာဆွဲဆောင်ပြောဆိုတာတွေရှိ တယ်။ နောက်တော့လည်း ကိုယ်က CDM ကို လက်မခံမှန်းသိတော့မပြောကြတော့ဘူးပေါ့။ ခုတော့ သူတို့မှားမှန်းသိပြီ။ အဲဒီလိုသိလိုက်တဲ့အချိန်မှာ နောက်ကျသွားပြီ။ ဘာလို့လဲဆိုတော့ သူတို့ကို ဌာနက အလုပ်က ယာယီထုတ်ပယ်လိုက်ပြီလို့ သိရပါ တယ်။ စိတ်မကောင်းပါဘူး။ တကယ်ကိုစိတ်မကောင်း ဖြစ်ရပါတယ်။ ကိုယ်လည်း ဘာမှမတတ်နိုင်ဘူး။ သူတို့ဆိုရင် လုပ်သက်တွေမနည်းကြတော့ဘူး။ အချို့ ဆိုလုပ်သက်ပင်စင်နီးနေပြီး။ နှမြောစရာကောင်းပါတယ်။ တကယ်တမ်းကျတော့ ကျွန်မတို့က ဝန်ထမ်းပဲ လေ။ ဝန်ထမ်းဆိုတာ ဘယ်အစိုးရတက်တက်၊ တက်လာတဲ့အစိုးရအတွက် လုပ်ပေးရတာပဲ။ ဘယ်သူ့ကိုမှ မုန်းခြင်း၊ ချစ်ခြင်းမရှိပါဘူး။ အာဃာတ၊ မာန်မာနဆိုတာ ထားသင့်၊ ထားအပ်သောအရာလည်း မဟုတ် ပါဘူး။ ကိုယ့်အလုပ်ကို လုပ်တာ၊ ကိုယ့်တာဝန်ကျေ တာကောင်းပါတယ်။ ဝန်ထမ်းက ဝန်ထမ်းပါပဲ။ နိုင်ငံရေးသမားဖြစ်ချင်လို့မရပါဘူး။ ဝန်ထမ်းနဲ့ နိုင်ငံရေး ရောထွေးနေလို့မရပါဘူး။ တစ်ခုတော့ရှိတယ်။ နိုင်ငံရေးကိုစိတ်ဝင်စားတယ်။ နိုင်ငံရေးလုပ်ရမှ ဖြစ်မယ်ဆိုရင် အလုပ်ကထွက်ပြီးလုပ်၊ အဲဒါဆို ပိုအဆင်ပြေမယ်၊ ဝန်ထမ်းလည်း လုပ်တယ်၊ နိုင်ငံရေး မှာလည်း ပါလိုက်သေးတာပဲဆိုရင်တော့ မကောင်းဘူးပေါ့။ဒါကြောင့်မို့နိုင်ငံရေးနဲ့မိမိရဲ့အလုပ်ကိုခွဲခြားသိဖို့၊ CDM ဆိုပြီး ကိုယ့်ရဲ့ဘဝကိုလာချနင်းနေတာကိုသတိ ထားကြဖို့တိုက်တွန်းချင်ပါတယ်။ သူနာပြုဆရာမတစ်ဦး ကျွန်မက ရန်ကုန်မြို့က မြို့နယ်ဒေသန္တရဆေးရုံ တစ်ရုံမှာ တာဝန်ကျနေတဲ့ သူနာပြုဆရာမတစ်ဦး ဖြစ်ပါတယ်။ ဆရာမ နာမည်က ဒေါ်ဝင်းဝင်းမြတ် (အမည်လွှဲ) ဖြစ်ပါတယ်။ လက်ရှိကျွန်မတို့ဆေးရုံမှာတော့ CDM လုပ်တဲ့ဝန်ထမ်းတွေရှိသလို မလုပ်တဲ့သူ တွေလည်းရှိပါတယ်။ အချို့လည်း CDM လုပ်ပြီးမှ အလုပ်ပြန်ဆင်းကြတာလည်း ရှိပါတယ်။ လက်ရှိ အခြေအနေမှာတော့ ပြန်ဆင်းတာတော့ကောင်းတာ ပေါ့။ လူနာနဲ့ ကျန်းမာရေးဝန်ထမ်းက မမျှပါဘူး။ ကိုယ့်လုပ်ငန်းခွင်ပြန်ဝင်ရင် အဆင်ပြေတာပေါ့။ ကိုယ်လည်းအဆင်ပြေ၊ လူနာတွေလည်းအဆင်ပြေ တာပေါ့။ ခုဟာက ထိခိုက်ဒဏ်ရာရတဲ့လူတွေရှိရင် လည်း နိုင်နိုင်နင်းနင်းကုသပေးနိုင်တာပေါ့။ ဟိုတစ်နေ့က မန္တလေးဆေးရုံကြီးတောင်ပြန်ဖွင့် တော့မယ်လို့ကြားတယ်။ ဝမ်းသာပါတယ်။ ပြည်သူ တွေကိုကောင်းကောင်းကျန်းမာရေးပြုစုစောင့်ရှောက် ပေးနိုင်တာပေါ့။ ခုလိုအချိန်မှာ ဆေးရုံ၊ ဆေးခန်းတွေ ကောင်းကောင်း မဖွင့်နိုင်လို့မဖြစ်ဘူး။ ကျန်းမာရေးက လူတိုင်းအတွက် အရေးကြီးတယ်မဟုတ်လား။ ဆေးရုံ၊ ဆေးခန်းတွေ အမြန်ဆုံးပြန်ဖွင့်နိုင်အောင် ကြိုးစားနေကြပြီ။ ပြင်ဆင်မှုတွေပြုလုပ်နေကြပြီ။ လိုအပ်တဲ့ဆေးဝါးတွေ၊ ဆေးပစ္စည်းတွေအလုံ အလောက်ရရှိအောင် ဖြည့်ဆည်းဆောင်ရွက်နေကြ တဲ့ အနေအထားဖြစ်ပါတယ်။ ဒီအချိန်မှာ CDM လုပ်တဲ့သူတွေကော၊ မလုပ်တဲ့ သူတွေကော လုပ်ငန်းခွင်မှာ အင်တိုက်အားတိုက် ပါဝင်စေချင်ပါတယ်။ ပြည်သူ့ကျန်းမာရေးစောင့်ရှောက် မှုကို အထိရောက်ဆုံးဖြစ်စေချင်ပါတယ်။ အားလုံး ပူးပေါင်းပါဝင်စေချင်ပါတယ်။ တကယ်တော့ ကျွန်မတို့ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းဟာ နိုင်ငံရေး နဲ့ ဘာမှ မသက်ဆိုင်ပါဘူး။ ဘယ်လိုကနေ ဘယ်လို နိုင်ငံရေးရောသွားသလဲဆိုတာ မသိပါဘူး။ ဘာပဲ ဖြစ်ဖြစ် ကျွန်မတို့ရဲ့ ပြည်သူတွေကို အကောင်းဆုံး ကျန်းမာရေးဝန်ဆောင်မှုတွေ ပေးနိုင်အောင်ကြိုးစား နေပါတယ်။ ဒီကြိုးစားမှုကလည်း တစ်ဦးကောင်း၊ တစ်ယောက်ကောင်းမဟုတ်ဘဲ အားလုံးပါဝင်စေချင် ပါတယ်။ ဒါကြောင့်မို့ မိမိတို့ရဲ့ လုပ်ငန်းခွင်တွေမှာ ပြန်ဆင်းကြပါလို့ အလေးအနက်ထားမေတ္တာရပ်ခံ အပ်ပါတယ်။ အားလုံးက လုပ်ဖော်ကိုင်ဖက်တွေပဲ။ အရင်လို ပျော်ပျော်ရွှင်ရွှင်လုပ်ကိုင်ကြရအောင်လို့ ဖိတ်ခေါ်ပါတယ်။ တွေ့ဆုံမေးမြန်း-နေခြည်ဦး