Skip to main content

နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် လေလှိုင်းပေါ်ကမှိုင်းတိုက်ကြသူများ

မတ်လ ၂၁ ရက် ရက်စွဲဖြင့် ပြည်ထဲရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာတစ်စောင်ကို ထုတ်ပြန်ထားပါသည်။ ထိုအမိန့်ကြော်ငြာစာတွင် တရားမဝင် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)နှင့် ဆက်စပ်သူများ၊ အဖွဲ့အစည်းများကို မတရား အသင်းအဖြစ် ကြေညာလိုက်ခြင်းဖြစ်ပါသည်။ အဘယ့်ကြောင့် ထိုကဲ့သို့ ကြေညာခဲ့ရသနည်းဆိုလျှင် ယင်းအဖွဲ့ အစည်းသည် နိုင်ငံ၏တရား ဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် အများပြည်သူတို့၏အေးချမ်းသာယာရေးကို အနှောင့်အယှက်ဖြစ်စေသည်ဟု ယုံကြည်ယူဆသဖြင့် သတ်မှတ်ခဲ့ခြင်း ဖြစ်ပါသည်။ ဖေဖော်ဝါရီလ၁ရက်နေ့မှစ၍နိုင်ငံတော်ကို အရေးပေါ်အခြေအနေ ကြေညာပြီး နိုင်ငံတော်၏ ကိစ္စအဝဝကို နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီက တာဝန်ယူထိန်းသိမ်းပေးလျက်ရှိပါသည်။ နိုင်ငံတော် အတွက် ရှေ့လုပ်ငန်းစဉ် ၅ ရပ် ချမှတ်ဆောင်ရွက်ခြင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက် ၉ ရပ်ချမှတ်၍ မမှိတ်မသုန် ဆောင်ရွက်နေခဲ့သည်ကိုလည်း မြင်တွေ့ရပါသည်။ ထိုသို့ဆောင်ရွက် နေခြင်းသည် ၂၀၀၈ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံနှင့် လူမျိုး အကျိုးစီးပွားအတွက် လုပ်ဆောင်သင့်၊ လုပ်ဆောင်ရမည့် တာဝန်များကို ထမ်းဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ယူဆပါသည်။ ယခု မတရားအသင်းအဖြစ် ကြေညာခြင်းခံရသည့် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (Committee Representing Pyidaungsu Hluttaw-CRPH) Guusoliwrozê: sz$*&:S စတင်မြင်တွေ့ခဲ့ရသည်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲဝင် NLD ပါတီ မှ ကိုယ်စားလှယ်လောင်းများ၊ ထင်ရှားလူသိများသည့် လူငယ်အချို့၊ လက်ရှိတာဝန်ယူထားသည့်အစိုးရကို လက်မခံနိုင်သည့်ပုဂ္ဂိုလ်အချို့ ဖွဲ့စည်းဆောင်ရွက်နေသည်ဟု ယူဆရပါသည်။ သို့သော် တရားဝင် ဥပဒေနှင့်အညီ ဖွဲ့စည်းထားသည့် အဖွဲ့ အစည်းမျိုးကားမဟုတ်။ အခြေခံဥပဒေကို ကျော်လွန်၍ ဖွဲ့စည်းထားသည့်အပြင် ထုတ်ပြန် ချက်များကို အစိုးရသဖွယ်ထုတ်ပြန်နေခြင်း၊ ပြည်သူတို့အား သတင်း အချက်အလက် အမှားအယွင်းများပေးခြင်း၊ ခြိမ်းခြောက်၍ ဖိအား ပေးကာ ဝန်ထမ်းများအား CDM ပြုလုပ်စေခြင်းအပြင် အခြားဆိုးရွား သည့် မြှောက်ပင့်သွေးထိုးကာ နိုင်ငံပျက်စီးရာလမ်းကြောင်းအား ပုံဖော်နေကြသည်ကို မြင်တွေ့ရသည်။ ထိုကဲ့သို့ မတရားအသင်းအဖြစ် ကြေညာသတ်မှတ်ထားသည့် အဖွဲ့အစည်းလက်အောက်တွင် လုပ်ကိုင်နေသူ၊ ဆက်စပ်ပတ်သက် နေသူများသည်လည်း နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ဖျက်ဆီးမည့်သူများ၊ တစ်နည်းအားဖြင့် နိုင်ငံတော်ပုန်ကန်သူများ၊ နိုင်ငံတော်သစ္စာဖောက်များဟု ယူဆနိုင်ပါသည်။ ယင်းသို့သော အခြေ အနေမျိုးကို ၁၉၈၈ ခုနှစ်တွင်လည်း မြင်တွေ့ခဲ့ရဖူးပါသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ မပေါ်ပေါက်သေးချိန် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ရလဒ်ကို ဆုပ်ကိုင်ရင်း ၁၉၉၈ ခုနှစ်တွင်လည်း ယခုကဲ့သို့ ဖွဲ့စည်းမှု မျိုးကို မြင်တွေ့ခဲ့ရသည်။ စင်ပြိုင်အစိုးရအဖွဲ့အဖြစ် အတင်း အသက်သွင်းရန် ကြိုးပမ်းခဲ့ကြဖူးသည်။ သို့သော် မအောင်မြင်ခဲ့ပါ။ ယခု CRPH၏ခြေလှမ်းများကို လေ့လာကြည့်ရာ ပြည်သူများအား သတင်းအချက်အလက်အမှားများဖြင့် မှိုင်းတိုက်နေသည်ကို မြင်တွေ့ ရသည်။ ဥပမာ နိုင်ငံတကာ အသိအမှတ်ပြုခြင်းခံရသည့် အဖွဲ့အစည်း ဖြစ်နေပြီဟု သတင်းလွှင့်ခြင်း၊ မြန်မာနိုင်ငံအတွင်း စီးပွားရေး အခက် အခဲ ကြုံစေရန် ဝန်ထမ်းများ CDM လုပ်ခြင်းနှင့် Boycott လုပ်ခြင်း အောင်မြင်နေပြီဟု သတင်းလွှင့်ခြင်း၊ ကမ္ဘာ့ဘဏ်နှင့် နိုင်ငံရပ်ခြားမှာ ရှိသည့် မြန်မာနိုင်ငံမှ ငွေကြေးများကို ထိန်းချုပ်ထားပြီဟု သတင်း လွှင့်ခြင်း၊ ပြည်တွင်းနိုင်ငံရေး အဖွဲ့အစည်းများ၊ တိုင်းရင်းသားလက်နက် ကိုင်များနှင့် ဆွေးနွေးညှိနှိုင်းနေပြီဟု သတင်းဖြန့်ချိခြင်း၊ သူတို့ အဖွဲ့ အစည်း၊ လူပုဂ္ဂိုလ်များနှင့် အမြင်မတူညီဘဲ အေးချမ်းစွာ နေလိုသည့် သူများအတွက် Social Bullying လုပ်ဆောင်ရန် မြှောက်ပင့်သွေးထိုး ခြင်း၊ ယင်းကော်မတီ၏ ဦးဆောင်မှုအောက်တွင် ဖက်ဒရယ်စစ်တပ် မကြာမီ ပေါ်ပေါက်လာတော့မည်ဆို၍ တရားလက်လွတ် ပြောဆိုခြင်း၊ အေးချမ်းစွာနေထိုင်ကြသူ လူငယ်များအား ခုခံတော်လှန်ရမည် ဟူ သည့် မှားယွင်းသည့် အတွေးအခေါ်ကို ထည့်သွင်းပေးခြင်း၊ လွတ်မြောက်နယ်မြေများပေါ်ပေါက်လာပြီ၊ အစိုးရသစ်ယန္တရားအတွက် CDM ဝန်ထမ်းများအား အလုပ်အကိုင်များ ခန့်အပ်မည် စသည်ဖြင့် ဝါဒမှိုင်းတိုက်ခြင်းများကို ထပ်တလဲလဲ ပြုလုပ်လျက်ရှိသည်ကို မြင်တွေ့ရသည်။ ခေါင်းဆောင်သူများကို အွန်လိုင်းပေါ်တွင်သာ မြင်တွေ့ရပြီး လေလှိုင်းထဲမှတစ်ဆင့် ပြည်သူထံသို့ ဝါဒမှိုင်းတိုက်ကြသူများက မက်လုံးအမျိုးမျိုး၊ ခြိမ်းခြောက်မှုအမျိုးမျိုးတို့ဖြင့် လမ်းမပေါ်ထွက် စေခြင်း၊ ဝန်ထမ်းများအား CDM လုပ်စေခြင်းတို့သည် အောင်မြင်မှုမရရှိ သည်ကိုလည်း မြင်တွေ့ရသည်။ ပဋိပက္ခဖြစ်စဉ်များ ဖြစ်ပွားတိုင်း စာရေးသူလေ့လာကြည့်မိသလောက် အေးချမ်းစွာဆန္ဒပြနေကြ သူများကို ရက်ရက်စက်စက် ဖြိုခွဲခြင်းဟူသည့် ဖြစ်စဉ်မရှိဘဲ တစ်စ တစ်စနှင့် အကြမ်းဖက်မှုအသွင်၊ ဆူပူမှုအသွင်ကူးပြောင်းလာနေသည့် အခြေအနေမျိုးတွင်သာ ထိန်းသိမ်းဆောင်ရွက်နေခြင်းဟု ရှုမြင်မိပါ သည်။ ထိုအတွင်း လူငယ်များ အထိအခိုက်အကျအဆုံးများ ဖြစ်လာ နေခြင်းတွင်လည်း ပြည်သူများအား သွေးဆူစေရန် အမျိုးမျိုးလှုံ့ဆော် ကာ ဆက်လက်တိုက်ပွဲဝင်ရမည်ဟုပင် မြှောက်ပင့်ပေးနေသူများကို လည်း မြင်တွေ့ရသည်။ မတ်လ ၂၁ ရက်ကထုတ်ပြန်ထားသည့် မတရားအသင်း CRPH ၏ထုတ်ပြန်ချက်ပါအချက်များကို ဥပမာအနေဖြင့် တင်ပြလိုပါသည်။ CDM တံခါးကို မတ်လကုန်တွင် ပိတ်သိမ်းမည်၊ CDM တွင်ပါဝင်ကြသူ များကို ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်များ ချီးမြှင့်မည်၊ CDM မလုပ်သူ ဝန်ထမ်းများအား ထိရောက်စွာအပြစ်ပေး အရေးယူမည်၊ နိုင်ငံတော်စီမံအုပ်ချုပ်မှုယန္တရားသစ်တည်ဆောက်မည် စသည်ဖြင့် မည်သို့မျှမဖြစ်နိုင်သည့် မက်လုံးများပေးကာ ဝန်ထမ်းများအား ဖိအားပေးခြင်း၊ နိုင်ငံ့ဝန်ထမ်းဥပဒေနှင့်အညီ တာဝန်ကျေပွန်လျက် ရှိသည့်ဝန်ထမ်းများအား ခြိမ်းခြောက်စော်ကားခြင်းနှင့် နိုင်ငံတော် မတည်မငြိမ်ဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိ မှိုင်းတိုက်ထားသည့် ထုတ်ပြန်ချက်များသာ ဖြစ်ပါသည်။ တရားဥပဒေနှင့်အညီ ဆောင်ရွက်နေသည့် ပွင့်လင်းမြင်သာစွာ ဖွဲ့စည်းထားခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား စွပ်စွဲ ပြစ်တင်ခြင်း၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ အရေးယူပေးနိုင်ရန် ဟူ၍ပင် မိမိတို့နိုင်ငံအား နိုင်ငံတကာဖိအားပေး၍ ပြည်သူများ အတိ ဒုက္ခရောက်ရှိပြီး ရရှိထားပြီးသား နိုင်ငံတော်တည်ငြိမ်မှု၊ အေးချမ်းမှု၊ သာယာဝပြောမှုတို့ကို ဖျက်ဆီးခြင်းဟုပင် ယူဆမိပါသည်။ အာဏာ ကို မှားယွင်းအသုံးချကာ ဒီမိုကရေစီအမည်တပ်နေသည့် ပါတီနှင့် လူတစ်စုတို့အတွက် ပြည်သူနှင့် နိုင်ငံတော်ကို ဖျက်ဆီးရန် ကြံစည် သည့် အဖွဲ့ အစည်းဟူ၍ပင် မှတ်ယူရမည်ဖြစ်ပါသည်။ ထို့အပြင် လွတ်လပ်မှုအတွက် ရပ်တည်တယ်၊ ဒီမိုကရေစီအတွက် ရပ်တည်ပါတယ်ဟု ကြွေးကြော်ပြီး ကျည်လွတ်ရာနယ်မြေတွင် နိုင်ငံရေးခိုလှုံကာ ပြည်သူများ အတိဒုက္ခရောက်စေရန်အတွက် အမျိုးမျိုးကြံစည်တွေးတောမြှောက်ပင့် ပြောဆိုနေသူ ဒေါက်တာ ဆာဆာ၊ ဒေါက်တာဇော်ဝေစိုးတို့အပါအဝင် တရားမဝင် မတရား အသင်း CRPH တွင် ပါဝင်ပတ်သက်နေသူများကိုလည်း ဖော်ထုတ် အရေးယူခြင်း၊ နိုင်ငံတော်သစ္စာဖောက်မှုများဖြင့် စွဲချက်တင်ခြင်း များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဆောင်ရွက်လျက်ရှိနေ ပြီဖြစ်ပါသည်။ ဒီမိုကရေစီစနစ်ဖြင့် တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင် ရွက်ကြမည်ဟူသည့် ကြွေးကြော်သံများဖြင့် ဆယ်စုနှစ်များစွာ မျှော်လင့်ခဲ့ကြရသည့် ဒီမိုကရေစီလမ်းကြောင်းအတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ပိုင်ဆိုင်ခဲ့ကြပြီးပြီ။ လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို လည်း ၂၀၁၀ ပြည့်နှစ်နှင့် ၂၀၁၅ ခုနှစ်တို့တွင် ကျင်းပနိုင်ခဲ့ပြီးပြီ။ နောက်ဆုံးတစ်ကြိမ် ကျင်းပသည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကိုကျင်းပခဲ့ချိန်တွင် ပြည်သူများအတွက် တရားမျှတမှု၊ မှန်ကန်မှုတို့အတွက် မေးခွန်းထုတ်စရာများ ပေါ်ပေါက်လာခဲ့သည်။ အဖော် ပြည်သူများ၊ နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးတတ်သိပညာရှင် များက ထောက်ပြဝေဖန်မှုများကို ပယ်ချခဲ့ခြင်း၊ တပ်မတော်က စေ့စပ် ညှိနှိုင်းရေးလမ်းကြောင်းများစွာဖြင့် ဆောင်ရွက်ခဲ့ခြင်းအပေါ်တွင် လည်း လျစ်လျူရှုခဲ့ခြင်းနှင့် မဲမသမာမှုများရှိနေသည့်တိုင် လွှတ်တော် ကို အတင်းအကျပ်အာဏာရှင်ဆန်ဆန် ခေါ်ဆောင်ခဲ့ခြင်းတို့၏ နောက်ဆက်တွဲရလဒ်များအဖြစ် ယခုကဲ့သို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီက တာဝန်ယူဆောင်ရွက်ပေးနေရခြင်း ဖြစ်သည်ကို ပြည်သူများသိရှိ၍ အမှားနှင့် အမှန်ကို ဝေဖန်ပိုင်းခြားကာ နိုင်ငံတော် တည်ငြိမ်အေးချမ်းပြီး ပြည်သူများ၏ မူလရည်မှန်းချက်များ ပြည့်မြောက်နိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းပေးရန်နှင့် နိုင်ငံတော်ကို သစ္စာဖောက်သူများ၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို နှောင့်ယှက် ဖျက်ဆီးသူများအား ရှောင်ကြဉ်ဖယ်ရှားကြရန် လိုအပ်နေပြီ ဖြစ်ပါကြောင်း။ ။ နေခြည်သွေး