၁၁-၃-၂၀၂၁ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှတ်တမ်း
(ယမန်နေ့မှအဆက်)
ဆက်လက်၍ သူရိယနေဝန်းသတင်းဌာနမှ ဦးမိုးဟိန်းက ဒုတိယမေးခွန်း ဖြည့်စွက် မေးချင်ကြောင်း၊ ကမ္ဘာ့သမိုင်းတစ်လျှောက်မှာ နိုင်ငံတော် တစ်ခုကို အုပ်ချုပ်သည့် အစိုးရဆိုတာသည် ရွေးကောက်ပွဲနှင့် တက်လာသည့် အစိုးရဆိုတာရှိ ကြောင်း၊ ရွေးကောက်ပွဲမကျင်းပဘဲ တိုင်းပြည်ကို တည်ငြိမ်ပြီး တိုးတက်အောင် အုပ်ချုပ်နိုင်သည့် အစိုးရဆိုတာလည်းရှိကြောင်း၊ ဥပမာ ကမ္ဘာ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အမြဲတမ်းအဖွဲ့ဝင် အင်အားကြီးနိုင်ငံ ငါးနိုင်ငံထဲမှာမှ ဟိုတုန်းက ဆိုဗီယက် ယူနီယံ၊ နောက်ပိုင်းမှာ ရုရှားဖက်ဒရေး ရှင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒီနှစ်ခုစလုံးသည် ရွေးကောက်ပွဲနှင့် တက်လာသည့်အစိုးရများ မဟုတ်ဟု ကျွန်တော်မြင်ထားကြောင်း၊ ရုရှား ဖက်ဒရေးရှင်းသည် ၁၉၁၇ ခုနှစ် Bolshevik တော်လှန်ရေးမှ ဒီရစ်ဆင်ဖြစ်သည့် ကာလ အထိ ဘာရွေးကောက်ပွဲမှမရှိကြောင်း၊ သို့ပေမယ့် ၎င်းကို နိုင်ငံတစ်ခုအစိုးရတစ်ရပ်အနေနှင့် တစ်ကမ္ဘာလုံးမှလက်ခံပြီး ဆက်ဆံကြောင်း၊ ကျင့်သုံးရကြောင်း၊ ဘာကြောင့်လဲဆိုတာသည် အချုပ်အခြာအာဏာသုံးရပ်ကို ၎င်းတို့ပိုင်ပိုင်နိုင်နိုင် ကျင့်သုံးနိုင်ကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဆိုရင်လည်း ၁၉၄၉ ခုနှစ်မော်စီတုံး တော်လှန်ရေး အောင်မြင်သည့်အချိန်မှ ယနေ့အချိန်အထိ ဘာ ရွေးကောက်ပွဲမှ မရှိကြောင်း၊ ဒါပေမယ့် တရုတ် ပြည်သူ့သမ္မတနိုင်ငံသည် အစိုးရတစ်ရပ်အဖြစ် တောင်မဟုတ် ကမ္ဘာ့အင်အားကြီးနိုင်ငံ၊ ကမ္ဘာ့ နံပါတ်တစ်၊ နှစ်အထိ ရောက်သွားကြောင်း၊ ကျွန်တော်တို့ အိမ်နီးနားချင်းနိုင်ငံများမှာ ဆိုလျှင် လည်း ဘာရွေးကောက်ပွဲမရှိဘဲ တရားဝင် အစိုးရ ခန့်သည့် ဗီယက်နမ် ဆိုရှယ်လစ်နိုင်ငံ၊ လာအို ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ နောက်ဆုံး ကမ္ဘာ ဒီးယားတောင်မှ ရွေးကောက်ပွဲဆိုသည်မှာ စတာသိပ်မကြာသေးကြောင်း၊ ကျွန်တော်တို့သည် ရွေးကောက်ပွဲမရှိသည့် ကာလများကိုကျော်လာပြီး အခုမှ ရွေးကောက်ပွဲစနစ် တပ်မတော်မှခွင့်ပြုပြီး ၂၀၁၀ ပြည့်နှစ်၊ ၂၀၁၅ ခုနှစ်၊ ယခု ၂၀၂၀ ပြည့်နှစ် ဆိုသည်မှာ သုံးကြိမ်မြောက်ဖြစ်လာကြောင်း၊ ဒီကာလမှ ကျွန်တော်တို့ ဒီလိုပြိုင်ဘက်ဖြစ်ရ သည့်အခါမှာ ဒီနေ့ နစကအစိုးရအနေနှင့် အာဏာ သိမ်း အစိုးရလည်း မဟုတ်ကြောင်း၊ အာဏာထိန်း ထားသည်ဖြစ်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) အထဲမှနေပြီး လက်ရှိအာဏာ သုံးရပ်ကို ကျင့်သုံးနေသည်ဖြစ်သည့်အတွက်ကြောင့် ယခုအစိုးရပေါ်မှာ ဝေဖန်နေကြသည့် “အစိုးရဖြစ်ကြောင်း၊ မဖြစ်ကြောင်း၊ တရားမဝင်ကြောင်း၊ CRPH မှ တရားဝင်ကြောင်း ဘယ် ဒေါက်တာသည် တရားဝင်ဖြစ်သည်” ဆိုသည့် အချက်များနှင့် ပတ်သက်ပြီး ဗိုလ်ချုပ်အနေနှင့် ထပ်ပြီးတော့ အကျယ်တဝင့် ရှင်းလင်းစေလိုပါ သွ ကြောင်း ပြောကြားသည်။
အငြင်းပွားနေစရာအကြောင်းမရှိဗိုလ်မှူးချုပ် ဇော်မင်းထွန်းက တရားဝင်ခြင်း၊ မဝင်ခြင်းသည် တချို့လည်း ရေးကြကြောင်း၊ပြောနေကြောင်း၊ နိုင်ငံတကာမှ မြန်မာအစိုးရဟု အသိအမှတ်မပြုကြောင်း၊ ဘယ်နိုင်ငံသည် ဘယ်လို ဘာဖြစ်ကြောင်း၊ ဘယ်လိုအသိအမှတ်မပြုကြောင်း၊ အာဆီယံမှ အသိအမှတ်ပြုရန် ခက်နေကြောင်း ဒီလိုပြောကြကြောင်း၊ နံပါတ်တစ် တပ်မတော်သည် အတွေ့အကြုံမရှိသည့် တပ်မတော်မဟုတ်ကြောင်း၊ ၁၉၈၈ ခုနှစ် အရေးအခင်းအပြီးတွင် တပ်မတော်မှတာဝန်ယူလိုက်ကြောင်း၊ တာဝန်ယူလိုက်သည့် အချိန်တွင် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးအဆင့် အတန်းကို ကြည့်သင့်ကြောင်း၊ အမေရိကန်သည် ဒီမှာ ယာယီသံမှူး သံရုံးယာယီတာဝန်ခံဖြင့် ထားခဲ့ကြောင်း၊ အခြားနိုင်ငံများလည်းရှိကြောင်း၊ ယခု ကျွန်တော်ပြောချင်တာသည် ဒါတွေနှင့် နှိုင်းယှဉ် ပြီးတော့ ပြောချင်တာဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာနိုင်ငံကို ကိုယ်စားပြုသည့် သံအမတ်ကြီးများ အားလုံးရှိကြောင်း၊ မြန်မာနိုင်ငံမှနေပြီး ကျန်သည့် နိုင်ငံများမှာလည်း ကိုယ်စားပြုသည့် သံအမတ်ကြီး များ အားလုံးရှိကြောင်း၊ ဆက်သွယ်ဆက်ဆံမှုများ ပြုလုပ်လျက်ရှိပါကြောင်း၊ လိုရာဆွဲရေးသားမှုများ ရှိကောင်းရှိနိုင်သော်လည်း ဆက်သွယ်၊ ဆက်ဆံ မှုများ ပြုလုပ်လျက်ရှိပါကြောင်း၊ အချုပ်အခြာ အာဏာသုံးရပ်ဖြစ်သည့် အုပ်ချုပ်ရေး၊ တရားစီရင် ရေး၊ ဥပဒေပြုရေးအာဏာများ ကောင်းစွာ လည်ပတ်လျက်ရှိပါကြောင်း၊ အိမ်နီးချင်းနိုင်ငံများ နှင့် ကောင်းမွန်စွာ၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်လျက်ရှိကြောင်း၊ ဒီအချက်များနှင့် ပြည့်စုံနေလျှင် state ဆိုသည့် နိုင်ငံတစ်ခု၊ Country ဆိုသည့် နိုင်ငံတစ်ခု ပြည့်စုံရန်အတွက် မည်သည့်အချက် အလက်တွေ ပြည့်စုံရမည်ဆိုသည်မှာ ရှိပြီးဖြစ်ကြောင်း၊ ဒီအရာများနှင့် ပြည့်စုံစွာအုပ်ချုပ်နေသည့် အစိုးရကို တရားဝင်အစိုးရ မဟုတ်ကြောင်းပြောဖို့ ရာ လေလှိုင်းပေါ်မှ အုပ်ချုပ်နေသည့်အစိုးရကို တရားဝင်အစိုးရလိုလို၊ လေလှိုင်းပေါ်မှအုပ်ချုပ် နေသည့်၊ အွန်လိုင်းပေါ်မှ အုပ်ချုပ်နေသည့် မျက်နှာတောင်မမြင်ဖူးသည့်သူကို တရားဝင်အစိုးရလိုလို ပြောနေကြကြောင်း၊ သူများပြောလို့ လိုက်ပြောနေ သည့်သူများသည် မြန်မာစကားပုံနှင့်ပြောရလျှင် “လေဖမ်း ဒန်းစီး” ဒါမျိုးပုံစံလို့ပြောချင်ပါကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်ပြီး ဘယ်ဟာက ဘယ်လို ဖြစ်သည်ဆို၍ အချက်အလက်များနှင့် ငြင်းခုံနေရန် မလိုကြောင်း၊ ငြင်းခုံခြင်းမပြုလိုကြောင်း၊ အဘယ့်ကြောင့်ဆိုသော် မဟုတ်မှန်းသိလျက်နှင့် မဟုတ်တာပြောနေသူကို အရေးတယူပြုလုပ်ကာ အဖက်လုပ် ပြောဆိုငြင်းခုံနေစရာ အကြောင်းမရှိပါ
ကြောင်း၊ ထိုသို့ငြင်းခုံရန် မိမိတို့တွင် အချိန်လည်း မရှိပါကြောင်း၊ လက်ရှိတွင် ပြည်တွင်းအချုပ်အခြာအာဏာနှင့် ပတ်သက်ပြီး ရှိပြီးဖြစ်ပါကြောင်း၊ ပြည်ပတွင် ယခုလိုပဲ ထိုးနှက်နေကြောင်း၊ ပြည်ပ တွင် မိမိတို့ အချုပ်အခြာအာဏာနှင့်ပတ်သက်ပြီး ရှိပြီးဖြစ်ပါကြောင်း၊ နိုင်ငံတကာဥပဒေနှင့် ပတ်သက်
ပြီး ပြောဆိုလေ့လာမည်ဆိုပါကလည်း နိုင်ငံတစ်နိုင်ငံကို အသိအမှတ်ပြုခြင်း၊ နိုင်ငံတစ်နိုင်ငံ နှင့်ပတ်သက်ပြီး တရားဝင်ခြင်းဆိုသည်များနှင့် ပတ်သက်ပြီး အားလုံးပြည့်စုံပြီးဖြစ်သည့်အတွက် ထပ်ပြီး အငြင်းပွားနေစရာ အကြောင်းမရှိပါကြောင်း ပြန်လည်ဖြေကြားသည်။
One News သတင်းဌာနမှ သတင်းထောက် ဦးမင်းဇင်ထက်က ယခုရက်ပိုင်း အချို့မြို့နယ်များ၏ ရပ်ကွက်အချို့၌ လုံခြုံရေးတပ်ဖွဲ့များက ညဘက် တွင် အသံဗုံးဖောက်ခြင်း၊ ပစ်ခတ်ခြင်းများ၊ အော်ဟစ်ကြိမ်းမောင်းခြင်းများ၊ အိမ်များကို လက်နှိပ်ဓာတ်မီးများနှင့်ထိုးပြီး နေအိမ်တိုက်ခန်းများကို ပစ်ခတ်ခြင်းများတွေ့ရပါကြောင်း၊ အချို့ဆိုင်ခန်း များကိုလည်း ဝင်ရောက်ဖျက်ဆီးခြင်း၊ ဆိုင်ထဲမှ လူများကို ဖမ်းဆီးခြင်း၊ လမ်းထဲရှိကား၊ ဆိုင်ကယ် များကို ကန်ကျောက်ဖျက်ဆီးခြင်းများကိုလည်း တွေ့ရပါကြောင်း၊ ထိုအတွက်ကြောင့် ရပ်ကွက်နေ ပြည်သူလူထုများမှာ စိုးရိမ်ပူပန်လျက်ရှိသည်ဟု သိရပါကြောင်း၊ ရပ်ကွက်နေ ပြည်သူလူထု၏ စိုးရိမ် ပူပန်မှုလျော့နည်းအောင် နုစကအနေဖြင့် မည်သို့ဆောင်ရွက်ပေးမည်ကို သိလိုကြောင်း မေးမြန်းသည်။
ဘက်နှစ်ဖက်လုံးကြည့်ရန်လိုအပ်
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ရပ်ကွက်တိုင်းကို ဖမ်းဆီးနေခြင်းမျိုး မရှိပါကြောင်း၊ ရပ်ကွက်သူ ရပ်ကွက်သားများကို ထိုသို့ပြုမူဆောင်ရွက်နေခြင်း မျိုးလည်း မရှိပါကြောင်း၊ ဆန္ဒပြခေါင်းဆောင်များ၊ လှုံ့ဆော်နေသူများ၏ သတင်းရလျှင် ဝင်ရောက် ဖမ်းဆီးပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ဝင်ရောက်မဖမ်းဆီးမီ အသိပေးပါကြောင်း၊ အသိ ပေးပြီးမှ ဝင်ရောက်ဖမ်းဆီးခြင်း ဖြစ်ပါကြောင်း၊ တစ်ဖက်တည်းကို မကြည့်စေလိုကြောင်း၊ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ ဖြစ်စေ၊ တပ်မတော်မှဖြစ်စေ၊ လုံခြုံ ရေးအဖွဲ့များ ဝင်ရောက်သည့်အခါ အချို့က အပေါ်မှနေ၍ အော်ဟစ်ကြိမ်းမောင်းခြင်းများ၊ သံပုံးတီးခြင်းများ၊ လမ်းတစ်လျှောက်လုံး၌ ဆူပူ ခြင်းများ၊ အကြမ်းဖက်ဆန္ဒပြခေါင်းဆောင်များကို ပုန်းအောင်းစေခြင်းများလုပ်ကိုင်လျက်ရှိကြောင်းကို တွေ့ရပါကြောင်း၊ သတင်းထောက်ကြီးပြောသလို ဘယ်ရပ်ကွက်၊ ဘယ်နေရာဟူ၍ ရပ်ကွက်အလိုက် ပစ်မှတ်ထားခြင်းမျိုး မရှိပါကြောင်း၊ မိမိတို့သည် လူပုဂ္ဂိုလ်အပေါ်သာ မူတည်၍ ဆောင်ရွက်လျက်ရှိ
ကြောင်း၊ ဆူပူအကြမ်းဖက်မှုကို လှုံ့ဆော်နေသော ပုဂ္ဂိုလ်၊ အကြမ်းဖက်မှုကို ဦးဆောင်နေသော ပုဂ္ဂိုလ် များဖြစ်ပါက ဖမ်းဆီးရမှာဖြစ်ကြောင်း၊ သတင်း ထောက်ကြီးပြောတဲ့ဖြစ်စဉ်မျိုး ရှိကောင်းရှိနိုင်ပါကြောင်း၊ သို့သော် ထိုကိစ္စမျိုးကို အကြောင်းမဲ့ ပစ်ခတ်ခြင်းမျိုး မရှိနိုင်ပါကြောင်း၊ သို့သော်နှောင့်ယှက်မှုများ လုပ်လာသည့်အခါတွင်မူ အသံ ပေးခြောက်လှန့်မှုများ ရှိကောင်းရှိနိုင်ပါကြောင်း၊ ထိုသို့လုပ်ဆောင်ခြင်းသည် ရပ်ကွက်/ကျေးရွာ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး အတွက် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ပြည်သူ လူထုအနေဖြင့် အိပ်မပျော်ပါဟူသော ရေးသားချက် များကိုလည်း တွေ့ရှိရပါကြောင်း၊ မိမိတို့အနေဖြင့် ပြည်သူလူထုများ စိတ်အေးချမ်းသာစွာ နေထိုင် နိုင်ရန် လှည့်ကင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့သော် လှည့်ကင်းကိုပြဿနာရှာခြင်းမျိုး၊ မလိုအပ်ဘူးဟု ဆိုခြင်းမျိုးများလည်း ရှိပါကြောင်း၊ ပြဿနာရှာသည်ဆိုရာမှာလည်း ဒေသခံပြည်သူ ထက် လူမှုကွန်ရက်စာမျက်နှာများတွင်လည်း ရှိနေပါကြောင်း၊ရပ်ကွက်ထဲ၌ သံပုံးတီးသောကြောင့် အိပ်မပျော်၍ ကန့်ကွက်ကြကြောင်း၊ သက်ဆိုင်ရာကို တိုင်ကြားကြကြောင်း၊ တိုင်ကြားသည့်အခါ ဝိုင်းပြီး ရန်လုပ်သည့်ကိစ္စများရှိကြောင်း၊ အဓိကလို သည်မှာ ဘက်နှစ်ဖက်လုံးကို တွေ့အောင်မြင်အောင် ကြည့်ရန် လိုအပ်သည်ဟု ပြောလိုပါကြောင်း ပြန်လည်ဖြေကြားသည်။
ဆက်လက်ပြီး One News သတင်းဌာနမှ သတင်းထောက် ဦးမင်းဇင်ထက်က ဆန္ဒထုတ်ဖော် သည့် လူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ် ဖြိုခွင်းတာရှိပါကြောင်း၊ ဒဏ်ရာရရှိသည့် လူများလည်းရှိကြောင်း၊ သေဆုံးသူများ၊ ဖမ်းဆီးခံ ရသူများလည်းရှိကြောင်း၊ ဖမ်းဆီးခံရသည့်အထဲတွင် လူငယ်များ များပြားကြောင်း၊ ပြန်လွတ်လာသည့် လူငယ်အချို့သည်လည်း ဒဏ်ရာဒဏ်ချက်များ ရရှိတာကို အွန်လိုင်းတွင် မိမိတို့တွေ့ရပါကြောင်း၊ ဖမ်းဆီးခံရသည့်လူငယ်များကို ဘယ်တော့ပြန် လွှတ်ပေးမလဲ၊ ပြန်လွှတ်ပေးမည်လားဆိုသည်ကို သိလိုပါကြောင်း၊ မိဘအုပ်ထိန်းသူများအနေဖြင့် မည်ကဲ့သို့ ဆက်သွယ်ဆောင်ရွက်ပြီး ခေါ်ရမည်ကို သိလိုပါကြောင်း မေးမြန်းသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက မနေ့ကအထိ ဖမ်းဆီးထားသူများရှိကြောင်း၊ မနေ့ကအထိ ပြန်လွှတ်ပေးသည့် လူပေါင်း ၂၁၇၉ ဦး ရှိကြောင်း၊ ဆန္ဒပြမှုများနှင့် ပတ်သက်ပြီး မလွှဲမရှောင်သာ၍ ဖမ်းဆီးရခြင်းများရှိကြောင်း၊ အဘယ်ကြောင့် ဆိုသော် ဆန္ဒပြမှုများသည် အကြမ်းဖက်မှုအသွင် ပြောင်းလဲလာသည့်အတွက် လူစုလူဝေးဖြိုခွဲရန် ဖမ်းဆီးလိုက်ရသည်များရှိသကဲ့သို့ ဖမ်းဆီးပြီးပါက သက်ဆိုင်ရာနေရာများကို ခေါ်သွားကြောင်း၊ ခေါ်သွားပြီး ပြန်လွှတ်ကြောင်း၊ ပြန်လွှတ်ပြီးပါက လည်း ဘယ်အချိန်တွင် ပြန်လွှတ် ပြီးကြောင်းကို ထုတ်ပြန်လေ့ရှိကြောင်း၊ ကျန်ခဲ့သူများလည်း ရှိကောင်း ရှိလိမ့်မည်ဖြစ်ကြောင်း၊ ကျန်ခဲ့ရခြင်း အကြောင်းမှာ ၎င်းတို့၏ လုပ်ဆောင်ချက်အပေါ် မူတည်ပြီး ကျန်ခဲ့တာဖြစ်ကြောင်း၊ နံပါတ်တစ်အနေ ဖြင့် ၎င်းသည် ဆူပူအကြမ်းဖက်မှုဖြစ်အောင် လှုံ့ဆော်သူဖြစ်ခြင်း၊ နံပါတ်နှစ် လူကို အန္တရာယ် ဖြစ်စေနိုင်သည့် လက်နက်နှင့်အတူ တွေ့ရှိရခြင်း၊ နံပါတ်သုံးအနေဖြင့် ၎င်းကို စစ်ဆေးသည့်အခါ ၎င်းသည် ဆူပူအကြမ်းဖက်မှုကို ဆက်လက် ဦးဆောင်သူ၊ လုပ်ဆောင်မည့်သူဖြစ်ခြင်း စသည့် အချက်များကြောင့် ကျန်ခဲ့ရခြင်းဖြစ်ကြောင်း၊ ဆန္ဒပြရုံသက်သက်ကြောင့် အကြောင်းမဲ့ မထိန်း သိမ်းပါကြောင်း၊ လိုအပ်သည့်ထိန်းသိမ်းမှုပြုလုပ် ပြီးပါက ပြန်လွှတ်ပေးပါကြောင်း ပြန်လည် ဖြေကြားသည်။
One News သတင်းဌာနမှ သတင်းထောက် ဦးမင်းဇင်ထက်က ယခု အသစ်ဖွဲ့ ထားသည့် UEC အနေဖြင့် မဲစာရင်းများကို စိစစ်ထုတ်ပြန်ရာတွင် United National 13238 International Auditကဲ့သို့ဘက်မလိုက်သည့်အဖွဲ့အစည်းတစ်ခုကို ဖိတ်ခေါ်ပြီး ထုတ်ဖော်ပြသရန် အခြေအနေ ရှိမရှိ သိလိုကြောင်း မေးမြန်းသည်။ ပွင့်လင်းမြင်သာစွာလုပ်ကိုင်သွားမည် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက UEC အနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးခြင်းများ လုပ်နေပါကြောင်း၊ ပထမဦးဆုံး UEC ၏လုပ်ငန်းတာဝန်အရ လုပ်ငန်းများကို ပြီးအောင်လုပ်ပြီးနောက် မည်သည့် အဖွဲ့အစည်း၊ မည်သည့် ပြည်သူလူထုကိုမှ အထူး ဝိသေသအနေနှင့်ထားမည်မဟုတ်ဘဲ တစ်ကမ္ဘာလုံးလာကြည့်နိုင်အောင် ထားမှာဖြစ်ကြောင်း၊ သက်သေ အထောက်အထားနှင့် ပြမှာဖြစ်ကြောင်း၊ ယခု သတင်းစာရှင်းလင်းပွဲပြီးပါကလည်း မီဒီယာများ အနေနှင့် စစ်ဆေးပြီးသည်များကို ကြည့်ရှုနိုင် ပါကြောင်း၊ ဒါထက်ပိုသေချာတာ မရှိတော့ကြောင်း၊ ဟိုကို ဖိတ်ခေါ် ဒီကိုဖိတ်ခေါ်ပြီး ပြသနေစရာမလိုဘဲ ကြည့်လိုလျှင် လာရောက်ကြည့်ရှုနိုင်ကြောင်း၊ UEC အဖွဲ့ဝင်ဖြစ်သည့် ဦးခင်မောင်ဦးလည်း ပြောထား ပြီးဖြစ်ကြောင်း၊ စာရင်းပြုစုနေဆဲ၊ လုပ်နေဆဲဖြစ်ကြောင်း၊ မြို့နယ်အဆင့်အထိ ပြီးစီးလျှင် မြို့နယ် အဆင့်အထိ ချပြမှာဖြစ်ကြောင်း၊ ပွင့်လင်းမြင်သာ စွာ လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ပြန်လည်ကြားသည်။ One News သတင်းဌာနမှ သတင်းထောက် ဦးမင်းဇင်ထက်က သက်ဆိုင်ရာမြို့နယ်များ၌ ရပ်ကွက်တစ်ရပ်ကွက်ကို နှစ်ဦး၊ ဆယ်ရပ်ကွက်လျှင် ၂၀ဦး၊ မြို့နယ်အလိုက် မဲစာရင်းများကပ်ပြီး ရပ်ကွက်နေပြည်သူများမှ မေးမြန်းပိုင်ခွင့် ရှိ၊ မရှိ သိလိုကြောင်း မေးမြန်းသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက မေးမြန်း ပိုင်ခွင့်မဟုတ်ဘဲ အကုန်သိခွင့်ရှိပါကြောင်း၊ စိတ်ပါဝင်စားလျှင် လာရောက်နိုင်ပါကြောင်း၊ စစ်ပြီးသမျှကို ရှင်းပြနိုင်ပါကြောင်း၊ လုပ်ငန်းစဉ်များ ပြီးဆုံးသွားပါက တစ်နိုင်ငံလုံးရှိ ပြည်သူများ လာရောက်မေးမြန်းနိုင်ပါကြောင်း၊ အစစ်မခံနိုင်ဘဲ ယခုကဲ့သို့ ခင်းကျင်းပြသထားစရာအကြောင်း မရှိကြောင်း၊ ယခုမေးသည့် မေးခွန်းသည် ပြည်သူ လူထုထဲသို့ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိနိုင်ရန် စေတနာထားပြီး မေးမြန်းသည့်မေးခွန်းဖြစ်သည်ကို သိရှိပါကြောင်း၊ အလေးအနက်လည်းထားပါကြောင်း၊ ပြည်သူလူထုအနေဖြင့် ကျယ်ကျယ် ပြန့်ပြန့် စစ်ဆေးခွင့်ရရှိစေရပါမည်ဟု ပြောလိုပါ @peal Printed Media op: Broadcast Media များမှတစ်ဆင့် မိမိတို့ ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်တွေ့ မြေပြင်တွင် တွေ့ရှိ စစ်ဆေးနိုင်အောင်လည်း ဆက်လက်ပြီး ကြိုးပမ်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဒေါက်တာ ခင်ဆွေဦးက တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပတ်သက်ခြင်း ဖြစ်ပြီး မတ်လ ၉ ၊ ၁၀ ရက်မှာ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းတွင်ရှိသည့် တပ်ဌာနချုပ် တချို့ ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခံရတာရှိကြောင်း၊ ယနေ့ နံနက် ပိုင်းတွင်လည်း တပ်မတော်စခန်းတစ်ခုတိုက်ခိုက်ခံ ရတယ်ဆိုပြီး မြေပြင်သတင်းတချို့ တွေ့ရှိကြောင်း၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး ဖြစ်ပေါ်တိုးတက်မှု နောက်ဆုံးအခြေအနေဖြစ်သည့်အတွက် ထိုအရာကို သိလိုပါကြောင်း၊ ၁၀၇ မမ ရှော့တိုက်ဒုံးဆိုသည်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့မှာ လည်း လက်နက်စက်ရုံတွေရှိကြောင်း၊ သို့သော် | ထိုဒုံးသီးများထုတ်လုပ်ရန် နည်းပညာ ရှိချင်မှရှိပါ
လိမ့်မည်၊ မိမိတို့သိရသလောက် နိုင်ငံကြီးတချို့မှ ရရှိတယ်လို့ သိရှိရကြောင်း၊ ထိုအရာနှင့်ပတ်သက်ပြီး တရုတ်သမ္မတ၏ခရီးစဉ်တွင် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းတချို့တွင် မှောင်ခိုဈေးကွက်ရနိုင်သည့် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်က Standard Issued - Rifle e Export Version များတွေ့ရတယ်လို့ ပြောထားသည်များရှိကြောင်း၊ ထို့အရာနှင့်ပတ်သက်ပြီး တရုတ်သမ္မတကလည်း အရေးယူဆောင်ရွက်သွားမယ်လို့ ပြောခဲ့သည်များ ရှိပြီး ထိုအရာနှင့်ပတ်သက်ပြီး နောက်ဆုံးအခြေ အနေကို သိချင်ပါကြောင်း မေးမြန်းသည်။ ။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက တချို့ပြောသည့် သတင်းများမှာ ကြားသည့်သတင်း မှားနေလိမ့် မည်ဖြစ်ကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်နှင့် တရုတ်သမ္မတနှင့် တွေ့သည့်အချိန်တွင် မေးခွန်းတွင်ပြောခဲ့သည့် တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်က ထုတ်သည့် | Version ဖြစ်သည်ဟု ပြောဆိုခဲ့ခြင်း မရှိကြောင်း၊ ထိုလက်နက်တွေသည်လည်း PLA အနေဖြင့် ဆက်လက်ထုတ်လုပ်နေသည့် လက်နက်မဟုတ်ကြောင်း၊ တခြားနိုင်ငံများတွင်လည်း ဆက်လက် ထုတ်လုပ်နေသည့် လက်နက်တွေလည်း မဟုတ်ကြောင်း၊ သို့သော် ယခင်အဟောင်းများရှိနိုင်ပြီး မှောင်ခိုဈေးကွက်က နည်းလမ်းတစ်ခုကနေ ရရှိလာ သည့် အရာတွေဖြစ်ကြောင်း၊ ထို့အရာနှင့်ပတ်သက်၍ တပ်တွေအဝေးမှ ပစ်ခတ်ခံရခြင်းများရှိပြီး အဆောက်အဦသာ အနည်းငယ်ပျက်စီးခြင်းရှိကြောင်း၊ သတင်းဆက်စပ်မှုများအရ ဘယ်သူတွေ လုပ်သည်ကို ပြောနိုင်ကြောင်း၊ သို့သော် ပြောရန် မသင့်သေးသည့်အတွက် မပြောသေးခြင်းဖြစ်ပြီး ဘယ်သူတွေလုပ်တယ်၊ ဘာရည်ရွယ်ချက်နှင့်လုပ်သည်ကို သိကြောင်း၊ သို့သော် မိမိပြောလိုသည်မှာ ထိုအရာများနှင့်ပတ်သက်ပြီး တပ်မတော် အနေဖြင့် အချိန်မီ၊ အရှိန်မီထိန်းသိမ်းသွားနိုင်ပါ လိမ့်မည်၊ စိုးရိမ်ဖွယ်မရှိကြောင်း ပြန်လည်ကြားသည်။
ဆက်လက်ပြီး သေနင်္ဂမဟာဗျူဟာလေ့လာ ရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဒေါက်တာ နိုင်ဆွေဦးက ၁၉၈၈ ခုနှစ် တပ်မတော်မှ တာဝန်ယူသည့်အချိန်တွင် နိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုအခြေ အနေများကို ပြည်ပမှ နိုင်ငံတကာမှ ရုံးစိုက်သည့် စစ်သံများကို ပုံမှန်သတင်းစာရှင်းလင်းခြင်းကို လေ့လာတွေ့ရှိရကြောင်း၊ လက်ရှိအခြေအနေတွင် နိုင်ငံခြားရေးဝန်ကြီးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆက်ဆံရေးဝန်ကြီး နှစ်ဦးက သံတမန်များကို ရှင်းလင်းခဲ့သည်ကို တွေ့ရကြောင်း၊ ပုံမှန် သတင်းစာရှင်းလင်းပွဲများ၊ သံတမန်များအတွက် လုပ်ဆောင်ရန်အစီအစဉ် ရှိ၊ မရှိ စစ်သံတွေမှ မိမိတို့အား မကြာခဏဆိုသလို အစိုးရ၏ သဘောထား၊ တပ်မတော်၏ သဘောထားဆိုပြီး လာမေးလေ့ရှိကြောင်း၊ မိမိအနေဖြင့် အစိုးရ၊ တပ်မတော် ကိုယ်စားပြုသည့်သူ မဟုတ်သည့် အတွက် မိမိမှာ ဖြေခွင့်မရှိသည့်အတွက် မေးမြန်း ခြင်းဖြစ်ကြောင်း မေးမြန်းသည်။ ။ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက မိမိတို့ ဆောင်ရွက်ပေးမည်ဖြစ်ပြီး အဓိကအနေဖြင့် နိုင်ငံခြားသံရုံးများ၊ မြန်မာနိုင်ငံအခြေစိုက်သည့် စစ်သံရုံးများကို နေ့စဉ် Information Sheet ပေးလျက်ရှိကြောင်း၊ တစ်နိုင်ငံလုံးတွင်ဖြစ်ခဲ့သည့် သတင်းများနှင့်ပတ်သက်ပြီး နေ့စဉ်ပေးလျက်ရှိကြောင်း၊ ၎င်းတို့ ပို၍ကိုးကား၍ရစေရန် သတင်းစာရှင်းလင်းပွဲလုပ်မှမဟုတ်ဘဲ နေ့စဉ်ပေးလျက်ရှိပြီး အနည်းဆုံး Information sheet သည် စာမျက်နှာ ၂၀ ကျော်ကျော်ခန့် ရှိကြောင်း၊ ထိုအထဲတွင် တစ်နိုင်ငံလုံးတွင် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာ များ၊ ဘာလုပ်နေတယ်ဆိုသည့် အကြောင်းအရာ များ အားလုံးပါဝင်ကြောင်း၊ သို့သော် လိုအပ်လာ ပါက သတင်းစာရှင်းလင်းပွဲများတွင် ဖိတ်ခေါ်ခြင်း များ၊ ပြန်ကြားခြင်းများ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ဖြေကြားသည်။
သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဒေါက်တာ နိုင်ဆွေဦးက ICC ကိစ္စအပါအဝင် ရခိုင်အရေးအခင်းနှင့်ပတ်သက်ပြီး လက်ရှိအစိုးရ၏နောက်ဆုံးဖြေရှင်းလုပ်ဆောင်နေ သည်ကို သိလိုကြောင်း မေးမြန်းသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ICJ ကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိကြောင်း၊ ရှေ့နေ ချုပ်ရုံးအနေဖြင့် လုပ်ဆောင်သင့် လုပ်ဆောင် ထိုက်သည်များကို အကုန်လုံးပြင်ဆင်လုပ်ဆောင် ထားသည်များရှိပြီး နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဌာနအနေဖြင့် မည်သည့် Information ထပ်မံ ပေးနိုင်မည်ကို မေးမြန်းပြောကြားသည်။
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနမှ ဒေါ်မာလာသန်းထိုက် က ICC ကို မြန်မာနိုင်ငံမှ အသိအမှတ်ပြုထားခြင်းမရှိကြောင်း၊ ICJ နှင့် ပတ်သက်၍ အစီရင်ခံစာတင်မည့်အချိန်တွင် တင်ထားပြီးဖြစ်ကြောင်း ဖြည့်စွက် ဖြေကြား သည်။ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဒေါက်တာ နိုင်ဆွေဦးက မိမိ တို့နိုင်ငံ ကျင့်သုံးနေသည့်စနစ်က အမြဲတမ်း တပ်မတော်တစ်ခုပဲရှိပြီး အရန်တပ်ဖွဲ့ဆိုပြီး မရှိသေးပါဘူး၊ စစ်မှုထမ်းဟောင်း အဖွဲ့ဆိုသည်မှာလည်း အရန်အင်အားအဖြစ် သတ်မှတ်ထားသော် လည်းတပ်ဖွဲ့တစ်ခုအနေဖြင့် သတ်မှတ်ထားခြင်းမရှိကြောင်း၊ အကယ်၍ ယင်းတိုင်းပြည်တွင် Civil Unrest ဖြစ်လာခဲ့သည့်အချိန်မျိုးတွင် စစ်မှုထမ်းဟောင်းအဖွဲ့ကို လက်နက်ပြန်လည်တပ်ဆင်ပေးပြီး သက်ဆိုင်ရာဒေသ လုံခြုံရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းတာဝန်ယူရန် သင့်တယ်လို့ အကြံပြုလို ကြောင်း၊ မိမိတို့က အရပ်ဘက်၊ စစ်ဘက်ဆက်ဆံ ရေးအား ကာလအတန်ကြာ ပျက်ပြားခဲ့ခြင်း များရှိပြီး Civil Relation က မကောင်းခဲ့ဘူး။ ယခုအချိန်မှာ ပြန်လည်တည်ဆောက်ရမည့် အနေအထားဖြစ်ပြီး မိမိတို့က တည်ငြိမ်သွားသည့် အချိန်ကာလတစ်ခုမှာ ပြည်သူလူထုကို Army Open House Day of Navy Open House Day တို့ ဒါမျိုး ပြုလုပ်ပေးပြီးတော့ဖြစ်စေ၊ တစ်ဖက် Exhibation တွေပြုလုပ်ပြီးဖြစ်စေ နောက်ဆုံး တပ်မတော်၏ ပူးပေါင်းလေ့ကျင့်ရေး လေ့ကျင့်ခန်း တွေမှာ သတင်းမီဒီယာများသာမက ရွေးချယ် သတ်မှတ်ထားသည့် ပြည်သူလူထုကို ဖိတ်ခေါ်ပြသ la Select Military Relationship ပြန်ကောင်းလာအောင် လုပ်ဆောင်သင့်တယ်လို့ အကြံပြုလို ကြောင်း ပြောကြားသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌအနေဖြင့် မကြာသေး ခင်က ကောင်စီအစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း၊ အခြေအနေငြိမ်းချမ်းလာသည့် အချိန်တွင် မြန်မာနိုင်ငံ၌ ၂၀၁၀ ပြည့်နှစ်က ပြဋ္ဌာန်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကျင့်သုံးဖို့ ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ထိုအရာမှာ လက်ရှိအခြေအနေ မဟုတ်ကြောင်း၊ အခြေအနေအေးချမ်းသွားမှဖြစ် ကြောင်း၊ မိမိတို့မြင်သည်မှာ ထိုအရာသည် လုပ်သင့်သည့် လုပ်ငန်းတစ်ခုဖြစ်ပြီး မိမိတို့နိုင်ငံ၏ မဟာဗျူဟာ ပထဝီအနေအထားအရလည်းကောင်း၊ ဘေးမှာဝန်းရံနေသည့် အိမ်နီးချင်းနိုင်ငံများနှင့် ပတ်သက်ပြီးလည်းကောင်း၊ လုပ်ဆောင်သင့်ကြောင်း၊ အိမ်နီးချင်း ၅ နိုင်ငံထဲမှာ ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်ပတ်သက်ပြီး တစ်ဝက်တစ်ပျက် ကျင့်သုံး နေသည့် နိုင်ငံရှိကြောင်း၊ ထိုင်းနိုင်ငံတစ်ဝက် တစ်ပျက်၊ လာအိုနိုင်ငံ အပြည့်အဝကျင့်သုံးနေကြောင်း၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်က မကျင့်သုံး ပါကြောင်း၊ တရုတ်သည်လည်း လူဦးရေအရ ပြဋ္ဌာန်းထားပြီး အခြားမကျင့်သုံးသည့် နိုင်ငံတွေ ရှိကြောင်း၊ နှိုင်းယှဉ်ပြီးကြည့်ရမည်ဆိုလျှင် နိုင်ငံငယ်များ မိမိတို့နှင့်တန်းတူရှိသည့် နိုင်ငံများ ကျင့်သုံးနေပြီဖြစ်ကြောင်း၊ အရပ်ဘက် စစ်ဘက် ဆက်ဆံရေး၊ ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်း လိုက်လျှင် အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး ပိုပြီးတော့ အထောက်အကူပြုနိုင်မည်ဟု ထင်ကြောင်း၊ လြာထိုအရာများမှာ ရှေ့ဆက်ပြီး ဆောင်ရွက်သွားရမည့် လုပ်ငန်းများဖြစ်ပြီး အကြံပြုချက်များကိုလည်း ကျေးဇူးအများကြီးတင်ရှိကြောင်း ပြောကြားသည်။
ပူးပေါင်းကူညီဆောင်ရွက်သွားရန် မေတ္တာရပ်ခံ
နိဂုံးချုပ်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် တပ်မတော်အနေဖြင့် ရှေ့လုပ်ငန်း စဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်အတိုင်း ရှေ့ဆက် အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်၊ ပြည်သူလူထု လိုလားတောင့်တသည့်ပါတီစုံဒီမိုကရေစီစနစ် အတိုင်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်သူလူထုတစ်ရပ်လုံးက ပူးပေါင်းကူညီ ပါဝင်ဆောင်ရွက်သွားရန် မေတ္တာရပ်ခံပါကြောင်း ပြောကြားသည်။ ။