အသွင်ကူးပြောင်းမှုနှင့် နိုင်ငံ့အခြေအနေ အမှန်အမှား ခွဲခြားရှုမြင်
(ယမန်နေ့မှ အဆက်)
ဥပဒေများဖျက်သိမ်း တိုင်းပြည်အကျိုးစီးပွားကို ရှေးရှု၍ ပြဋ္ဌာန်း ထားသော ဥပဒေများကို NLD အစိုးရ နိုင်ငံ့တာဝန် ယူစဉ်က မရိုးဖြောင့်သော သဘောထားဖြင့် ဖျက်သိမ်းခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် အရေးပေါ် စီမံမှုအက်ဥပဒေ၊ နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်
စောင့်ရှောက်သည့်ဥပဒေနှင့် ဧည့်စာရင်းတိုင်ကြား ခြင်းဆိုင်ရာဥပဒေတို့ကို ဖျက်သိမ်းခဲ့သည်။ အဆိုပါ ဥပဒေများသည် နိုင်ငံအတွက် မရှိမဖြစ်လိုအပ် သဖြင့် ပြဋ္ဌာန်းခဲ့သော ဥပဒေများဖြစ်သည်။ ထိုဥပဒေများသည် ပြည်သူများ စိတ်အေးချမ်းသာ စွာနေထိုင်ရေးအတွက် မြို့ရွာများလုံခြုံရေးစနစ်
ကောင်းမွန်အောင် ပြဋ္ဌာန်းထားသော ဥပဒေများ ဖြစ်သည်။
ထိုဥပဒေသုံးခုစလုံးသည် လုံခြုံရေးအတွက် အရေးကြီးသောဥပဒေများဖြစ်သည်။ ရှေးယခင် ခေတ်ကာလအဆက်ဆက်ကတည်းက ကျင့်သုံး လာခဲ့သော ဧည့်စာရင်းတိုင်ကြားသောစနစ်ကို NLD အစိုးရလက်ထက်တွင် ဖျက်သိမ်းပစ်နိုင်ခဲ့သည် ကို NLD လွှတ်တော်ကိုယ်စားလှယ် အားလုံးက ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ကြသည်။ အဆိုပါဥပဒေ များ ဖျက်သိမ်းရန် လွှတ်တော်သို့ တင်ပြချိန်က တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ က နိုင်ငံ့အကျိုးရည်မျှော်၍ ကန့်ကွက်ခဲ့ကြသည်ကို မှတ်မိကြဦးမည် ထင်ပါသည်။ သို့သော်လည်း မဲခွဲ ဆုံးဖြတ်ပြီး အင်အားများသူတို့ အနိုင်ရခဲ့သည်။ ယခင်က ရပ်ရွာများတွင် ဧည့်စာရင်းမတိုင်ပါက ထောင်ဒဏ်၊ ငွေဒဏ်ချမှတ်ခံရသဖြင့် မတရားဖိနှိပ် သော ဥပဒေဟု စွပ်စွဲကာ ဖျက်သိမ်းခဲ့ကြသည်။
တိုင်းပြည်လုံခြုံရေးထိခိုက် အမှန်တွင် ဧည့်စာရင်းစနစ်ကို ကျင့်သုံး သောကြောင့် ရပ်ရွာများ အတွင်း သူစိမ်းတစ်ရံဆံ မည်သူရောက်ရှိနေသည်ကို ချက်ချင်းသိရှိနိုင်ပြီး ဥပဒေဖောက်ဖျက် သူများ၊ ဒုစရိုက်သမားများ၊ တိုင်းပြည်ပျက်စီးရာပျက်စီးကြောင်း ပြုလုပ်မည့် သူများကို အလွယ်တကူ ရှာဖွေတားဆီးနိုင်သည်။ ယခင်က နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို ရှာဖွေဖမ်းဆီးနိုင်သဖြင့် ၎င်းတို့၏အကျိုးတစ်ခု တည်းကိုကြည့်ကာ ဖျက်သိမ်းခဲ့၍ မြို့ရွာများတွင် အကြမ်းဖက်သမားများ၊ ဒုစရိုက်သမားများ၊ တစ်ဖက်နိုင်ငံမှ ခိုးဝင်လာသူများ အများအပြား ရောက်ရှိလာပြီး ရပ်ရွာလုံခြုံရေး၊ တိုင်းပြည် လုံခြုံရေးကို ထိခိုက်လာခဲ့သည်ကို ပြီးခဲ့သည့် ငါးနှစ်တာကာလအတွင်း အထင်အရှားတွေ့မြင် နိုင်မည်ဖြစ်သည်။
ထို့အပြင် ပထမအစိုးရလက်ထက် ၂၀၁၅ ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်းခဲ့သော “မျိုးစောင့် ဥပဒေ" ဟု အမည်တွင်သည့် 'တစ်လင်တစ်မယား စနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေ' 'မြန်မာဗုဒ္ဓ ဘာသာဝင်အမျိုးသမီးများ အထူးထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေ” နှင့် “လူဦးရေတိုးပွားမှု ထိန်းညှိ ခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုဥပဒေ' တို့ကို ဖျက်သိမ်းရန် ကြိုးစားခဲ့သော်လည်း လက်ရှိ အချိန်အထိ တည်ဆဲဥပဒေများအဖြစ်သာ ရှိနေ သေးသည်။ အမှန်တကယ်တွင် ပြည်ထောင်စုအဆင့်ဥပဒေပြုသူများအနေဖြင့် နိုင်ငံ၏ ကာကွယ်ရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု အမြင်များ ကျယ်ပြန့်စွာရှိဖို့လိုအပ်ပြီး အရေးကြီးသော ဥပဒေများကို ဖျက်သိမ်းလိုက်ခြင်းက တိုင်းပြည် မည်သည့်အခြေအနေရောက်နိုင်သည်ကို သက်သေပြ လျက်ရှိ သည်။ ။
အမျိုးဘာသာသာသနာ မြန်မာနိုင်ငံသည် ယဉ်ကျေးမှုအစဉ်အလာ ကြီးမားပြီး အများစုမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်သည်။
နိုင်ငံ၏ လူ့ဘောင်အသိုက်အဝန်းများတွင် ဘာသာ တရားကိုအခြေခံ၍ ရပ်တည်ရှင် သန်နေကြသည်။ NLD ပါတီနှင့် အစိုးရအနေဖြင့် ယင်းအချက်ကို မျက်ကွယ်ပြုခဲ့ သည်။ အာဏာရပါတီနှင့် အစိုးရသည် ဘာသာခြား၊ လူမျိုးခြားတို့နှင့် ရည်ရွယ်ချက်ကြီးမား
စွာ ပတ်သက်ခဲ့သည်။ ရခိုင်ပြည်နယ်အရေးကို ( ဖြေရှင်းရန်အတွက် ကိုဖီအာနန် ကော်မရှင် အစီရင် ခံစာတွင် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကိုပြင်ဆင်၍ နိုင်ငံသားမဟုတ်သူများကို နိုင်ငံသား ပေးရန် အစီ အစဉ်လမ်းကြောင်းပေးလာခဲ့သည်။ သို့သော် မြန်မာ နိုင်ငံအတွက် ထိလွယ်ရှလွယ်အန္တရာယ်များသော ထိုဥပဒေပြင်ဆင်ရေးကို ရှောင်ကွင်း၍ ဥပဒေ ဖျက်သိမ်း ခြင်း၊ ပြဋ္ဌာန်းခြင်း၊ စာချုပ်လက်မှတ် ရေးထိုးခြင်းတို့ကို လုပ်ဆောင်လာခဲ့သည်။
နိုင်ငံတော်၏ ဘဏ္ဍာငွေဖြစ်သည့် နိုင်ငံတော် သမ္မတ အရေးပေါ်ရန်ပုံငွေမှ ကျပ်သန်းပေါင်း ၆၄၂၆ သန်း ထုတ်ယူသုံးပြီး ဆိုရှယ်လူမှုကွန်ရက်ပေါ်မှ ပြည်သူလူထု၏ လွတ်လပ်စွာ ဝေဖန်ရေး သားပြောဆို မှုများကို ထိန်းချုပ်ခဲ့ပါသည်။ လွတ်လပ်စွာဆန္ဒ
ဖော်ထုတ်မှု၊ လွတ်လပ်စွာပြောဆိုမှု၊ ဟောပြောမှု၊ စီတန်းလှည့်လည်မှုများကိုနည်းမျိုးစုံဖြင့် နှောင့်ယှက် ဟန့်တားတားဆီးခဲ့သလို ဥပဒေကြောင်းအရလည်း ရှာဖွေဖမ်းဆီးအရေးယူခဲ့ သည်ကို လည်း တွေ့ရသည်။ ပြည်သူ့အစိုးရဟူသော လက်ထက်တွင် ယခင်ပထမ ဒီမိုကရေစီ အစိုးရ လက်ထက်သာလွန်၍ အရေးယူ တားဆီးမှုများပြုလုပ်ခဲ့သည်။ ပြည်သူ့အစိုးရ လက်ထက်တွင် မီဒီယာသမားများအား ဖမ်းဆီး အရေးယူမှု ယခင်အစိုးရကာလထက် ပိုမိုများပြားခဲ့ကြောင်း လေ့လာသူတို့က တင်ပြကြသည်။
ဗုဒ္ဓဘာသာအသင်းအဖွဲ့ ဖျက်သိမ်း မြန်မာနိုင်ငံ၏ သမိုင်းကြောင်းအစဉ်အလာအရ အစဉ်အဆက် ထိန်းသိမ်းစောင့်ရှောက်လာခဲ့ကြသော အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးကို ဆောင်ရွက် ကြ သည့် ဗုဒ္ဓဘာသာအသင်းအဖွဲ့များ၊ အမျိုးသားနိုင်ငံရေးအင်အားစုများကို အမျိုးမျိုးဖိအား ပေး ဖယ်ရှားအရေးယူနိုင်အောင်ဆောင်ရွက်ခဲ့သည်။ အမျိုးဘာသာ သာသနာအရေးကို ဆောင်ရွက်သောYMBA အသင်းကိုပင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
ဗုဒ္ဓဘာသာရဟန်းတော်များက ဦးဆောင်ဖွဲ့စည်းထား သော အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ)ကို ဓမ္မစက်ဖြင့် ဖျက်သိမ်းပစ်ရန် ကြိုးပမ်း အားထုတ်ခဲ့သည်။ မြို့နယ်အလိုက် ထူထောင် ထားသော (မဘသ)ဆိုင်းဘုတ်များကို ဖြုတ်သိမ်းရန် ပြုလုပ်ခဲ့သည်။
အဆိုပါအသင်းအဖွဲ့အရေးကိစ္စကို ပြည်ထောင်စု အစိုးရက ဆောင်ရွက်ရမည် ဖြစ်သော်လည်း နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (မဟန) ကို ( ဖြေရှင်းခိုင်းခဲ့သည်။ အမှန်တကယ်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) အရ နိုင်ငံသားများ၏ မူလ အခွင့်အရေးနှင့် လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်း ခွင့်၊ ၂၀၁၄ ခုနှစ်က ပြဋ္ဌာန်းခဲ့သော ပြည်ထောင်စု ဥပဒေတွင်ပါရှိသည့် လွတ်လပ်စွာဖွဲ့စည်းခွင့်၊ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ စသည်တို့ကို ဦးစွာဖျက်ပြီးမှ သာလျှင် နိုင်ငံတော်အစိုးရအနေဖြင့် (မဘသ) ကို ဖျက်သိမ်းခြင်း၊ ဆိုင်းဘုတ်ဖြုတ်သိမ်းခြင်းတို့ကို ပြုလုပ်နိုင်မည်ဖြစ်သည်။
ငြိမ်းချမ်းရေးကို ဆောင်ရွက်နိုင်နိုင်ငံတော်ကို တာဝန်ယူခဲ့သည့် ငါးနှစ်တာ ကာလအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဆောင်ရွက်နိုင်ခဲ့သည်ကို အသိအမှတ်ပြုရမည် ဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့ နှင့် NCA စာချုပ်တွင် လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံအစည်းအဝေး လေးကြိမ်ကျင်းပနိုင်ခဲ့ပြီး အခြေခံမူ အချို့ကို ချမှတ်နိုင်ခဲ့သည်။ သို့သော် ငြိမ်းချမ်းရေးခရီးလမ်းမှာ အလှမ်းဝေးနေဆဲ ဖြစ်သည်။ တပ်မတော်ကို အလေးမထားဘဲ အတေးအမှတ်ထားသော အစိုးရအဖွဲ့အနေဖြင့် မည်သည့်နည်းဖြင့် ၊ ငြိမ်းချမ်းရေးရရှိအောင်လုပ်ဆောင်နိုင်ပါမည်နည်း။
ငြိမ်းချမ်းရေးကိုတပ်မတော်၊ အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် နိုင်ငံရေးစားပွဲဝိုင်းတွင် ရင်းရင်းနှီးနှီး ယုံယုံကြည်ကြည် ဆုံစည်း ၊ နိုင်ပါမှ ငြိမ်းချမ်းရေးခရီး နီးမည်ဖြစ်သည်။
အမျိုးသားရင်ကြားစေ့ရေးကို ကြွေးကြော် ကာ အစိုးရတာဝန်ယူခဲ့သောအဖွဲ့သည်လက်ရှိတွင် နိုင်ငံတော်၏လိုအပ်ချက်အရ အမျိုးသားနိုင်ငံရေး အခန်းကဏ္ဍတွင် ပါဝင်နေသော တပ်မတော်ကို ဘေးဖယ်ကာ ကိုယ့်လမ်းကိုယ်လျှောက်၊ ကိုယ်ထင် ရာကိုယ်လုပ်ခဲ့သည်။ နောက်ဆက်တွဲအကျိုးဆက်ကြောင့် နိုင်ငံတော်နှင့် ပြည်သူထိခိုက်နစ်နာရသည့် အဖြစ်မျိုးရောက်နေသည်ကို လက်တွေ့ မြင်တွေ့ နိုင်ပေသည်။ ငါးနှစ်တာကာလအတွင်း အမျိုးသား ရေး စရိုက်လက္ခဏာများ ဖျက်ဆီးခြင်းခံခဲ့ရသည်။ အမျိုးဘာသာသာသနာကို မှေးမှိန်အောင် လုပ်ဆောင်ခဲ့သည်။ ရှေးအစဉ်အဆက် အမွန် အမြတ်ထားခဲ့သော ဗုဒ္ဓသာသနာ တော် တန်းညှိ ခြင်း ခံခဲ့ရသည်။
ကိုယ်တိုင်မဲဆွယ်စည်းရုံး အတိုက်အခံပါတီဘဝက ယခင်အာဏာရ ပါတီ ပထမအစိုးရကို ရိပ်ဖမ်းသံဖမ်းပင် မဲဆွယ် | စည်းရုံးခွင့်မရအောင် ဝေဖန်ထောက်ပြခဲ့သည်ကို
တွေ့ရမည်ဖြစ်သည်။ ပထမအကြိမ် ရွေးကောက်ပွဲ နီးသောကာလတွင် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်
ရေး သမ္မတစစ်ဆေးသည့်သတင်းကို အစိမ်းရောင် သစ်ပင်များ အသားပေးပြီး မဲဆွယ်စည်းရုံးပါသည်
ဟု ပြစ်တင်ပြောဆိုခဲ့သည်။ ကိုယ်တိုင်အစိုးရ ဖြစ်လာသောအခါ မီဒီယာများ၊ လူမှုကွန်ရက်များ ကိုအသုံးချကာ အခြားပါတီများ မဲဆွယ်စည်းရုံး အခွင့်အရေးများကို လျစ်လျူရှုပြီး ခေါင်းဆောင်များ ကိုယ်တိုင် မဲဆွယ်စည်းရုံးခဲ့သည်။
ပထမအာဏာရပါတီအစိုးရ မဲဆွယ်စည်းရုံး ခြင်းမပြုနိုင်အောင် ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ သည့် အတိုက်အခံပါတီသည် အစိုးရအာဏာရလာ
သောအခါ ကိုယ်တိုင်မဲဆွယ်စည်းရုံးပြီး ဖွဲ့စည်းပုံ ီအခြေခံဥပဒေကို ဗြောင်ကျကျချိုးဖောက်ခဲ့သည့် အပြင် ဝန်ထမ်းများ ပါတီနိုင်ငံရေး ကင်းရှင်းရမည် ဆိုသည့်အချက်ကို လျစ်လျူရှုခဲ့ပြီး ပါဝင် ပတ်သက်စေခဲ့သည်။ ပါတီနိုင်ငံရေးမှ လူထု
တော်လှန်ရေးအဖြစ် အသွင်ပြောင်းပေးခဲ့ခြင်းမှာ အဆိုးရွားဆုံးဖြစ်သည်။ ။
ပြည်သူလူထူအားသည်သာ အဓိကပါ၊ ပြည်သူ | လူထုကို အားကိုးပါသည် စသည်ဖြင့် အစိုးရ
ကိုယ်တိုင် ဦးဆောင်စွမ်းဆောင်ခြင်းမရှိဘဲ မကြာ ခဏ ပြည်သူကိုသာ တိုင်တည်နေရသည့် အစွမ်း အစကို ခန့်မှန်းကြည့်နိုင်မည်ဖြစ်သည်။ ပြည်သူ့ အကျိုးကို လက်တွေ့လုပ်ဆောင် မပြသနိုင်ဘဲ နှုတ်ပြောစကားဖြင့် စည်းရုံးနိုင်ခဲ့ခြင်းသည် ကိုယ်ကျိုးစီးပွား၊ ပါတီအကျိုးစီးပွား အတွက် ထိရောက်မှုရှိစေခဲ့သည်။ မျိုးဆက်သစ်လူငယ် လူရွယ်များအား တပ်မတော်အပေါ် အထင်အမြင် လွဲမှားအောင်ဖန်တီးပြီး လမ်းမှားပေါ်သို့ ပို့ဆောင် ပေးခဲ့သည်။
ပြည်သူချစ်သော နိုင်ငံ့ခေါင်းဆောင်တစ်ဦးသည် လမ်းမှားနေသော ပြည်သူများအား လမ်းမှန် ပေါ်သို့ရောက်အောင် တည့်မတ်ပေးရမည် ဖြစ်သော်လည်း ၁၉၈၈ ခုနှစ်မှ ယနေ့ကာလ ထိတိုင် မေတ္တာရပ်ခံခြင်း၊ ဖျောင်းဖျခြင်း၊ သွန်သင် ခြင်း၊ တည့်မတ်ပေးခြင်းမရှိသည်မှာ ပင်ကိုစရိုက် လက္ခဏာအဖြစ် ဆန်းစစ်ကြည့်နိုင်ပါသည်။
တိုင်းတစ်ပါးလူမျိုးခြားလေးစား အထူးသဖြင့် အမျိုးဘာသာသာသနာ၊ ယဉ်ကျေးမှု စရိုက် လက္ခဏာ ကြီးမားသော မြန်မာ တို့၏ လူမှုဘဝ ဓလေ့ထုံးတမ်းစဉ်လာများကို ပျက်စီးစေအောင် ကြိုးပမ်းခဲ့သည်မှာ ဝမ်းနည်း စရာဖြစ်သည်။ နိုင်ငံခြားသားတိုင်း တစ်ပါးသားကိုအားကိုးခြင်း၊ ဦးစားပေးခြင်း၊ အမျိုးဘာသာကို ပစ်ပယ်ခြင်း၊ တိုင်းပြည်အတွက် အဓိကအားထား ရမည့် တပ်မတော်ကို ပစ်ပယ်ခြင်း၊ ချိုးနှိမ်လိုခြင်း၊ မိမိအကျိုးစီးပွားတစ်ခုတည်းကိုသာ ကြည့်၍ တိုင်းပြည်လုံခြုံရေးဆိုင်ရာဥပဒေများကို ဖျက်ဆီး ခြင်းတို့သည် တစ်ချိန်သောအနာဂတ်တွင် မြန်မာ နိုင်ငံအဖြစ်မှ မြန်မာနစ္စတန်အဖြစ်သို့ သက်ဆင်း သွားမည့်အန္တရာယ်ကိုပါ သတိပြု ရမည်ဖြစ်သည်။ ပြည်သူများကို ဦးထိပ်ထား၍ ပြည်သူကို စည်းရုံးကာ မိမိတို့ပါတီ အင်အားကြီးထွားလာအောင်တည်ဆောက်နေခြင်းသည် ဒီမိုကရေစီမျက်နှာ ဖုံးစွပ်၍ တစ်ပါတီ အာဏာရှင်စနစ်ကို ဖော်ဆောင် နေခြင်းသာဖြစ်သည်။
NLD အစိုးရအနေဖြင့် ပြဿနာတစ်ရပ်ကိုပြေလည်အောင် ဖြေရှင်းနိုင်ပါလျက်နှင့် တပ်မတော် | အပေါ် ထားရှိသည့်စိတ်ရင်းကို မအောင့်နိုင်၊ မချုပ်တည်းနိုင်ဘဲ ထိပ်တိုက်ရင်ဆိုင်ပြလိုက်ခြင်း ဖြစ်သည်။ နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူ အားလုံးတို့၏ အကျိုးစီးပွားကို မထောက်ရှုဘဲ ဝန်းရံသူပြည်သူများ၊ မသိနားမလည်သော ပြည်သူများ၊ ဖျက်လိုဖျက်ဆီးလုပ်တတ်သော ပြည်သူ များအားဖြင့် နိုင်ငံပုံရိပ်ကို ကျဆင်းအောင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
NLD ပါတီ၏ အဓိကရည်ရွယ်ချက်မှာ မိမိ ပါတီမှအပ အခြားပါတီများအားလုံး လုံးပျောက် ကွယ်ရေး၊ လွှတ်တော်ထဲမှ တပ်မတော်သား ကိုယ်စားလှယ်အားလုံးဖယ်ရှားရေး၊ ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံဥပဒေကို ဖျက်သိမ်းရေး၊ တပ်မတော်ကိုမြန်မာ့နိုင်ငံရေးအခန်းကဏ္ဍမှ ဖယ်ထုတ်ရေး၊ အမျိုးဘာသာသာသနာကို အခြားနှင့် ရောထွေး တန်းညှိရေးပင်ဖြစ်သည်ဟု သုံးသပ်ပါသည်။
အချုပ်အားဖြင့်ဆိုရပါလျှင် ဒီမိုကရေစီ ပန်းတိုင်သို့ရောက်ရှိရေး၊ တိုင်းပြည်နှင့် လူထုကောင်း စားရေး အတွက် အသွင်ကူးပြောင်းမှုကို ရိုးသားဖြောင့်မတ်သောစေတနာဖြင့် ပါဝင်ဆောင်ရွက် နေခြင်းလော၊ မိမိပါတီအာဏာရရှိရေး၊ မိမိပါတီ အားကောင်းခိုင်မာလာရေးအတွက် အသွင်ကူး ပြောင်းမှုတွင် ပါဝင်ဆောင်ရွက်နေခြင်းလောဟူသည့် မေးခွန်းတို့ကို သေချာစွာ အဖြေရှာ ကာ အသွင်ကူးပြောင်းမှုနှင့် နိုင်ငံတော် တွင်ဖြစ်ပေါ် နေသော အခြေအနေအမှန်/ အမှားကို ခွဲခြားရှုမြင် နိုင်ကြပါစေကြောင်း။ ။
မောင်သောမန