လမ်းပေါ်ထွက်ပြီး ရှေ့တန်းရောက်နေသော လူငယ်များသို့
ရွှေယွန်း
မြန်မာနိုင်ငံကို ငယ်ရွယ်သောနိုင်ငံဟု တင်စား ခေါ်ဆိုကြသည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံ့ လူဦးရေ အချိုးအစားအရ လူငယ်အသက်အပိုင်း အခြား များပြားသောကြောင့်ပင်။ လူငယ်နှင့် ပတ်သက်၍ "ယနေ့ လူငယ် နောင်ဝယ် လူကြီး" ဆိုသည့် ဆိုရိုးစကားသည် မြန်မာနိုင်ငံတွင် ထင်ရှားသည်။ ထို့ပြင် “လူငယ်တို့သည် တိုင်းပြည်၏ အနာဂတ်ဖြစ်သည်” ဆိုသည်ကို နိုင်ငံရေးသမားတိုင်း ထပ်တလဲလဲ အသုံးပြုများ၍ ရင်းနှီး ကျွမ်းဝင်လှသည့် စကားတစ်ခု။
လမ်းပြဆုံးမမှု
သို့သော် လူငယ်များ တောက်ပသည့် အနာဂတ်ပိုင်ဆိုင်နိုင်ရန်အတွက် မိဘ၊ ဆရာ သမား၊ မိတ်ကောင်း ဆွေကောင်း တို့၏ လမ်းပြ ဆုံးမမှုက အရေးကြီးသည်ကိုလည်း မေ့ထား၍ မရပါ။ ယနေ့ မြန်မာ့နိုင်ငံရေး အခြေအ နေတွင် လူငယ် Generation Z ၏ အခန်းကဏ္ဍကို အရေး တယူရှိလှ၏။ လူငယ်များ လမ်းပေါ်တက်စေ၍ နိုင်ငံရေးအ ခန်းကဏ္ဍတွင် ပါဝင်စေမှုက နေရာပေး၊ အရေးပေး ပါဝင်စေသည်ဟု ထင်ရသော်လည်း ရာနှုန်းပြည့် မှန်ကန်မှု မရှိနိုင်ပါ။
လူငယ်တို့သည် တက်ကြွသည်၊ သင်ယူ လေ့လာမှု အားကောင်းသည်၊ ဖန်တီးနိုင်မှု အားကောင်းသည် မှန်သော် လည်း အတွေ့အကြုံ အားဖြင့် အားနည်းပါသေးသည်။ အတုမြင် အတတ်သင်ဆိုသလို အတတ်မြန်ဆိုသော်လည်း မြင်သမျှ မှန်သည်ဟု ဆုံးဖြတ်မှု မရဲစေလိုပါ။ "ပထမအရွယ် ပညာရှာ" ဆိုသည့် စကားအတိုင်း လူငယ်အရွယ်သည် ဘဝဖြတ်သန်းမှုတွင် မပင်မပန်း မတောင့်မတ နေထိုင်ရှင်သန်နိုင်ရန် အသိပညာ၊ အတတ်ပညာ အားကောင်း အောင် ရှာဖွေရမည့် အရွယ်သာဖြစ်သည်။
ကိုယ်တိုင်သာ ဆုံးဖြတ်ကြရမည်
အသိပညာ၊ အတတ်ပညာရှာဖွေရင်း ဘဝ အောင်မြင်ရေး ကြိုးပမ်းရမည့် လူငယ်များသည် ယနေ့ ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေ များကို ကိုယ်တိုင်လေ့လာသုံးသပ်၍ မှန်သည်။ မှားသည်ကို ကိုယ်တိုင်သာ ဆုံးဖြတ်ကြရမည် ဖြစ်သည်။ လူငယ်အများစု အသုံးပြုရာ ဖေ့စ်ဘွတ် သည် လူငယ်များအတွက် မှန်ကန်သည့် ရှေ့ဆောင် လမ်းပြ မဖြစ်နိုင်ပါ။ ထို့အတူ ဖေ့စ်ဘွတ်ပေါ်မှ အကြောင်းအရာတိုင်းသည် မှန်ကန်မှု မရှိနိုင်ပါ။ လူငယ်များအတွက် အရာရာတိုင်းကို အဘက်ဘက် မှ လေ့လာသုံးသပ်စဉ်းစားပြီးမှသာ ဆုံးဖြတ်လုပ်ကိုင် သင့်သည့် အချိန်ဆိုလျှင် လည်း မမှားပေ။
စိတ်မကောင်းဖွယ်
လက်ရှိ မြန်မာ့နိုင်ငံရေး မတည်ငြိမ်သေးသည့် အချိန်ကျမှ လူငယ်များကို ပွဲထုတ်၍ ဒိုင်းကာများ သဖွယ် အသုံးပြု ကာ ဆန္ဒပြမှုများသည် မှန်ကန် သည်ဟု မထင်။ သို့သော် ဆန္ဒပြမှုများအတွင်း လူငယ်များသည် မိမိကိုယ်ကို ထင်ပေါ်စေလိုသည့် ဝတ်စားဆင်ယင်မှုများဖြင့် တွေ့မြင်နေရသည်မှာ စိတ်မကောင်းဖွယ်ဖြစ်သည်။ ဤနေရာ တွင် လူငယ် များကို အသုံးချသည့် ခါတော်မီ ကြီးပွားရေးသမား များ၏ အတ္တကလည်း မသေးပေ။ မိမိကြီးပွားရေး တစ်ခုသာ တွေးခေါ်ရာ လူတချို့သည် ယခုအချိန် တွင်ပင် ဦးထုပ်များ၊ (ဒေါင်း) အလံများ၊ အိတ်များ စသဖြင့် ပုံစံအမျိုးမျိုးထုတ်လုပ်၍ ကိုယ်ကျိုးစီးပွား ရှာနေသည်ကိုလည်း တွေ့မြင်ရ၏။ ဖေ့စ်ဘွတ်ပေါ်မှာ သာ စိတ်မကောင်းဟန်၊ ဝမ်းနည်းဟန်ပြ၍ စီးပွား ရှာသည့် ခါတော်မီ ကြီးပွားရေးသမားများ၏ စီးပွား ရှာနည်းကိုလည်း သတိချပ်စေချင်ပါသည်။
နည်းလမ်းတစ်ခုသာဖြစ် ထို့အတူ ဖေ့စ်ဘွတ်ပေါ်မှာသာလျှင် နိုင်ငံနှင့် လူမျိုးကို ချစ်တတ်သည့် လူတစ်စုကလည်း လူငယ် များကို လမ်းပေါ်ထွက်လာစေရန် မပြတ်လှုံ့ဆော်၍ ၎င်းတို့ ကိုယ်တိုင်ကနောက်ကွယ်ကသာ တည်ရှိနေ သည်ကိုလည်း ဆင်ခြင်သတိပြုစေလိုပါသည်။ ပုံစံ အမျိုးမျိုးဖြင့် လူငယ်များ လမ်းပေါ်တက်၍ ဆန္ဒပြ စေရန် လှုံ့ဆော်ကာ ရှေ့တန်းကျကျ နေရာများတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်တွေ့ဆုံလာ စေမှု အခြေအနေ များသည် လူငယ်များ၏ အနာဂတ် ရည်မှန်းချက်များ ပျက်ပြားစေမည်ကို အားပေးသည့် နည်းလမ်း တစ်ခုသာ ဖြစ်နေသည်။
အရေးကြီး
ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ထောင် လိုသည့် မိမိတို့နိုင်ငံတွင် ဒီမိုကရေစီစံနှုန်းများကို လူငယ်များ လေးစားလိုက်နာတန်ဖိုးထားမှုရှိရန် အရေးကြီးသည်။ အခွင့်အရေးအတွက် ဒီမိုကရေစီ ဟု သုံးနှုန်းပြီး လိုက်နာရမည့် စည်းကမ်းများကို မသိကျိုးကျွံပြုလျှင် အနှစ်သာရပြည့်ဝမှုမရှိနိုင်ပါ။ ဒီမိုကရေစီနှင့် ဆန့်ကျင်၍ စည်းကမ်းမလိုက်နာမှု များကြောင့်ရရှိလာမည့် အကျိုးဆက်များကိုလည်း စဉ်းစားရမည်ဖြစ်ပါသည်။ ဥပဒေပြင်ပ၊ စည်းကမ်း ပြင်ပမှ ဆောင်ရွက်မှုများသည် အကျိုးရလဒ် ကောင်း ထွက်နိုင်မည်မဟုတ်ပါ။ ဒီမိုကရေစီ နည်းလမ်း အရ ဆန္ဒထုတ်ဖော် ပြောဆိုခွင့်သည် လူတိုင်းတွင် အပြည့်အဝရှိသည်။ ဒီမိုကရေစီစံနှုန်းနှင့်အညီ လွတ်လပ်စွာ ပြောဆို ခွင့်၊ ဆန္ဒထုတ်ဖော်ခွင့်၊ စည်းရုံးလှုပ်ရှားခွင့်များကို လူငယ်များ လုပ်ဆောင်နိုင်သော်လည်း ဒီမိုကရေစီ စံနှုန်းများကို လိုက်နာကျင့်သုံးမှု မရှိသူများ၏ ပါဝင်မှုများကြောင့် အကြမ်းဖက်အရိုင်းဆန်သည့် အခြေအနေသို့ အချိန်မရွေး ရောက်ရှိသွားနိုင်ပါ သည်။
တွဲဖက်ပါလာ
လက်ရှိအခြေအနေတွင် တစ်လကျော် ကြာမြင့်လာပြီဖြစ်သည့် CDM လှုပ်ရှားမှုများနှင့် အတူ ဒီမိုကရေစီကို သွေဖည် နေသည့် လုပ်ရပ် များက တွဲဖက်ပါလာပြီဖြစ်သည်။ ထိုသို့သော အခြေအနေ အချိန်အခါတွင် ရှေ့တန်းက ပါဝင် နေသည့် လူငယ်ထုနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိပ်တိုက်တွေ့ဆုံမှုပိုမိုများပြားလာမည်ဖြစ်သည်။ | ထိပ်တိုက် တွေ့ဆုံမှုမှ မည်သည့်ကောင်းကျိုးတရား ကိုမျှ ရရှိနိုင်မည်မဟုတ်ပါ။ ထို့ကြောင့် လူငယ်များ အနေဖြင့် လူငယ်များ၏ အနာဂတ်ရည်မှန်းချက် များ ပျက်ပြားစေနိုင်သည့် အပြုအမူ၊ လှုပ်ရှား ဆောင်ရွက်မှုများကို စဉ်းစားဆင်ခြင်သင့်ပါသည်။ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်လျှင် ကျန်ရစ်သူ ကိုယ့်မိသားစုအတွက် ရင်ကျိုး ဖွယ်ရာ ဖြစ်သည်။ ထို့ပြင် သူရဲကောင်းအဖြစ် ဖန်တီးမြှောက်ပင့် အားပေးမှုများကို နားယောင်ပြီး လူငယ်များ၏ လုပ်ရပ်ကို သွန်သင်ဆုံးမလမ်းမှန်ပြခြင်း၊ တားဆီး ဟန့်တားခြင်းမရှိသည့် မိဘမောင်ဖားများအနေ ဖြင့်လည်း မထင် မှတ်ဖွယ် ရာများနှင့် တွေ့ကြုံရ သည့်အခါ ဒေါသကို သူတစ်ပါးအပေါ် မပုံချဘဲ မိမိတို့အပြစ်အတွက် မိမိတို့သာ တာဝန်ယူ ရမည် ဖြစ်ပါသည်။
လူငယ်များကိုယ်တိုင်လည်း ရှေ့တန်းရောက် အောင် နောက်ကွယ်မှ လှုံ့ဆော်နေမှုများ၊ ဥပဒေ နှင့်မညီသော ချိုးဖောက်မှုများဖြစ်အောင် မြှောက်ပင့်ပေးနေမှုများကို သတိထားကြည့်မြင် တတ်ရန်လိုပါသည်။ လူငယ်များကို နောက်ကွယ် ကသာ မြှောက်ပင့်လှုံ့ဆော်၍ လမ်းပေါ်ထွက် မလာသူများသည် နောက်ကျောထိုးမည့် ဓားများသာ ဖြစ်ပါသည်။ ထို့ကြောင့် လူငယ်များအနေဖြင့် သတိတရား၊ အသိတရား၊ အရှိတရားတို့ဖြင့် ပစ္စုပ္ပန် အခြေအနေ များကို စဉ်းစားသုံးသပ်နိုင်ကြ ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါ သည်။