CDM အောင်မြင်ဖို့အတွက် လှုပ်ရှားမှုတွေရှိလာတာကြောင့် CDM လှုပ်ရှားမှုမပြုလုပ်တဲ့ နိုင်ငံ့ဝန်ထမ်းတွေအတွက် ရုံးတက်/ရုံးဆင်းပြုလုပ်ကြရာမှာ လမ်းခရီးသွားရေးလာရေးတွေ အခက်အခဲဖြစ်လာခဲ့ရတယ် ဦးမောင်အေး
နိုင်ငံတစ်ဝန်း CDM လှုပ်ရှားမှုများ ဆက်တိုက် ဖြစ်ပေါ်လျက်ရှိပြီး အများပြည်သူများ ထင်ယောင်ထင်မှားဖြစ်စေရန် သွေးထိုးလှုံ့ဆော်မှုများ၊ ရန်ကုန်မြို့ရှိ လမ်းအသီးသီး၌ လမ်းပိတ်ဆို့မှုများဖြစ်ပေါ်လျက်ရှိသောကြောင့် နိုင်ငံ့ဝန်ထမ်းများ ရုံးတက်ရုံးဆင်း ပြုလုပ်ကြရာတွင် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
“နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့ CDM လှုပ်ရှားမှုမှာ အနည်းနဲ့အများ ပါဝင်နေကြသလို တချို့ နိုင်ငံ့
ဝန်ထမ်းတွေလည်း ခုဆိုရင် ရုံးပြန်တက်ကြတာ တွေ ရှိလာကြပါတယ်။ ဒါလည်းအမှန်၊ အမှားကို ( ခွဲခြားမသိနိုင်သေးတဲ့ကာလမှာ သူများ ယောင်လို့လိုက်ယောင်တဲ့သဘောလို့လည်း ပြောလို့ရတာ ပေါ့နော်။ လက်ရှိ တာဝန်ထမ်းဆောင်နေကြတဲ့ နိုင်ငံ့ဝန်ထမ်းတွေကတော့ ကိုယ့်နိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေအပေါ် လေ့လာသုံးသပ်ပြီး ပုံမှန်အတိုင်း အလုပ်ဆင်းနေကြပါတယ်။ အဲဒီတော့ ပြဿနာက ဘာရှိလာလဲဆိုတော့ တစ်ဖက်မှာ CDM အောင်မြင်ဖို့အတွက် လှုပ်ရှားမှုတွေ ရှိလာတာ ကြောင့် CDM လှုပ်ရှားမှုမပြုလုပ်တဲ့ နိုင်ငံ့ဝန်ထမ်း တွေအတွက် ရုံးတက်ရုံးဆင်း ပြုလုပ်ကြရာမှာ လမ်းခရီးသွားရေးလာရေးတွေ အခက်အခဲဖြစ်လာ ခဲ့ရတယ်။ CDM ကြောင့် လမ်းပိတ်ဆို့မှုများဖြစ်ပေါ် တဲ့အတွက် ခရီးသည်တင်ယာဉ်တွေဟာဆိုရင် အဆင်ပြေနိုင်မယ့် လမ်းကြိုလမ်းကြားတွေကနေ
ရှောင်ရှားမောင်းနှင်လာကြရတယ်။ အကျိုးဆက်က ခရီးသည်တင်ယာဉ်အသုံးပြုစီးနှင်းတဲ့ နိုင်ငံ့ဝန်ထမ်းတွေ ရုံးတက်ရာမှာ ရုံးချိန်နောက်ကျတာပေါ့။ ရုံးတက်နောက်ကျတဲ့ အတွက်ကြောင့် အလုပ်လစ်ဟင်းမှုတွေဖြစ်ပေါ်ပြီး အများပြည်သူအတွက် ဆောင်ရွက်နေရတဲ့ ဝန်ဆောင်မှုလုပ်ငန်းများပါ
ကြန့်ကြာမှုများ ဖြစ်ပေါ်စေတာမို့ အကျိုးဆက်က ပြည်သူတွေအတွက် ထိခိုက်နစ်နာစေရတာပါပဲ” ဟု နိုင်ငံ့ဝန်ထမ်းတစ်ဦးဖြစ်သူ ဦးမောင်အေးက ပြောသည်။ မတ် ၇ ရက်ညပိုင်းကို နောက်ဆုံးထား၍ ယင်းအချိန်အထိ CDM လှုပ်ရှားမှုမပြုလုပ်ကြသော ပြည်သူများကို ပုန်ကန်သူများအဖြစ် သတ်မှတ် အရေးယူမည်ဟု ခြိမ်းခြောက်မှုများ၊ Social Bullying လုပ်မည်ဟု ခြိမ်းခြောက်မှုများ ရှိလာသည်ကိုလည်း တွေ့ရသည်။
“ဈေးရောင်းဈေးဝယ်တွေအတွက် အဆင်မပြေ ဖြစ်ကြရတယ်။ စောစောထ ဈေးရောင်းသွား၊ စောစောပြန် လုပ်ကြရတယ်။ ဈေးရောင်းရမယ့် အချိန်မှာ ဈေးမရောင်းရတော့ဘူး။ ဆန္ဒပြသူတွေ က ပထမတုန်းကတော့ ငြိမ်းချမ်းစွာဆန္ဒပြကြ တာပေါ့။ နောက်ပိုင်း တစ်ဆင့်တစ်ဆင့်တက်လာပြီး ဖျက်လိုဖျက်ဆီးပုံစံနဲ့ အကြမ်းဖက်ပုံစံလိုမျိုးတွေ လုပ်ဆောင်လာကြတယ်။ လမ်းမှာရှိတဲ့ နိုင်ငံပိုင် ပစ္စည်းမှန်သမျှကို ဖျက်ဆီးပြီး လုံခြုံရေးကို ကာကွယ် တဲ့သဘောနဲ့ အကာအရံပုံစံမျိုးလုပ်ဆောင်လာကြ တယ်။ အမှန်တော့ ကျွန်မအမြင်ပြောရရင် သူတို့ အကျိုးအတွက် ကာကွယ်၊ မကာကွယ်တော့ ကျွန်မ မသိဘူး။ မြင်နေရတာကတော့ နိုင်ငံပိုင်ပစ္စည်း ဆိုတာကလည်း ပြည်သူပိုင်ပစ္စည်းပဲလေ။ ပြည်သူ ပိုင်ပစ္စည်းမှန်သမျှကို ဖျက်ဆီးတဲ့သဘောလိုမျိုး ဖြစ်နေတယ်။ ပြီးတော့လည်း အကာအရံတွေလုပ်ပြီး ညနေအိမ်ပြန်ကြချိန်မှာ အသုံးပြုခဲ့တဲ့ပစ္စည်းတွေ ကို ဒီအတိုင်းထားခဲ့တယ်။ ဒါဟာသက်သက်ဖျက်လို ဖျက်ဆီး လုပ်တယ်ဆိုတာ သိသာနေတာပဲ။ ဒီမို ကရေစီရရှိရေးသာ ကြွေးကြော်နေတာ ကိုယ်လုပ် ထားတာကို တာဝန်ယူမှု၊ တာဝန်ခံမှုဆိုတာ သူတို့ ဆန္ဒပြတဲ့အဖွဲ့မှာ မရှိတော့ဘူး။ ဘာမှမလိုအပ်ဘူး ငါတို့သဘောပဲဆိုတဲ့ ပုံစံလုပ်လာကြတာပါ”ဟု ဒေါ်စန်းရီကပြောသည်။
“စဖြစ်တုန်းက ကျွန်တော်တို့လုပ်ငန်းရှင် သူဌေး ဆိုရင် ကုမ္ပဏီရုံးခန်းနဲ့ စက်ရုံကို တစ်ခါတည်း ပိတ်လိုက်ရတာပေါ့။ ပြီးခဲ့တဲ့ ၃ ရက်အရင်က ရုံးမှာ အစည်းအဝေးလုပ်တယ်။ လုပ်ငန်းရှင်သူဌေးကတော့ အလုပ်ဆက်ပြီးနားရမယ်ပြောတယ်။ ကိုယ်တွေ အလုပ်က မီဒီယာလုပ်ငန်းလိုမျိုးဆိုတော့ ပုံနှိပ်
လုပ်ငန်းအပါအဝင် စာအုပ်နဲ့ပြက္ခဒိန်တွေ ထုတ်ဝေ တယ်။ ပန်းဖလက်(ဖ်)လည်း ထုတ်တယ်။ ဝန်ထမ်း အင်အားကကုမ္ပဏီရုံးခန်းနဲ့ စက်ရုံပေါင်းဆိုရင် ၁၀၀ နီးပါးလောက်ရှိပြီး ဆန္ဒပြတာတွေ ဖြစ်ပေါ်နေ တာကြောင့် ဖေဖော်ဝါရီလအတွက် လုပ်ခလစာကို လုပ်ငန်းရှင်သူဌေးက လုပ်ခလစာအပြည့် မရှင်း ပေးတော့ဘဲလူ ၁၀၀ လုံးရဲ့ အကျိုးခံစားခွင့်ရရှိမယ့် လုပ်ခလစာတစ်လစာရဲ့ ၇၀ ရာခိုင်နှုန်းကိုပဲ အဲဒီနေ့ က လစာထုတ်ပေးလိုက်တယ်။ နောက်ပိုင်းဆိုရင် လုပ်ခလစာက လုပ်အားခရဲ့ ၅၀ ရာခိုင်နှုန်းအထိ ပဲ ရမယ့်ပုံစံဖြစ်လာနိုင်တယ်။ ဘာလို့လဲဆိုတော့ ကိုဗစ်ကာလတုန်းကလည်း လုပ်ခလစာက ဒီတိုင်းပဲ ရခဲ့တာလေ။ လုပ်ငန်းတွေက ရပ်တန့်နေတာဆိုတော့ အလုပ်အပ်မယ့်သူတွေကလည်း ကြော်ငြာဘုတ်လုပ်ငန်းကို ကျွန်တော်တို့ဆီမှာ လာမအပ်ကြတော့ ဘူးလေ။ ကျွန်တော့်အထင်ပြောရရင် အလုပ်တွေလည်ပတ်ပြီဆိုရင်တောင်မှ တစ်လနှစ်လလောက် နေပြီးတော့မှ ကိုယ်တွေဆီမှာ အလုပ်လာအပ်နိုင်တော့မယ့်သဘောရှိတယ်။ အဲဒီတော့ အကျိုးဆက် က ကျွန်တော်တို့လို လုပ်ခလစာနဲ့ အလုပ်လုပ်ကိုင်ကြတဲ့သူတွေအတွက် အခက်အခဲဖြစ်လာစေရတယ်။ ရှေ့ဆက်ပြီး နိုင်ငံရေးအခြေအနေမကောင်းရင်တော့
လုပ်ငန်းရှင်သူဌေးတွေအနေနဲ့ သူတို့လုပ်ငန်းတွေ ကို ရပ်နားထားကြမှာပဲလေ။ လုပ်ငန်းရပ်နားတယ် ဆိုတာထက်ကို ဝန်ထမ်းတွေအတွက် နစ်နာကြေး ဆိုပြီး သုံးလစာလောက်ရှင်းပေးပြီး အလုပ်ကို အပြီး ရပ်နားလိုက်နိုင်တယ်။ ဖြစ်လာနိုင်တဲ့ အကျိုးဆက် ပေါ့နော်။ နောက်ပိုင်း နိုင်ငံတည်ငြိမ်အေးချမ်းသွား ပြီဆိုရင်တော့ ကျွန်တော်တို့လည်း အလုပ်ပြန်လာ ဆင်းကြပေါ့။ ဒါမျိုးဖြစ်လာနိုင်တဲ့သဘောရှိတယ်”ဟု ရန်ကုန်မြို့ရှိ ကုမ္ပဏီဝန်ထမ်း ကိုရန်နောင်က ပြောသည်။
“အဲဒီတော့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ် အေးချမ်းရေးလိုတယ်ဆိုတာကလည်း ပြည်သူနဲ့ပဲ သက်ဆိုင်နေတာဆိုတော့ ဘယ်အရာပဲလုပ်လုပ် စဉ်းစားချင့်ချိန်ပြီး လုပ်ဆောင်ကြဖို့တော့ လိုအပ် လိမ့်မယ်လို့ထင်တယ်။ လောလောဆယ်အကျိုးဆက် က အခြေခံလူတန်းစားပြည်သူတွေ အလုပ်လက်မဲ့ ဖြစ်လာကြရပြီး ဝင်ငွေမရှိတဲ့အပြင် စုဆောင်းထား တာတွေကိုပါ ထုတ်သုံးကြရတာဆိုတော့ တဖြည်းဖြည်း လုံးပါးပါးလာပြီး စားဝတ်နေရေးပါ အခက်အခဲဖြစ်လာကြရတယ်”ဟု ကိုရန်နောင်က ပြောသည်။
လက်ရှိ တာဝန်ထမ်းဆောင်နေကြသည့် နိုင်ငံ့ ဝန်ထမ်းများအား Social Bullying ဖြင့် ခြိမ်းခြောက် အကျပ်ကိုင်မှုများဖြစ်ပေါ်လာပါက သက်ဆိုင်ရာသို့ ဆက်သွယ်တိုင်ကြားနိုင်ရန်အတွက် ဆောင်ရွက် ပေးထားရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး ရှိ သက်ဆိုင်ရာသို့ ဆက်သွယ်တိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များအား နိုင်ငံပိုင်သတင်းစာများ တစ်ဆင့် အသိပေးထုတ်ပြန်ထားကြောင်းလည်း သိရသည်။
မောင်စိန်ဝင်း