ငြိမ်းငြိမ်းချမ်းချမ်း ညီညွတ်ချစ်ခင်ခြင်းဖြင့် ပိုမိုသာယာလှပသော အနာဂတ်ဆီသို့
လေးလေးနွယ်
မြတ်စွာဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးစဉ် ကောသလမင်းကြီး၏ စစ်သူကြီး နှစ်ယောက်သည် မသင့်မြတ်ကြ။ တွေ့သည်နှင့် ရန်ဖြစ်ကြသည်ကို တစ်မြို့လုံးပင် သိကြ၏။ ကောသလ မင်းကြီးမှစ၍ မည်သူမျှ ထိုနှစ်ဦးကို သင့်မြတ်အောင် မလုပ်နိုင်ကြ။
တစ်နေ့သောအခါ မြတ်စွာဘုရားသည် မိုးသောက်ချိန်အခါ ကျွတ်ထိုက်သော သတ္တဝါတို့ကို ကြည့်တော်မူရာ ထိုနှစ်ဦးကို မြင်တော်မူ၍ ဆွမ်းခံ ကြွချိန်တွင် ကိုယ်တော်တစ်ပါးတည်း ဆွမ်းခံထွက် တော်မူပြီး စစ်သူကြီး တစ်ဦး၏ အိမ်ရှေ့တွင် ရပ်တော်မူ၏။
မေတ္တာအကျိုး
စစ်သူကြီးသည် မြတ်စွာဘုရားကို အိမ်ပေါ်သို့ ပင့်တော်မူ၏။ မြတ်စွာဘုရားသည် မေတ္တာအကျိုး ကို ဟောတော်မူ၍ စစ်သူကြီးသည် သစ္စာတရားကို ၁ကြားရသော အဆုံးတွင် သောတာပတ္တိဖိုလ်၌ တည်လေ၏။ မြတ်စွာ ဘုရားလည်း သောတာပန် တည်ပြီးသော စစ်သူကြီးအား သပိတ်ကိုထမ်းစေ လျက် အခြားစစ်သူကြီး တစ်ဦး၏ အိမ်ရှေ့တွင် ရပ်တော်မူပြန်၏။
ထိုစစ်သူကြီးသည်လည်း မြတ်စွာဘုရားကို အိမ်ပေါ်သို့ ပင့်ပြန်၏။ မြတ်စွာဘုရားကလည်း ရှေ့ နည်းအတူ တရားဟောကြားတော်မူပြန်ရာ ထိုစစ်သူကြီးလည်း သောတာပန်တည်ပြန်၏။
စစ်သူကြီးနှစ်ဦးသည် အပြန်အလှန် ဝန်ချ တောင်းပန်ကြ၏။ ထိုအကြောင်းခြင်းရာနှင့် ဆက် စပ်၍ မြတ်စွာ ဘုရားက ရှေးအခါကလည်း ဤသို့ သင့်မြတ်စေရန် ဆောင်ရွက်ပေးခဲ့ဖူး၏ဟု ဆိုကာ အတိတ်ဇာတ်ကို ဟောတော် မူခဲ့သည်။
ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းကြီး စိုးစံစဉ် ဘုရားလောင်းသည် ရသေ့ဖြစ်ပြီး မြစ်ကမ်းအနီး တွင် နေထိုင်၏။ ဗာရာဏသီမြို့တွင် ပွဲတော်ကြီး ကျင်းပလေရာ နတ်၊ နဂါး၊ ဂဠုန်တို့ပါ လူယောင် ဖန်ဆင်း၍ လာကြ၏။ ထိုပွဲတွင် နဂါးသည် ဂဠုန်၏ ပခုံးပေါ်သို့ အမှတ်တမဲ့ လက်တင်၍ ပွဲကြည့်၏။ ဂဠုန်က နဂါးမှန်းသိသောအခါ နဂါးသည် မြို့မှ ထွက်၍ မြစ်ဆိပ်သို့ ပြေးလေသည်။
ထိုအချိန်တွင် ဘုရားလောင်းရသေ့သည် မြစ်ဆိပ်၌ ရေချိုးဆင်းနေရာ နဂါးသည် ပတ္တမြား လုံးအသွင် ဖန်ဆင်း၍ သင်္ကန်းကြားတွင် ဝင်နေ ၏။ ဂဠုန်သည် နဂါးကို စားလိုသော်လည်း မစား ဘဲနေသောကြောင့် ဘုရားလောင်း ရသေ့က မြတ်သော ရသေ့ရဟန်းကို ပူဇော်ခြင်းကြောင့် နဂါးကို စားလိုလျက် မစားသော သင့်ကို ဗြဟ္မာမင်း စောင့်ရှောက်၍ အသက်ရှည်ပါစေ။ သင့်အတွက် နတ်သုဓာရနိုင်ပါစေဟု မေတ္တာပို့ ဆုပေးပြီးနောက် နဂါးနှင့်ဂဠုန် နှစ်ဦးစလုံးကို ကျောင်းသို့ခေါ်ကာ မေတ္တာဘာဝနာအကျိုးကို ဟောကြားသဖြင့် ဂဠုန် နှင့် နဂါးသည် ညီညွတ်ချစ်ခင်သွားကြလေသည်။
တစ်ဦးကို တစ်ဦး ရန်ပြုတိုက်ခိုက်ခြင်းသည် မိမိနှင့်သူတစ်ပါး နှစ်ဦးသားကို ကောင်းကျိုး မခံစားရစေသည့် အတွက် မြတ်စွာဘုရားက မေတ္တာ ဘာဝနာ၏အကျိုးကို ဟောကြားခဲ့ပြီး ရန်သူကို အေးမြစေသော မေတ္တာစွမ်းအားကြောင့် ငြိမ်းချမ်း ချစ်ခင်သွားကြကြောင်းကို ၅၅၀ ဇာတ်နိပါတ်တော် တွင် ဖတ်မှတ်ခဲ့ရဖူးသည်။
အမှန်တရား တစ်ခု
အဖွဲ့ အစည်း၊ အစုအဖွဲ့ တစ်ခုအတွင်း၊ လူမျိုး တစ်မျိုးအတွင်း၊ နိုင်ငံတစ်ခုနှင့်တစ်ခုအတွင်း ရန်ပြု တိုက်ခိုက်ခြင်း၊ စစ်မက်ဖြစ်ပွားခြင်းသည် လူသား အပေါင်းကို ဘေးဒုက္ခများနှင့် ရင်ဆိုင်ရစေသော မြန်မာ နိုင်ငံအတွင်း မှီတင်းနေထိုင် လှုံ့ဆော်နေကြသည်။ အမှားကို အမှန် စီးပွားအတွက် အသုံးချနေကြသည်။ ကြီးကို ရှေ့တန်းသို့တွန်းပို့ကာ တစ်ဖွဲ့ ရန်ပြုတိုက်ခိုက်လိုစိတ်များ ဖြစ်ပေါ်အော သည် ဒီမိုကရေစီနှင့် ဆန့်ကျင်နေသ ကြောင့် လောကီနှင့် လောကုတ္တရာ နှစ်ဖြာအတွက် အကျိုးမဖြစ်ထွန်းနိုင်သည်မှာ သစ္စာ၊ အမှန်တရား တစ်ခု ဖြစ်ပေ သည်။
တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့ နှင့်တစ်ဖွဲ့ ခံယူချက်၊ သဘောထားအမြင်များ မတူညီသည့်အခါ စိတ်ဝမ်း ကွဲပြားမှုများ စတင်လာပါသည်။ စိတ်သဘောထား မတိုက်ဆိုင်ကြသဖြင့် ပြစ်တင်ရှုတ်ချခြင်း၊ ထိုမှ ( တစ်ဆင့်တဖြည်းဖြည်း ခြိမ်းခြောက်ခြင်း၊ ရန်ပြုခြင်း၊ တိုက်ခိုက်အကြမ်းဖက်ခြင်းများအထိ ဦးတည် လာပါတော့သည်။
နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၇ အရ နိုင်ငံကို အရေးပေါ်အခြေအနေ ကြေညာထား သည့် ယခု အချိန်တွင် လူထုလှုပ်ရှားမှုများ၊ လူငယ် များ၏ လမ်းပေါ်ထွက် ဆန္ဒပြမှုများ ရှိလာသည်။ ဝန်ထမ်းအချို့သည် အာဏာ ဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်လာကြသည်။ လက်ရှိကာလတွင် နေရာဒေသအချို့၌ သာမန် ဆူပူမှု အဆင့်မျိုးထက် ကျော်လွန်ကာ နည်းမျိုးစုံအသုံးပြု၍ အကြမ်းဖက်မှု အသွင်သို့ ကူးပြောင်းလာသည်။
နိုင်ငံ့ဝန်ထမ်းများ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးကို သယ်ပိုးဆောင်ရွက်ရန်အတွက် တာဝန်များကို ဆက် လက်ထမ်းဆောင်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်သို့ ဝင်ရောက်ခြင်းမပြုနိုင်ရန် ဆိုရှယ် မီဒီယာများ၊ လူမှုပတ်ဝန်းကျင်များတွင် အရှက်ခွဲ ခြင်း၊ ခြိမ်းခြောက်အကျပ်ကိုင်ခြင်းများ နိုင်ငံတော် ကို ဆန့်ကျင်နှောင့် ယှက်နေသူအချို့က လုပ်ဆောင် လျက်ရှိသည့်အပြင် နည်းမျိုးစုံဖြင့် Social Bullying ပြုလုပ်လျက်ရှိသည်။
ထို့အပြင် CDM တွင် မပါဝင်သည့် ရုံးတစ်ခု၏ ရှေ့သို့ ဆန္ဒပြသူများသည် ရောက်ရှိလာကာ ရုံးရှေ့ သံတံခါးကို သံကြိုးနှစ်ဆင့်ဖြင့် ခတ်သွားခဲ့ခြင်း၊ အများပြည်သူ အသုံးပြုသွားလာနေသည့် လမ်း ကြသည့် တိုင်းရင်းသား အချင်းချင်း ၆ စ်အောင်၊ မဟုတ်သည်ကို အဟုတ်ထင် သွေးထိုးလှုံ့ဆော်မှုများကို နားယောင်နေ နှင့်တစ်ဖွဲ့၊ တစ်ဦးနှင့် တစ်ဦး အပြစ်တ ပင် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်နေကြ အပြင် ဥပဒေကို မျက်ကွယ်ပြုခြင်းလ ကြောင်းများကို တာယာကွင်းများ အစုအပုံလိုက်ဖြင့် တားဆီးခြင်း၊ မီးရှို့ခြင်း၊ သစ်ပင်သစ်ကိုင်းများ၊ ခုတ်လှဲ၍ လမ်းပိတ်ဆို့ခြင်း၊ ကွန်ကရစ်တုံးများ ချ၍ လမ်းပိတ်ဆို့ခြင်း၊ လုံခြုံရေးကင်မရာ(CCTV) များကို ဖျက်ဆီးခြင်း၊ ပြည်သူပိုင်ယာဉ်များကို ဖျက်ဆီးခြင်း၊ ရန်ပြုတိုက်ခိုက်ခြင်းများ ဆောင်ရွက် လာကြသည်။
ဒီမိုကရေစီဟု ကြွေးကြော်နေသော်လည်း ဒီမိုကရေစီယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်သည့် အဖျက်အမှောင့် လုပ်ငန်းများကို ပြောင်ပြောင် တင်းတင်း လုပ်ဆောင်လာကြသည်။ တပ်မတော်မှ နိုင်ငံတော်အာဏာကို ဝင်ရောက်ထိန်းသိမ်းခဲ့သည့် ဖြစ်ရပ်အား ဆုပ်ကိုင်လျက် ပြည်သူများ၊ နိုင်ငံ့ ဝန်ထမ်းများအနေဖြင့် တပ်မတော်နှင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကို ဆန့်ကျင်လိုစိတ်များ၊ ဖြစ်ပေါ်လာအောင် သွေးခွဲမှုများ ဆောင်ရွက်လျက် ရှိသည်။
မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားအချင်းချင်း စိတ်ဝမ်းကွဲပြားအောင် မြှောက်ပင့် လှုံ့ဆော် နေကြသည်။ အမှားကို အမှန် ဖြစ်အောင်၊ မဟုတ်သည်ကို အဟုတ်ထင်အောင် ပြောဆိုစည်းရုံးကြကာ ကိုယ်ကျိုး စီးပွားအတွက် အသုံးချနေကြသည်။ သွေးထိုးလှုံ့ဆော်မှုများကို နားယောင်နေသော သွေးဆူနေသည့် လူအုပ်စု ကြီးကို ရှေ့တန်းသို့တွန်းပို့ကာ တစ်ဖွဲ့နှင့် တစ်ဖွဲ့၊ တစ်ဦးနှင့်တစ်ဦး အပြစ်တင် ဆန့်ကျင်အောင်၊ သံသယများဖြင့် ရန်ပြုတိုက်ခိုက်လိုစိတ်များ ဖြစ် ပေါ်အောင် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်နေကြ သည်။ ထိုကဲ့သို့ လုပ်ဆောင် နေကြခြင်းသည် ဒီမို ကရေစီနှင့် ဆန့်ကျင်နေသည့်အပြင် ဥပဒေကို မျက်ကွယ်ပြုခြင်းလည်း ဖြစ်သည်။
ထို့ကြောင့် နိုင်ငံတော်အား ဆန့်ကျင်ဆန္ဒပြ သည့် ဦးစီးဦးဆောင်ပြုလုပ်သူများအား စစ်ဆေးဝမ်းကွဲပြားအောင် မြှောက်ပင့် စင် ပြောဆိုစည်းရုံးကြကာ ကိုယ်ကျိုးသော သွေးဆူနေသည့် လူအုပ်စု င်ဆန့်ကျင်အောင်၊ သံသယ များဖြင့် မည်။ ထိုကဲ့သို့ လုပ်ဆောင်နေကြခြင်းဖြစ်။
မတူကွဲပြားခြင်း
ဒီမိုကရေစီကျင့်စဉ်အရ လူတိုင်းတွင် ကိုယ်ပိုင်အတွေးအခေါ်၊ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်၊ စိတ်ခံ စားချက်၊ ရပ်တည်ချက်တို့သည် အမျိုးမျိုး ရှိနေပေလိမ့်မည်။ ထိုကဲ့သို့ မတူကွဲပြားခြင်းသည် ဒီမိုကရေစီ၏ အနှစ် သာရဖြစ် သည့်အတွက် လေးစားတန်ဖိုးထားရမည်ဖြစ်သည်။
သို့ဖြစ်ရာ မြန်မာ့သမိုင်းတစ်လျှောက်တွင် ၊ သွေးခွဲရန်တိုက်ခြင်းမှ ကောင်းကျိုးမရခဲ့ပုံများကို သင်ခန်းစာယူ၍ တစ်ဦး ကိုတစ်ဦး မေတ္တာထားကာ သည်းခံခြင်း၊ နားလည်ခွင့်လွှတ်ခြင်း၊ ငြိမ်းငြိမ်း ချမ်းချမ်း ညီညွတ် ချစ်ခင် ခြင်းတို့ဖြင့် ပိုမိုသာယာ လှပသောအနာဂတ်ဆီသို့လျှောက်လှမ်းနိုင်အောင် ပူးပေါင်းဆောင်ရွက်ကြပါစို့ဟု ဆန္ဒပြု ရေးသား လိုက်ရပေသည်။ ။