Skip to main content

တို့ပြည်ထောင်စုနေ့

အောင်မြင့်စိုး(ရေစကြို)

ပြည်ထောင်စုနေ့သည် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် အရေးပါသော နေ့တစ်နေ့ဖြစ်သည်။ ထိုနေ့ထူးနေ့မြတ်ကြီးသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို အုတ်မြစ်ချပေးလိုက်သော နေ့တစ်နေ့လည်း ဖြစ်သည်။ ဗြိတိသျှ ကိုလိုနီနယ်ပယ်မှာ ဖြစ်ခဲ့ရသော နိုင်ငံအများအပြားတို့သည် ဒုတိယကမ္ဘာစစ်ပြီးနောက် အမျိုးသားရေးစိတ်ဓာတ် နိုးကြားလာကာ နယ်ချဲ့စနစ်ဖိနှိပ်မှုအားရုန်းကန် တွန်းလှန်ခဲ့ကြသည့်နိုင်ငံများတွင် မြန်မာနိုင်ငံ၏လွတ်လပ်ရေးကြိုးပမ်းမှုမှာ ထိပ်ဆုံးမှ ဖြစ်သည်။

ဒုတိယကမ္ဘာစစ်အပြီး မြန်မာနိုင်ငံကို ပြန်လည် ချလာသည့် ဗြိတိသျှဘုရင်ခံ ဆာဒေါ်မန်စမစ်က ၁၉၄၅ ခုနှစ် မေလ ၁၇ရက်နေ့တွင် စာတမ်းဖြင့် မြန်မာနိုင်ငံကို အုပ်ချုပ်ရေးနှင့်ပတ်သက်သည့်ဗြိတိသျှ တို့၏သဘောထားကို ကြေညာခဲ့သည်။ တစ်ချိန်တည်းတွင် တောင်တန်းဒေသအုပ်ချုပ်ရေးဌာနကို ပြင်ဆင် ဖွဲ့စည်း၍ တောင်တန်းဒေသ များကို ဆက်လက်အုပ်ချုပ် သူရန်ဗြိတိသျှတို့စီမံခဲ့ကြသည်။ ထိုကြေညာချက်နှင့် ပတ်သက်၍ ၁၉၄၆ ခုနှစ် ဇန်နဝါရီလ ၂၁၊၂၂ ရက်နေ့ များတွင် ရွှေတိဂုံဘေတော်၌ ပြုလုပ်ခဲ့သည့် ဗိုလ်ချုပ် အောင်ဆန်း ကြီးမှူးသော (ဖဆလ)ကာလက ပယ်ချခဲ့သည်။  

ညီညွတ်မှုပျက်ပြားရန် သွေးခွဲ

ဗြိတိသျှ တို့သည်မြန်မာနိုင်ငံအားလွှဲမရှောင်သာ၍  လွတ်လပ်ရေးပေရည်ဆိုလျှင်တောင်တန်းများကို မလိုဘဲ ခြင်းချန် ထား၍ မိမိတို့၏ကိုလိုနီအဖြစ် ထရှိကာ ဆက်လက် သိမ်းပိုက်အုပ်စိုးလိုသည်။ ထို့ကြောင့် မြေပြန့်နှင့် တောင်တန်း ဒေသတို့ရှိ တိုင်းရင်း သားအချင်းချင်း သွေးစည်ညီညွတ်မှု ပျက်ပြားစေရန် နည်အမျိုးမျိုးသုံး၍ သွေးခွဲခဲ့သည်။ သို့သော်လည်း တိုင်းရင်းသားအားလုံး တို့သည် ပင်လုံမြို့တွင် ညီလာခံ ကျင်း၍ ပင်လုံဧချုပ်ကြီးကို ၁၉၄၇  ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ချုပ်ဆိုခဲ့ခြင်းဖြင့် တိုင်းရင်သားစည်းလုံး ညီညွတ်မှုကို ပြသနိုင် ခဲ့သည်။ ထို့ကြောင့် ဗြိတိသျှတို့၏ သွေးခွဲအုပ်ချုပ်ရေးအစီအစဉ် ပျက်ပြားခဲ့ရသည်။  စည်းလုံး ညီညွတ်မှုသည် မည်မျှအရေး ပါကြောင်းပင်လုံ စာချုပ်က သက်သေထူခဲ့သည်။

တိုင်းရင်းသားစည်းလုံးညီညွတ်မှု အခြေခံကြောင့် သလျှင် မြန်မာ့လွတ်လပ်ရေးကို အရယူနိုင်ခဲ့ခြင်းဖြစ် သည်း တစ်နည်းဆိုရလျှင် ပြည်ထောင်စုစိတ်ဆော်ရှိခြင်း ပင် ဖြစ်သည်။ ပြည်ထောင်စုအားသည် ပြည်ထောင်စု အတွင်းရှိ ပြည်နယ်၊ တိုင်းအားလုံးတို့၏ စုပေါင်အား ဖြစ်သည်။ ထိုစုပေါင်အားသည် ပြည်ထောင်စုသား  တိုင်းရင်းသား လူမျိုးများ၏ စည်းလုံးညီညွတ်မှုအပေါ်တွင် မူတည်သည်။

စည်းလုံးညီညွတ်စွာ တော်လှန်

မြန်မာနိုင်ငံသည် ၁၈၈၅ ခုနှစ်တွင် ထီးကျိုး စည်ပေါက် သူ့ကျွန်ဘဝ ရောက်ခဲ့ရသော်လည်း မြန်မာ့ ထီးနန်းကို ပြန်လည်စိုက်ထူရန် မျိုးချစ်မြန်မာနိုင်ငံ တိုင်းရင်းသားများ အတူတကွ လက်တွဲကာ စည်းလုံး ညီညွတ်စွာဖြင့် နယ်ချဲ့ အင်္ဂလိပ်တို့ကို တော်လှန် တိုက်ခိုက်ခဲ့ကြသည်။

မတရားမှုကို ခေါင်ငါ့ဆံတတ်သော မြန်မာတိုင်းရင်သား တို့သည် အခြေအနေပေးလျှင် ပေးလို နယ်ချဲ့ဆန့်ကျင် ရေးတိုက်ပွဲများ ဆင်နွှဲခဲ့ကြသည်။

မသမာသောနည်းများဖြင့် စီမံဆောင်ရွက်

 ဗြိတိသျှတို့ကလည်း မြန်မာ တိုင်းရင်သားများ စည်းလုံးညီညွှတ်ကာ ၎င်းတို့အား ဆန့်ကျင်တော်လှန်မှု မပြေနိုင်ရေး အတွက် မြန်မာ တိုင်းရင်းသား အချင်းချင်း စည်းလုံးမှုပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိ၊ သွေးခွဲ နည်းအမျိုးမျိုးတို့ကို ဖန်တီး လုပ်ဆောင်ခဲ့ သည်။ ၎င်းတို့အပေါ် ဆန့်ကျင်တော်လှန်လိုသည့် တိုင်းချစ် ပြည်ချစ် စိတ်ဓာတ်များ၊ ဇာတိသွေး ဇာတိမာန်များကို ရိုက်ချိုးဖျက် ဆီး၍ မြန်မာနိုင်ငံအား နှစ်ပေါင်းကြာ ရှည်နှာ ကျွန်ပြုအုပ်ချုပ်နိုင်ရေးအတွက် မသမာသော နည်းများဖြင့် စီမံဆောင်ရွက်ခဲ့ကြသည်။ နယ်ချဲ့စနစ် အခြေခံ ခိုင်မြဲရေး အတွက် အဓိက ပရိယာယ်မှာ သွေးခွဲ အုပ်ချုပ်ရေးပင်ဖြစ်သည်။ မြန်မာတိုင်းရင်းသားတို့သည် သွေးခွဲမှု ဒဏ်ကို နှစ်ပေါင်း ၁၀၀ ကျော်မျှ ခံစားခဲ့ကြေး သည်း တိုင်းတစ်ပါး၏အကျိုးစီးပွားအတွက် မိမိမြေပေါ် မှာပင် ချွတ်ခြုံကျ မွဲတေခဲ့သည်။ လယ်ယာ မြေဆုံးရှုံး၊ နောက်ဆုံး ကျွဲ၊ နွားများသာမက လူကိုယ် အဆုံးရှုံးခဲ့ ကြရသည် ဘိုးဘွားတို့၏ သွေးခွေးမျက် ရည်များဖြင့် အင်ပါယာကြီးကို တည်ထောင်ကနေမထိအင်ပါယာရှင် နိုင်ငံကြီး သားဟူ၍ လူပေါ်လူဇော် လုပ်ခဲ့ကြ သည်။ နှစ်ပေါင်း၁၀၀ကျော် မြန်မာ့အဆီအနှစ်ကြွယ်ဝတို့ကို ငါးမျိုးထားပြီးမှ မြန်မာနိုင်ငံကို မည်သို့မျှ လက်မ လွှတ် လိုကြပေ။

သို့သော် မြန်မာတို့၏ အမျိုးသားရေးစိတ်ဓာတ်နှင့် သူ့ကျွန်မခံလိုစိတ်များမှာ မြင်းထန်စွာ နိုးကြားလာ ခဲ့သည်။ ဗြိတိသျှတို့၏ သဘောထားကို သိရှိပြီးဖြစ် သောမြန်မာတိုင်းရင်းသားတို့ကလည်း လွတ်လပ်ရေး ကို နိုင်သမျှ အဆုံးယူလိုသည်။ ထို့ကြောင့် | ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ဆပလ (ဖက်ဆစ် ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့က တိုင်းရင်း သားအားလုံးတို့၏ စည်းလုံးညီညွတ်မှုကို အခြေခံကာ လွတ်လပ်ရေး အမြန်ရရှိရေး တိုက်ပွဲဝင်ခဲ့ကြသည်။

လွတ်လပ်ရေးပေးရေး စာချုပ်ချုပ်

တိုင်းရင်းသားများအားလုံးကလည်း ဖဆပလကို ညီညီညွတ်ညွတ်ထောက်ခံအားပေးခဲ့သည်။ ပြည်တွင်း ညီညွတ် မှုနှင့် စည်းလုံးမှု အားကောင်းလာသောအခါ မြန်မာတို့၏ လွတ်လပ်ရေးတောင်းဆိုမှုကို လျစ်လျူရှုနေ နိုင်တော့ဘဲ ၁၉၄၆ ခုနှစ် ဒီဇင်ဘာတွင်မြန်မာ့ လွတ်လပ် ကိစ္စဆွေးနွေးရန် မြန်မာကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့ အင်္ဂလန်သို့လာရန် ဗြိတိသျှအစိုးရက ဖိတ်ခေါ်ခဲ့သည်။ ဖိတ်ကြား ချက်အရ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော မြန်မာ ကိုယ်စားလှယ် အဖွဲ့သည် ၁၉၇ ခုနှစ် ဇန်နဝါရီလ ဆန်းတွင် အင်္ဂလန်သို့ သွားရောက်ကြသည် ဇန်နဝါရီလ ၁၃ ရက်နေ့မှ ၂၇ ရက်နေ့အတွင်း မြန်မာကိုယ်စားလှယ် အဖွဲ့ နှင့် ဗြိတိသျှအစိုးရတို့ဆွေးနွေးပွဲ (၁၀)ကြိမ် ကျင်းပ ပြီးနောက် မြန်မာပြည်အား လွတ်လပ်ရေးအမြန်ဆုံး ပေးရေး သဘောတူစာချုပ်ဖြစ်သည့် အောင်ဆန်း အက်တလီ စာချုပ်ကို ချုပ်ဆိုခဲ့သည်။

တစ်ပါင်းည်လွတ်လပ်ရေးပေးရန် တောင်းဆို

ဆွေးနွေးပွဲတွင် တောင်တန်းဒေသများကိုပါ တင်ပေါင်တည်း လွတ်လပ်ရေးပေးရန် တင်ပြတောင်းဆို ကြသည်။ ထိုတောင်းဆိုချက် အရ အောင်ဆန်းအက်တလီ) စာချုပ်တွင် ပင်လုံညီလာခံ ပေါ်ပေါက်စေ သည့် အချက်တစ်ချက် ပါဝင်လာသည်။

ထိုအချက်မှာ တောင်တန်းဒေသနှင့် မြန်မာ ပြည်မတို့ကို အုပ်ချုပ်ရေးတစ်ခုတည်းတော်တွင် ထားရှိရေးနှင့် မြန်မာပြည်မနှင့်တော့ လွတ်လပ်ရေး ရယူလိုသည့် ဆန္ဒ ရှိ၊ မရှိကို ပင်လုံညီလာခံ (သို့မဟုတ်) ထိုကိစ္စအတွက် အထူးညီလာခံ ကျင်သ၍ တောင်တန်း သားများ၏ သဘောထား ကို မေးမြန်ရမည်ဆိုသော အချက်ဖြစ်သည်။ ထိုအချက် ပင်လုံညီလာခံကို ၁၉၄၇ခုနှစ်တွင် ခေါ်ယူ ကျင်းပခြင်းဖြစ်သည်။

ပြည်ထောင်စုဖွား တိုင်းရင်းသားတို့သည် သွေးစည်းညီညွတ်စွာဖြင့် လွတ်လပ်ရေးကို အတူတကွရယူရေးအတွက် ရှမ်းပြည် တောင်ပိုင်း လွိုင်လင်မြို့နယ် ပင်လုံမြို့တွင် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့၌ တောင်တန်းမြေပြန့် တစ်ပေါင်းတည်း လွတ်လပ်ရေးရယူမည်ဟူသော ဆွေးနွေးဆုံးဖြတ်ချက်ဖြင့် ပင်လုံစာချုပ်ကြီးကို လက်မှတ် ရေးထိုး နိုင်ခဲ့ကြသည်။

ဤသို့ သမိုင်းဝင်ခေါင်းဆောင်များသည် စည်းလုံးညီညွတ်စွာဖြင့် ပင်လုံစာချုပ်ကြီးချုပ်ဆိုခဲ့ သည့်ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကိုပြည်ထောင်စုဟုသတ်မှတ်သည်။ ပြည်ထောင်စုစိတ်ဓာတ်  

အရင်းခံသည့် ပင်လုံစာချုပ်ချုပ်ဆိုပြီး တစ်နှစ်တာ ကာလအတွင်း ပင်လုံစာချုပ်ကြီး၏ အကျိုးဆက် အဖြစ် လွတ်လပ်ရေးနှင့် အချုပ်အခြာအား ကို ပြန်လည်ရယူနိုင်ခဲ့သည်။ ပြည်ထောင်စု မပြိုကွဲရေးအတွက် ပြည်ထောင်စုစိတ်ဓာတ်သည် မရှိမဖြစ် အရေးကြီး ကြောင်းကို ပင်လုံညီလာခံက သက်သေထူခဲ့သည်။

ကျွန်ုပ်တို့မြန်မာနိုင်ငံသား ပြည်ထောင်စု တိုင်းရင်သာလူမျိုးအားလုံးတို့သည် ပြည်ထောင်စု စိတ်ဓာတ်ကို အခြေခံ၍ မိမိတို့ လူမျိုးများ မှီတင်းနေထိုင်ကြသောနိုင်ငံကို ကာကွယ် စောင့်ရှောက်လိုသော၊ နိုင်ငံ၏ ကောင်ကျိုးကို သယ်ပို့ဆောင်ရွက်လိုသော၊ မွန်မြတ်သည့် စိတ်ရင်းစေတေနာမှန်ဖြင့် အမျိုးဂုဏ် ဇာတိဂုဏ် ကို မြတ်နိုးလေးစားသော မျိုးချစ်စိတ်၊ တိုင်းချစ် ပြည်ချစ်စိတ်ပေါ်တွင် အခြေခံကာ ကော့တကွ စည်းလုံး ညီညွတ် စွာဖြင့် နိုင်ငံတော်ကောင်းကျိုး ကို ဆက်တို၍ သယ်ပိုးထမ်းရွက်ကြပါစို့ဟု ဆန္ဒပြုရင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ တွင် ကျရောက်သည့်(၇၄) နှစ်မြောက်ပြည်ထောင် နေ့ကို ဂုဏ်ပြုလိုက်ရပေသည် ။

ကိုးကား - “ပြည်ထောင်စုစိတ်ဆော် မှ ကောက်နုတ်တင်ပြပါသည်။