စည်းလုံးညီညွတ်ခြင်း
ခင်းဆန်းဦး (မြန်မာစာ)
“သမဂ္ဂါနံ တပေါ သုခေါ “ညီညွတ်ခြင်း သည် ချမ်းသာကြောင်း အကျင့်ကောင်းဖြစ် သည်။” ဟူသော “ဓမ္မပဒ ဗုဒ္ဓဝင်္ဂလာ” မြတ်စွာ ဘုရားဟောကြားတော်မူသော ဒေသနာတော် အရ လောက၌ ညီညွတ်ခြင်းသည် အရေးကြီး ကြောင်း ထင်ရှားလှပေသည်။
ဤလောက၌ စုစည်းစွာ ပေါက်ရောက် နေသော သစ်ပင်း သစ်တောတို့သည် တစ်ပင် နှင့်တစ်ပင် ယှက်သန်းနေသဖြင့် လေပြင်း မုန်တိုင်းတို့၏ဒဏ်ကို ကြံ့ကြံ့ခံနိုင်စွမ်းရှိကြ ၏။ တစ်ပင်နှင့်တစ်ပင်သည် အပြန်အလှန် အမှီသဟဲပြုကြ၏။ တစ်ပင်၏အကျိုးကို တစ်ပင်က သယ်ပိုးနေကြ၏။ လေပြင်းမုန်တိုင်း တို့ မည်မျှတိုက်ခတ်စေကာမူ အစုအဖွဲ့ နှင့်ရှိသော သစ်ပင်သစ်တောတို့ကို ပျက်စီးအောင် မစွမ်းဆောင်နိုင်ကြပေ။ ဤကား စည်းလုံး ခြင်း၏ အကျိုးပင်ဖြစ်သည်။
စည်းလုံးညီညွတ်မှုရှိလျှင် မည်သည့် ဘေးအန္တရာယ်ဟူသမျှ မကျရောက်နိုင်ကြောင်း၊ စည်းလုံးညီညွတ်မှုမရှိက ပျက်စီးနိုင်ကြောင်း ငါးရာ့ငါးဆယ် ဇာတ်တော်လာ “ရုက္ခဓမ္မ” ဇာတ်တော်၌ “ညီညွတ်သည်ရှိသော် သစ်ပင်ကို သော်လည်း သူမညှဉ်းဆဲနိုင်” ဟူ၍ ဆိုထား ပေသည်။ ဘုရားလောင်းသည် ဟိမဝန္တာအရပ် အင်ကြင်းတော၌ ရုက္ခစိုးနတ်ဖြစ်လေ၏။ ဘုရားလောင်းသည် ဆွေမျိုးတို့ကို သင်တို့ ဗိမာန်ယူသည်ရှိသော် လွင်ပြင်၌ရှိနေသော သစ်ပင်တို့၌ မယူကြလင့်။ ဤအင်ကြင်းတောရှိ ငါယူသောဗိမာန်ကို ခြံရံလျက်ယူကြဟုဆို၏။ ဘုရားလောင်း စကားကို နားထောင်သော ပညာရှိနတ်တို့သည် ဘုရားလောင်းဗိမာန်ကို ခြံရံလျက် ဗိမာန်ယူကြ၏။ ပညာမရှိသော နတ်တို့သည်ကား ဗိမာန်၌နေလျှင် အကျိုးမရှီးမြို့အနီး မင်းနေပြည်တော်တံခါး အနီး၌နေသော် လာဘ်လာ ဘပေါများ အံ့ဟူ၍ အကြံရှိကြပြီး မြို့ အနီးလွင်ပြင်အရပ်ရှိ သစ်ပင် ကြီး၌ ဗိမာန်ယူကြ၏။ တစ်နေ့သ၌ ကြီးစွာသော လေပြင်းမုန်တိုင်းတိုက်ခတ်သော လွင်ပြင်အရပ်ရှိသစ်ပင်ကြီးမှာ အမြစ်နှင့်တကွ ပြိုလဲသွား လေသည်။ အင်ကြင်းတောရှိ သစ်ပင် တို့ကား အခက်အလက်ချင်း ယှက်သန်းအုပ် ဆိုင်းနေခြင်း၊ အပင်များ ထူထပ်နေခြင်းတို့ကြောင့် လေမုန်တိုင်းမတိုးနိုင်၍ ချမ်းသာစွာ နေကြရ၏။
မြို့တံခါးအနီးလွင်ပြင်ကြီးရှိ သစ်ပင်ကြီး ကား ပြိုလဲသွားသဖြင့် ရုက္ခစိုးနတ်တို့သည် ကိုးကွယ်ရာမရှိဖြစ်ကြသဖြင့် နတ်သူငယ်တို့ကို လက်ဆွဲကာ အင်ကြင်းတောသို့ ပြေးလာကြ ကုန်၏။ အထောက်အပံ့မရှိသော စုစည်းမှုမရှိ သောအရပ်သည်အန္တရာယ်ရှိကြောင်း၊ စည်းလုံး ညီညွတ်သောအရပ်သည် ဘေးအန္တရာယ်
လွတ်ကင်းကြောင်း ဘုရားလောင်း ရုက္ခစိုးနတ် ကဆုံးမတော်မူသည်ဤသာဓကကိုကြည့်ခြင်း အားဖြင့် စည်းလုံးညီညွတ်ခြင်းသည် ဘေးရန် ကင်းကြောင်း၊ အန္တရာယ်ကျရောက်လာလျှင် လည်း လွတ်ငြိမ်းချမ်း သာရနိုင်ကြောင်း သတိ ပြုနိုင်ပေသည်။
“သမ္မာဒမာန” ဇာတ်တော်၌လည်း ဘုရားလောင်း ငှက်ဘဝဖြစ်စဉ်အခါက လယ်ကွင်းထဲသို့ ငှက်အပေါင်းခြံရံ လျက် အစာ ရှာထွက်စဉ် မုဆိုးထောင်သောပိုက်အတွင်းသို့ သက်ဆင်းကျရောက်သွားကြရာ ဘုရားလောင်း ငှက်မင်းက ငှက်အပေါင်းအား မကြောက်ကြရန်နှင့် စည်းလုံးညီညွတ်စွာ တစ်ရှိန်ထိုးအဟုန်ပြင်းစွာ ပြိုင်တူညီညာ ပျံတက်သွားကြရန် အချက်ပေးလိုက်သည်။ ငှက်အများ၏စုပေါင်းအားဖြင့် အရှိန်ပြင်းစွာ
ကောင်းကင်သို့ ပျံတက်သွားကြရာ ငှက်ထောင် ပိုက်နှင့်တကွ ကောင်းကင်သို့ပျံတက်သွားနိုင် ပြီး သစ်ပင်တစ်ပင်အထက်၌ နားလိုက်ကြကာ ပိုက်ကို နှုတ်သီးတို့ဖြင့် ကိုက်ဖြတ်ကြ၍ အသက်ဘေးမှ လွတ်ခဲ့ကြသော သာဓကမှာ လည်း ညီညွတ်ခြင်း၏ သက်သေပင်ဖြစ်ပေ သည်။ ထို့ကြောင့် စည်းလုံးညီညွတ် မှုရှိလျှင် အသက်ဘေးအန္တရာယ်ပင် လွတ်မြောက်နိုင် စွမ်းရှိကြောင်းနှင့် စည်းလုံးညီညွတ်မှုရှိရန် အရေးကြီး ကြောင်း သိနိုင်ပါသည်။
လူတို့သည်လည်း အစုအဖွဲ့ နှင့် နေထိုင် ခြင်း၊ စည်းလုံးညီညွတ်မှုရှိခြင်းတို့ကြောင့် မည်သည့်အန္တရာယ်မှ မကျရောက် နိုင်ပေ။ အန္တရာယ်နှင့်ကြုံတွေ့လာလျှင်လည်း စုပေါင်း အားနှင့် ဖြိုခွင်းလိုက်ပါက ချမ်းသာခြင်းသို့ ရောက်နိုင်ပေမည်။
ထို “သမ္မာဒမာနု” ဇာတ်တော်၌ပင် တစ်နေ့သ၌ ငှက်အချင်းချင်း အချင်းများကြ ရာမှဘုရားလောင်းငှက်မင်းက စည်းလုံးညီညွတ် ကြရန်ဆုံးမသော်လည်း မနာခံကြသဖြင့် ဘုရားလောင်းငှက်မင်းနှင့် ရှင်ဒေဝဒတ်လောင်း ငှက်တို့ အုပ်စုကွဲသွားကြကာ ဘုရားလောင်း ငှက်အုပ်စုက အခြားဒေသသို့ ထွက်ခွာသွားကြ လေသည်။ အကွက်ကို ချောင်းနေသော ငှက်မုဆိုးက ငှက်ထောင်ပိုက်ဖြင့်ဖမ်းဆီးလိုက် ရာ ရှင်ဒေဝဒတ်ငှက် အုပ်စုမှာ မည်သို့မျှ မလွတ်နိုင်တော့ဘဲ အသက်ဆုံးရှုံးခြင်းသို့ ရောက်ရလေသည်။ ကွဲလျှင် ကျားဆွဲမည် မှာ သဘာဝပင်ဖြစ်ပေသည်။ စည်းလုံးညီညွတ် မှုပျက်ပြားသွားလျှင် ဘေးဒုက္ခနှင့် ကြုံတွေ့ရ တတ်ကြောင်း သင်ခန်းစာယူနိုင်ပေသည်။
စုစည်းမှုအင်အားသည် အလွန်အရေးကြီး လှပေသည်။ ထင်းကိုတစ်ချောင်းတည်း ချိုးလျှင် ကျိုးနိုင်သော်လည်း ထင်းစည်းကိုချိုးလျှင်မူ ချိုး၍မရနိုင်ပေ။ ထင်းချောင်းများကို စု၍စည်းထားခြင်းကြောင့် ထင်းများ၏ စုစည်း မှု အင်အားကြီးမားကြောင်း တန်ဖိုးရှိကြောင်း သာဓကပြနေခြင်းဖြစ်ပေသည်။ မြန်မာ့ဆိုးရိုး စကားတွင်လည်း “ရေများရေနိုင်း မီးများမီးနိုင်” ဟူသည်မှာ စုစည်းမှု၏ အင်အားတန်ဖိုးကြီးမား ကြောင်း၊ စည်းလုံးခြင်းသည် ခွန်အားဖြစ် ကြောင်းပြသနေခြင်း ဖြစ်ပေသည်။
အသင်းအဖွဲ့တိုင်းတွင် စည်းလုံးညီညွတ်မှု သည် အရေးပါကြောင်း လှေပြိုင်ပွဲ သာဓက ဖြင့် သိနိုင်ပေသည်။ လှေပြိုင်ပွဲတွင် ပြိုင်ပွဲဝင် လှေလှော်သားတို့သည် မခိုမကပ်၊ မနားတမ်း လှော်ခပ်ပါမှ၊ စည်းလုံးညီညွတ်မှုရှိပါမှ ပန်းတိုင် သို့ ဦးစွာရောက်ရှိနိုင်ပေမည်။ တစ်ဦးတစ် ယောက်ကောင်းဖြင့် လှော်ခတ်၍မရနိုင်ပေ။ လှေလှော်သားအားလုံး ညီညွတ်မှ တက်လည်း လက်လည်းညီကြိုးစားအားထုတ်မှုညီနေမှ ပန်းတိုင်သို့ ဦးစွာရောက်နိုင်ပေမည်။ ထို့ကြောင့် အရာရာတိုင်းတွင် စည်းလုံးညီညွတ်ခြင်းသည် အလွန်အရေးပါလှပေသည်။ ညီညာမှ ပြည်သာ ယာပေမည်။
မြန်မာနိုင်ငံ၏ အတိတ်သမိုင်းတစ်ခေတ် က ငြိမ်းချမ်းသာယာဝပြောသော အဓိ နိုင်ငံတော်ကို ကျူးကျော်လိုသူနယ်ချဲ့တို့က စစ်ပွဲသုံးကြိမ်ဆင်နွှဲ၍ မတရားသိမ်းပိုက်ခဲ့ဖူး သည်။ နယ်ချဲ့နှင့် ဖက်ဆစ်တို့၏ ဖိနှိပ်ချိုးနှိမ် ခြင်းခံခဲ့ရသော ဘ၀အတွေ့အကြုံများကို ပြည်သူတို့သည် ခါးသီးစွာခံစားခဲ့ကြရသည်။ နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်၊ ဖက်ဆစ် ဆန့်ကျင်ရေးစိတ်ဓာတ်တို့ဖြင့် ဇာတိသွေး၊ ဇာတိမာန်ထက်သန်စွာ တွန်းလှန်နိုင်ခဲ့ခြင်း ကြောင့် နယ်ချဲ့တို့ မြန်မာ့မြေမှ ဆုတ်ခွာသွားခဲ့ ကြသည်မှာ မြန်မာတိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်ခြင်း အင်အားကြောင့်သာဖြစ် ပေသည်။
မြန်မာ့သမိုင်းတွင်လည်း တိုင်းရင်းသား စည်းလုံးညီညွတ်မှု တည်ဆောက်နိုင်ခဲ့သဖြင့် အနော်ရထာမင်း လက်ထက်၌ ပထမမြန်မာ နိုင်ငံတော်ကြီးကိုလည်းကောင်း၊ ဘုရင့်နောင် မင်းတရားကြီးလက်ထက်၌ ဒုတိယမြန်မာ နိုင်ငံတော်ကြီးကိုလည်းကောင်း၊ အလောင်း မင်းတရားကြီးလက်ထက်၌ တတိယမြန်မာ နိုင်ငံတော်ကြီးကိုလည်းကောင်း တည်ဆောက် နိုင် ခဲ့သည်မှာ စည်းလုံးညီညွတ်ခြင်း၏ သက်သေပင်ဖြစ်ပေသည်။
စည်းလုံးညီညွတ်ရေးသည် နိုင်ငံတော် တည်ဆောက် ရေး၌ အလွန်အရေးပါလှပေ သည်။ ပုဂံခေတ် အနော်ရထာမင်းကြီး၏ ဦးဆောင်ဦးရွက်ပြုမှု၊ ကျန်စစ်သားမင်းကြီး၏ စည်းလုံးညီညွတ်မှု စွမ်းရည်တို့ကြောင့် ပုဂံသူ ပုဂံသားများအပါအဝင် ပုဂံပြည်၌ရှိနေကြသော မွန်လူမျိုး ပျူလူမျိုးတို့၏ စည်းလုံးညီညွတ် မှုသက်သေ “ရှေးဟောင်းယဉ်ကျေးမှု နယ်မြေ ပုဂံပြည်”ဟူ၍ ထင်ရှားကျော်ကြားလျက် ရှိနေ ပေသည်။ စေတီပုထိုးများ၊ ယဉ်ကျေးမှုအနု ပညာအမွေအနှစ် လက်ရာများ၊ ဘာသာ သာသနာ အဆောက်အအုံများ ပေါ်ထွက်လာ ခြင်းမှာ ပုဂံသားတို့၏ စည်းလုံး ညီညွတ် မှုပြယုဂ် ဖြစ်ပေသည်။
ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း တိုင်းရင်းသားများဖြစ်ကြသည့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းစသည့် တိုင်းရင်းသားများနှင့် တိုင်းရင်းသားမျိုးနွယ်စုဝင် များသည် သမိုင်းအစ ရှေးပဝေသဏီကပင် ပြည်ထောင်စုကြီးအနှံ့ နေရာဒေသအသီးသီး၌ ရောနှောနေထိုင်လာခဲ့ကြပေသည်။ တစ်မြေ တည်းနေ တစ်ရေ တည်းသောက်၍ အတူတကွ ပေါင်းစည်းနေထိုင်လာခဲ့ကြသည်မှာ ယနေ့ ကာလတိုင်ဖြစ်ပေသည်။ ပြည်ထောင်စု ဖွား တိုင်းရင်းသားအားလုံးတို့သည် သမိုင်းစဉ် တစ်လျှောက် ဥမကွဲ သိုက်မပျက်နေထိုင်လာ ခဲ့ကြပြီး ကောင်းတူ ဆိုးဖက် အေးအတူပူအမျှ အတူတကွခံစားလာခဲ့ကြပေသည်။ ရှေးနှစ် ပေါင်းများစွာကပင် ကိုယ်ပိုင်ယဉ်ကျေးမှု ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငှန်းဖြင့် လွတ်လပ်သော အချုပ်အခြာအာဏာ ပိုင်ဆိုင် လာခဲ့သော နိုင်ငံအဖြစ် ကမ္ဘာ့အလယ်တွင် ခံ့ညားထည်ဝါစွာ ရပ်တည်လာခဲ့ကြပေသည်။ ဤအစဉ်အလာကောင်းများကို ဆက်လက် ထိန်းသိမ်းစောင့်ရှောက်ကြရန်မှာ စည်းလုံး ညီညွတ်ရေးစွမ်းအားသာ အဓိကဖြစ်ပေသည်။
မြေအိုးသည် မြေကြီးဖြင့်ပြုလုပ်ရ၏။ ယင်းမြေကြီးသည်ကားရွှံ့မြေဖြစ်သည်။ မြေ ကို စည်းအောင် ရေနှင့်နာနာနယ်မှ လုံး၍ ရနိုင် ပေသည်။ရွှံ့ စည်းလုံးကို နာနာ ထုထောင်းရိုက် ပုတ်ပြီး စည်းပိုင်နေမှသာ လိုရာပုံသွင်း၍ အိုးပြု လုပ်နိုင်ပေသည်။ ရွှံ့မြေသည် မစည်းပါက လုံး၍မရပေ။ စည်းမှသာလုံး၍ ရပေသည်။ စည်းလုံးမှသာ အက်ကွဲခြင်း၊ ကွဲပြားခြင်းမရှိဘဲ အိုးကောင်းထွက်လာနိုင်ပေသည်။ ထို့အတူပင် အရာရာသည် စည်းလုံးမှ ခိုင်မြဲပေမည်။ မစည်း လုံးလျှင်မခိုင်မြပေ။ မညီညွတ်လျှင် မည်သည့် ကိစ္စမျှ မအောင်မြင်နိုင်တော့ပေ။ ကုန်းဘောင် ခေတ်နှောင်းကာလတွင် စည်းလုံးညီညွတ်မှု အားနည်းခဲ့ခြင်းကြောင့် နယ်ချဲ့တို့၏ မတရား သိမ်းပိုက်မှုခံရပြီး မြန်မာ့လွတ်လပ်ရေးဆုံးရှုံး ကာထီးသုဉ်း၊ နန်းသုဉ်းဘဝသို့ ရောက်ခဲ့ရ သည် မှာသမိုင်းက သက်သေပြလျက်ရှိနေပေသည်။
နိုင်ငံတစ်နိုင်ငံ၏တိုးတက်ဖွံ့ဖြိုးရေးသည် နိုင်ငံသားများ၏ စည်းလုံးညီညွတ်ရေးအပေါ် များစွာ တည်မှီနေပါသည်။ စည်းလုံးညီညွတ် မှုမရှိခဲ့ခြင်းကြောင့် မြန်မာ့လွတ်လပ်ရေး ဆုံးရှုံး ခဲ့ပြီး ထိုဆုံးရှုံးသွားသော လွတ်လပ်ရေးကို ပြန်လည်အရယူနိုင်ရန်အတွက် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအင်အားကို ပြန်လည် တည်ဆောက်ကြိုးပမ်း ခဲ့ကြရသည်။ တိုင်းရင်း သားညီအစ်ကိုမောင်နှမများက ပြည်ထောင်စု စိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ် စည်းလုံးညီညွတ် မှုစိတ်ဓာတ်တို့ကို အရင်းခံ၍ နယ်ချဲ့ဆန့်ကျင် ရေး၊ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲများကို သက်စွန့်ကြိုးပမ်းတိုက်ပွဲဝင်ကာ အရယူခဲ့ရ ခြင်းဖြစ်ပေသည်။ ယခုရရှိထားပြီးသော လွတ်လပ်ရေးသည် လွယ်လွယ်ကူကူရထား ခြင်းမဟုတ်ပေ။ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး စွမ်းအားကြောင့်ဖြစ်ကြောင်း ပင်လုံမြေက သက်သေပြလျက်ရှိနေပေသည်။
ယနေ့နိုင်ငံတော်သစ်ကို လျှောက်လှမ်းရာ တွင် ကမ္ဘာ့နိုင်ငံများနှင့်အမီ ရင်ပေါင်တန်း လိုက်နိုင်ရေးအတွက် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးသည် အလွန်အရေးကြီးလှပေ သည်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော် သာယာလှပရေး၊ ဘေးအန္တရာယ် ကင်းရှင်းရေး၊ အေးချမ်းသာယာရေးအတွက် ဖန်တီးပေးနိုင်သူများမှာ ပြည်ထောင်စုဖွား တိုင်းရင်းသားများအားလုံးပင် ဖြစ်ပေသည်။ စည်းလုံးညီညွတ်သော တိုင်းရင်းသားတို့၏ ပြည်ထောင်စုစိတ်ဓာတ်သည် အဓိကကျလှပေ သည်။ ပြည်ထောင်စုစိတ်ဓာတ်သည်ပင် မျိုးချစ်စိတ် ဓာတ်ဖြစ်သည်။ ပြည်ထောင်စု စိတ်ဓာတ်များ အစဉ်ကိန်းအောင်းနေရန် ပြည်ထောင်စုအတွင်းမှာရှိသော တိုင်းရင်းသား အားလုံးစည်းလုံးညီညွတ်ရန်၊ ချစ်ခင်ရင်းနှီးကြ ရန် တစ်ဦးအကျိုးတစ်ဦးလိုလားကြရန်၊ အခက် အခဲများကို ဝိုင်းဝန်းကူညီဖြေရှင်းပေးကြရန် လိုအပ်ပါသည်။
တိုင်းရင်းသားလူမျိုးတို့သည် နေထိုင်ရာ ဒေသပြောဆိုကြသောဘာသာစကား ကွဲပြား ကြသော်လည်း ပြည်ထောင်စုကြီးကို ချစ်မြတ် နိုးကြသောစိတ်ဓာတ်မှာ တညီတညွတ်တည်း ရှိကြပါသည်။ ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ သည့်အချိန်ကစပြီး တိုင်းရင်းသားအားလုံး၏ စိတ်ထဲမှာ ပြည်ထောင်စုကိုချစ်မြတ်နိုးကြ သည့် ပြည်ထောင်စုစိတ်ဓာတ်များ ကိန်း အောင်းနေကြမည်မှာ မလွဲဧကန်ဖြစ်သည်။
ပြည်ထောင်စုဖွားတိုင်းရင်းသားများ၏ ရင်ထဲတွင် ပြည်ထောင်စုစိတ်ဓာတ်များ အစဉ် ကိန်းအောင်းနေပါက မည်သည့်အခက်အခဲမဆို အောင်မြင် ကျော်လွှားနိုင်မည်ဖြစ်ကြောင်း မျက်မှောက်ခေတ် “ကိုဗစ်-၁၉ ကပ်ရောဂါ ဘေး၊ကြီး”နှင့် ရင်ဆိုင်တွေ့ကြုံရပုံကိုကြည့်လျှင် သိနိုင်ပေသည်။ တရုတ်နိုင်ငံ “ဝူဟန် မြို့မှ စတင်ဖြစ်ပေါ် လာခဲ့သည့် ကိုဗစ်ကူးစက်ရောဂါ သည် ကမ္ဘာအနှံ့သို့ကူးစက်ပြန့်ပွားကာ မြန်မာ နိုင်ငံသို့၁၂၀ပြည့်နှစ်မတ်လက ကူးစက်ရောက် ရှိလာပါသည်။ ကမ္ဘာကပ်ရောဂါဆိုးကြီးအတွက် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးစီမံချက်များ ရေးဆွဲ ကာ အစိုးရနှင့်ပြည်သူ ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိနေပါသည်။
မိမိ အတွက် အသက် အန္တရာယ်ရှိမှန်း သိကြသော်လည်း အများအကျိုး၊ တိုင်းပြည် အကျိုးအတွက် မိမိအသက်ကို မငဲ့ကွက်ဘဲ ကျန်းမာရေးဝန်ထမ်းများ၊ ဆရာဝန် ဆရာမ များ၊ သူနာပြုများ ပရဟိတလုပ်အားပေးများ၊ စေတနာရှင် အလှူရှင်များစွာတို့က စည်းလုံး ညီညွတ်စွာ ဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့ကြပါ သည်းရဟန်း သံဃာတော် ဆရာတော်ကြီးများ ကလည်း ပရိတ်တရားတော်များ ရွတ်ဖတ်ပေး ခြင်း၊ ပရိတ်ရေများ ပက်ဖျန်း ပေးခြင်း၊ မြေပြင် ပေါ်တင်သာမက ဝေဟင်ပေါ်မှာလည်း လေယာဉ် ဖြင့် လှည့်လည်ရွတ်ဖတ်ပေးခြင်း၊ မေတ္တာပို့ ခြင်းစသည့်အရံအတားများဖြင့် စောင့်ရှောက် ပေးကြပါသည်။ မိမိနိုင်ငံအတွက် ကမ္ဘာ့ကပ် ရောဂါဘေးဆိုးကြီးမှ လွတ်မြောက်အောင် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြသဖြင့် ဆိုးရွားသည့်အခြေအနေသို့ မရောက် ခဲ့ပါချေ။ စေတနာ၊ မေတ္တာထားကာ စည်းလုံးညီညွတ်မှု ဖြင့် ပူးပေါင်းဆောင်ရွက်ပါက အရာရာကို အောင်မြင် နိုင်ကြောင်း လက်တွေ့ပြသလိုက် ခြင်းပင် ဖြစ်ပါသည်။ ။
ပြည်ထောင်စုကြီး တည်ရှိနေသရွေ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး စိတ်ဓာတ် ပြည်ထောင်စုစိတ်ဓာတ်မှာ ထာဝရခိုင်မြဲနေ မည်ဖြစ်ပါသတည်း။ ။