၁။ မြန်မာနိုင်ငံတွင် ရာဂိမုန်တိုင်းနှင့်ဆက်စပ်၍ ရေဘေးများဖြစ်ပွားလျက်ရှိရာ ရေဘေးသင့်ပြည်သူများအတွက် ပါဝင်လှူဒါန်းလိုသော စေတနာရှင်ပြည်သူများအနေဖြင့် အလှူငွေနှင့် အလှူပစ္စည်းများအား ပါဝင်လှူဒါန်းနိုင်ပါသည်။
၂။ အလှူငွေများကို မိုဘိုင်းငွေပေးချေမှုစနစ်ဖြင့် လှူဒါန်းလိုပါက KBZ Pay၊ Wave Money တို့ဖြင့် လှူဒါန်းနိုင်ပြီး KBZ Pay QR Code နံပါတ် 70157401001 သို့လည်းကောင်း QR Code ကို Scan ဖတ်၍လည်းကောင်း၊ Wave Money ဖြင့်လှူဒါန်းလိုပါက QR Code ကို Scan ဖတ်၍ လည်းကောင်း၊ ဖုန်းနံပါတ် (၀၉-၂၅၅၀၀၁၅၄၂ နှင့် ၀၉-၂၅၅၀၀၁၅၄၃) တို့သို့ တိုက်ရိုက်ပေးသွင်း၍ လည်းကောင်းလှူဒါန်းခြင်းများ ဆောင်ရွက်နိုင်ပါသည်။
၃။ ထို့အပြင် အခြားသော အီလက်ထရောနစ်ငွေပေးချေမှုစနစ်နှင့် မိုဘိုင်းငွေပေးချေမှုစနစ်များဖြင့်လည်း လှူဒါန်းနိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိပါသဖြင့် ထပ်မံအသိပေးကြေညာသွားမည်ဖြစ်ပါသည်။
၄။ ဘဏ်များမှလှူဒါန်းလိုပါက မြန်မာကျပ်ငွေကို မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်တွင် ငွေစာရင်းအမှတ် OA-011834 ကို ဖွင့်လှစ်ထားပြီး အောက်ပါနည်းလမ်းများဖြင့် လှူဒါန်းနိုင်ပါသည်-
(က) မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်ဘဏ်ခွဲတွင် တိုက်ရိုက်ဖြစ်စေ၊ အခြားမြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲများနှင့် ပုဂ္ဂလိကဘဏ်၊ ဘဏ်ခွဲများအားလုံးတို့မှတစ်ဆင့်ဖြစ်စေ ငွေသားဖြင့် ပေးသွင်းလှူဒါန်းနိုင်ပါသည်၊
(ခ) ပြည်တွင်းရှိ နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင်ဘဏ်များတွင် ဖွင့်လှစ်ထားသော ကျပ်ငွေစာရင်းများမှ စာရင်းပြောင်း(Account Transfer)နည်းလမ်းဖြင့် လှူဒါန်းနိုင်ပါသည်။
၅။ နိုင်ငံခြားငွေဖြင့် လှူဒါန်းလိုပါက မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်၊ ရန်ကုန်မြို့တွင် ငွေစာရင်းအမှတ် (0111284000000063)ကို ဖွင့်လှစ်ထားပြီး အောက်ပါနည်းလမ်းများဖြင့် လှူဒါန်းနိုင်ပါသည်-
(က) မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်တွင် အမေရိကန်ဒေါ်လာ၊ ယူရို၊ စင်္ကာပူဒေါ်လာ ငွေသားတို့ဖြင့် တိုက်ရိုက်ပေးသွင်းလှူဒါန်းနိုင်ပါသည်၊
(ခ) ပြည်တွင်း/ပြည်ပမှ နိုင်ငံခြားငွေဖြင့် လှူဒါန်းလိုသူများအနေဖြင့်-
- SWIFT CODE/BIC -MFTBMMMY
- Beneficiary Name- Natural Disaster Management Fund
-Beneficiary A/C No- 0111284000000063 သို့ လှူဒါန်းနိုင်ပါသည်။
၆။ ၎င်းအပြင် နိုင်ငံခြားငွေဖြင့် လှူဒါန်းလိုသူများသည် မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်တွင် ဖွင့်လှစ်ထားသည့် နိုင်ငံခြားငွေစာရင်းအမှတ် (EDN-600018) သို့လည်း အောက်ပါနည်းလမ်းများဖြင့် လှူဒါန်းနိုင်ပါသည်-
(က) မြန်မာ့စီးပွားရေးဘဏ်တွင် အမေရိကန်ဒေါ်လာ၊ ယူရို၊ စင်္ကာပူဒေါ်လာ ငွေသားတို့ဖြင့် တိုက်ရိုက်ပေးသွင်းလှူဒါန်းနိုင်ပါသည်၊
(ခ) မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံခြားငွေစာရင်းရှိသူများမှ စာရင်းပြောင်း(Account Transfer) နည်းလမ်းဖြင့် လှူဒါန်းနိုင်ပါသည်၊
(ဂ) ပြည်တွင်း/ပြည်ပမှ နိုင်ငံခြားငွေဖြင့် လှူဒါန်းလိုသူများအနေဖြင့်-
-SWIFT CODE- MYEBMMMY
- Beneficiary Name- Natural Disaster Management Fund
- Beneficiary A/C No- EDN-600018 သို့ လှူဒါန်းနိုင်ပါသည်။
၇။ အလှူငွေနှင့် အလှူပစ္စည်းများ လှူဒါန်းလိုသူများအနေဖြင့် အောက်ပါပုဂ္ဂိုလ်များသို့ ဆက်သွယ်မေးမြန်းလှူဒါန်းနိုင်ပါသည်-
၈။ အလှူပစ္စည်းများကို အောက်ပါအတိုင်း ဆက်သွယ်ပေးပို့လှူဒါန်းနိုင်ပါသည်-
(က) သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များသို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။
(ခ) ရုံးအမှတ်(၂၃)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နေပြည်တော်။
(ဂ) ဗဟိုသိုလှောင်ရုံ(ရန်ကုန်မြို့)၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အမှတ်(၃)ရပ်ကွက်၊ ကျိုက်ဝိုင်းဘုရားလမ်း၊ ရန်ကုန်မြို့။
(ဃ) ဗဟိုသိုလှောင်ရုံ(မန္တလေးမြို့)၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ (၆၅)လမ်း၊ ၃၄x၃၅ကြား၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ