Skip to main content

နိုင်ငံ၏တန်ဖိုး လူမျိုး၏ဂုဏ်သိက္ခာ ရောင်စုံဓာတ်ပုံပြိုင်ပွဲနှင့် ပို့စကတ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် ၂၀၂၀ ပြည့်နှစ် ၇၂ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် “နိုင်ငံ၏တန်ဖိုး လူမျိုး၏ ဂုဏ်သိက္ခာ” ရောင်စုံဓာတ်ပုံပြိုင်ပွဲနှင့် ပို့စကတ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ရှိ Pan Pacific ဟိုတယ်၌ ကျင်းပသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ၂၀၂၀ ပြည့်နှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး ၂၀၂၀ နှစ်သစ်မင်္ဂလာ နေ့ရက်မှာ ကျက်သရေမင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံပါစေကြောင်း နှုတ်ခွန်း ဆက်သလိုက်ပါတယ်။

ပြည်သူ့လွှတ်တော်ရုံးသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ သတင်းပို့ကြရန် ဖိတ်ကြားထား

နေပြည်တော် ဇန်နဝါရီ ၅

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ဇန်နဝါရီ ၂၇ ရက် (တနင်္လာနေ့) နံနက် ၁၀ နာရီတွင် စတင်ကျင်းပရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ခေါ်ယူထားရာ အဆိုပါအစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်စာများကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များထံ သို့ ပေးပို့ထားသည်။

နှစ်သစ်ကူးအထိမ်းအမှတ် တက္ကသိုလ်ကင်းထောက်လူငယ်များ စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပ

ရန်ကုန် ဇန်နဝါရီ ၁

မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့၏ ဦးဆောင်မှုဖြင့် နှစ်သစ်ကူးအထိမ်းအမှတ် ကင်းထောက်လူငယ်များစုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်အထွေထွေရောဂါ ကုဆေးရုံကြီး အမျိုးသားသွေးဌာန၌ပြုလုပ်ရာ မြန်မာနိုင်ငံကင်းထောက်အဖွဲ့ အမျိုးသားကင်းထောက်ချုပ် ဒေါက်တာတင်ညို၊ ကင်းထောက်အစီအစဉ်မှူးချုပ် ဦးအေးကြိုင်၊ ကင်းထောက်သင်တန်းမှူးချုပ် ဦးမြင့်ဆွေနှင့် ကင်းထောက်ကြီးများ၊ တက္ကသိုလ်ကင်းထောက်လူငယ်များ တက်ရောက် ကြသည်။

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင် စုပေါင်းသွေးကုသိုလ်ယူ သွေးလှူဒါန်းပွဲသို့ တက်ရောက်ကြည့်ရှုအားပေး

ထားဝယ် ဇန်နဝါရီ ၂

၂၀၂၀ ပြည့် နှစ်သစ်ဦးတွင် ကုသိုလ်ပြုသန့်ရှင်းရေးအဖွဲ့မှ ဦးဆောင်၍ ပထမအကြိမ် စုပေါင်းကုသိုလ်ယူ သွေးလှူဒါန်းပွဲကို ယမန်နေ့ နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ် မြို့၊ ထားဝယ်ပြည်သူ့ဆေးရုံကြီး၌  ကျင်းပသည်။

နေပြည်တော်၌ ဘုရားဖူးသူ၊ အပန်းဖြေကြသူများဖြင့် စည်ကား

နေပြည်တော် ဇန်နဝါရီ ၁

ယနေ့ကျရောက်သည့် ၂၀၂၀ ပြည့်နှစ် နှစ်သစ်အခါသမယတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဘုရားစေတီပုထိုးများနှင့် အပန်းဖြေ လည်ပတ်စရာ အထင်ကရနေရာများတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်များမှပြည်သူများအပြင် အနယ်နယ်အရပ်ရပ်မှ လာရောက် လည်ပတ် ဘုရားဖူးသူများဖြင့် စည်ကားလျက်ရှိသည်။

လွတ်လပ်ရေးဟူသော တူညီသောဆန္ဒ

မြန်မာနိုင်ငံလွတ်လပ်ရေးရရှိခဲ့သည်မှာ နှစ်ပေါင်း ၇၀ ကျော်ကြာပြီ။ လွတ်လပ်ရေးရရှိရေး ကြိုးပမ်းခဲ့ကြသည့် ပုဂ္ဂိုလ်များမှာ များများစားစား မရှိတော့ချေ။ လွတ်လပ်ရေး ကြိုးပမ်းမှု အဖြစ်အပျက်များမှာ ယနေ့ထက်တိုင် မမေ့နိုင်သေးပေ။ လွတ်လပ်ရေးအတွက် ကြိုးပမ်းအားထုတ်မှုများ၊ စွန့်လွှတ်စွန့်စားမှုများမှာ နိုင်ငံနှင့်ပြည်သူအတွက် မော်ကွန်းတင်အပ်သော မမေ့နိုင်သည့် မှတ်တိုင်များဖြစ်သည်။

ရာသီဥတုအပြောင်းအလဲနှင့်အညီသီးနှံပုံစံပြောင်းလဲစိုက်ပျိုးနိုင်ရေး

ရာသီဥတုအပြောင်းအလဲက မိမိတို့နိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းဖြစ်သည့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုအပေါ် အကျိုးသက်ရောက်မှု ဖြစ်ပေါ်လာသည်။ ပုံမှန်ရာသီဥတုဖြစ်စဉ်များမှ သွေဖည်လာသည့်အခါ ပြောင်းလဲလာသည့် ရာသီဥတုနှင့်ကိုက်ညီပြီးဈေးကွက်တွင်လည်း အလုပ်ဖြစ်မည့်သီးနှံမျိုးကို ရွေးချယ် စိုက်ပျိုးကြရမည့် အခြေအနေသို့ ရောက်ရှိလာသည်။ ယခင်အတိုင်း သမားရိုးကျစိုက်ပျိုးနည်းပုံစံများအစား ပုံစံသစ်၊ နည်းပညာသစ်များကို ကျင့်သုံးကြရတော့မည်ဖြစ်သည်။

မန္တလေး ဇန်နဝါရီ ၁ ၂ဝ၂ဝ ပြည့်နှစ် နှစ်သစ်ကူးရုံးပိတ်ရက်များဖြစ်သော ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နှင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်တို့တွင် မန္တလေးမြို့ရှိ တန်ခိုးကြီးဘုရားများနှင့် ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေများတွင် လာရောက်ဘုရားဖူးလေ့လာကြသည့် ပြည်တွင်းပြည

နေပြည်တော် ဇန်နဝါရီ ၁

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် တည်ဆောက်လျှက်ရှိသည် ဆူရ်ဘုန်လေယာဉ်ကွင်း တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများကို ဒီဇင်ဘာ ၂၉ ရက်က သွားရောက်ကြည့်ရှု စစ်ဆေးသည်။

Subscribe to နေပြည်တော်