Skip to main content

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ စတင်ကျင်းပ

နေပြည်တော်  ဇန်နဝါရီ  ၂

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ ပထမနေ့ကို ယနေ့နံနက် ၈နာရီတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ စတင်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်၍ လှည့်လည်ကြည့်ရှု အားပေးသည်။

FIPRESCI Prize ဆုရ GOODBYE DRAGON INN ရုပ်ရှင်ဇာတ်ကားကို လေ့လာမှုအစီအစဉ် ပြုလုပ်မည်

ဒါရိုက်တာ “Tsai Ming-Liang” ၏ လက်ရာကောင်းတစ်ခုဖြစ်သော “GOODBYE DRAGON INN” ရုပ်ရှင်ဇာတ်ကားကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ ၅ ရက်၊ မွန်းတည့် ၁၂ နာရီတွင် ရန်ကုန်မြို့၊ အမှတ် (၅၀)၊ ရွှေတောင်ကြားလမ်းရှိ ရုပ်ရှင်အနုပညာရပ်ဝန်း၊ ရုပ်ရှင်ပြခန်းမ၌ ကြည့်ရှု၍ ရုပ်ရှင်ဇာတ်ကားအပေါ် ခွဲခြမ်းစိတ်ဖြာလေ့လာမှုအစီအစဉ်ပြုလုပ်မည် ဖြစ်သည်။

(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ ၂၀၀ ကျပ်တန် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၃)မျိုး ရောင်းချပေးသွားမည်

နေပြည်တော်  ဇန်နဝါရီ  ၂

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းမှ (၇၂)နှစ်မြောက်၊ လွတ်လပ်ရေးနေ့ ၂၀၀/- ကျပ်တန် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၃)မျိုးအား ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ(၄)ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၁ခုနှစ်၊ ပြာသိုလဆန်း(၁၀)ရက် (စနေနေ့)၊ နံနက် ၉နာရီခွဲမှစတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေး စာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့တော်စာတိုက်ကြီးများတွင် ရောင်းချ ပေးသွားမည်ဖြစ်သည်။

သီပေါ ဇန်နဝါရီ ၂ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ယမန်နေ့ည (၉)နာရီ (၁၅)မိနစ် အချိန်က အချိန်အခါမဟုတ် မိုးသည်းထန်စွာ ရွာသွန်း၍ မိုးသီးများ ကြွေကျခြင်းနှင့် လေပြင်း တိုက်ခတ်ခြင်းများ ဖြစ်ပွားခဲ့သည်။ အဆိုပါ မိုးသက်လေပြင်းကျရောက

မြောင်  ဇန်နဝါရီ  ၂

(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းခရိုင်၊ မြောင်မြို့ မြို့တော်ခန်းမ အဆောက်အဦအသစ်ဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီခွဲက အဆိုပါ ခန်းမရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။

သီပေါမြို့နယ်တွင် အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာသွန်း၍ မိုးသီးများ ကြွေကျခြင်းနှင့် လေပြင်း တိုက်ခတ်ခြင်းများ ဖြစ်ပွား

သီပေါ  ဇန်နဝါရီ ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ယမန်နေ့ည (၉)နာရီ (၁၅)မိနစ် အချိန်က အချိန်အခါမဟုတ် မိုးသည်းထန်စွာ ရွာသွန်း၍ မိုးသီးများ ကြွေကျခြင်းနှင့် လေပြင်း တိုက်ခတ်ခြင်းများ ဖြစ်ပွားခဲ့သည်။

၇၂ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ စာစီစာကုံး၊ ကဗျာပြိုင်ပွဲနှင့် ကလေးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

ပုသိမ် ဇန်နဝါရီ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ၂၀၂၀ ပြည့်နှစ် ၇၂ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲ၊ စာစီစာကုံး၊ ကဗျာပြိုင်ပွဲနှင့် ကလေးပြိုင်ပွဲများ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မြိုတော်ခန်းမ၌ ကျင်းပသည်။

လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပြခန်း မော်လမြိုင်၌ ဖွင့်လှစ်

မော်လမြိုင် ဇန်နဝါရီ ၂

(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြခန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီ ၃၀ အချိန်က မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

၂၀၂၀ ပြည့်နှစ် နှစ်သစ်ကူးရုံးပိတ်ရက်များကို ခရီးသွားလည်ပတ်၍ ပျော်ရွှင်စွာဖြတ်သန်းခဲ့ကြ သူများ၏ စကားသံများ

နေပြည်တော် ဇန်နဝါရီ ၁

၂၀၂၀ ပြည့်နှစ် နှစ်သစ်ကူးရုံးပိတ်ရက်များကို ခရီးသွားလည်ပတ်၍ ပျော်ရွှင်စွာဖြတ်သန်းခဲ့ကြပြီးနောက် သက်ဆိုင်ရာလုပ်ငန်းခွင်အသီးသီးသို့ ပြန်လည် ဝင်ရောက်ရန်နှင့် နေရပ်ဒေသများသို့ပြန်ကြရန် ရန်ကုန် - မန္တလေးအမြန်လမ်း (၁၁၅)မိုင် ယာဉ်ရပ်နားစခန်း၌ ခရီးတစ်ထောက် ခေတ္တအနားယူနေကြ သူများနှင့် တွေ့ဆုံမေးမြန်းခဲ့မှုများကို ရေးသားဖော်ပြလိုက်ပါသည်-

မခင်သန္တာကျော် (ဝန်ထမ်း)

ငြိမ်းချမ်းသာယာမှုနှင့် ပြည့်စုံသည့် နှစ်သစ်ကို ပေါင်းစုတက်လှမ်း

ယနေ့သည် ခရစ်နှစ် ၂၀၁၉ ခုနှစ်ကုန်ဆုံး၍ ခရစ်နှစ်သစ် ၂၀၂၀ ပြည့်နှစ်သို့ စတင်ရောက်ရှိသောနေ့ ဖြစ်သည်။ အနောက်တိုင်း ပြက္ခဒိန်နှစ် သတ်မှတ်ချက်အရ နှစ်တစ်နှစ်ကုန်ဆုံးပြီး နှစ်သစ်သို့ကူးပြောင်းရောက်ရှိသော ကာလတွင် အရှေ့တိုင်းအယူအဆကို အဓိကဦးစားပေးသော မြန်မာနိုင်ငံအဖို့ ငြိမ်းချမ်းသာယာပျော်ရွှင်မှု အပေါင်းတို့နှင့် ပြည့်စုံကြပါစေရန် ဆုတောင်းမေတ္တာပို့သ အပ်ပါသည်။

နှစ်ဦး ဆုမွန်

နှစ်သစ်မှာ လောကတစ်ခုလုံး ငြိမ်းချမ်းပါစေ...

ခရစ်နှစ် ၂၀၂၀ သို့ ဝင်ရောက်လာခဲ့ပြီတည်း။

Subscribe to နေပြည်တော်