Skip to main content

အရှိန်မြင့်လာသည့် ရောဂါကိုထိန်းချုပ်နိုင်ရေး

ကိုဗစ်-၁၉ ရောဂါပိုးရှိကြောင်း ဓာတ်ခွဲအတည်ပြုလူနာ ကိန်းဂဏန်းများ နေ့စဉ် လျင်လျင် မြန်မြန် တိုးလာနေသည်။ ပြည်တွင်းရောဂါပိုးတွေ့ရှိမှု ဇယား၏ ထိပ်ဆုံးနေရာတွင် လူဦးရေ ထူထပ်များပြားလှသည့် ရန်ကုန်တိုင်းဒေသကြီးက တစ်သမတ်တည်း ရှိနေခဲ့သော်လည်း လက်ရှိအခြေအနေတွင် ရက်ပိုင်းမျှနှင့် ရခိုင် ပြည်နယ်က ဇယား၏ထိပ်ဆုံးသို့ ရောက်ရှိသွားခဲ့ ပြီဖြစ်သည်။

စည်းကမ်းလိုက်နာ ရောဂါဘေးကင်းကွာ

မြန်မာနိုင်ငံ၌ ယခုရက်ပိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါပိုးရှိသူ အများအပြား တွေ့ရှိလာသည်။ သြဂုတ်လ ၂၅ ရက်နေ့ ညပိုင်းနှင့် နောက်တစ်ရက်တွင် ဓာတ်ခွဲအတည်ပြုလူနာ ၁၀၀ ကျော် စံချိန်တင်တွေ့ရှိခဲ့ပြီးနောက် သြဂုတ်လ ၂၉ ရက် နေ့တွင် ရောဂါပိုးရှိသူ၉၀ ထပ်မံစံချိန်တင် တွေ့ရှိပြန်သည်။ ရောဂါပိုးတွေ့ရှိသူများမှာ များသောအားဖြင့် ရခိုင် ပြည်နယ်မှဖြစ်ပြီး ရန်ကုန်မြို ့ရှိ အချို့မြို့နယ်များမှ တစ်ဦးစ၊ နှစ်ဦးစ ရောဂါပိုးတွေ့သူများပါလာသည်။

ဩစတြေးလျနိုင်ငံနှင့် နယူးဇီလန်နိုင်ငံတို့၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံ သို့ပြန်လည်ခေါ်ဆောင်ခဲ့

၁။ နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်း ထားခြင်းကြောင့် အခက်အခဲကြုံတွေ့နေရသည့် ဩစတြေးလျနိုင်ငံမှ မြန်မာနိုင်ငံသား (၉၀) ဦး၊ နယူးဇီလန် နိုင်ငံမှ မြန်မာနိုင်ငံသား (၁၆) ဦး၊ မြန်မာသင်္ဘောသား (၃၀) ဦး၊ စုစုပေါင်း (၁၃၆) ဦးတို့အား မြန်မာ အမျိုးသား လေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ည (၂၁:၀၀) နာရီ အချိန်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည် ရောက်ရှိ ခဲ့ကြသည်။

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၃၀-၈-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ

၁။ (၃၀-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် - - အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၅၇၀)ခု၊ - ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၄၁၉) ခုနှင့် - ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၂၆၄) ခု - စုစုပေါင်း (၁,၂၅၃)ခု အား ယနေ့၊ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ - • COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂၆) ဦး တွေ့ရှိရပါသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အတွက် Video conferencing စနစ်ဖြင့် ဆွေးနွေးပွဲ ကျင်းပ

ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်ရေးအတွက် Videoconferencing စနစ်ဖြင့် ဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။

ရခိုင်ပြည်နယ်အတွင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန က တာဝန်ယူဆောင်ရွက်နေရသော လုပ်ငန်းများ ကိုဗစ်-၁၉ ကာလ ထိရောက်စွာ ဆောင်ရွက် နိုင်ရန် စည်းကမ်းချက်များနှင့်အညီ အင်အားဖြည့်တင်းနိုင်ရေး ညှိနှိုင်းဆွေးနွေး

ရခိုင်ပြည်နယ်အတွင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနက လက်ရှိတာဝန်ယူဆောင်ရွက်နေရသော လုပ်ငန်းများကို ကိုဗစ်-၁၉ ကာလတွင် ထိ ရောက်စွာဆောင်ရွက်နိုင်ရန် ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ အင်အားဖြည့် တင်းနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ညနေပိုင်းက Video Conferencing ဖြင့်ကျင်းပသည်။

ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း ဘုတ်ပြင်း အုန်းတောကမ်းတံတား၊ လေညာရတနာပုံ လမ်းဖောက် လုပ်ခြင်း၊ တနင်္သာရီတံတား၊ မင်းသန်း မောင်းလှော်တံတားနှင့် သမုတ် လွတ်လွတ် တံတား တည်ဆောက်ရေး စီမံကိန်းများအား ကြည့်ရှုစစ်ဆေး

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းသည် ယနေ့ နံနက်ပိုင်းတွင် ဘုတ်ပြင်း အုန်းတောကမ်းလမ်းပေါ်ရှိ ဘုတ်ပြင်းအုန်းတောကမ်းတံတား တည် ဆောက်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိရာ တံတားတည်ဆောက်ရေးအထူးအဖွဲ့ (၁၃)မှ ဒုတိယ ညွှန်ကြား ရေးမှူး(မြို့ပြ) ဉီးကျော်ကျော်ဝင်းက တံတားတည်ဆောက်ပြီးစီးမှုအခြေအနေများအား လိုက်လံ ရှင်းလင်း တင်ပြသည်။

ဒုတိယဝန်ကြီး ဦးလှကျော် နေပြည်တော်အတွင်း ဆောင်ရွက်လျက်ရှိသည့် CERP လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် သည် ယနေ့ နံနက် ၉ နာရီက နေပြည်တော် လယ်ဝေးမြို့နယ် သစ်ဆိမ့်ပင်ကျေးရွာ စိုက်ပျိုးနည်းပညာ ပြန့်ပွားရေး စင်တာတွင် မိုးစပါးမျိုးစေ့ထုတ်အကျိုးဆောင်တောင်သူများအား ကျန်းမာရေး ဆိုင်ရာ ညွှန်ကြားချက် များနှင့်အညီ တွေ့ဆုံသည်။

ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ဝိုင်းဝန်းကူညီ

ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုမှာ နေ့စဉ်တိုးတက်မြင့်မား နေဆဲဖြစ်သည်။ ရောဂါ မပြန့်ပွားခင် လွန်ခဲ့သောလများက ရခိုင်ပြည်နယ် အတွင်း ကူးစက်မှုမရှိအောင် ထိန်းသိမ်းထားနိုင် ခဲ့သည်။ ယခုအခါ ပြည်တွင်းကူးစက်မှုပုံသဏ္ဌာန်ဖြစ်ပေါ်လာပြီး တစ်နိုင်ငံလုံး သို့ ရောဂါပြန့်ပွား မသွားစေရေးအတွက် ပြည်ထောင်စု၏ အစိတ်အပိုင်းတစ်ခု စိတ်ချလုံခြုံမှု ရှိအောင် ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးနေသည်။
Subscribe to နေပြည်တော်